Zawgyiဖြင့်ဖတ်ရန်

 




 

Unicodeဖြင့်ဖတ်ရန်

 

ဇာတ်ကားတွေမရိုက်ရလို့ ကလေးကျောင်းစရိတ်နဲ့ အိမ်လခပေးဖို့ ဒုက္ခရောက်နေပါတယ်လို့ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်

 

ဗီဒီယိုခေတ် တွေ ခေတ်ထချိန်က ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ပို့အဖြစ်ပါဝင်ဖူးခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကိုတော့ ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်မှာပါ ။ ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဖြစ်သလို ဇာတ်ကားတော်တော်များများမှာ ပါဝင်ခဲ့တဲ့အတွက် နှိုင်းယှဉ်မြင့်မိုရ်ကတော့ပရိသတ်နဲ့စိမ်းမယ်မထင်ပါဘူးနော် ။ လတ်တလော ဗီဒီယိုဈေးကွက် ပျက်သွားတဲ့အပေါ်မှာ ဇာတ်ကားတွေ မရိုက်ရတော့ဘဲ နယ်ဘက်တွေကို သီချင်းတွေ လိုက်ဆိုနေရတယ်လို့ သိရပါတယ် ။ ဗီဒီယိုဈေးကွက်ပျက်သွားပေမယ့်လည်း တချို့ စက်အဖွဲ့သားတွေကတော့ MRTV-4 က ဇာတ်လမ်းတွဲရိုက်ကူးရေးတွေမှာ ပြန်လည်လုပ်ကိုင်နေကြတဲ့အတွက် အဆင်ပြေပေမယ့် တကယ်တမ်းခက်ခဲကြပ်တည်းနေတာတော့ ဇာတ်ပို့ ဇာတ်ရံတွေနဲ့ လူကြမ်းတွေပဲဖြစ်တယ်လို့ နှိုင်းယှဉ်မြင့်မိုရ်က ပြောပြခဲ့ပါတယ်

သူမ ကိုယ်တိုင်လည်း ဇာတ်ကားတွေ မရိုက်ရတာကြောင့် အရမ်းကိုအခက်ခဲဖြစ်နေတယ်လို့သိရပြီး ကလေးကျောင်းစရိတ်နဲ့ အိမ်လခပေးဖို့တောင် ဒုက္ခရောက်နေတယ်လို့ မျက်ရည်တွေကြားက ပြောပြခဲ့ပါတယ် ။ စိတ်ထဲမှာလည်း သူမတို့ လောကကြီးဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့သလို ဘာလို့ မစုခဲ့မဆောင်းခဲ့တာလည်း လို့ ပြောတဲ့သူတွေကိုလည်း စု ရအောင် ဘယ်လောက်များရနေလို့လဲလို့ သူမရဲ့အခက်ခဲတွေကို ရင်ဖွင့်ခဲ့ပါတယ် ။ ကလေးစရိတ် အိမ်စရိတ်နဲ့ ရတဲ့ အနုပညာကြေးက ကွက်တိတောင် မကျဘူး လိုတောင် လိုနေသေးတယ် အဆမတန်လဲ ကွာတယ်ဆိုပေမယ့် ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတဲ့အတွက် ကျေနပ်တယ်လို့ ပြောပြခဲ့ပါတယ် ။

Credit:centralonlinen