Zawgyiျဖင့္ဖတ္ရန္

 

“ေျမ”….အေဆာက္အအုံ ဆိုတာ အ႐ြယ္အစား အမ်ိဳးမ်ိဳး ရွိၾကသည့္ အတိုင္း မည္ကဲ့သို႔ေသာ အေဆာက္အအုံကို ေဆာက္လုပ္မည္ျဖစ္ေစ အေျခခံ အက်ဆုံး လိုအပ္ခ်က္ျဖစ္တဲ့ ေျမကြက္လပ္ ရွိမွသာ ေဆာက္လုပ္လို႔ ရႏိုင္မည္ မဟုတ္ပါ လား၊ ကိုယ္ပိုင္ ေျမကြက္ ရွိၿပီးသူမ်ားအဖို႔ မိမိပိုင္ဆိုင္ေသာ ေျမကြက္ေပၚတြင္ အရႈပ္အရွင္း ကင္းစြာျဖင့္ မိမိစိတ္တိုင္းက် ေဆာက္လုပ္ေနထိုင္ျခင္း၊ လြပ္လပ္စြာ ေရာင္းဝယ္ျခင္းမ်ား လုပ္ေဆာင္ႏိုင္ေသာ္လည္း ေျမကြက္ဝယ္ယူ၍ ေဆာက္လုပ္ ေနထိုင္မည့္သူ ရင္းႏွီးျမႇဳပ္ႏွံမည့္သူမ်ားကေတာ့ စိတ္ခ်ယုံၾကည္မႈ ရွိေစရန္အတြက္ ပိုင္ဆိုင္မႈ ခိုင္မာရန္ လုပ္သက္ရင့္ ေရွ႕ေနမ်ား၊ အက်ိဳးေဆာင္မ်ားျဖင့္ စနစ္တက် ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ ထိုကဲ့သို႔ ေျမ အေရာင္း အဝယ္မ်ား ျပဳလုပ္ရန္ အတြက္ စာခ်ဳပ္ ခ်ဳပ္ဆိုပုံ အဆင့္ဆင့္ေလးေတြကို ျပန္လည္ မွ်ေဝလိုက္ရပါတယ္..

မိမိဝယ္ယူလိုေသာ ေျမကြက္ကို မဝယ္ေသးမီ ပထမဆုံးအေနနဲ႔ အမည္ေပါက္ဟုတ္ / မဟုတ္ ကိုလည္းေကာင္း၊ အရႈပ္ အရွင္း ရွိ/မရွိ ႏွင့္ ေျမပုံ ရာဇဝင္ စစ္ / မစစ္ တို႔ကိုလည္းေကာင္းေသခ်ာစြာစစ္ေဆးရန္ လိုအပ္ပါတယ္။

အဆိုပါ အခ်က္မ်ားအားလုံးစစ္ေဆးၿပီးေသာအခါတြင္ ေအာက္ေဖာ္ျပပါ အခ်က္မ်ားကို ဆက္လက္ ေဆာင္႐ြက္ရမည္ျဖစ္ပါသည္။

၁။ စရံစာခ်ဳပ္ခ်ဳပ္ဆိုရန္ (စရံစာခ်ဳပ္ကို ကတိစာခ်ဳပ္ ဟုလည္း ေခၚပါသည္။)

၂။ ေဖာ္ျပပါ ေျမကြက္ အေရာင္းအဝယ္ျပဳလုပ္ျခင္းအား ကန႔္ကြက္လိုပါက ကန႔္ကြက္ႏိုင္ပါေၾကာင္း သတင္းစာ ေၾကာ္ျငာထည့္ရန္။

၃။ ေၾကာျငာပါသည့္ေန႔မွစ၍ (၁၄) ရက္ အထိ ေစာင့္ၾကည့္ရန္။

၄။ ေၾကာ္ျငာပါသည့္ရက္မွ (၁၄) ရက္အတြင္း ကန႔္ကြက္မည့္သူမရွိပါက ေနာက္တစ္ရက္တြင္ ေငြ ေပး ေခ်ရန္။ (ကန႔္ကြက္မႈ တစ္စုံတစ္ရာရွိခဲ့လွ်င္ အေရာင္းအဝယ္လုပ္ငန္း ဆက္လက္ေဆာင္႐ြက္လို႔ မရႏိုင္ေသာေၾကာင့္ ကန႔္ကြက္သူ မ်ား ႏွင့္ အဆင္ေျပေအာင္ ညႇိႏႈိင္းျခင္းကို အိမ္ရွင္ဘက္ မွ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ဆက္လက္ေဆာင္႐ြက္မည့္ အေရာင္းအဝယ္လုပ္ငန္းတြင္လည္း ေဖာ္ျပပါ ကန႔္ကြက္ခဲ့သူမ်ားပါ လက္မွတ္ ေရးထိုးရမည္ျဖစ္သည္။)

၅။ ေလ်ာ့ခ်ဳပ္တစ္ေစာင္ခ်ဳပ္ရန္ (အမည္ေပါက္လုပ္ရန္ ေလ်ာ့ခ်ဳပ္တစ္ေစာင္ခ်ဳပ္ရသည္။)

၆။ ပိုင္ရွင္အေနျဖင့္ ဝယ္ယူသူဘက္မွ အေရာင္းေျမပုံ ေမးလာလွ်င္ ထုတ္ျပႏိုင္ရန္။ (အေရာင္းေျမပုံ မရွိပါက ပိုင္ရွင္အမည္၊ ေျမတိုင္း / ေျမကြက္ အမွတ္၊ မွတ္ပုံတင္မူရင္း၊ စရံ စာခ်ဳပ္မိတၱဴမ်ားယူေဆာင္၍ အိုးအိမ္ / စည္ပင္႐ုံးတြင္ ပိုင္ရွင္ကိုယ္တိုင္ သြားေရာက္ထုတ္ေပးရပါမည္။)

၇။ ေရာင္းခ်သည့္ အိမ္၏တန္ဖိုး အား ရာျဖတ္အဖြဲ႕မွ ျဖတ္ထားသည့္ တန္ဖိုး အတိုင္းအခြန္ေဆာင္ရန္။ (အဆိုပါ အခြန္အား ရာျပတ္ဌာနကို ေပးေဆာင္ရမည္ျဖစ္ပါသည္။)

၈။ ေငြအေက်ေခ် သည့္အခ်ိန္တြင္ မွတ္ပုံတင္႐ုံး၌ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္။

၉။ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ပစၥည္းလႊဲေျပာင္းယူရန္ အတြက္ ဝယ္ယူထားေသာ အိမ္ႏွင့္ပတ္သက္သည့္ စာ႐ြက္စာတမ္း ခ်ဳပ္ဆိုထားေသာ မွတ္ပုံတင္စာခ်ဳပ္၊ (အခြန္ေဆာင္ၿပီး) အေရာင္းအဝယ္စာခ်ဳပ္၊ ဂရံ စာခ်ဳပ္၊ မွတ္ပုံတင္မူရင္းႏွင့္ ေျမပုံမ်ား ယူေဆာင္၍ အိုးအိမ္ (သို႔မဟုတ္) စည္ပင္႐ုံး တြင္ အမည္ေျပာင္းရန္။ (အမည္ေျပာင္းသည့္အခါတြင္ လက္ရွိ အေရာင္း အဝယ္ျပဳလုပ္လွ်က္ရွိေသာ အိမ္၊ ေျမ ၏ အစ မွ အဆုံး ထိ အေရာင္းအဝယ္ျပဳလုပ္ထားသူမ်ားႏွင့္ အဆင့္ဆင့္ စာခ်ဳပ္စာတမ္း အစုံအလင္ျဖင့္ သြား၍လုပ္ေဆာင္ရမည္ျဖစ္ပါသည္။)

Credit – Myanmar Property News (MPN), Winningland, Power of Jurisprudence

 

Unicodeဖြင့်ဖတ်ရန်

 

မြေအရောင်းအဝယ် စာချုပ်ချုပ်ဆိုပုံ အဆင့်ဆင့်

 

“မြေ”….အဆောက်အအုံ ဆိုတာ အရွယ်အစား အမျိုးမျိုး ရှိကြသည့် အတိုင်း မည်ကဲ့သို့သော အဆောက်အအုံကို ဆောက်လုပ်မည်ဖြစ်စေ အခြေခံ အကျဆုံး လိုအပ်ချက်ဖြစ်တဲ့ မြေကွက်လပ် ရှိမှသာ ဆောက်လုပ်လို့ ရနိုင်မည် မဟုတ်ပါ လား၊ ကိုယ်ပိုင် မြေကွက် ရှိပြီးသူများအဖို့ မိမိပိုင်ဆိုင်သော မြေကွက်ပေါ်တွင် အရှုပ်အရှင်း ကင်းစွာဖြင့် မိမိစိတ်တိုင်းကျ ဆောက်လုပ်နေထိုင်ခြင်း၊ လွပ်လပ်စွာ ရောင်းဝယ်ခြင်းများ လုပ်ဆောင်နိုင်သော်လည်း မြေကွက်ဝယ်ယူ၍ ဆောက်လုပ် နေထိုင်မည့်သူ ရင်းနှီးမြှုပ်နှံမည့်သူများကတော့ စိတ်ချယုံကြည်မှု ရှိစေရန်အတွက် ပိုင်ဆိုင်မှု ခိုင်မာရန် လုပ်သက်ရင့် ရှေ့နေများ၊ အကျိုးဆောင်များဖြင့် စနစ်တကျ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ မြေ အရောင်း အဝယ်များ ပြုလုပ်ရန် အတွက် စာချုပ် ချုပ်ဆိုပုံ အဆင့်ဆင့်လေးတွေကို ပြန်လည် မျှဝေလိုက်ရပါတယ်..

မိမိဝယ်ယူလိုသော မြေကွက်ကို မဝယ်သေးမီ ပထမဆုံးအနေနဲ့ အမည်ပေါက်ဟုတ် / မဟုတ် ကိုလည်းကောင်း၊ အရှုပ် အရှင်း ရှိ/မရှိ နှင့် မြေပုံ ရာဇဝင် စစ် / မစစ် တို့ကိုလည်းကောင်းသေချာစွာစစ်ဆေးရန် လိုအပ်ပါတယ်။

အဆိုပါ အချက်များအားလုံးစစ်ဆေးပြီးသောအခါတွင် အောက်ဖော်ပြပါ အချက်များကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၁။ စရံစာချုပ်ချုပ်ဆိုရန် (စရံစာချုပ်ကို ကတိစာချုပ် ဟုလည်း ခေါ်ပါသည်။)

၂။ ဖော်ပြပါ မြေကွက် အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ပါကြောင်း သတင်းစာ ကြော်ငြာထည့်ရန်။

၃။ ကြောငြာပါသည့်နေ့မှစ၍ (၁၄) ရက် အထိ စောင့်ကြည့်ရန်။

၄။ ကြော်ငြာပါသည့်ရက်မှ (၁၄) ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက နောက်တစ်ရက်တွင် ငွေ ပေး ချေရန်။ (ကန့်ကွက်မှု တစ်စုံတစ်ရာရှိခဲ့လျှင် အရောင်းအဝယ်လုပ်ငန်း ဆက်လက်ဆောင်ရွက်လို့ မရနိုင်သောကြောင့် ကန့်ကွက်သူ များ နှင့် အဆင်ပြေအောင် ညှိနှိုင်းခြင်းကို အိမ်ရှင်ဘက် မှ ဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်မည့် အရောင်းအဝယ်လုပ်ငန်းတွင်လည်း ဖော်ပြပါ ကန့်ကွက်ခဲ့သူများပါ လက်မှတ် ရေးထိုးရမည်ဖြစ်သည်။)

၅။ လျော့ချုပ်တစ်စောင်ချုပ်ရန် (အမည်ပေါက်လုပ်ရန် လျော့ချုပ်တစ်စောင်ချုပ်ရသည်။)

၆။ ပိုင်ရှင်အနေဖြင့် ဝယ်ယူသူဘက်မှ အရောင်းမြေပုံ မေးလာလျှင် ထုတ်ပြနိုင်ရန်။ (အရောင်းမြေပုံ မရှိပါက ပိုင်ရှင်အမည်၊ မြေတိုင်း / မြေကွက် အမှတ်၊ မှတ်ပုံတင်မူရင်း၊ စရံ စာချုပ်မိတ္တူများယူဆောင်၍ အိုးအိမ် / စည်ပင်ရုံးတွင် ပိုင်ရှင်ကိုယ်တိုင် သွားရောက်ထုတ်ပေးရပါမည်။)

၇။ ရောင်းချသည့် အိမ်၏တန်ဖိုး အား ရာဖြတ်အဖွဲ့မှ ဖြတ်ထားသည့် တန်ဖိုး အတိုင်းအခွန်ဆောင်ရန်။ (အဆိုပါ အခွန်အား ရာပြတ်ဌာနကို ပေးဆောင်ရမည်ဖြစ်ပါသည်။)

၈။ ငွေအကျေချေ သည့်အချိန်တွင် မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်။

၉။ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး ပစ္စည်းလွှဲပြောင်းယူရန် အတွက် ဝယ်ယူထားသော အိမ်နှင့်ပတ်သက်သည့် စာရွက်စာတမ်း ချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်၊ (အခွန်ဆောင်ပြီး) အရောင်းအဝယ်စာချုပ်၊ ဂရံ စာချုပ်၊ မှတ်ပုံတင်မူရင်းနှင့် မြေပုံများ ယူဆောင်၍ အိုးအိမ် (သို့မဟုတ်) စည်ပင်ရုံး တွင် အမည်ပြောင်းရန်။ (အမည်ပြောင်းသည့်အခါတွင် လက်ရှိ အရောင်း အဝယ်ပြုလုပ်လျှက်ရှိသော အိမ်၊ မြေ ၏ အစ မှ အဆုံး ထိ အရောင်းအဝယ်ပြုလုပ်ထားသူများနှင့် အဆင့်ဆင့် စာချုပ်စာတမ်း အစုံအလင်ဖြင့် သွား၍လုပ်ဆောင်ရမည်ဖြစ်ပါသည်။)

Credit – Myanmar Property News (MPN), Winningland, Power of Jurisprudence