Zawgyiျဖင့္ဖတ္ရန္

 

ဦးတင္ထြဋ္သည္ ကိုလိုနီေခတ္၌ ျမန္မာလူမ် ိုးထဲမွ ပထမဆုံး အိႏၵိယပဋိဉာဥ္ခံဝန္ထမ္း (အိုင္စီအက္စ္)ကို ေ႐ြးခ် ယ္ခန႔္ထားျခင္း ခံရသူျဖစ္သည္။ ဦးတင္ထြဋ္ကို အဖ အေရးပိုင္ ဦးဖိန္း (K.S.M., A.T.M) အမိ ေဒၚမိမိတို႔မွ ျမင္းၿခံၿမိဳ႕တြင္ ၁၈၉၅ ခုႏွစ္ ေဖေဖၚဝါရီလ ၁ ရက္ ေန႔၌ ဖြားျမင္ခဲ့သည္ ။ ေမြးခ်င္း (၇)ေယာက္ အနက္ အႀကီးဆုံးျဖစ္သည္ ။ ညီအစ္ကို ၄ ဦးစလုံးမွာ အဂၤလန္မွ ဘားအက္ေလာ (Bar.at. Law) ဝတ္လုံ ဘြဲ႕မ်ားရ၍ ထူးခြၽန္ထက္ျမက္ထင္ရွားသူမ်ားျဖစ္သည္။ ဦးတင္ထြဋ္၏ ညီႏွင့္ညီမမ်ားမွာ တရားသူႀကီးႏွင့္ ဥပေဒ ပါေမာကၡ ဦးေက်္ာျမင့္၊ သံအမတ္ ႀကီး ႏွင့္ ဗဟိုတရား႐ုံးခ်ဳပ္အက်ိဳးေဆာင္ ဦးျမင့္သိန္း၊ ျမန္မာစာေပ မဟာ ဝိဇၨာဘြဲ႕ရႏွင့္ ရန္ကုန္တကၠသိုလ္ ေက်ာက္စာဖတ္ ေဒၚခင္ျမမူ၊ ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္ႏွင့္ ကမာၻသိ ျမန္မာစာေပပညာရွင္ ေဒါက္တာထင္ေအာင္၊ ဝိဇၨာဂုဏ္ထူးႏွင့္ ဘီအီးဒီဘြဲ႕ရ ေခတ္စမ္းစာဆို ေဒၚခင္ေစာမူ၊ ရန္ကုန္တကၠသိုလ္အဂၤလိပ္စာဌာနမႉး ေဒၚတင္ေစာမူတို႔ ျဖစ္ၾကသည္။

ဦးတင္ထြဋ္သည္ ငယ္စဥ္က ရန္ကုန္ၿမိဳ႕ စိန႔္ေပါလ္အထက္တန္းေက်ာင္း၊ ပဲခူးၿမိဳ႕ အစိုးရအထက္တန္းေက်ာင္း၊ ရန္ကုန္ေကာလိပ္တို႔တြင္ ပညာသင္ၾကားခဲ့သည္။ ရန္ကုန္ေကာလိပ္တြင္ လပိုင္းမွ်သာေန၍ ၁၉၁၁ ခုႏွစ္တြင္ အဂၤလန္ဂ်ဴးဝစ္ေကာလိပ္၊ ၁၉၁၄ ခုႏွစ္တြင္ ကိန္းဘရစ္တကၠသိုလ္ ကြင္းန္ေကာလိပ္၊ ၁၉၁၄ ခုႏွစ္တြင္ အိုင္ယာလန္ ဒဗၺလင္ထရီနတီေကာလိပ္တို႔တြင္ ဆက္လက္ ပညာသင္ၾကားခဲ့သည္ ။ ၁၉၁၅ ခုႏွစ္တြင္ မက္ စ္သစ္ထရစ္ပို စာေမးပြဲကိုလည္းေကာင္း၊ ၁၉၁၇ ခုႏွစ္ အီေကာေန္ာမစ္ထရစ္ပို စာေမးပြဲကိုလည္းေကာင္း ေအာင္ျမင္ခဲ့သည္။

၁၉၁၆ ခုႏွစ္တြင္ အဂၤလိပ္အက္ ေဆး ၿပိဳင္ပြဲ၌ ဟူးစ္ပ႐ိုက္ဆု ရရွိခဲ့သည္ ။ ၁၉၁၇ ခုႏွစ္တြင္ ကိန္းဘရစ္ တကၠသိုလ္ ဘီေအဘြဲ႕(ဝိဇၨာဘြဲ႕)ကို သခ်ၤာ၊ ေဘာဂေဗဒ ဂုဏ္ ထူးတို႔ျဖင့္ ရရွိခဲ့သည္ ။ ၁၉၂၀ ျပည့္ ႏွစ္တြင္ ဒဗၺလင္ထရီနတီ ေကာလိပ္မွ ဘီေအ (တီ၊စီ၊ဒီ)ႏွင့္ အမ္ေအ (မဟာဝိဇၨာ) ဘြဲ႕မ် ား ရရွိသည္။ ထို႔ေနာက္ ၁၉၂၁ ခုႏွစ္တြင္ အဂၤလန္မစ္ဒယ္တန္ပယ္လ္ ဥပေဒေက်ာင္းမွ ဘာရစ္စတာ (Barrister at Law) ဝတ္လုံဘြဲ႕ ရရွိခဲ့ သည္ ။ အဂၤလန္ျပည္တြင္ ပညာသင္ၾကားေနစဥ္ အားကစားဘက္ ၌လည္း ထူးခြၽန္သည္။ ဒါးလ္ဝစ္ေကာလိပ္ (Dulwich college) ရတ္ဘီအားကစား လက္ေ႐ြးစင္ (ပတ္ဘလစ္စကူးလက္ေဝွ႔ခ်န္ပီယံ)၊ ကိန္းဘရစ္ တကၠသိုလ္ ရတ္ဘီအသင္း ေခါင္းေဆာင္ႏွင့္ ေလွေလ္ွာအသင္း ဥကၠ႒အျဖစ္ ေ႐ြးခ်ယ္ ခံရသည္။

၁၉၁၇ ခုႏွစ္တြင္ ျမန္မာတိုင္းရင္းသားမ်ားထဲမွ အိႏၵိယစစ္တပ္ေက္ာမရွင္ အရာရွိအျဖစ္ ခန႔္အပ္ျခင္းခံရသည္။ ၁၉၁၉ ခုႏွစ္တြင္ ျမန္မာတိုင္းရင္းသားမ် ားထဲမွ ပထမဆုံး အိႏၵိယပဋိဉာဥ္ခံဝန္ထမ္း (I.C.S) အျဖစ္ ေ႐ြးခ် ယ္ခံရသည္။ ၁၉၁၉ မွ ၁၉၂၁ အထိ ေအာက္ စ္ဖို႔ဒ ္ တကၠသိုလ္ ၌ အလုပ္သင္အျဖစ္ ပညာသင္ခဲ့သည္ ။ ၁၉၂၁ ခုႏွစ္ ဒီဇင္ဘာလ ၁၂ ရက္ ေန႔တြင္ ျမန္မာျပည္သို႔ ျပန္လည္ ေရာက္ ရွိသည္ ။ ၁၉၂၂ တြင္ ပဲခူးတိုင္း ကမာဝဲ မွ ဦးဘိုးမင္း၏သမီး မသန္းတင္ ႏွင့္ လက္ထပ္ခဲ့သည္။

ယင္းေနာက္ ၁၉၂၂ ခုႏွစ္တြင္ ပဲခူးဝန္ေထာက္၊ ၁၉၂၄ တြင္ သစ္ေတာဌာန အတြင္းဝန္ေထာက္၊ သစ္ေတာ ေကာ္မတီ အတြင္းေရးမႉး၊ ၁၉၂၅ တြင္ ဘ႑ာေရး အတြင္းဝန္ေထာက္၊ ၁၉၂၆ တြင္ အခြန္ေတာ္ ႏွင့္ သႆ ေမဓ စုံစမ္းေရးေကာ္မတီ အတြင္းေရးမႉး၊ ၁၉၂၇ တြင္ သမဝါယမ တြဲဖက္ရီဇစၥၾတာဝန္ေထာက္အျဖစ္ ေဆာင္႐ြက္ ခဲ့သည္။ ၁၉၂၈ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔မွ ၁၉၃၃ ခုႏွစ္ ဧၿပီလ ၁၇ ရက္ေန႔အထိ အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕ႏွင့္ ဆင္းမလားၿမိဳ႕တြင္ အိႏၵိယအစိုးရစက္မႈႏွင့္ အလုပ္သမား ဌာန အတြင္းဝန္ေထာက္၊ ဒုတိယ အတြင္းဝန္ တြဲဖက္အတြင္းဝန္အျဖစ္ အမႈထမ္းခဲ့သည္။ ထိုမွတဖန္ ၁၉၃၃ တြင္ ျပည္အေရးပိုင္အျဖစ္ လည္းေကာင္း၊ ၁၉၃၅ တြင္ အတြင္းဝန္မ်ား႐ုံး (ေနာင္ဝန္ႀကီးမ်ား႐ုံး) ဘ႑ာေရးဌာန ဒုတိယ အတြင္းဝန္ အျဖစ္လည္းေကာင္း ထမ္း႐ြက္ခဲ့သည္။ တဖက္မွလည္း ၁၉၃၉ မွ ၁၉၄၂ ခုႏွစ္တိုင္ ရန္ကုန္တကၠသိုလ္ ဒုတိယ အဓိပတိအျဖစ္ ေဆာင္႐ြက္ခဲ့သည္။

လန္ဒန္ေရာက္ ျမန္မာကိုယ္စားလွယ္အဖြဲ႕တြင္ ပါဝင္ခဲ့သည့္ ဦးတင္ထြဋ္ (ဗိုလ္ခ်ဳပ္ႏွင့္ ဦးတင္ထြဋ္တို႔၏ ေနာက္မွ မ်က္မွန္ႏွင့္လူသည္ ဂဠဳန္ဦးေစာ ျဖစ္သည္။)

၁၉၄၁ ခုႏွစ္ စက္တင္ဘာလ ၂၃ ရက္ ေန႔တြင္ နန္းရင္းဝန္ ဂဠဳန္ဦးေစာ၏ အတြင္းဝန္အျဖစ္ ဂဠဳန္ဦးေစာႏွင့္ အတူ ျမန္မ့ာလြတ္လပ္ေရး အေရးဆိုရန္ အဂၤလန္ျပည္သို႔ ေလေၾကာင္းခရီးျဖင့္ ထြက္ခြာခဲ့သည္။ ေအာက္တို ဘာလ ၁၀ ရက္ ေန႔ လန္ဒန္ၿမိဳ႕သို႔ေရာက္ ရွိၿပီး ေအာက္တိုဘာလ ၁၈ ရက္ ေန႔တြင္ ၿဗိတိသ် ႏွန္းရင္းဝန္ ဆာဝင္စတန္ခ်ာခ် ီႏွင့္ ဦးေစာေတြ႕ဆုံ ေဆြးေႏြးရာတြင္ အတူတက္ ေရာက္ခဲ့သည္။ ခ်ာခ် ီႏွင့္ ဦးေစာတို႔ ႏွစ္နာရီၾကာ ေတြ႕ဆုံေဆြးေႏြးခဲ့ေသ္ာလည္း ျမန္မ့ာအေရး ႏွင့္ပတ္သက္၍ ၿဗိတိသ် တို႔ဖက္ မွ မည္သည့္ ကတိကိုမွ မေပးခဲ့ေခ် ။ ခ်ာခ် ီ၏ တင္းမာေသာသေဘာထားႏွင့္ အျခားၿဗိတိသွ် ေခါင္းေဆာင္မ်ား မေရ မရာေျပာဆိုမႈမ်ားသည္ ဦးေစာကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစခဲ့သည္။

ဦးေစာသည္ ၿဗိတိန္မွ အေမရိကန္ျပည္ ေထာင္စုသို႔ဝင္၍ သမၼတတဖရန္ကလင္ဒီ႐ူးစဗဲ့အား ဝင္ေတြ႕ရာတြင္ လည္း ဦးတင္ထြဋ္သည္ အတူလိုက္ပါ ခဲ့ရသည္။ အေမရိကန္သမၼတက ၿဗိတိသ် ကိုလိုနီနယ္တစ္ခု၏ အေရး အရာမ်ားတြင္ ဝင္ေရာက္ စြက္ဖက္ရန္ လက္တြန႔္ေနသည့္ သေဘာထားကို သိရၿပီးေနာက္ ဦးေစာသည္ ဦးတင္ထြဋ္အားခ်န္ထား၍ အေမရိကန္ရွိ ဂ်ပန္သံ႐ုံးမွ ေကာင္စစ္ဝန္အား တကိုယ္ေတ္ာ ဝင္ေရာက္ ေတြ႕ဆုံ ေဆြးေႏြးခဲ့သည္။ ဦးေစာသည္ အေမရိကန္မွအျပန္ ေပၚတူဂီႏိုင္ငံ လစ္စဘြန္းၿမိဳ႕ရွိ ဂ်ပန္သံ႐ုံးမွ ေကာင္စစ္ဝန္ ကို တဦးတည္း ေတြ႕ဆုံခဲ့ျပန္သည္။ ဦးေစာႏွင့္ ဂ်ပန္ေကာင္စစ္ဝန္တို႔ ေျပာဆိုခဲ့သမ် ွ ၿဗိတိသွ် ေထာက္လွန္းေရးက ၾကားျဖတ္ ဖမ္းယူၿပီး စကားဝွက္မ်ားေဖ္ာထုတ္ ၍ လန္ဒန္အစိုးရထံ ျပန္ပို႔ခဲ့သည္။

ဦးေစာႏွင့္ ဂ်ပန္ေကာင္စစ္ဝန္တို႔ ေျပာဆိုခ်က္အက်ဥ္းခ်ဳပ္မွာ ဂ်ပန္က ျမန္မာႏိုင္ငံကို က်ဴးေက်္ာ ဝင္ေရာက္ လွ်င္ ျမန္မာတိုင္းရင္းသားတို႔က ၿဗိတိသ် တို႔ကို ဂ်ပန္တို႔ႏွင့္ပူးေပါင္း၍ ထႂကြပုန္ကန္လိမ့္မည္။ ထို႔ေၾကာင့္ သူ႔အေနျဖင့္ ဂ်ပန္ကို တတ္ ႏိုင္သမွ် အကူအညီေပးမည္ဟူ၍ ျဖစ္သည္ ။ ၿဗိတိသ် ႏိုင္ငံျခားေရးဝန္ႀကီးက ဦးေစာႏွင့္ ဦးတင္ထြဋ္ ႏွစ္ဦးကို ဖမ္းရန္ ဆုံးျဖတ္လိုက္ၿပီး ဦးေစာတို႔ စီးလာေသာေလယာဥ္ ပါလက္စတိုင္းျပည္ (ယခုအစၥေရးႏိုင္ငံ) ဟိုင္ဖာၿမိဳ႕သို႔ ၁၉၄၂ ခုႏွစ္ ဇန္နဝါရီလ ၁၈ ရက္ေန႔တြင္ ေလယာဥ္ဆင္း သည္ႏွင့္ ဖမ္းဆီး ထိန္းသိမ္းလိုက္ေလသည္။ ထို႔ေနာက္ ဦးေစာအား အာဖရိကတိုက္ ယူဂန္ဒါႏိုင္ငံသို႔ ပို႔လိုက္ၿပီး ဦးေစာ သည္ စစ္အတြင္းကာလတစ္ေလွ်က္ ၁၉၄၆ ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္ ေန႔အထိ အထိန္းသိမ္းခံခဲ့ရသည္။

ဦးတင္ထြဋ္ကိုမူ ၿဗိတိသ်တို႔က ျပန္လႊတ္ ေပးၿပီး ၁၉၄၂ ခုႏွစ္ ေမလ ၂၀ ရက္ ေန႔တြင္ ျမန္မာႏိုင္ငံမွ ဆုတ္ခြာ လ်က္ အိႏၵိယႏိုင္ငံ ဆင္းမလားၿမိဳ႕၌ ဖြဲ႕စည္းထားေသာ ဆာေဒၚမန္စမစ္၏ စစ္ေျပးအစိုးရအဖြဲ႕၌ သြားေရာက္ ပူးေပါင္းေစသည္။ သို႔ျဖင့္ ဦးတင္ထြဋ္သည္ ၁၉၄၂ ခုႏွစ္မွ ၁၉၄၆ ခုႏွစ္အထိ ျမန္မာျပည္ စစ္ေျပး ဆင္းမလား အစိုးရအဖြဲ႕၏ ျပန္လည္ထူေထာင္ေရးဆိုင္ရာ အႀကံေပးအရာရွိအျဖစ္ ေဆာင္႐ြက္ ခဲ့သည္။ ၁၉၄၅ ခုႏွစ္ စက္တင္ဘာလ ၆ ရက္ ေန႔မွ ၇ ရက္ ေန႔အထိ သီရိလကၤာႏိုင္ငံ ကႏၵီၿမိဳ႕၌ အေရွ႕တာင္အာရွဆိုင္ရာ မဟာမိတ္တပ္မ်ား၏ စစ္ေသနာပတိခ် ုပ္ ေလာဒ့္လူဝီေမာင့္ဘက္တန္ႏွင့္ ျမန္မာႏိုင္ငံမွ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ေခါင္းေဆာင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ကို ေတြ႕ဆုံေဆြးေႏြးရာတြင္ စစ္ေျပးအစိုးရ အႀကံေပးပုဂၢိဳလ္ ဦးတင္ထြဋ္လည္း တက္ေရာက္ခဲ့သည္။

၁၉၄၅ ခုႏွစ္ ေအာက္တိုဘာလ ၂၅ ရက္ေန႔တြင္ ျမန္မာႏိုင္ငံ ဘုရင္ခံဆာေဒၚမန္စမစ္သည္ ျမန္မာျပည္အစိုးရ၏ အႀကံေပးအရာရွိ ဦးတင္ထြဋ္ကို ဖဆပလအဖြဲ႕ခ် ုပ္သို႔ ေစလႊတ္ၿပီး ဘုရင္ခံအမႈေဆာင္ေကာင္စီတြင္ အဖြဲ႕ဝင္ ၁၅ ဦးအစား ၁၁ ဦးသာခန႔္ထားမည္ ျဖစ္ေၾကာင္း ေျပာၾကားေစသည္။ ၁၉၄၆ ခုႏွစ္ ဇန္နဝါရီ ၁ ရက္ ေန႔က ၿဗိတိသ်အစိုးရက ဦးတင္ထြဋ္အား Order of British Emperor (O.B.E) ခ်ီးျမႇင့္ခဲ့သည္။ ၁၉၄၆ ခုႏွစ္တြင္ အိုင္စီအက္စ္ ဝန္ထမ္းဘဝမွ ႏႈတ္ထြက္၍ The Burma Review ဂ်ာနယ္ ႏွင့္ New Time of Burma သတင္း စာကို အဂၤလိပ္ဘာသာျဖင့္ ထုတ္ေဝခဲ့သည္။

ထို႔ေနာက္ ၁၉၄၆ ခုႏွစ္ စက္တင္ဘာလ ၂၀ ရက္ေန႔တြင္ ဖဆပလအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဦး ေဆာင္၍ ဘုရင္ခံအမႈေဆာင္ေကာင္စီ ဖြဲ႕စည္းေသာအခါ ဦးတင္ထြဋ္ သည္ ဘုရင္ခံခန႔္ ဘ႑ာေရးႏွင့္ အခြန္ေတ္ာဌာန၌ ဝန္ႀကီးျဖစ္လာခဲ့သည္။ ၁၉၄၇ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္ ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္သည့္ ျမန္မာကိုယ္ စားလွယ္အဖြဲ႕ ၿဗိတိသ် အစိုးရႏွင့္ ျမန္မ့ာလြတ္လပ္ေရးကိစၥေဆြးေႏြးရန္ သြားေရာက္ ေသာအခါ ဦးတင္ထြဋ္သည္ အဖြဲ႕ဝင္အျဖစ္ လိုက္ပါသြားခဲ့သည္။

၁၉၄၇ ခုႏွစ္ ေဖေဖၚဝါရီလတြင္ ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆိုေရးအတြက္ ျမန္မာကိုယ္စားလွယ္အျဖစ္ တက္ေရာက္ ခဲ့ သည္ ။ ထိုႏွစ္မွာပင္ ေတာင္တန္းေဒသ စုံစမ္းေရးေက္ာမတီ (Frontier Area Enquiry Committee)တြင္ ျမန္မာကိုယ္စားလွယ္အျဖစ္ သခင္ႏု၊ ဗိုလ္ ခင္ေမာင္ကေလး၊ ဦးေက်ာ္ၿငိမ္းတို႔ႏွင့္အတူ ပါဝင္ေဆာင္႐ြက္ ခဲ့သည္ ။ ၁၉၄၇ ခုႏွစ္ ဧၿပီလ ၉ ရက္ ေန႔တြင္ တိုင္းျပဳျပည္ျပဳလႊတ္ေတ္ာ ေ႐ြးေကာက္ ပြဲတြင္ ဟသၤာတၿမိဳ႕မွ ဝင္ေရာက္ ယွဥ္ ၿပိဳင္ရာ အႏိုင္ရရွိခဲ့သည္။ ၁၉၄၇ ခုႏွစ္ ဇြန္လတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒမူၾကမ္းေရးဆြဲေရး ေက္ာမတီ အဖြဲ႕ဝင္၊ အေျခခံဥပေဒအေခ်ာကိုင္ ေက္ ာမတီအဖြဲ႕ဝင္အျဖစ္ ေဆာင္႐ြက္ ခဲ့သည္ ။ ၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၇ ရက္ေန႔တြင္ လန္ဒန္ ျမန္မာျပည္ ဆိုင္ရာ ေက္ာမရွင္နာမင္းႀကီးအျဖစ္ ေဆာင္႐ြက္သည္။

ထို႔ေနာက္ ၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၂၈ ရက္ေန႔တြင္ ျမန္မာႏိုင္ငံ ဘုရင္ခံဆာဟူးဘတ္စ္ရန္၏ အမႈေဆာင္ ေကာင္စီ (ဝန္ႀကီးအဖြဲ႕)၌ ဌာနလက္ကိုင္မရွိ ဝန္ႀကီးအျဖစ္ ေဆာင္႐ြက္ ခဲ့သည္ ။ ၁၉၄၇ ခုႏွစ္ ေအာက္တိုဘာလတြင္ သခင္ႏု ဦး ေဆာင္ေသာ ၾကားျဖတ္အစိုးရအဖြဲ႕ ဘ႑ာေရးဝန္ႀကီးအျဖစ္လည္းေကာင္း၊ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔တြင္ ျပည္ေထာင္စုျမန္မာႏိုင္ငံ အစိုးရ၏ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္လည္း ေကာင္း ေဆာင္႐ြက္ ခဲ့သည္။

၁၉၄၈ ၾသဂုတ္လ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္မွ ႏႈတ္ထြက္၍ ဗိုလ္မႉးခ်ဳပ္ရာထူးျဖင့္ အရန္လက္နက္တပ္မ်ား၏ စစ္ဦးစီးခ်ဳပ္အျဖစ္ ေဆာင္႐ြက္ ခဲ့သည္ ။ ဦးတင္ထြဋ္ ကဲ့သို႔ ထိပ္တန္းႏိုင္ငံ့ဝန္ထမ္းတစ္ဦးႏွင့္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးတစ္ဦးအား စစ္တပ္၏ျမင့္မားလွေသာ ရာထူးတစ္ခု ေပးအပ္ခံရျခင္းမွာ ထူးဆန္းေကာင္း ထူးဆန္း ေပလိမ့္မည္ ။ သို႔ေသ္ာ သူ႔ဘဝသည္ ငယ္စဥ္ကပင္ စစ္မႈထမ္းဘဝက စတင္ခဲ့သည္ ။ ဦးတင္ထြဋ္ သည္ အင္ဒိုစစ္တကၠသိုလ္ မွ ဘြဲ႕ရခဲ့ၿပီး အိႏၵိယပဋိဉာဥ္ခံဘဝသို႔ ဝင္ေရာက္ ရန္အတြက္ စစ္တပ္အရာရွိရာထူးကို စြန႔္လႊတ္ ခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ လြတ္လပ္ေရးရွိခဲ့ၿပီး မၾကာမီမွာပင္ ျပည္တြင္းစစ္မီးေတာက္ ေနခ် ိန္တြင္ စစ္မႈထမ္းေဟာင္းမ် ားကို ရႏိုင္သေလာက္ ျပန္လည္ စုစည္း၍ ခိုင္မာသည့္ ျပည္ ေထာင္စုအရံတပ္မေတ္ာ (Union Auxiliary Force) ဖြဲ႕စည္းေရးတာဝန္ကို သူ႔ဖာသာသူ ကမ္းလွမ္းခဲ့ျခင္း ျဖစ္သည္။ သူသည္ ႏိုင္ငံ ေတ္ာလုပ္ႀကံမႈတရားခံ ဂဠဳန္ ဦးေစာ ႏွင့္ ေနာက္လိုက္မ်ားကို စစ္ေဆးစီရင္ေနေသာ တရားသူႀကီး ဦးေက်္ာျမင့္၏ အစ္ကို လည္း တိုက္တိုက္ ဆိုင္ဆိုင္ ျဖစ္ေနခဲ့သည္ ။ ထို႔အျပင္ သူ႔သတင္းစာတြင္ အသုံးျပဳရန္အတြက္ ဂဠဳန္ဦးေစာအမႈကို ထိုအခ်ိန္ကပင္ ဦးတင္ထြဋ္သည္ စူးစမ္းေလ့လာခဲ့သည္။ သူ၏ The New Times of Burma သတင္းစာ အယ္ဒီတာ အဖြဲ႕ဝင္မ်ား အား ဗိုလ္ခ်ဳပ္ေအာင္ဆန္းလုပ္ႀကံမႈႏွင့္ ပတ္သက္သမွ် သဲလြန္စမ်ားကို စုေဆာင္းရန္ ေစခိုင္း

ခဲ့သည္။

ယင္းေနာက္ နယူးတိုင္းေအ့ာဖ္ဘားမား သတင္းစာတိုက္ မွ အိမ္သို႔အျပန္ ၁၉၄၈ ခုႏွစ္ စက္တင္ဘာလ ၁၇ ရက္ ေန႔ ည ၉း၃၀နာရီတြင္ လူသတ္သမားတစ္ဦးက လက္ပစ္ဗုံးျဖင့္ ပစ္ခတ္လုပ္ႀကံမႈေၾကာင့္ ကားေရွ႕ခန္းတြင္ ထိုင္ေနသူ ဦးတင္ထြဋ္၏ ေျခရင္းတြင္ က်ေရာက္ေပါက္ကြဲကာ နဖူး၊ ဘယ္ဘက္ေမး၊ ဘယ္ဘက္ေပါင္၊ ဘယ္ဘက္ဒူး၊ ဘယ္ဘက္ေျခ မ် က္စိ အပါအဝင္ စုစုေပါင္း ဒဏ္ ရာ ၈ ခ်က္ထိကာ ေမ့ေျမာသြားခဲ့ရသည္။ ဦးတင္ထြဋ္ႏွင့္ ယွဥ္ကာ ထိုင္ေနသူဗမ့ာကိုယ္ရံေတ္ာတပ္မွ အရာရွိတစ္ဦးႏွင့္ ယာဥ္ေမာင္းေမာင္ေအးေဖတို႔မွာ ဒဏ္ရာအနည္းငယ္ ရရွိခဲ့သည္။ သို႔ေသ္ာလည္း ကားေနာက္ မွ လိုက္ ပါသူ ေဂၚရခါးကိုယ္ရံေတ္ာ သီဘဟာဒူး ႏွင့္ ပီဘဟာဒူးတို႔မွာ ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့ၾကသည္။

ဒဏ္ရာျပင္းထန္စြာရရွိ၍ ေမ့ေျမာေနေသာ ဦးတင္ထြဋ္အား ေဆး႐ုံသို႔ အျမန္တင္ပို႔ခဲ့ၾကသည္။ သို႔ေသာ္ ဆရာဝန္မ် ား အားလုံးက အသက္လု ကုသေသ္ာလည္း ၁၉၄၈ ခုႏွစ္ စက္တင္ဘာလ ၁၈ ရက္ ည ၇ နာရီ ၃၅ မိနစ္တြင္ ကြယ္လြန္ သြားခဲ့သည္။ ယေန႔ႏွစ္ေပါင္း ၇၀ ၾကာျမင့္ၿပီျဖစ္ေသ္ာလည္း ဦးတင္ထြဋ္အား မည္သူမည္ ဝါ လုပ္ႀကံခဲ့သည္ဟု ထြက္ေပၚလာျခင္းမရွိခဲ့ပါေခ် ။

ဦးတင္ထြဋ္၏ ႂကြင္းက် န္ေသာ ႐ုပ္ကလာပ္ကို အာဇာနည္ကုန္း (ယခုအညတရစစ္သည္ဗိမာန္ေနရာ)၌ ဗိုလ္စိန္မွန္၊ ဗိုလ္ပီတာတို႔ႏွင့္အတူ ယွဥ္လ်က္ ဂူသြင္းၾသဂႋုဟ္ထားသည္။ နဝတအစိုးရလက္ထက္တြင္ အာဇာနည္ကုန္း ၌ အညတရစစ္သည္ဗိမာန္ တည္ေဆာက္လိုက္ေသာအေၾကာင့္ ဦးတင္ထြဋ္၏ အုတ္ဂူလည္း ဖ်က္ဆီးခံလိုက္ရသည္။ ကြယ္လြန္ခ်ိန္၌ ဇနီးေဒၚသန္းတင္ႏွင့္ သမီး (၃)ဦး က်န္ရစ္ခဲ့သည္။

Credit – သန္းဝင္းလႈိင္၊ မိုးမခဂ်ာနယ္

 

Unicodeဖြင့်ဖတ်ရန်

 

နှစ်ပေါင်း ၇၀ ကျော် ကြာသည်အထိ လက်သည်မပေါ်သေးတဲ့ လုပ်ကြံမှုကြီး

 

ဦးတင်ထွဋ်သည် ကိုလိုနီခေတ်၌ မြန်မာလူမျ ိုးထဲမှ ပထမဆုံး အိန္ဒိယပဋိဉာဉ်ခံဝန်ထမ်း (အိုင်စီအက်စ်)ကို ရွေးချ ယ်ခန့်ထားခြင်း ခံရသူဖြစ်သည်။ ဦးတင်ထွဋ်ကို အဖ အရေးပိုင် ဦးဖိန်း (K.S.M., A.T.M) အမိ ဒေါ်မိမိတို့မှ မြင်းခြံမြို့တွင် ၁၈၉၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် နေ့၌ ဖွားမြင်ခဲ့သည် ။ မွေးချင်း (၇)ယောက် အနက် အကြီးဆုံးဖြစ်သည် ။ ညီအစ်ကို ၄ ဦးစလုံးမှာ အင်္ဂလန်မှ ဘားအက်လော (Bar.at. Law) ဝတ်လုံ ဘွဲ့များရ၍ ထူးချွန်ထက်မြက်ထင်ရှားသူများဖြစ်သည်။ ဦးတင်ထွဋ်၏ ညီနှင့်ညီမများမှာ တရားသူကြီးနှင့် ဥပဒေ ပါမောက္ခ ဦးကျေ်ာမြင့်၊ သံအမတ် ကြီး နှင့် ဗဟိုတရားရုံးချုပ်အကျိုးဆောင် ဦးမြင့်သိန်း၊ မြန်မာစာပေ မဟာ ဝိဇ္ဇာဘွဲ့ရနှင့် ရန်ကုန်တက္ကသိုလ် ကျောက်စာဖတ် ဒေါ်ခင်မြမူ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ကမ္ဘာသိ မြန်မာစာပေပညာရှင် ဒေါက်တာထင်အောင်၊ ဝိဇ္ဇာဂုဏ်ထူးနှင့် ဘီအီးဒီဘွဲ့ရ ခေတ်စမ်းစာဆို ဒေါ်ခင်စောမူ၊ ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာနမှူး ဒေါ်တင်စောမူတို့ ဖြစ်ကြသည်။

ဦးတင်ထွဋ်သည် ငယ်စဉ်က ရန်ကုန်မြို့ စိန့်ပေါလ်အထက်တန်းကျောင်း၊ ပဲခူးမြို့ အစိုးရအထက်တန်းကျောင်း၊ ရန်ကုန်ကောလိပ်တို့တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်ကောလိပ်တွင် လပိုင်းမျှသာနေ၍ ၁၉၁၁ ခုနှစ်တွင် အင်္ဂလန်ဂျူးဝစ်ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် ကိန်းဘရစ်တက္ကသိုလ် ကွင်းန်ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် အိုင်ယာလန် ဒဗ္ဗလင်ထရီနတီကောလိပ်တို့တွင် ဆက်လက် ပညာသင်ကြားခဲ့သည် ။ ၁၉၁၅ ခုနှစ်တွင် မက် စ်သစ်ထရစ်ပို စာမေးပွဲကိုလည်းကောင်း၊ ၁၉၁၇ ခုနှစ် အီကောနေ်ာမစ်ထရစ်ပို စာမေးပွဲကိုလည်းကောင်း အောင်မြင်ခဲ့သည်။

၁၉၁၆ ခုနှစ်တွင် အင်္ဂလိပ်အက် ဆေး ပြိုင်ပွဲ၌ ဟူးစ်ပရိုက်ဆု ရရှိခဲ့သည် ။ ၁၉၁၇ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ် ဘီအေဘွဲ့(ဝိဇ္ဇာဘွဲ့)ကို သင်္ချာ၊ ဘောဂဗေဒ ဂုဏ် ထူးတို့ဖြင့် ရရှိခဲ့သည် ။ ၁၉၂၀ ပြည့် နှစ်တွင် ဒဗ္ဗလင်ထရီနတီ ကောလိပ်မှ ဘီအေ (တီ၊စီ၊ဒီ)နှင့် အမ်အေ (မဟာဝိဇ္ဇာ) ဘွဲ့မျ ား ရရှိသည်။ ထို့နောက် ၁၉၂၁ ခုနှစ်တွင် အင်္ဂလန်မစ်ဒယ်တန်ပယ်လ် ဥပဒေကျောင်းမှ ဘာရစ်စတာ (Barrister at Law) ဝတ်လုံဘွဲ့ ရရှိခဲ့ သည် ။ အင်္ဂလန်ပြည်တွင် ပညာသင်ကြားနေစဉ် အားကစားဘက် ၌လည်း ထူးချွန်သည်။ ဒါးလ်ဝစ်ကောလိပ် (Dulwich college) ရတ်ဘီအားကစား လက်ရွေးစင် (ပတ်ဘလစ်စကူးလက်ဝှေ့ချန်ပီယံ)၊ ကိန်းဘရစ် တက္ကသိုလ် ရတ်ဘီအသင်း ခေါင်းဆောင်နှင့် လှေလေ်ှာအသင်း ဥက္ကဋ္ဌအဖြစ် ရွေးချယ် ခံရသည်။

၁၉၁၇ ခုနှစ်တွင် မြန်မာတိုင်းရင်းသားများထဲမှ အိန္ဒိယစစ်တပ်ကေ်ာမရှင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၁၉ ခုနှစ်တွင် မြန်မာတိုင်းရင်းသားမျ ားထဲမှ ပထမဆုံး အိန္ဒိယပဋိဉာဉ်ခံဝန်ထမ်း (I.C.S) အဖြစ် ရွေးချ ယ်ခံရသည်။ ၁၉၁၉ မှ ၁၉၂၁ အထိ အောက် စ်ဖို့ဒ ် တက္ကသိုလ် ၌ အလုပ်သင်အဖြစ် ပညာသင်ခဲ့သည် ။ ၁၉၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် နေ့တွင် မြန်မာပြည်သို့ ပြန်လည် ရောက် ရှိသည် ။ ၁၉၂၂ တွင် ပဲခူးတိုင်း ကမာဝဲ မှ ဦးဘိုးမင်း၏သမီး မသန်းတင် နှင့် လက်ထပ်ခဲ့သည်။

ယင်းနောက် ၁၉၂၂ ခုနှစ်တွင် ပဲခူးဝန်ထောက်၊ ၁၉၂၄ တွင် သစ်တောဌာန အတွင်းဝန်ထောက်၊ သစ်တော ကော်မတီ အတွင်းရေးမှူး၊ ၁၉၂၅ တွင် ဘဏ္ဍာရေး အတွင်းဝန်ထောက်၊ ၁၉၂၆ တွင် အခွန်တော် နှင့် သဿ မေဓ စုံစမ်းရေးကော်မတီ အတွင်းရေးမှူး၊ ၁၉၂၇ တွင် သမဝါယမ တွဲဖက်ရီဇစ္စတြာဝန်ထောက်အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၂၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ ၁၉၃၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့အထိ အိန္ဒိယနိုင်ငံ ဒေလီမြို့နှင့် ဆင်းမလားမြို့တွင် အိန္ဒိယအစိုးရစက်မှုနှင့် အလုပ်သမား ဌာန အတွင်းဝန်ထောက်၊ ဒုတိယ အတွင်းဝန် တွဲဖက်အတွင်းဝန်အဖြစ် အမှုထမ်းခဲ့သည်။ ထိုမှတဖန် ၁၉၃၃ တွင် ပြည်အရေးပိုင်အဖြစ် လည်းကောင်း၊ ၁၉၃၅ တွင် အတွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံး) ဘဏ္ဍာရေးဌာန ဒုတိယ အတွင်းဝန် အဖြစ်လည်းကောင်း ထမ်းရွက်ခဲ့သည်။ တဖက်မှလည်း ၁၉၃၉ မှ ၁၉၄၂ ခုနှစ်တိုင် ရန်ကုန်တက္ကသိုလ် ဒုတိယ အဓိပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

လန်ဒန်ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သည့် ဦးတင်ထွဋ် (ဗိုလ်ချုပ်နှင့် ဦးတင်ထွဋ်တို့၏ နောက်မှ မျက်မှန်နှင့်လူသည် ဂဠုန်ဦးစော ဖြစ်သည်။)

၁၉၄၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက် နေ့တွင် နန်းရင်းဝန် ဂဠုန်ဦးစော၏ အတွင်းဝန်အဖြစ် ဂဠုန်ဦးစောနှင့် အတူ မြန်မ့ာလွတ်လပ်ရေး အရေးဆိုရန် အင်္ဂလန်ပြည်သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့သည်။ အောက်တို ဘာလ ၁၀ ရက် နေ့ လန်ဒန်မြို့သို့ရောက် ရှိပြီး အောက်တိုဘာလ ၁၈ ရက် နေ့တွင် ဗြိတိသျ နှန်းရင်းဝန် ဆာဝင်စတန်ချာချ ီနှင့် ဦးစောတွေ့ဆုံ ဆွေးနွေးရာတွင် အတူတက် ရောက်ခဲ့သည်။ ချာချ ီနှင့် ဦးစောတို့ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သေ်ာလည်း မြန်မ့ာအရေး နှင့်ပတ်သက်၍ ဗြိတိသျ တို့ဖက် မှ မည်သည့် ကတိကိုမှ မပေးခဲ့ချေ ။ ချာချ ီ၏ တင်းမာသောသဘောထားနှင့် အခြားဗြိတိသျှ ခေါင်းဆောင်များ မရေ မရာပြောဆိုမှုများသည် ဦးစောကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ဦးစောသည် ဗြိတိန်မှ အမေရိကန်ပြည် ထောင်စုသို့ဝင်၍ သမ္မတတဖရန်ကလင်ဒီရူးစဗဲ့အား ဝင်တွေ့ရာတွင် လည်း ဦးတင်ထွဋ်သည် အတူလိုက်ပါ ခဲ့ရသည်။ အမေရိကန်သမ္မတက ဗြိတိသျ ကိုလိုနီနယ်တစ်ခု၏ အရေး အရာများတွင် ဝင်ရောက် စွက်ဖက်ရန် လက်တွန့်နေသည့် သဘောထားကို သိရပြီးနောက် ဦးစောသည် ဦးတင်ထွဋ်အားချန်ထား၍ အမေရိကန်ရှိ ဂျပန်သံရုံးမှ ကောင်စစ်ဝန်အား တကိုယ်တေ်ာ ဝင်ရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဦးစောသည် အမေရိကန်မှအပြန် ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့ရှိ ဂျပန်သံရုံးမှ ကောင်စစ်ဝန် ကို တဦးတည်း တွေ့ဆုံခဲ့ပြန်သည်။ ဦးစောနှင့် ဂျပန်ကောင်စစ်ဝန်တို့ ပြောဆိုခဲ့သမျ ှ ဗြိတိသျှ ထောက်လှန်းရေးက ကြားဖြတ် ဖမ်းယူပြီး စကားဝှက်များဖေ်ာထုတ် ၍ လန်ဒန်အစိုးရထံ ပြန်ပို့ခဲ့သည်။

ဦးစောနှင့် ဂျပန်ကောင်စစ်ဝန်တို့ ပြောဆိုချက်အကျဉ်းချုပ်မှာ ဂျပန်က မြန်မာနိုင်ငံကို ကျူးကျေ်ာ ဝင်ရောက် လျှင် မြန်မာတိုင်းရင်းသားတို့က ဗြိတိသျ တို့ကို ဂျပန်တို့နှင့်ပူးပေါင်း၍ ထကြွပုန်ကန်လိမ့်မည်။ ထို့ကြောင့် သူ့အနေဖြင့် ဂျပန်ကို တတ် နိုင်သမျှ အကူအညီပေးမည်ဟူ၍ ဖြစ်သည် ။ ဗြိတိသျ နိုင်ငံခြားရေးဝန်ကြီးက ဦးစောနှင့် ဦးတင်ထွဋ် နှစ်ဦးကို ဖမ်းရန် ဆုံးဖြတ်လိုက်ပြီး ဦးစောတို့ စီးလာသောလေယာဉ် ပါလက်စတိုင်းပြည် (ယခုအစ္စရေးနိုင်ငံ) ဟိုင်ဖာမြို့သို့ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လေယာဉ်ဆင်း သည်နှင့် ဖမ်းဆီး ထိန်းသိမ်းလိုက်လေသည်။ ထို့နောက် ဦးစောအား အာဖရိကတိုက် ယူဂန်ဒါနိုင်ငံသို့ ပို့လိုက်ပြီး ဦးစော သည် စစ်အတွင်းကာလတစ်လျှေက် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် နေ့အထိ အထိန်းသိမ်းခံခဲ့ရသည်။

ဦးတင်ထွဋ်ကိုမူ ဗြိတိသျတို့က ပြန်လွှတ် ပေးပြီး ၁၉၄၂ ခုနှစ် မေလ ၂၀ ရက် နေ့တွင် မြန်မာနိုင်ငံမှ ဆုတ်ခွာ လျက် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့၌ ဖွဲ့စည်းထားသော ဆာဒေါ်မန်စမစ်၏ စစ်ပြေးအစိုးရအဖွဲ့၌ သွားရောက် ပူးပေါင်းစေသည်။ သို့ဖြင့် ဦးတင်ထွဋ်သည် ၁၉၄၂ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ မြန်မာပြည် စစ်ပြေး ဆင်းမလား အစိုးရအဖွဲ့၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ အကြံပေးအရာရှိအဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၆ ရက် နေ့မှ ၇ ရက် နေ့အထိ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ အရှေ့တာင်အာရှဆိုင်ရာ မဟာမိတ်တပ်များ၏ စစ်သေနာပတိချ ုပ် လောဒ့်လူဝီမောင့်ဘက်တန်နှင့် မြန်မာနိုင်ငံမှ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံဆွေးနွေးရာတွင် စစ်ပြေးအစိုးရ အကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်လည်း တက်ရောက်ခဲ့သည်။

၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ ဘုရင်ခံဆာဒေါ်မန်စမစ်သည် မြန်မာပြည်အစိုးရ၏ အကြံပေးအရာရှိ ဦးတင်ထွဋ်ကို ဖဆပလအဖွဲ့ချ ုပ်သို့ စေလွှတ်ပြီး ဘုရင်ခံအမှုဆောင်ကောင်စီတွင် အဖွဲ့ဝင် ၁၅ ဦးအစား ၁၁ ဦးသာခန့်ထားမည် ဖြစ်ကြောင်း ပြောကြားစေသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့က ဗြိတိသျအစိုးရက ဦးတင်ထွဋ်အား Order of British Emperor (O.B.E) ချီးမြှင့်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် အိုင်စီအက်စ် ဝန်ထမ်းဘဝမှ နှုတ်ထွက်၍ The Burma Review ဂျာနယ် နှင့် New Time of Burma သတင်း စာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

ထို့နောက် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖဆပလအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်၍ ဘုရင်ခံအမှုဆောင်ကောင်စီ ဖွဲ့စည်းသောအခါ ဦးတင်ထွဋ် သည် ဘုရင်ခံခန့် ဘဏ္ဍာရေးနှင့် အခွန်တေ်ာဌာန၌ ဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက် နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် မြန်မာကိုယ် စားလှယ်အဖွဲ့ ဗြိတိသျ အစိုးရနှင့် မြန်မ့ာလွတ်လပ်ရေးကိစ္စဆွေးနွေးရန် သွားရောက် သောအခါ ဦးတင်ထွဋ်သည် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပင်လုံစာချုပ် ချုပ်ဆိုရေးအတွက် မြန်မာကိုယ်စားလှယ်အဖြစ် တက်ရောက် ခဲ့ သည် ။ ထိုနှစ်မှာပင် တောင်တန်းဒေသ စုံစမ်းရေးကေ်ာမတီ (Frontier Area Enquiry Committee)တွင် မြန်မာကိုယ်စားလှယ်အဖြစ် သခင်နု၊ ဗိုလ် ခင်မောင်ကလေး၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ပါဝင်ဆောင်ရွက် ခဲ့သည် ။ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက် နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တေ်ာ ရွေးကောက် ပွဲတွင် ဟင်္သာတမြို့မှ ဝင်ရောက် ယှဉ် ပြိုင်ရာ အနိုင်ရရှိခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကေ်ာမတီ အဖွဲ့ဝင်၊ အခြေခံဥပဒေအချောကိုင် ကေ် ာမတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက် ခဲ့သည် ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် လန်ဒန် မြန်မာပြည် ဆိုင်ရာ ကေ်ာမရှင်နာမင်းကြီးအဖြစ် ဆောင်ရွက်သည်။

ထို့နောက် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ ဘုရင်ခံဆာဟူးဘတ်စ်ရန်၏ အမှုဆောင် ကောင်စီ (ဝန်ကြီးအဖွဲ့)၌ ဌာနလက်ကိုင်မရှိ ဝန်ကြီးအဖြစ် ဆောင်ရွက် ခဲ့သည် ။ ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် သခင်နု ဦး ဆောင်သော ကြားဖြတ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း ကောင်း ဆောင်ရွက် ခဲ့သည်။

၁၉၄၈ သြဂုတ်လ နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်၍ ဗိုလ်မှူးချုပ်ရာထူးဖြင့် အရန်လက်နက်တပ်များ၏ စစ်ဦးစီးချုပ်အဖြစ် ဆောင်ရွက် ခဲ့သည် ။ ဦးတင်ထွဋ် ကဲ့သို့ ထိပ်တန်းနိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအား စစ်တပ်၏မြင့်မားလှသော ရာထူးတစ်ခု ပေးအပ်ခံရခြင်းမှာ ထူးဆန်းကောင်း ထူးဆန်း ပေလိမ့်မည် ။ သို့သေ်ာ သူ့ဘဝသည် ငယ်စဉ်ကပင် စစ်မှုထမ်းဘဝက စတင်ခဲ့သည် ။ ဦးတင်ထွဋ် သည် အင်ဒိုစစ်တက္ကသိုလ် မှ ဘွဲ့ရခဲ့ပြီး အိန္ဒိယပဋိဉာဉ်ခံဘဝသို့ ဝင်ရောက် ရန်အတွက် စစ်တပ်အရာရှိရာထူးကို စွန့်လွှတ် ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရှိခဲ့ပြီး မကြာမီမှာပင် ပြည်တွင်းစစ်မီးတောက် နေချ ိန်တွင် စစ်မှုထမ်းဟောင်းမျ ားကို ရနိုင်သလောက် ပြန်လည် စုစည်း၍ ခိုင်မာသည့် ပြည် ထောင်စုအရံတပ်မတေ်ာ (Union Auxiliary Force) ဖွဲ့စည်းရေးတာဝန်ကို သူ့ဖာသာသူ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သူသည် နိုင်ငံ တေ်ာလုပ်ကြံမှုတရားခံ ဂဠုန် ဦးစော နှင့် နောက်လိုက်များကို စစ်ဆေးစီရင်နေသော တရားသူကြီး ဦးကျေ်ာမြင့်၏ အစ်ကို လည်း တိုက်တိုက် ဆိုင်ဆိုင် ဖြစ်နေခဲ့သည် ။ ထို့အပြင် သူ့သတင်းစာတွင် အသုံးပြုရန်အတွက် ဂဠုန်ဦးစောအမှုကို ထိုအချိန်ကပင် ဦးတင်ထွဋ်သည် စူးစမ်းလေ့လာခဲ့သည်။ သူ၏ The New Times of Burma သတင်းစာ အယ်ဒီတာ အဖွဲ့ဝင်များ အား ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံမှုနှင့် ပတ်သက်သမျှ သဲလွန်စများကို စုဆောင်းရန် စေခိုင်း

ခဲ့သည်။

ယင်းနောက် နယူးတိုင်းအေ့ာဖ်ဘားမား သတင်းစာတိုက် မှ အိမ်သို့အပြန် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက် နေ့ ည ၉း၃၀နာရီတွင် လူသတ်သမားတစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်လုပ်ကြံမှုကြောင့် ကားရှေ့ခန်းတွင် ထိုင်နေသူ ဦးတင်ထွဋ်၏ ခြေရင်းတွင် ကျရောက်ပေါက်ကွဲကာ နဖူး၊ ဘယ်ဘက်မေး၊ ဘယ်ဘက်ပေါင်၊ ဘယ်ဘက်ဒူး၊ ဘယ်ဘက်ခြေ မျ က်စိ အပါအဝင် စုစုပေါင်း ဒဏ် ရာ ၈ ချက်ထိကာ မေ့မြောသွားခဲ့ရသည်။ ဦးတင်ထွဋ်နှင့် ယှဉ်ကာ ထိုင်နေသူဗမ့ာကိုယ်ရံတေ်ာတပ်မှ အရာရှိတစ်ဦးနှင့် ယာဉ်မောင်းမောင်အေးဖေတို့မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။ သို့သေ်ာလည်း ကားနောက် မှ လိုက် ပါသူ ဂေါ်ရခါးကိုယ်ရံတေ်ာ သီဘဟာဒူး နှင့် ပီဘဟာဒူးတို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

ဒဏ်ရာပြင်းထန်စွာရရှိ၍ မေ့မြောနေသော ဦးတင်ထွဋ်အား ဆေးရုံသို့ အမြန်တင်ပို့ခဲ့ကြသည်။ သို့သော် ဆရာဝန်မျ ား အားလုံးက အသက်လု ကုသသေ်ာလည်း ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် ကွယ်လွန် သွားခဲ့သည်။ ယနေ့နှစ်ပေါင်း ၇၀ ကြာမြင့်ပြီဖြစ်သေ်ာလည်း ဦးတင်ထွဋ်အား မည်သူမည် ဝါ လုပ်ကြံခဲ့သည်ဟု ထွက်ပေါ်လာခြင်းမရှိခဲ့ပါချေ ။

ဦးတင်ထွဋ်၏ ကြွင်းကျ န်သော ရုပ်ကလာပ်ကို အာဇာနည်ကုန်း (ယခုအညတရစစ်သည်ဗိမာန်နေရာ)၌ ဗိုလ်စိန်မှန်၊ ဗိုလ်ပီတာတို့နှင့်အတူ ယှဉ်လျက် ဂူသွင်းသြင်္ဂိုဟ်ထားသည်။ နဝတအစိုးရလက်ထက်တွင် အာဇာနည်ကုန်း ၌ အညတရစစ်သည်ဗိမာန် တည်ဆောက်လိုက်သောအကြောင့် ဦးတင်ထွဋ်၏ အုတ်ဂူလည်း ဖျက်ဆီးခံလိုက်ရသည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်သန်းတင်နှင့် သမီး (၃)ဦး ကျန်ရစ်ခဲ့သည်။

Credit – သန်းဝင်းလှိုင်၊ မိုးမခဂျာနယ်