Zawgyiျဖင့္ဖတ္ရန္

 

အသက္ ၆ ႏွစ္ကတည္းက စာေရးတတ္ ဖတ္တတ္ၿပီး အသက္ ၁၀ ႏွစ္နဲ႔ အထက္တန္းေက်ာင္း ေအာင္ျမင္ခဲ့တဲ့ မကၠဆီကိုႏုိင္ငံက ဉာဏ္ႀကီးရွင္မေလး Dafne Almazan နဲ႔ မိတ္ဆက္ေပးပါရေစ။ Dafne ဟာ ဘာသာစကား ၄ မ်ိဳးကိုလည္း ကၽြမ္းက်င္စြာ တတ္ေျမာက္ထားတဲ့အျပင္ အသက္ ၁၃ ႏွစ္နဲ႔ Monterrey Institute of Technology and Higher Education တကၠသိုလ္ကေန စိတ္ပညာဘြဲ႔ရရိွခဲ့သူပါ။

ယခု အသက္ ၁၇ ႏွစ္ရိွၿပီျဖစ္တဲ့ သူမဟာ အေမရိကန္ရဲ႕ ေက်ာ္ၾကားလွတဲ့ ဟားဗတ္တကၠသိုလ္မွာပါ မာစတာဆက္တက္ဖို႔ ဝင္ခြင့္ရသြားၿပီလည္း ျဖစ္ပါတယ္။ ႏွစ္ ၁၀၀ အတြင္း ဟားဗတ္တကၠသိုလ္ကို တက္ေရာက္ႏုိင္တဲ့ ပထမဆံုး ၁၈ ႏွစ္ေအာက္ မကၠဆီကုိလူမ်ိဳးလည္း ျဖစ္လာခဲ့ပါတယ္။ Dafne ကေတာ့ သူမက ဉာဏ္ေကာင္းတာ မွန္ေပမယ့္ ငယ္ရြယ္မႈကို စာပဲလုပ္ၿပီး ကုန္ဆံုးေနတာမဟုတ္ဘူးလို႔ ဆိုပါေသးတယ္။

“သူမ်ားထက္ ထူးျခားေနတယ္ဆိုတာနဲ႔ပဲ လူငယ္ဘဝကို ပ်င္းစရာေကာင္းစြာ ျဖတ္သန္းမွာမဟုတ္ပါဘူး” လို႔ Dafne က ေျပာခဲ့ဖူးပါတယ္။ သူမဟာ အားလပ္ခ်ိန္ေတြမွာ စႏၵရားတီးတာ၊ ကေလးေတြကို တ႐ုတ္စာသင္ေပးတာေတြအျပင္ ဘဲေလးကတာ၊ ကၽြမ္းဘားကစားတာ၊ ေရခဲစကိတ္စီးတာ၊ တုိက္ကြမ္ဒိုက်င့္တာနဲ႔ ဆီေဆးပန္းခ်ီဆြဲတာတို႔ပါ လုပ္တတ္ပါတယ္။ Dafne ကေတာ့ ၂၀၁၅ ခုႏွစ္ Forbes မဂၢဇင္းက ထုတ္ျပန္တဲ့ ၾသဇာအရိွဆံုး မကၠဆီကို အမ်ိဳးသမီး အေယာက္ ၅၀ စာရင္းထဲပါ ဝင္ခဲ့ပါတယ္။

Dafne ရဲ႕ ဖခင္ျဖစ္သူ ေဒါက္တာ Asdrubal Almazan ကေတာ့ မကၠဆီကိုမွာ Dafne လို ပါရမီပါတဲ့ ကေလးေတြကို အာ႐ံုေၾကာမူမမွန္လို႔ ဂဏာမၿငိမ္တဲ့ ေရာဂါ (ADHD) နဲ႔ မွားၿပီး ကေလးရဲ႕ အစြမ္းအစေတြကို တိမ္ျမဳပ္သြားေအာင္ ဆက္ဆံမႈ မွားယြင္းတတ္ၾကေၾကာင္း ဆုိပါတယ္။ ေက်ာင္းေတြမွာလည္း အဲဒီ့လို ကေလးေတြဟာ စာသင္ၾကားရာမွာ သူမ်ားထက္ ထူးၿပီး တတ္ေနလို႔ အဆင္မေျပမႈေတြလည္း ႀကံဳရတတ္ၾကပါတယ္။

Dafne မိသားစုထဲမွာေတာ့ သူမရဲ႕ အစ္ကိုကပါ အဲဒီ့လို ပါရမီပါသူတစ္ဦးျဖစ္တဲ့အတြက္ ေဒါက္တာ Asdrubal က ပါရမီရွင္ေလးေတြကို သီးသန္႔စာသင္ၾကားပို႔ခ်တဲ့ ေက်ာင္း CEDAT တကၠသိုလ္ကို တည္ေထာင္ခဲ့ပါတယ္။ လက္ရိွ အဆိုပါေက်ာင္းမွာ တက္ေရာက္သင္ၾကားေနသူ ေက်ာင္းသား ၃၀၀ ခန္႔ရိွၿပီး ေက်ာင္းဆင္းေပါင္း ၄၀၀၀ ကိုပါ ေမြးထုတ္ထားပါတယ္။

Dafne ကေတာ့ ဟားဗတ္မွာ ဘြဲ႔လြန္တန္း တစ္ႏွစ္တက္ၿပီးေနာက္ မကၠဆီကိုသို႔ ခဏျပန္ၿပီး ကေလးေတြကို သခ်ၤာဘာသာရပ္ သင္ေပးဖို႔ စဥ္းစားထားတယ္လုိ႔လည္း သိရပါတယ္။

Ref: The Epoch Times

Credit:Shwemom

 

Unicodeဖြင့်ဖတ်ရန်

 

အသက် ၁၃ နှစ်နဲ့ ဘွဲ့ရပြီး ၁၇ နှစ်မှာ ဟားဗတ်ဝင်ခွင့်ရခဲ့တဲ့ ပါရမီရှင်လေးအကြောင်း

 

အသက် ၆ နှစ်ကတည်းက စာရေးတတ် ဖတ်တတ်ပြီး အသက် ၁၀ နှစ်နဲ့ အထက်တန်းကျောင်း အောင်မြင်ခဲ့တဲ့ မက္ကဆီကိုနိုင်ငံက ဉာဏ်ကြီးရှင်မလေး Dafne Almazan နဲ့ မိတ်ဆက်ပေးပါရစေ။ Dafne ဟာ ဘာသာစကား ၄ မျိုးကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့အပြင် အသက် ၁၃ နှစ်နဲ့ Monterrey Institute of Technology and Higher Education တက္ကသိုလ်ကနေ စိတ်ပညာဘွဲ့ရရှိခဲ့သူပါ။

ယခု အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ အမေရိကန်ရဲ့ ကျော်ကြားလှတဲ့ ဟားဗတ်တက္ကသိုလ်မှာပါ မာစတာဆက်တက်ဖို့ ဝင်ခွင့်ရသွားပြီလည်း ဖြစ်ပါတယ်။ နှစ် ၁၀၀ အတွင်း ဟားဗတ်တက္ကသိုလ်ကို တက်ရောက်နိုင်တဲ့ ပထမဆုံး ၁၈ နှစ်အောက် မက္ကဆီကိုလူမျိုးလည်း ဖြစ်လာခဲ့ပါတယ်။ Dafne ကတော့ သူမက ဉာဏ်ကောင်းတာ မှန်ပေမယ့် ငယ်ရွယ်မှုကို စာပဲလုပ်ပြီး ကုန်ဆုံးနေတာမဟုတ်ဘူးလို့ ဆိုပါသေးတယ်။

“သူများထက် ထူးခြားနေတယ်ဆိုတာနဲ့ပဲ လူငယ်ဘဝကို ပျင်းစရာကောင်းစွာ ဖြတ်သန်းမှာမဟုတ်ပါဘူး” လို့ Dafne က ပြောခဲ့ဖူးပါတယ်။ သူမဟာ အားလပ်ချိန်တွေမှာ စန္ဒရားတီးတာ၊ ကလေးတွေကို တရုတ်စာသင်ပေးတာတွေအပြင် ဘဲလေးကတာ၊ ကျွမ်းဘားကစားတာ၊ ရေခဲစကိတ်စီးတာ၊ တိုက်ကွမ်ဒိုကျင့်တာနဲ့ ဆီဆေးပန်းချီဆွဲတာတို့ပါ လုပ်တတ်ပါတယ်။ Dafne ကတော့ ၂၀၁၅ ခုနှစ် Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ သြဇာအရှိဆုံး မက္ကဆီကို အမျိုးသမီး အယောက် ၅၀ စာရင်းထဲပါ ဝင်ခဲ့ပါတယ်။

Dafne ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာ Asdrubal Almazan ကတော့ မက္ကဆီကိုမှာ Dafne လို ပါရမီပါတဲ့ ကလေးတွေကို အာရုံကြောမူမမှန်လို့ ဂဏာမငြိမ်တဲ့ ရောဂါ (ADHD) နဲ့ မှားပြီး ကလေးရဲ့ အစွမ်းအစတွေကို တိမ်မြုပ်သွားအောင် ဆက်ဆံမှု မှားယွင်းတတ်ကြကြောင်း ဆိုပါတယ်။ ကျောင်းတွေမှာလည်း အဲဒီ့လို ကလေးတွေဟာ စာသင်ကြားရာမှာ သူများထက် ထူးပြီး တတ်နေလို့ အဆင်မပြေမှုတွေလည်း ကြုံရတတ်ကြပါတယ်။

Dafne မိသားစုထဲမှာတော့ သူမရဲ့ အစ်ကိုကပါ အဲဒီ့လို ပါရမီပါသူတစ်ဦးဖြစ်တဲ့အတွက် ဒေါက်တာ Asdrubal က ပါရမီရှင်လေးတွေကို သီးသန့်စာသင်ကြားပို့ချတဲ့ ကျောင်း CEDAT တက္ကသိုလ်ကို တည်ထောင်ခဲ့ပါတယ်။ လက်ရှိ အဆိုပါကျောင်းမှာ တက်ရောက်သင်ကြားနေသူ ကျောင်းသား ၃၀၀ ခန့်ရှိပြီး ကျောင်းဆင်းပေါင်း ၄၀၀၀ ကိုပါ မွေးထုတ်ထားပါတယ်။

Dafne ကတော့ ဟားဗတ်မှာ ဘွဲ့လွန်တန်း တစ်နှစ်တက်ပြီးနောက် မက္ကဆီကိုသို့ ခဏပြန်ပြီး ကလေးတွေကို သင်္ချာဘာသာရပ် သင်ပေးဖို့ စဉ်းစားထားတယ်လို့လည်း သိရပါတယ်။

Ref: The Epoch Times

Credit:Shwemom