Zawgyiျဖင့္ဖတ္ရန္

 

ေျပာခ်င္လြန္းလို႔ကေန ထူးထူးျခားျခားအေန နဲ႔ ေဒၚလာ ၁၀၀ တန္ နဲ႔ ကေမာၻဒီးယားႏိုင္ငံကို အလည္အပတ္ သြားလို႔ရမယ့္ အေၾကာင္းေလးကို ေဖာက္သည္ခ် ေျပာျပေပးသြားမွာ ပါ။

ပထမဦးဆုံးအေနနဲ႔ကေမာၻဒီးယားကို ေရာက္ရင္ Phnom Penh (ဖႏြမ္းပင္) ၿမိဳ႕နဲ႔ Siem Reap (ဆီရမ္ရိ) ၿမိဳ႕တို႔ကို အဓိက သြားသင့္ပါတယ္။ စေန၊တနဂၤေႏြ ႐ုံးပိတ္ရက္မွာ အလည္သြားမယ္ဆိုရင္ေတာ့ ႏွစ္ရက္စာအတြက္ ဘတ္ဂ်က္ကုန္က်စရိတ္ကို ဘယ္လိုေႁခြတာမလဲ ဆိုတာ စဥ္းစားရမွာပါ။

1) ေဈးသက္သာမယ့္ မိုတယ္ေ႐ြးပါ

ကေမာၻဒီးယားမွာ Low budget မိုတယ္ေလးေတြရွိၿပီး ေရခ်ိဳးခန္းမပါတဲ့ တစ္ေယာက္ခန္းက တစ္ညမွ (၇) ေဒၚလာပဲ က်သင့္မွာပါ။ ေရခ်ိဳးခန္းပါမယ္ဆိုရင္ေတာ့တစ္ေယာက္ခန္းတစ္ခန္းကို (၁၀) ေဒၚလာခန႔္ က်သင့္ႏိုင္ပါတယ္။ ခရီးသြားလုပ္ငန္းထဲမွာ အၿပိဳင္အဆိုင္ေတြ မ်ားတာေၾကာင့္ မိုတယ္ေတြမွာေတာင္ အဲလ္ကြန္းနဲ႔ ေရပူေရေအးစက္ေတာင္ ပါဖို႔မ်ားပါတယ္။

2) လမ္းေဘး ေဒသ အစားအစာေတြ ျမည္းစမ္းၾကည့္ပါ

ဒါ့အျပင္ ကေမာၻဒီးယားကိုေရာက္ရင္ လမ္းေဘးစာေတြကို စားၾကည့္ဖို႔ႀကိဳးစားပါ။ေဒသအစားအစာေတြကို (၂) ေဒၚလာဝန္းက်င္နဲ႔ စားသုံး ႏိုင္သလို သတၱိေကာင္းတဲ့လူေတြဆိုရင္ ကေမာၻဒီးယားေရာက္ရင္ စားၾကည့္သင့္တဲ့ အစားအစာ အဆန္းႀကီး ေတြကိုေတာင္ ျမည္းစမ္းၾကည့္ႏိုင္ပါတယ္။

3) ေျခလ်င္ ေလ်ာက္သြားၾကည့္ပါ။

ဖႏြမ္းပင္ၿမိဳ႕ေရာ၊ ဆိုင္ရမ္ရိၿမိဳ႕ေရာဟာ ေသးငယ္တဲ့ ၿမိဳ႕ေလးေတြျဖစ္တာေၾကာင့္ ၿမိဳ႕ထဲက အထင္ကရေနရာေတြမွာေလွ်ာက္သြားမယ္ဆိုရင္ ေျခလ်င္သြားႏိုင္ပါတယ္။ ဒါမွမဟုတ္ ဆိုင္ကယ္ကယ္ရီ စီးမယ္ဆိုရင္လည္း (၂) ေဒၚလာ ဝန္းက်င္ခန႔္ပဲ က်သင့္မွာပါ။ ေဈးဆစ္တတ္ဖို႔ေတာ့ လိုပါတယ္။

4) ေလွ်ာက္လည္ၿပီး အျပန္ Chill ၾကည့္ပါ။

တစ္ေနကုန္လည္ပတ္ၿပီးမွ တစ္ခြက္၊ တစ္ဖလားေလာက္ ေမာ့ခ်င္တယ္ဆိုရင္ေတာ့ ဖႏြမ္းပင္ၿမိဳ႕မွာဆိုရင္ Riverside ဧရိယာနား၊ (၂၇၈) လမ္းနဲ႔ (၁၇၂) လမ္းနားကို သြားႏိုင္ၿပီး Siem Reap မွာဆိုရင္ Pub Street ဧရိယာနားကို သြားႏိုင္ပါတယ္။ အဲဒီေနရာနားက ဘားေတြမွာ ေဈးသက္သာတဲ့ အရက္နဲ႔ဘီယာေတြကို ရရွိႏိုင္ၿပီး ညေန (၄) နာရီနဲ႔ (၇) နာရီၾကားမွာဆိုရင္ happy hours (တစ္ခြက္ေသာက္ တစ္ခြက္လက္ေဆာင္) အစီအစဥ္ေတြလည္း ရွိပါေသးတယ္။ အဲဒီအခ်ိန္မွာဆိုရင္ ဘီယာတစ္ခြက္ကို ေဒၚလာဝက္ေလာက္ပဲ က်သင့္ႏိုင္ပါတယ္။

5) အိမ္အတြက္ လက္ေဆာင္ပစၥည္းေလးေတြ ဝယ္သြားပါ

ဖႏြမ္းပင္နဲ႔ ဆိုင္ရမ္ရိၿမိဳ႕က အထင္ကရေနရာေတြကို ၾကည့္လို႔ဝၿပီဆိုရင္ လက္ေဆာင္ပစၥည္းေလးေတြကို ဝယ္လို႔ရပါေသးတယ္။ ကေမာၻဒီးယားမွာ စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္ႏွစ္ရက္ထဲ ေနမယ္ဆိုရင္ (ေလယာဥ္လက္မွတ္ဖိုးမပါ) ေဒၚလာ (၅၀) နဲ႔ (၁၀၀) ၾကားဆိုရင္ ေကာင္းေကာင္းေလာက္ငွပါတယ္။

ကဲ… အခုေျပာျပေပးလိုက္တဲ့ ေဒၚလာ ၁၀၀ နဲ႔ ကေမာၻဒီးယားႏိုင္ငံကို ဘယ္လိုအလည္အပတ္သြားမလဲဆိုတာကို ဖတ္ၿပီးေတာ့ ကိုယ့္ေဘာ္ဒါေတြနဲ႔ အတုူတူ ဘတ္ဂ်က္ခရီးေလးထြက္ခ်င္တဲ့သူေတြအတြက္ လက္ဆင့္ကမ္း မွ်ေဝေပးလိုက္ၾကပါဦး ။

Credit – pMk ( Cant W8 2 Say )

 

Unicodeဖြင့်ဖတ်ရန်

 

ဒေါ်လာ ၁၀၀ တန်တစ်ရွက် နဲ့ ကမ္ဘောဒီးယားနိုင်ငံကို သွားလို့ရမယ့် အချက် 5 ချက်

 

ပြောချင်လွန်းလို့ကနေ ထူးထူးခြားခြားအနေ နဲ့ ဒေါ်လာ ၁၀၀ တန် နဲ့ ကမ္ဘောဒီးယားနိုင်ငံကို အလည်အပတ် သွားလို့ရမယ့် အကြောင်းလေးကို ဖောက်သည်ချ ပြောပြပေးသွားမှာ ပါ။

ပထမဦးဆုံးအနေနဲ့ကမ္ဘောဒီးယားကို ရောက်ရင် Phnom Penh (ဖနွမ်းပင်) မြို့နဲ့ Siem Reap (ဆီရမ်ရိ) မြို့တို့ကို အဓိက သွားသင့်ပါတယ်။ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်မှာ အလည်သွားမယ်ဆိုရင်တော့ နှစ်ရက်စာအတွက် ဘတ်ဂျက်ကုန်ကျစရိတ်ကို ဘယ်လိုခြွေတာမလဲ ဆိုတာ စဉ်းစားရမှာပါ။

1) ဈေးသက်သာမယ့် မိုတယ်ရွေးပါ

ကမ္ဘောဒီးယားမှာ Low budget မိုတယ်လေးတွေရှိပြီး ရေချိုးခန်းမပါတဲ့ တစ်ယောက်ခန်းက တစ်ညမှ (၇) ဒေါ်လာပဲ ကျသင့်မှာပါ။ ရေချိုးခန်းပါမယ်ဆိုရင်တော့တစ်ယောက်ခန်းတစ်ခန်းကို (၁၀) ဒေါ်လာခန့် ကျသင့်နိုင်ပါတယ်။ ခရီးသွားလုပ်ငန်းထဲမှာ အပြိုင်အဆိုင်တွေ များတာကြောင့် မိုတယ်တွေမှာတောင် အဲလ်ကွန်းနဲ့ ရေပူရေအေးစက်တောင် ပါဖို့များပါတယ်။

2) လမ်းဘေး ဒေသ အစားအစာတွေ မြည်းစမ်းကြည့်ပါ

ဒါ့အပြင် ကမ္ဘောဒီးယားကိုရောက်ရင် လမ်းဘေးစာတွေကို စားကြည့်ဖို့ကြိုးစားပါ။ဒေသအစားအစာတွေကို (၂) ဒေါ်လာဝန်းကျင်နဲ့ စားသုံး နိုင်သလို သတ္တိကောင်းတဲ့လူတွေဆိုရင် ကမ္ဘောဒီးယားရောက်ရင် စားကြည့်သင့်တဲ့ အစားအစာ အဆန်းကြီး တွေကိုတောင် မြည်းစမ်းကြည့်နိုင်ပါတယ်။

3) ခြေလျင် လျောက်သွားကြည့်ပါ။

ဖနွမ်းပင်မြို့ရော၊ ဆိုင်ရမ်ရိမြို့ရောဟာ သေးငယ်တဲ့ မြို့လေးတွေဖြစ်တာကြောင့် မြို့ထဲက အထင်ကရနေရာတွေမှာလျှောက်သွားမယ်ဆိုရင် ခြေလျင်သွားနိုင်ပါတယ်။ ဒါမှမဟုတ် ဆိုင်ကယ်ကယ်ရီ စီးမယ်ဆိုရင်လည်း (၂) ဒေါ်လာ ဝန်းကျင်ခန့်ပဲ ကျသင့်မှာပါ။ ဈေးဆစ်တတ်ဖို့တော့ လိုပါတယ်။

4) လျှောက်လည်ပြီး အပြန် Chill ကြည့်ပါ။

တစ်နေကုန်လည်ပတ်ပြီးမှ တစ်ခွက်၊ တစ်ဖလားလောက် မော့ချင်တယ်ဆိုရင်တော့ ဖနွမ်းပင်မြို့မှာဆိုရင် Riverside ဧရိယာနား၊ (၂၇၈) လမ်းနဲ့ (၁၇၂) လမ်းနားကို သွားနိုင်ပြီး Siem Reap မှာဆိုရင် Pub Street ဧရိယာနားကို သွားနိုင်ပါတယ်။ အဲဒီနေရာနားက ဘားတွေမှာ ဈေးသက်သာတဲ့ အရက်နဲ့ဘီယာတွေကို ရရှိနိုင်ပြီး ညနေ (၄) နာရီနဲ့ (၇) နာရီကြားမှာဆိုရင် happy hours (တစ်ခွက်သောက် တစ်ခွက်လက်ဆောင်) အစီအစဉ်တွေလည်း ရှိပါသေးတယ်။ အဲဒီအချိန်မှာဆိုရင် ဘီယာတစ်ခွက်ကို ဒေါ်လာဝက်လောက်ပဲ ကျသင့်နိုင်ပါတယ်။

5) အိမ်အတွက် လက်ဆောင်ပစ္စည်းလေးတွေ ဝယ်သွားပါ

ဖနွမ်းပင်နဲ့ ဆိုင်ရမ်ရိမြို့က အထင်ကရနေရာတွေကို ကြည့်လို့ဝပြီဆိုရင် လက်ဆောင်ပစ္စည်းလေးတွေကို ဝယ်လို့ရပါသေးတယ်။ ကမ္ဘောဒီးယားမှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်နှစ်ရက်ထဲ နေမယ်ဆိုရင် (လေယာဉ်လက်မှတ်ဖိုးမပါ) ဒေါ်လာ (၅၀) နဲ့ (၁၀၀) ကြားဆိုရင် ကောင်းကောင်းလောက်ငှပါတယ်။

ကဲ… အခုပြောပြပေးလိုက်တဲ့ ဒေါ်လာ ၁၀၀ နဲ့ ကမ္ဘောဒီးယားနိုင်ငံကို ဘယ်လိုအလည်အပတ်သွားမလဲဆိုတာကို ဖတ်ပြီးတော့ ကိုယ့်ဘော်ဒါတွေနဲ့ အတုူတူ ဘတ်ဂျက်ခရီးလေးထွက်ချင်တဲ့သူတွေအတွက် လက်ဆင့်ကမ်း မျှဝေပေးလိုက်ကြပါဦး ။

Credit – pMk ( Cant W8 2 Say )