Zawgyiဖြင့်ဖတ်ရန်

 








source : unilad.co.uk

 

Unicodeဖြင့်ဖတ်ရန်

 

ဆေးကုသဖို့ ဗိုက်ထဲက,ကလေးကို ခွဲထုတ်ယူပြီး၊ ကိစ္စပြီးတာနဲ့ မူလအတိုင်း ပြန်ထည့်ပေးခဲ့တဲ့

 

ခေတ်မီဆန်းကျယ်လာတဲ့ ဆေးပညာဟာ လူ့လောကကြီးကို များစွာ အကျိုးပြုနေပါတယ်။ စာရေးသူတို့ ငယ်စဉ်က ကိုယ်ဝန်ဆောင် ကလေးမိခင်တွေဟာ အရပ်လက်သည်နဲ့သာ ဖွားမြင်ရပြီး၊ အသက်ရှင်ဖို့ အာမခံချက် သိပ်မရှိပါဘူး။ ငယ်စဉ်က မိခင်ကလေး သေဆုံးတဲ့အဖြစ်တွေဟာ သိပ်ပြီး မဆန်းခဲ့သလိုပါဘဲ။

ခေတ်ပေါ်ဆေးပညာတွေနဲ့၊ ကျေးရွာလူထူ အသိပညာ မြင့်မားလာမှုတွေက အလွန်အရေးကြီးတဲ့ ကလေးမွေးချင်းကိစ္စကို အရပ်လက်သည်လောက်နဲ့ မမွေးတော့ဘဲ ဆေးရုံဆေးခန်းတွေကို ပြသနေကြပါပြီ။ ဒီနည်းအားဖြင့် မိခင်နဲ့ ကလေးအသေအပျောက် ကိစ္စမှာ အခုနောက်ပိုင်း မကြားရသလောက်ပါဘဲ။

အခုလည်း မိခင်တစ်ဦးရဲ့ ဗိုက်ထဲက လမပြည့်သေးတဲ့ ကလေးကို လိုအပ်ချက်အရ အပြင်ကိုထုတ်ပြီး ဆေးကုသဖို့ ဆရာဝန်အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဆေးကုသမှု ပြီးစီးတာနဲ့ ကလေးကို ဗိုက်ထဲမှာ မူလအတိုင်း ပြန်ထည့်မှာဖြစ်ပါတယ်။ မိခင်ကတော့ Bethan Simpson ဖြစ်ပြီး အသက်(၂၂)နှစ်ပါ။

ကလေးကတော့ ရသတ္တပတ်(၂၀)သာရှိသေးတဲ့ ကိုယ်ဝန်သာရှိသေးပြီး၊ ကလေးရဲ့ဦးခေါင်းကို တိုင်းတာတဲ့အခါမှာ မှန်ကန်တဲ့ရလဒ်ကို မထွက်တာကြောင့် Essex’s Broomfield Hospital ဆေးရုံကို သွားခဲ့ရပါတယ်။ စစ်ဆေးတဲ့အခါမှာ ဗိုက်ထဲက ကလေးဟာ Spina bifida လို့ခေါ်တဲ့ ရောဂါကို ခံစားနေရပါတယ်။

ကျောရိုးကောင်းစွာ မဖွံ့ဖြိုးတဲ့ရောဂါလို့ အလွယ်ပြောလို့ရပါတယ်။ ဒါကြောင့် ကလေးကို ဗိုက်ထဲကနေထုတ်ပြီး ခွဲစိတ်မှုလုပ်ဖို့ ဆရာဝန်တွေက ဆုံးဖြတ်ခဲ့တာပါ။ မဟုတ်ရင် ကလေးကြီးလာတဲ့အခါ လမ်းမလျှောက်နိုင်ခြင်းနဲ့ တစ်ခြားရောဂါတွေ ခံစားရနိုင်လို့ ဖြစ်ပါတယ်။

ခွဲစိတ်ဖို့ကိုတော့ ကလေးကိုယ်ဝန် (၂၄)ပတ်မှာ လုပ်ဖို့ဆုံးဖြတ်ခဲ့ပြီး၊ ဆေးရုံကတော့ London’s Great Ormond Street Hospital မှာဖြစ်ပါတယ်။ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။ မိခင်လောင်းဖြစ်သူ Bethan ဟာ ကိုယ်ဝန်ဆောင်နေစဉ် ခွဲစိတ်ကုသမှုခံယူခဲ့သူတွေထဲမှာ (၄)ယောက်မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Credit:လင်းသုတ (MyanmarNote)

source : unilad.co.uk