Zawgyiဖြင့်ဖတ်ရန်

 








Credit – Zaw Shein

 

Unicodeဖြင့်ဖတ်ရန်

 

လေးစားစရာကောင်းတဲ့ မြန်မာထဲက တကယ့်မြန်မာTaxi Driver

 

မင်္ဂလာရှိသောနေ့ကလေးတစ်နေ့ပါဘဲ …ဒီနေ့ Taxi ထွက်ဆွဲတာ.မြို့ထဲ 13 လမ်းထိပ်ကနေလေဆိပ်ကိုနိုင်ငံခြားသား/သူနှစ်ယောက် ကားငှါးတာ လိုက်ပို့တယ်ဆိုပါတော့ဗျာ …

သူတို့ကိုပို့ပြီးတော့ နောက်ခရီးသည်တစ်ဦး ရတော့ အင်းစိန်ပေါက်တောဝနားက မုဒိတာအိမ်ရာကို လိုက်ပို့ တာ စီးလာတဲ့အမျိုးသမီးက ရှေ့ကဘယ်သူစီးသွားလဲတဲ့ …

ဘာဖြစ်လို့လဲအစ်မလို့မေးတော့ဒီအနောက်မှာ အိတ်တစ်အိတ်ကျန်ခဲ့တယ်တဲ့ ကျွန်တော်လည်းသိလိုက်တယ်.နိုင်ငံခြားသားကျန်ခဲ့တယ်ဆိုတာ. အဲဒီအိတ်ကို ခရီးသည်အစ်မရှေ့မှာဘဲ စစ် ကြည့်လိုက်တယ်.

Canon အမျို းအစားCamera တစ်လုံးနဲ့ နိုင်ငံခြားငွေထုတ်ကဒ်နှစ်ကဒ်ကိုတွေ့လိုက်တယ် ပြန်စဉ်းစားကြည့်ရင် အရေးမကြီးဘူးထင်ရပေမယ့် Camera ထဲကမှတ်တမ်းတွေကအရေးကြီးမယ်ဆိုတာကျွန်တော်နားလည်လိုက်တယ်….

ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ သဘာဝအလှအပရှုခင်း တွေက ဒီCamera ထဲမှာလေ …သူတို့ ဒီမြန်မာနိုင်ငံကိုအလည်လာဖို့ ဘယ်လောက်ရင်းနှီးခဲ့ရမလဲ. …နောက်ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက Taxi သမားတွေရဲ့ ရိုးသားတဲ့စိတ်ဓါတ်ကိုပြရမယ်ဆိုတာကျွန်တော်နားလည်လိုက်တယ် …

ခရီးသည်အမျိုးသမီးကိုပို့ ပြီးပြီးချင်းအမြန်ဆုံးလမ်းကနေ မောင်းပြီး လေဆိပ်ကိုမောင်းလာတာ ထင်တဲ့အတိုင်းဘဲနိုင်ငံခြားသား/သူနှစ်ယောက် ပစ္စည်းကျန်ခဲ့လို့ ဒေါင်း တောက်နေတဲ့ပုံစံတွေနဲ့ …ကျွန်တော်လည်းတွေ့ပြီး ပစ္စည်းပြန်ပေးလိုက်တာဝမ်းသာအားရဖြစ်နေတဲ့ ပုံကိုကြည့်ပြီး ပီတိဖြစ်မိရပါတယ်ဗျာ…

မုဒိတာအိမ်ရာကို ငှါးစီးတဲ့အစ်မကိုလည်း ကျေးဇူးအများ ကြီးတင်ပါတယ်.သူလည်းရိုးသားလို့ပေါ့.သူလည်းမပြော ဘဲ ယူသွားရင် ကျွန်တော်လည်းဒုက္ခပါဘဲ …ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံက Taxi သမားတွေရဲ့ရိုးသားတဲ့စိတ်ဓါတ်ကို ပြသရတဲ့အတွက်ဂုဏ်ယူမိပါတယ်…

Credit – Zaw Shein