Zawgyiဖြင့်ဖတ်ရန်

 





Creidt:4ublack

Unicodeဖြင့်ဖတ်ရန်

 

ဘိန်းမုန့်ရောင်းပြီး သမီးတွေကို ဘွဲ့ယူစေခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် အန်တီမြင့်

 

ပရိသတ်ကြီးရေ အနုပညာလောကမှာ ဇာတ်ပို့ ဇာတ်ရံ ဆိုတာလဲ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေပါဝင်တဲ့သရုပ်ဆောင်တွေပဲဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင် အန်တီမြင့်ဟာဆိုရင်ဖြင့်လဲ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေ ခေတ်ပျက်သွားတဲ့ အချိန်မှာတော့ ဇာတ်ပို့ ဇာတ်ရံ လူကြမ်းတွေအတွက် အလုပ်အကိုင်တွေရှားပါးလာခဲ့ပါတယ်။ ဒေါ်မြင့်ကတော့ သမီးတွေလုပ်ကျွေးနေလို့အဆင်ပြေနေပါတယ်လို့ပြောခဲ့ပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ဒေါ်မြင့်က “သားသမီး (၇) ယောက် ရှိတယ်။ သမီးတွေ လုပ်ကိုင်ကျွေးလို့ အဆင်ပြေနေတယ်။ အရင်က Shooting အတွက် လူစုပေးရင်းကနေ ကိုယ်တိုင် ဝင်သရုပ်ဆောင် ဖြစ်သွားတယ်။ ရိုက်ကူးရေးမှာ အနှစ် (၂၀) လောက်ရှိပြီ။ သွေးတိုးကလွဲရင်း ကျန်းမာရေး ကောင်းတယ်” ဆိုပြီးပြောခဲ့ပါတယ်။

ဘိန်းမုန့်ရောင်းပြီး သမီးတွေကို ဘွဲ့ယူစေခဲ့တယ်လို့လဲပြောခဲ့ပါသေးတယ်။ ဗီဒီယိုဇာတ်ကားတွေမရိုက်ရတော့လို့ အခက်အခဲဖြစ်နေချိန်မှာ သားသမီးတွေ လုပ်ကျွေးနေတာကြောင့် ဒေါ်မြင့်ကတော့ ကျန်းမာပျေယ်ရွှင်နေပါတယ်။ ပရိသတ်ကြီးအတွက် ဒေါ်မြင့်တို့ မိသားစုရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်

Photo Source : Myanmar Celebrityl

Creidt:4ublack