Zawgyiျဖင့္ဖတ္ရန္

 

အမ်ိဳးသားတစ္ေယာက္ဟာ သူ႔ေနာက္ကြယ္မွာ တစ္ျခားေယာက္်ားနဲ႔ ေဖာက္ျပန္ေနတဲ့ ခ်စ္သူအမ်ိဳးသမီးကို၊ လူစုံတုန္း ပ႐ုိပုိ႔စ္လုပ္မလုိနဲ႔ လက္စားေခ်ခဲ့ပါတယ္။ Mirror မွာ ေဖာ္ျပထားခ်က္အရ၊ အဆုိပါ အမ်ိဳးသားဟာ ခ်စ္သူကုိ Fake Propose လုပ္ၿပီး၊ ေနာက္ကြယ္က အ႐ႈပ္ထုပ္ကို ျဖည္ျပခဲ့တာပါ။

သူဟာ လူစုံတုန္းမွာ အားလုံးသိေအာင္ ေၾကညာခ်က္တစ္ခု လုပ္ပါ့မယ္လုိ႔ စကားခ်ီးၿပီး အမ်ားျမင္သာေအာင္ မက္တပ္ထရပ္လုိက္ပါတယ္။ အဲဒီေနာက္မွာေတာ့ ခ်စ္သူအမ်ိဳးသမီးကို တည့္တည့္ၾကည့္ၿပီး “ငါ မင္းကို တစ္ကယ္ခ်စ္ပါတယ္ … ငါ့ရဲ႕ သားနဲ႔လည္း မိတ္ဆက္ေပးဖုိ႔ ျပင္ဆင္ထားၿပီးပါၿပီ … ငါ့ရဲ႕ က်န္ရွိေနတဲ့ အခ်ိန္ေတြကို မင္းနဲ႔ပဲ ကုန္ဆုံးခ်င္ပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္

ဒီစကားအဆုံးမွာေတာ့ စိတ္ဝင္တစားၾကည့္ေနသူေတြက အဲဒီအမ်ိဳးသားအေနနဲ႔ ထုံးစံအတုိင္း ဒူးေထာက္ထုိင္ခ်ၿပီး၊ လက္ထပ္ခြင့္ေတာင္းေတာ့မယ္လုိ႔ ထင္ေနၾကပါတယ္။ ဒီလုိပဲ အဲဒီအမ်ိဳးသားကလည္း အဆင္သင့္ယူလာတဲ့ လက္ထပ္လက္စြပ္ကို ထုတ္လုိက္ပါတယ္။ ေပ်ာ္ရႊင္စရာ အေကာင္းဆုံးအခုိက္အတန္႔က စနက္တံမျဖဳတ္ရေသးတဲ့ ဗုံးတစ္လုံးလုိပါဘဲ။

ကာယကံရွင္အမ်ိဳးသားက “ဆုိရရင္ေတာ့ သူဟာ ေနာက္ကြယ္မွာ ကၽြန္ေတာ္မသိဘူးဆုိတဲ့ အထင္နဲ႔ တစ္ျခားေယာက္်ားနဲ႔ ေဖာက္ျပန္ေနသူပါ … “လုိ႔ ေျပာၿပီး၊ လက္ထပ္လက္စြပ္ကုိ အမ်ိဳးသမီးေရွ႕မွာ လႊင့္ပစ္ကာ၊ ႏႈတ္ဆက္ထြက္ခြာသြားပါေတာ့တယ္။ အမ်ိဳးသမီးမွာေတာ့ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကုိက္ဘဲ၊ ရွက္ရွက္နဲ႔ တိတ္တိတ္ကေလး ထုိင္ေနပါေတာ့တယ္။ အမ်ိဳးသားကေတာ့ Single ဖခင္ ျဖစ္ပုံရပါတယ္။

Credit:နတ္သူႀကီး (SearchMyanmar)

source : mirror.co.uk

 

Unicodeဖြင့်ဖတ်ရန်

 

ဖောက်ပြန်တဲ့ချစ်သူကို၊ ပရိုပို့စ်လုပ်မလိုနဲ့ လူစုံတုန်းအရှက်ခွဲခဲ့တဲ့ အမျိုးသား

 

အမျိုးသားတစ်ယောက်ဟာ သူ့နောက်ကွယ်မှာ တစ်ခြားယောက်ျားနဲ့ ဖောက်ပြန်နေတဲ့ ချစ်သူအမျိုးသမီးကို၊ လူစုံတုန်း ပရိုပို့စ်လုပ်မလိုနဲ့ လက်စားချေခဲ့ပါတယ်။ Mirror မှာ ဖော်ပြထားချက်အရ၊ အဆိုပါ အမျိုးသားဟာ ချစ်သူကို Fake Propose လုပ်ပြီး၊ နောက်ကွယ်က အရှုပ်ထုပ်ကို ဖြည်ပြခဲ့တာပါ။

သူဟာ လူစုံတုန်းမှာ အားလုံးသိအောင် ကြေညာချက်တစ်ခု လုပ်ပါ့မယ်လို့ စကားချီးပြီး အများမြင်သာအောင် မက်တပ်ထရပ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ချစ်သူအမျိုးသမီးကို တည့်တည့်ကြည့်ပြီး “ငါ မင်းကို တစ်ကယ်ချစ်ပါတယ် … ငါ့ရဲ့ သားနဲ့လည်း မိတ်ဆက်ပေးဖို့ ပြင်ဆင်ထားပြီးပါပြီ … ငါ့ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို မင်းနဲ့ပဲ ကုန်ဆုံးချင်ပါတယ် “လို့ ပြောခဲ့ပါတယ်

ဒီစကားအဆုံးမှာတော့ စိတ်ဝင်တစားကြည့်နေသူတွေက အဲဒီအမျိုးသားအနေနဲ့ ထုံးစံအတိုင်း ဒူးထောက်ထိုင်ချပြီး၊ လက်ထပ်ခွင့်တောင်းတော့မယ်လို့ ထင်နေကြပါတယ်။ ဒီလိုပဲ အဲဒီအမျိုးသားကလည်း အဆင်သင့်ယူလာတဲ့ လက်ထပ်လက်စွပ်ကို ထုတ်လိုက်ပါတယ်။ ပျော်ရွှင်စရာ အကောင်းဆုံးအခိုက်အတန့်က စနက်တံမဖြုတ်ရသေးတဲ့ ဗုံးတစ်လုံးလိုပါဘဲ။

ကာယကံရှင်အမျိုးသားက “ဆိုရရင်တော့ သူဟာ နောက်ကွယ်မှာ ကျွန်တော်မသိဘူးဆိုတဲ့ အထင်နဲ့ တစ်ခြားယောက်ျားနဲ့ ဖောက်ပြန်နေသူပါ … “လို့ ပြောပြီး၊ လက်ထပ်လက်စွပ်ကို အမျိုးသမီးရှေ့မှာ လွှင့်ပစ်ကာ၊ နှုတ်ဆက်ထွက်ခွာသွားပါတော့တယ်။ အမျိုးသမီးမှာတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ၊ ရှက်ရှက်နဲ့ တိတ်တိတ်ကလေး ထိုင်နေပါတော့တယ်။ အမျိုးသားကတော့ Single ဖခင် ဖြစ်ပုံရပါတယ်။

Credit:နတ်သူကြီး (SearchMyanmar)

source : mirror.co.uk