Zawgyiျဖင့္ဖတ္ရန္

 

စစ္​ကိုင္​း သက် ဓီတာ (ဗုဒၶသမီး​ေတာ္​မ်ား) စာသင္​တိုက္​ ျဖစ္​ပါတယ္​။ စည္​းကမ္​းအရမ္​းႀကီးတယ္​လို႔ နာမည္​ႀကီးပါတယ္​။ စာသင္​သူ သီလ႐ွင္​( သိကၡာ႐ွင္​​) ​ေပါင္​း အပါး ( ၂၅၀) ​ေက်ာ္​႐ွိတယ္​။ ဖုန္းကိုင္​ခြင္​့မ႐ွိဘူး။ အျပင္​ထြက္​ခြင္​့ မ႐ွိဘူး…။

တိုက္​ထဲမွာ ဓမၼာစရိယ ဘြဲ႔ရ​ေတြ အမ်ားႀကီးပါပဲ။ ဝိနယဝိဒူ ​ေတြလည္​း ႐ွိတယ္​။ ပါဠိပါရဂူနဲ႔ လကၤာရ​ေတြလည္​း ႐ွိတယ္​။ ​ေအာက္​ပါ ပံုမ်ားက​ေတာ့ စာခ်ဆရာႀကီးမွ ပါဠိသဒၵါ ပို႔ခ်​ေနပံုပါ။

မိန္​းက​ေလး​ေတြလည္​း ရဟန္​း​ေတာ္​​ေတြလို ခက္​ခဲနက္​နဲတဲ့ ဗုဒၶစာ​ေပ​ေတြကို သင္​​ေနၾကတာ အမ်ားႀကီး ႐ွိ​ေသးပါလားလို႔ အံ့ၾသမိပါတယ္​။( ​ေအာက္​က ကဗ်ာ​ေလး ဖတ္​ၿပီး မ်က္​ရည္​ဝဲမိပါတယ္​ )

မိန္​းက​ေလးပဲ​ေလ…..

မိန္းကေလးပဲေလ… လွခ်င္ရက္ စက္စက္ယို၊ ကပိုက႐ို ကႏြဲ႔ကလ်ေနခ်င္ေပမယ့္၊ ရခဲတဲ့ဘဝကို အလွနဲ႔မတည္ေဆာက္၊ ဓမၼနဲ႔ ေလွ်ာက္ခ့ဲၾကသူေတြေပါ့။

မိန္းကေလးပဲေလ… ေပ်ာ္ေပ်ာ္ပါးပါး ေက်ာ့ေက်ာ့ေမာ့ေမာ့၊ ၿဖီးလိမ္းပန္းပန္ ေခတ္ပ်ိဳေမေတြလိုလန္းခ်င္ေပမယ့္၊ စိန္နားကပ္ႀကီး နားမွာပန္၊ ေရႊေငြကား အျခံအရံေတြနဲ႔ မေမာ္ဘဲ၊ ဣေျႏၵတရားနဲ႔ ေပ်ာ္ခ့ဲၾကသူေတြေပါ့

မိန္းကေလးပဲေလ… ခ်စ္သူရင္ခြင္ ခိုဝင္ယုယ၊ အၾကင္နာေဝငွ သမုဒယနဲ႔ေနခ်င္ေပမယ့္၊ အႏုသယ နီဝရဏတရားေတြကိုပယ္၊ ေဗာဇၩင္ပြား မဂၢသစၥာနဲ႔ ဘုရားတည္ၾကသူေတြေပါ့။

မိန္းမျမတ္တို႔ရဲ႕ သိကၡာတရား၊ ဆံေကသာနဲ႔ သနပ္ခါးကို ပယ္၊ လမ္းတကာအလယ္ ဆြမ္းဆန္ရပ္၊ လူတကာရဲ႕ပါးစပ္က ကဲ့ရဲ႕သံေတြျဖတ္ရင္း၊ ျမတ္ဗုဒၶ သာသနာ့လမ္းစဥ္ကို ရႈ၊ က်င့္ႀကံအားထုတ္ရင္း သာသနာျပဳၾကသူေတြေပါ့။

ရဟန္းေတာ္ သာမေဏေတြနဲ႔ မျခား၊ မိန္းမျမတ္တို႔ရဲ႕ စံျပႏွလုံးသားမွာ၊ ပရိယတၱိ ပဋိပတိၱ ပဋိေဝဓ ပရဟိတ၊ စြမ္းႏိုင္သလို သာသနာျပဳဂုဏ္ေဆာင္ၾကေပါ့

သူတို႔သူတို႔ သူတို႔သည္၊ သာသနာ့အႏြယ္ေတာ္ဝင္ သီလရွင္တဲ့၊ ဘုရားရွင္ခ်မွတ္ခ့ဲတဲ့ သူေတာ္စင္လမ္း၊ အေပ်ာ္ေတြစြန္႔ၿပီး ထမ္းရြက္ခဲ့ၾက၊ ဘယ္အခ်ိန္ၾကည့္ၾကည့္ မႏြမ္းလ်တယ့္၊ “မဟာေတာ္ဝင္ ပန္းအလွ” ေတြပဲေပါ့။

သက်ဓီတာသီလရွင္ စာသင္တိုက္၊ နန္းဦးၿမိဳ႕သစ္၊ စစ္ကိုင္းၿမိဳ႕ Ph -092130606၊ 09792130606၊ 09791119777

Credit:သုခိန္(ဗုဒၶတကၠသိုလ္)

Unicodeဖြင့်ဖတ်ရန်

 

ဖုန်းကိုင်ခွင့်မရှိ အပြင်ထွက်ခွင့် မရှိသော မြန်မာနိုငံရဲ့ အကြီးမားဆုံး သီလရှင် စာသင်တိုက်

 

စစ်ကိုင်း သကျ ဓီတာ (ဗုဒ္ဓသမီးတော်များ) စာသင်တိုက် ဖြစ်ပါတယ်။ စည်းကမ်းအရမ်းကြီးတယ်လို့ နာမည်ကြီးပါတယ်။ စာသင်သူ သီလရှင်( သိက္ခာရှင်) ပေါင်း အပါး ( ၂၅၀) ကျော်ရှိတယ်။ ဖုန်းကိုင်ခွင့်မရှိဘူး။ အပြင်ထွက်ခွင့် မရှိဘူး…။

တိုက်ထဲမှာ ဓမ္မာစရိယ ဘွဲ့ရတွေ အများကြီးပါပဲ။ ဝိနယဝိဒူ တွေလည်း ရှိတယ်။ ပါဠိပါရဂူနဲ့ လင်္ကာရတွေလည်း ရှိတယ်။ အောက်ပါ ပုံများကတော့ စာချဆရာကြီးမှ ပါဠိသဒ္ဒါ ပို့ချနေပုံပါ။

မိန်းကလေးတွေလည်း ရဟန်းတော်တွေလို ခက်ခဲနက်နဲတဲ့ ဗုဒ္ဓစာပေတွေကို သင်နေကြတာ အများကြီး ရှိသေးပါလားလို့ အံ့သြမိပါတယ်။( အောက်က ကဗျာလေး ဖတ်ပြီး မျက်ရည်ဝဲမိပါတယ် )

မိန်းကလေးပဲလေ…..

မိန်းကလေးပဲလေ… လှချင်ရက် စက်စက်ယို၊ ကပိုကရို ကနွဲ့ကလျနေချင်ပေမယ့်၊ ရခဲတဲ့ဘဝကို အလှနဲ့မတည်ဆောက်၊ ဓမ္မနဲ့ လျှောက်ခဲ့ကြသူတွေပေါ့။

မိန်းကလေးပဲလေ… ပျော်ပျော်ပါးပါး ကျော့ကျော့မော့မော့၊ ဖြီးလိမ်းပန်းပန် ခေတ်ပျိုမေတွေလိုလန်းချင်ပေမယ့်၊ စိန်နားကပ်ကြီး နားမှာပန်၊ ရွှေငွေကား အခြံအရံတွေနဲ့ မမော်ဘဲ၊ ဣန္ဒြေတရားနဲ့ ပျော်ခဲ့ကြသူတွေပေါ့

မိန်းကလေးပဲလေ… ချစ်သူရင်ခွင် ခိုဝင်ယုယ၊ အကြင်နာဝေငှ သမုဒယနဲ့နေချင်ပေမယ့်၊ အနုသယ နီဝရဏတရားတွေကိုပယ်၊ ဗောဇ္ဈင်ပွား မဂ္ဂသစ္စာနဲ့ ဘုရားတည်ကြသူတွေပေါ့။

မိန်းမမြတ်တို့ရဲ့ သိက္ခာတရား၊ ဆံကေသာနဲ့ သနပ်ခါးကို ပယ်၊ လမ်းတကာအလယ် ဆွမ်းဆန်ရပ်၊ လူတကာရဲ့ပါးစပ်က ကဲ့ရဲ့သံတွေဖြတ်ရင်း၊ မြတ်ဗုဒ္ဓ သာသနာ့လမ်းစဉ်ကို ရှု၊ ကျင့်ကြံအားထုတ်ရင်း သာသနာပြုကြသူတွေပေါ့။

ရဟန်းတော် သာမဏေတွေနဲ့ မခြား၊ မိန်းမမြတ်တို့ရဲ့ စံပြနှလုံးသားမှာ၊ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ပရဟိတ၊ စွမ်းနိုင်သလို သာသနာပြုဂုဏ်ဆောင်ကြပေါ့

သူတို့သူတို့ သူတို့သည်၊ သာသနာ့အနွယ်တော်ဝင် သီလရှင်တဲ့၊ ဘုရားရှင်ချမှတ်ခဲ့တဲ့ သူတော်စင်လမ်း၊ အပျော်တွေစွန့်ပြီး ထမ်းရွက်ခဲ့ကြ၊ ဘယ်အချိန်ကြည့်ကြည့် မနွမ်းလျတယ့်၊ “မဟာတော်ဝင် ပန်းအလှ” တွေပဲပေါ့။

သကျဓီတာသီလရှင် စာသင်တိုက်၊ နန်းဦးမြို့သစ်၊ စစ်ကိုင်းမြို့ Ph -092130606၊ 09792130606၊ 09791119777

Credit:သုခိန်(ဗုဒ္ဓတက္ကသိုလ်)