Zawgyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
(၃) နှစ်လောက် မူးယစ်နွံထဲနစ်နေခဲ့ပြီး ဘဝအမှောင်ဖုံးခဲ့တယ် ဆိုတဲ့ သရုပ်ဆောင် မင်းဟိန်း
သရုပ်ဆောင်မင်းဟိဏ်းကတော့ တစ်ချိန်က ပရိသတ်တွေ အားပေးခဲ့ရတဲ့ သရုပ်ဆောင်ပီပြင်လှတဲ့ မင်းသားတစ်ယောက်ပါ ။ စစ်ကားတွေမှာလည်း ပါဝင်ခဲ့သလို စစ်သွေး ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ မင်းသားတစ်ယောက်ပါ ။
နောက်ပိုင်းမှာ မင်းဟိဏ်းရဲ့ ကားတွေ မတွေ့ရတော့သလို အနုပညာလောက က နေ ခေတ္တပျောက်ကွယ်နေတာကိုတော့ ပရိသတ်တွေ သတိထားမိမှာပါနော် ။ ၁၉၉၆ ခုနှစ်ကနေ ၂၀၁၅ – ၂၀၁၆ ထိ တောက်လျှောက်ဇာတ်ကားတွေရိုက်ကူးခဲ့ပြီး ကိုမျိုးမင်းနဲ့လည်း ဇာတ်လမ်းတွဲတွေ ရိုက်ကူးခဲ့တာြဖ်စပါတယ် ။
နောက်ထပ် ထပ်ရိုက်မယ့်ကားတွေ စီစဉ်ထားပေမယ့်လည်း မရိုက်ဖြစ်ခဲ့ဘဲ ၂နှစ်ကျော်လောက်က မူးယစ်ဆေးဝါးသုံးစွဲတာလွန်ပြီး စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားလို့ အနုပညာ အသိုင်းဝိုင်းကို ရှောင်နေခဲ့ရတယ်လို့သိရပါတယ် ။
၃နှစ်လောက် မူးယစ်နွံထဲနစ်နေခဲ့ပြီး မိသားစုက ဘယ်လိုမူးယစ်နွံထဲက ဆွဲထုတ်ကြမလဲ လို့ တိုင်ပင်ပြီး သူ့ကိုအသိမပေးဘဲ ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ် ပြီး မူးယစ်ဆေးဝါးဖြတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ် ။ လုံး၀ ဆက်မသုံးတော့ဘူးလို့ ဆုံးဖြတ်ချက်ချပြီးတဲ့အချိန်မှာတော့ ကိုယ်တိုင်ဆေးရုံတက်ပြီး ကိုယ်တိုင် ပဲ ဆေးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ် ။
ကိုယ့်ဘာသာကိုယ်သာလုပ်ချင်တာလုပ်နေပေမယ့် သူတန်ဖိုးထားတဲ့ အနုပညာအသိုင်းဝိုင်းကိုတော့ မထိခိုက်စေချင်လို့ အနုပညာအသိုင်းဝိုင်းကိုတော့ တတ်နိုင်သမျှ ရှောင်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ် ။ အမှားကိုသိပြီး အမှန်ပြန်ပြင်နိုင်ခဲ့တဲ့ မင်းဟိဏ်းအတွက် ပရိသတ်ကြီးက မှတ်ချက်လေးပေးခဲ့ပါဦးနော် ။
Credit : We,Molly @CeleGabar