Zawgyiျဖင့္ဖတ္ရန္

 

အယ္လ္ဆာေဗးဒိုးႏိုင္ငံဟာ ဗဟိုအေမရိကမွာတည္ရွိပါတယ္။ လူဦးေရ (၆.၃၈၇)သန္းသာ ရွိၿပီး၊ ပစိဖိတ္သမုဒၵရာကို ေမးတင္လွ်က္ တည္ရွိတာမို႔၊ သာယာလွပတဲ့ကမ္းေျခေတြက ကမာၻေက်ာ္ပါတယ္။ အယ္လ္ဆာေဗးဒိုးမွာ ရာဇဝတ္ဂိုဏ္းေတြလည္း နာမည္ႀကီးလွပါတယ္။

နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ရာဇဝတ္ဂိုဏ္းသားေတြကို ရဲတပ္ဖြဲ႕ဝင္ေတြကပင္ ေၾကာက္ရတာမို႔၊ သူတို႔ကို ရာဇဝတ္မႈအသီးသီးနဲ႔ ဖမ္းဆီးတဲ့အခါမ်ိဳးမွာ ျပန္တမ္းဝင္ေထာင္အရာရွိေတြနဲ႔ ထိန္းသိမ္းတာမ်ိဳး မဟုတ္ဘဲ၊ သူတို႔အခ်င္းခ်င္း ဝါဒါေတြ တန္းစီးေတြ ခန႔္အပ္ၿပီး အုပ္ခ်ဳပ္ရသည္အထိပါ။

အယ္လ္ဆာေဗးဒိုးမွာ Mara Salvatrucha (MS-13) အမည္ရ ရာဇဝတ္ဂိုဏ္းဟာ နာမည္ႀကီးလွၿပီး၊ သူတို႔ဟာ လူသတ္၊ ဓားျပတိုက္၊ မူးယစ္ေရာင္းဝယ္၊ လက္နက္ေရာင္းဝယ္ကိစၥေတြကို ေပၚေပၚထင္ထင္ ျပဳမူၾကပါတယ္တဲ့။ သူတို႔တစ္ေတြ ဝင္ေရာက္စားေသာက္တဲ့ ဘားေတြရဲ႕ အဝင္ဝမွာ ဂိုဏ္းရဲ႕အမွတ္တံဆိပ္ ေထာင္ထား႐ုံနဲ႔-

ဘယ္ရဲမွ အတြင္းကို ဝင္ေရာက္စစ္ေဆးျခင္း မျပဳရဲသည္အထိ ရာဇဝင္ေတြက ၾကမ္းခဲ့တာပါ။ Penas Ciudad Barrios အက်ဥ္းေထာင္မွာ ရာဇဝတ္ဂိုဏ္းသား (၂၅၀၀)ေက်ာ္ ခ်ဳပ္ေႏွာင္ထားၿပီး၊ အစိုးရက ဖြဲ႕ထားတဲ့ လက္နက္ကိုင္ေတြက ဒီေထာင္ကို ထိန္းခ်ဳပ္တာမဟုတ္ပါဘူး။

သူတို႔အခ်င္းခ်င္း လုံၿခဳံေရးအဖြဲ႕ျပန္ခန႔္ၿပီး၊ လူဆိုးထိန္းဘသိန္းတို႔ အုပ္စုကို အုပ္ခ်ဳပ္ေစတဲ့သေဘာ ျဖစ္ပါတယ္။ အခု ေဖာ္ျပပါ ဓာတ္ပုံေတြကေတာ့ လန္ဒန္ဓာတ္ပုံဆရာ Adam Hinton က (၂၀၁၃)ခုႏွစ္မွာ Penas Ciudad Barrios အက်ဥ္းေထာင္ကို ေလ့လာေရးခရီး ေရာက္ရွိစဥ္ မွတ္တမ္းတင္ခဲ့တာေတြပါ။

အယ္လ္ဆာေဗးဒိုးႏိုင္ငံဟာ ရာဇဝတ္မႈအထူေျပာဆုံး ႏိုင္ငံေတြထဲမွာ ပါဝင္ၿပီး၊ UN ရဲ႕ သုေတသနျပဳခ်က္အရ (၈၀)%ေသာ လူသတ္မႈေတြဟာ ရာဇဝတ္ဂိုဏ္းတစ္ခုခုနဲ႔ ဆက္စပ္ေနေလ့ရွိတယ္၊ ရာဇဝတ္ဂိုဏ္းသားေတြက တစ္ဖက္ ျဖစ္ေနေလ့ရွိတယ္လို႔ေတာင္ ဆိုပါတယ္။

(၂၀၁၂)ခုႏွစ္မွာ အယ္ဆာေဗးဒိုးရဲ႕ အဓိကမူးယစ္ဂိုဏ္းႀကီးႏွစ္ခုျဖစ္တဲ့ Mara Salvatrucha နဲ႔ Barrio 18 တို႔အၾကား ၿပိဳင္ဆိုင္မႈေတြစတင္ျပင္းထန္လာၿပီး၊ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ျခင္းမရွိေသးတဲ့ လူသတ္ပြဲေတြ၊ ခ်ိန္းဆိုစီးခ်င္းထိုး အသက္လုပြဲေတြဟာ ယေန႔အခ်ိန္အထိ အရွိန္ေကာင္းေနဆဲလို႔ သိရပါတယ္။

Credit:လင္းသုတ (MyanmarNote)

source : unilad.co.uk

Unicodeဖြင့်ဖတ်ရန်

 

ရဲတွေကပင်ကြောက်ရတဲ့ ကမ္ဘာ့အကြမ်းဆုံး အယ်လ်ဆာဗေးဒိုး ရာဇဝတ်ဂိုဏ်းသားများ

 

အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ ဗဟိုအမေရိကမှာတည်ရှိပါတယ်။ လူဦးရေ (၆.၃၈၇)သန်းသာ ရှိပြီး၊ ပစိဖိတ်သမုဒ္ဒရာကို မေးတင်လျှက် တည်ရှိတာမို့၊ သာယာလှပတဲ့ကမ်းခြေတွေက ကမ္ဘာကျော်ပါတယ်။ အယ်လ်ဆာဗေးဒိုးမှာ ရာဇဝတ်ဂိုဏ်းတွေလည်း နာမည်ကြီးလှပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရာဇဝတ်ဂိုဏ်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေကပင် ကြောက်ရတာမို့၊ သူတို့ကို ရာဇဝတ်မှုအသီးသီးနဲ့ ဖမ်းဆီးတဲ့အခါမျိုးမှာ ပြန်တမ်းဝင်ထောင်အရာရှိတွေနဲ့ ထိန်းသိမ်းတာမျိုး မဟုတ်ဘဲ၊ သူတို့အချင်းချင်း ဝါဒါတွေ တန်းစီးတွေ ခန့်အပ်ပြီး အုပ်ချုပ်ရသည်အထိပါ။

အယ်လ်ဆာဗေးဒိုးမှာ Mara Salvatrucha (MS-13) အမည်ရ ရာဇဝတ်ဂိုဏ်းဟာ နာမည်ကြီးလှပြီး၊ သူတို့ဟာ လူသတ်၊ ဓားပြတိုက်၊ မူးယစ်ရောင်းဝယ်၊ လက်နက်ရောင်းဝယ်ကိစ္စတွေကို ပေါ်ပေါ်ထင်ထင် ပြုမူကြပါတယ်တဲ့။ သူတို့တစ်တွေ ဝင်ရောက်စားသောက်တဲ့ ဘားတွေရဲ့ အဝင်ဝမှာ ဂိုဏ်းရဲ့အမှတ်တံဆိပ် ထောင်ထားရုံနဲ့-

ဘယ်ရဲမှ အတွင်းကို ဝင်ရောက်စစ်ဆေးခြင်း မပြုရဲသည်အထိ ရာဇဝင်တွေက ကြမ်းခဲ့တာပါ။ Penas Ciudad Barrios အကျဉ်းထောင်မှာ ရာဇဝတ်ဂိုဏ်းသား (၂၅၀၀)ကျော် ချုပ်နှောင်ထားပြီး၊ အစိုးရက ဖွဲ့ထားတဲ့ လက်နက်ကိုင်တွေက ဒီထောင်ကို ထိန်းချုပ်တာမဟုတ်ပါဘူး။

သူတို့အချင်းချင်း လုံခြုံရေးအဖွဲ့ပြန်ခန့်ပြီး၊ လူဆိုးထိန်းဘသိန်းတို့ အုပ်စုကို အုပ်ချုပ်စေတဲ့သဘော ဖြစ်ပါတယ်။ အခု ဖော်ပြပါ ဓာတ်ပုံတွေကတော့ လန်ဒန်ဓာတ်ပုံဆရာ Adam Hinton က (၂၀၁၃)ခုနှစ်မှာ Penas Ciudad Barrios အကျဉ်းထောင်ကို လေ့လာရေးခရီး ရောက်ရှိစဉ် မှတ်တမ်းတင်ခဲ့တာတွေပါ။

အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ ရာဇဝတ်မှုအထူပြောဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပြီး၊ UN ရဲ့ သုတေသနပြုချက်အရ (၈၀)%သော လူသတ်မှုတွေဟာ ရာဇဝတ်ဂိုဏ်းတစ်ခုခုနဲ့ ဆက်စပ်နေလေ့ရှိတယ်၊ ရာဇဝတ်ဂိုဏ်းသားတွေက တစ်ဖက် ဖြစ်နေလေ့ရှိတယ်လို့တောင် ဆိုပါတယ်။

(၂၀၁၂)ခုနှစ်မှာ အယ်ဆာဗေးဒိုးရဲ့ အဓိကမူးယစ်ဂိုဏ်းကြီးနှစ်ခုဖြစ်တဲ့ Mara Salvatrucha နဲ့ Barrio 18 တို့အကြား ပြိုင်ဆိုင်မှုတွေစတင်ပြင်းထန်လာပြီး၊ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးတဲ့ လူသတ်ပွဲတွေ၊ ချိန်းဆိုစီးချင်းထိုး အသက်လုပွဲတွေဟာ ယနေ့အချိန်အထိ အရှိန်ကောင်းနေဆဲလို့ သိရပါတယ်။

Credit:လင်းသုတ (MyanmarNote)

source : unilad.co.uk