Zawgyiျဖင့္ဖတ္ရန္

ဒီေန႔ ေမလ ၁၆ ရက္ေန႔မွာ လူသိမ်ားတဲ႔ အမ်ိုးသား Idol တစ္ဦးဟာ သူေနထိုင္တဲ႔အိမ္ကို မီးနဲ႔ရွိဳ႕ဖုိ႔ၾကိဳးစားခဲ႔တာေၾကာင္႔ လတ္တေလာမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတယ္လို႔ ေတာင္ကိုရီးယားနိုင္ငံရဲ႕ ရဲဌာနကေန ထုတ္ျပန္ေပးထားပါတယ္။ မီးနဲ႔ရွိဳ႕ဖုိ႔ၾကိဳးစားရတဲ႔ အေၾကာင္းအရင္းကေတာ႔ အဖြဲ႕၀င္ေတြနဲ႔ စကားမ်ားရန္ျဖစ္ခဲ႔ျပီးရာကေန ျဖစ္လာခဲ႔လို႔ သိရပါတယ္။

ရဲေတြထုတ္ျပန္ေပးခ်က္အရကေတာ႔ ထိုအမ်ိုးသား idol အသက္ ၃၀ အရြယ္ရွိတဲ႔သူျဖစ္ျပီး မ်ိုးရိုးနာမည္ကေတာ႔ Jang ျဖစ္ပါတယ္။ သူ မီးရွိဳ႕ဖို႔ၾကိဳးစားခဲ႔တဲ႔ အိမ္ကေတာ႔ အဖြဲ႕၀င္ေတြနဲ႔အတူတူေနရတဲ႔ အိမ္ျဖစ္ျပီး အိမ္ကိုေရာက္လာတဲ႔အခိ်န္ကေတာ႔ ကိုရီးယားစံေတာ္ခ်္ိန္ မနက္ ၈ နာရီ ၅၀ မိနစ္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ အိမ္ကိုေရာက္လာခ်ိန္မွာေတာ႔ သူဟာ အရက္မူးေနတယ္လို႔ ရဲေတြက ထုတ္ျပန္ေပးထားပါေသးတယ္။

အဆိုပါ Idol ဟာ အိမ္ကုိေရာက္လာျပီးေနာက္မွာေတာ႔ အဖြဲ႕၀င္ ၂ ေယာက္နဲ႔ ရန္ျဖစ္ခဲ႔ျပီး ပစၥည္းေတြကိုလည္း ေကာက္ေပါက္ခဲ႔ကာ အိမ္မွာရွိတဲ႔ ေကာ္ေဇာကေနတဆင္႔ မီးရွိဳ႕ဖို႔အတြက္ ၾက္ိဳးစားခဲ႔တာ ျဖစ္ပါတယ္။

အဲဒီအခါမွာေတာ႔ အဖြဲ႕၀င္ေတြထဲက တစ္ေယာက္က ခ်က္ခ်င္းအေၾကာင္းၾကားခဲ႔တာေၾကာင္႔ Jang က ခ်က္ခ်င္းပဲ မီးကိုျပန္ျငွိမ္းသတ္ခဲ႔ျပီး ဘာမွမျဖစ္ခဲ႔သလို ဟန္ေဆာင္ခဲ႔တယ္လို႔ သိရပါတယ္။ ဒါေပမယ္႔ ရဲေတြက တာ၀န္အရ ဖမ္းဆီးထိန္းသိမ္းခဲ႔ျပီး အမ်ားျပည္သူကို ထိတ္လန္႔ေစမွဳ၊ ခိုက္ရန္ျဖစ္ပြားမွုေတြနဲ႔ စစ္ေဆးေမးျမန္းေနတယ္လို႔ သိရပါတယ္။

Jang ဟာ အဖြဲ႕၀င္ေတြနဲ႔ ဒီလိုမ်ိုးကိစၥျဖစ္တယ္ဆိုေပမယ္႔လည္း အရင္တုန္းကေတာ႔ အဖြဲ႕၀င္ေတြအားလံုးနဲ႔ ရင္းရင္းႏွီးႏွီးရွိတယ္လို႔ သူ ကိုယ္တုိင္ထြက္ဆိုထားပါတယ္။ အဆိုပါ “Jang” ဆိုတဲ႔ Idol က ဘယ္သူမ်ားျဖစ္မယ္လို႔ ထင္မိပါသလဲ။

Unicodeဖြင့်ဖတ်ရန်

ဒီနေ့ မေလ ၁၆ ရက်နေ့မှာ လူသိများတဲ့ အမျိုးသား Idol တစ်ဦးဟာ သူနေထိုင်တဲ့အိမ်ကို မီးနဲ့ရှို့ဖို့ကြိုးစားခဲ့တာကြောင့် လတ်တလောမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ရဲဌာနကနေ ထုတ်ပြန်ပေးထားပါတယ်။ မီးနဲ့ရှို့ဖို့ကြိုးစားရတဲ့ အကြောင်းအရင်းကတော့ အဖွဲ့ဝင်တွေနဲ့ စကားများရန်ဖြစ်ခဲ့ပြီးရာကနေ ဖြစ်လာခဲ့လို့ သိရပါတယ်။

ရဲတွေထုတ်ပြန်ပေးချက်အရကတော့ ထိုအမျိုးသား idol အသက် ၃၀ အရွယ်ရှိတဲ့သူဖြစ်ပြီး မျိုးရိုးနာမည်ကတော့ Jang ဖြစ်ပါတယ်။ သူ မီးရှို့ဖို့ကြိုးစားခဲ့တဲ့ အိမ်ကတော့ အဖွဲ့ဝင်တွေနဲ့အတူတူနေရတဲ့ အိမ်ဖြစ်ပြီး အိမ်ကိုရောက်လာတဲ့အချိန်ကတော့ ကိုရီးယားစံတော်ချိန် မနက် ၈ နာရီ ၅၀ မိနစ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်ကိုရောက်လာချိန်မှာတော့ သူဟာ အရက်မူးနေတယ်လို့ ရဲတွေက ထုတ်ပြန်ပေးထားပါသေးတယ်။

အဆိုပါ Idol ဟာ အိမ်ကိုရောက်လာပြီးနောက်မှာတော့ အဖွဲ့ဝင် ၂ ယောက်နဲ့ ရန်ဖြစ်ခဲ့ပြီး ပစ္စည်းတွေကိုလည်း ကောက်ပေါက်ခဲ့ကာ အိမ်မှာရှိတဲ့ ကော်ဇောကနေတဆင့် မီးရှို့ဖို့အတွက် ြကိုးစားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအခါမှာတော့ အဖွဲ့ဝင်တွေထဲက တစ်ယောက်က ချက်ချင်းအကြောင်းကြားခဲ့တာကြောင့် Jang က ချက်ချင်းပဲ မီးကိုပြန်ငြှိမ်းသတ်ခဲ့ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရဲတွေက တာဝန်အရ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အများပြည်သူကို ထိတ်လန့်စေမှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။

Jang ဟာ အဖွဲ့ဝင်တွေနဲ့ ဒီလိုမျိုးကိစ္စဖြစ်တယ်ဆိုပေမယ့်လည်း အရင်တုန်းကတော့ အဖွဲ့ဝင်တွေအားလုံးနဲ့ ရင်းရင်းနှီးနှီးရှိတယ်လို့ သူ ကိုယ်တိုင်ထွက်ဆိုထားပါတယ်။ အဆိုပါ “Jang” ဆိုတဲ့ Idol က ဘယ်သူများဖြစ်မယ်လို့ ထင်မိပါသလဲ။

Ref : Kstarlive

Credit; Mia (Momolay)