Zawgyiဖြင့်ဖတ်ရန်

 





Credit:(ပိုပိုလေး)

Unicodeဖြင့်ဖတ်ရန်

 

နိုင်ငံခြားမှာ အလုပ်သွားလုပ်သူတွေကို လုံးဝအထင်မကြီးဘူးလို့ ဒဲ့ပြောလိုက်တဲ့ သင်းသင်း

အိမ်ထောင်ရှင်အလှမယ်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ သင်းသင်းဟာဆိုရင် လက်ရှိအချိန်မှာတော့ သရုပ်ဆောင်ဝေဠုကျော်နဲ့ အမှုကိစ္စတွေကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ သင်းသင်းကတော့ သရုပ်ဆောင်ဝေဠုကျော်မှ သူမအားကာမလိမ်လည်ရယူခဲ့သည်ဟုဆိုကာ ပုဒ်မ (၄၁၇) ဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်ဖြေရှင်းလျက်ရှိပါတယ်။

ထိုကိစ္စကြောင့် မိန်းကလေးချင်းစာနာသောအားဖြင့် သင်းသင်းဘက်မှ ကာကွယ်ထောက်ခံပေးသူတွေရှိသလို ဝေဖန်ပြောဆိုသူတွေလဲရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်းသင်းကတော့ သူမအပေါ်လိမ်လည်လှည့်ဖြားကာ အမှားကျူးလွန်ခဲ့တဲ့ ဝေဠုကျော်ရဲ့အမှားကိုဖော်ထုတ်ချင်၍သာ ယခုလိုတရားစွဲဆိုခဲ့တာဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောကြားခဲ့ပါတယ်။

လတ်တလောမှာတော့ သင်းသင်းရဲ့ဗီဒီယိုဖိုင်တစ်ခုက အွန်လိုင်းပရိသတ်တွေကြားထဲပျံ့နှံ့နေပြီး ထိုဗီဒီယိုဖိုင်ထဲမှာတော့ သင်းသင်းမှ နိုင်ငံခြားသွားပြီးအလုပ်လုပ်နေသူတွေကို လုံးဝအထင်မကြီးကြောင်း ဒဲ့ပြောဆိုထားတာကိုတွေ့ရပါတယ်။ ထိုဗီဒီယိုဖိုင်ထဲမှ သင်းသင်းရဲ့ပြောကြားမှုတွေကြောင့် ပရိသတ်တွေအားလုံးက ဝေဖန်ပြစ်တင်ပြောဆိုနေကြတာကိုလဲ တွေ့ရပါတယ်။

သင်းသင်းမှ တိုင်းတစ်ပါးနိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြသူတွေအကုန်လုံးကို ပညာတတ်သည်ဖြစ်စေ၊ ပညာမတတ်သည်ဖြစ်စေ မည်သို့မျှအထင်မကြီးကြောင်းကို ပြောကြားထားတဲ့ဗီဒီယိုဖိုင်ကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ သင်းသင်းရဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီး ပရိသတ်ကြီးရဲ့အမြင်တွေကိုလည်း ပြောကြားခဲ့ပါဦး…

Credit:(ပိုပိုလေး)