Zawgyiျဖင့္ဖတ္ရန္

 

တ႐ုတ္ႏိုင္ငံမွာေတာ့ ရာစုႏွစ္ရဲ႕ အရက္စက္ဆုံး လူသတ္သမားႀကီးတစ္ဦးဟာ (၂၀၁၆)ခုႏွစ္မွာ ေပၚေပါက္ခဲ့ပါတယ္။ သူရဲ႕အျဖစ္အပ်က္ဟာ တ႐ုတ္ႏိုင္ငံ တစ္ဝွမ္းလုံးကို တုန္လႈပ္ေစခဲ့ၿပီး၊ မွတ္ေက်ာက္တင္စရာ အစုလိုက္အၿပဳံလိုက္ လူသတ္မႈႀကီးေတြကို ဆက္တိုက္က်ဴးလြန္ခဲ့တာပါ။

အမ်ိဳးသားရဲ႕အမည္ကေတာ့ Yang Qingpei ျဖစ္ၿပီး အဲဒီႏွစ္ စက္တင္ဘာ (၂၉)မွာ လူသတ္မႈေတြ က်ဴးလြန္ခဲ့တာပါ။ စုစုေပါင္း လူ(၁၉)ဦး သတ္ခဲ့တာျဖစ္ၿပီး၊ မိဘေတြနဲ႔ ေငြေၾကးကိစၥ စကားမ်ားခဲ့ရာက၊ မိဘႏွစ္ဦးစလုံးကို ဓားနဲ႔ ခုတ္သတ္ခဲ့ပါတယ္။ ေသြးဆာေနတဲ့ Yang ဟာ ဒီေလာက္နဲ႔ ရပ္တန႔္မေနပါဘူး။

သူ႔အမႈကို အိမ္နီးနားခ်င္းေတြက ေဖာ္မွာစိုးလို႔၊ တစ္ေယာက္ခ်င္း လိုက္ၿပီး သတ္ျဖတ္ခဲ့ရာ (၁၇)ဦးအထိ ရွိခဲ့ပါတယ္။ သူဟာ လူသတ္မႈေတြကို စိတ္ရွိလက္ရွိ က်ဴးလြန္ခဲ့ၿပီး၊ မိသားစု (၆)စုက ဓားစာခံျဖစ္ခဲ့ပါတယ္။ အသက္အႀကီးဆုံး ေသဆုံးသူမွာ (၇၂)ႏွစ္ျဖစ္ၿပီး၊ အသက္အငယ္ဆုံး ေသဆုံးသူကေတာ့ (၃)ႏွစ္အ႐ြယ္ ကေလးတစ္ဦးျဖစ္ကာ စုစုေပါင္း ကေလး(၄)ဦး ပါဝင္ခဲ့ေၾကာင္း-

ဒီျပစ္မႈကို က်ဴးလြန္ၿပီးေနာက္ Yang ဟာ သူေနထိုင္ရာ ယီမာ႐ြာကေန ထြက္ေျပးသြားခဲ့ၿပီး သူအလုပ္တည္ရွိရာ ကူမင္ၿမိဳ႕မွာ နဂိုလုပ္ခဲ့တဲ့ အလုပ္အကိုင္ကို ဟန္မပ်က္ ဆက္ၿပီးလုပ္ေနခဲ့ပါတယ္။ ဒါေပမယ့္ ရဲတပ္ဖြဲ႕ဟာ လူသတ္တရားခံ ဘယ္သူျဖစ္ႏိုင္တယ္ဆိုတာကို ခ်က္ခ်င္း တြက္ဆႏိုင္ခဲ့ၿပီး Yang ကို ကူမင္က အလုပ္မွာ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

(၂၀၁၇) ဇူလိုင္ (၁၈)မွာ ျပစ္မႈက်ဴးလြန္သူ Yang ကို တရား႐ုံးက ေသဒဏ္ခ်မွတ္ခဲ့ပါတယ္။ သူဟာ ေသဒဏ္မစီရင္ခင္မွာ အယူခံအႀကိမ္ႀကိမ္ တင္ခဲ့ေပမယ့္ တရား႐ုံးက အႀကိမ္ႀကိမ္ပယ္ခ်ခဲ့ေၾကာင္း သိရပါတယ္။

Credit:နတ္သူႀကီး (SearchMyanmar)

source : Independent

 

Unicodeဖြင့်ဖတ်ရန်

 

မိဘတွေကိုသတ်ပြီး၊ အမှုဖော်မှာစိုးလို့ အိမ်နီးချင်း(၁၇)ဦးကိုပါ သတ်ခဲ့တဲ့လူသတ်သမား

 

တရုတ်နိုင်ငံမှာတော့ ရာစုနှစ်ရဲ့ အရက်စက်ဆုံး လူသတ်သမားကြီးတစ်ဦးဟာ (၂၀၁၆)ခုနှစ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ သူရဲ့အဖြစ်အပျက်ဟာ တရုတ်နိုင်ငံ တစ်ဝှမ်းလုံးကို တုန်လှုပ်စေခဲ့ပြီး၊ မှတ်ကျောက်တင်စရာ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးတွေကို ဆက်တိုက်ကျူးလွန်ခဲ့တာပါ။

အမျိုးသားရဲ့အမည်ကတော့ Yang Qingpei ဖြစ်ပြီး အဲဒီနှစ် စက်တင်ဘာ (၂၉)မှာ လူသတ်မှုတွေ ကျူးလွန်ခဲ့တာပါ။ စုစုပေါင်း လူ(၁၉)ဦး သတ်ခဲ့တာဖြစ်ပြီး၊ မိဘတွေနဲ့ ငွေကြေးကိစ္စ စကားများခဲ့ရာက၊ မိဘနှစ်ဦးစလုံးကို ဓားနဲ့ ခုတ်သတ်ခဲ့ပါတယ်။ သွေးဆာနေတဲ့ Yang ဟာ ဒီလောက်နဲ့ ရပ်တန့်မနေပါဘူး။

သူ့အမှုကို အိမ်နီးနားချင်းတွေက ဖော်မှာစိုးလို့၊ တစ်ယောက်ချင်း လိုက်ပြီး သတ်ဖြတ်ခဲ့ရာ (၁၇)ဦးအထိ ရှိခဲ့ပါတယ်။ သူဟာ လူသတ်မှုတွေကို စိတ်ရှိလက်ရှိ ကျူးလွန်ခဲ့ပြီး၊ မိသားစု (၆)စုက ဓားစာခံဖြစ်ခဲ့ပါတယ်။ အသက်အကြီးဆုံး သေဆုံးသူမှာ (၇၂)နှစ်ဖြစ်ပြီး၊ အသက်အငယ်ဆုံး သေဆုံးသူကတော့ (၃)နှစ်အရွယ် ကလေးတစ်ဦးဖြစ်ကာ စုစုပေါင်း ကလေး(၄)ဦး ပါဝင်ခဲ့ကြောင်း-

ဒီပြစ်မှုကို ကျူးလွန်ပြီးနောက် Yang ဟာ သူနေထိုင်ရာ ယီမာရွာကနေ ထွက်ပြေးသွားခဲ့ပြီး သူအလုပ်တည်ရှိရာ ကူမင်မြို့မှာ နဂိုလုပ်ခဲ့တဲ့ အလုပ်အကိုင်ကို ဟန်မပျက် ဆက်ပြီးလုပ်နေခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ဟာ လူသတ်တရားခံ ဘယ်သူဖြစ်နိုင်တယ်ဆိုတာကို ချက်ချင်း တွက်ဆနိုင်ခဲ့ပြီး Yang ကို ကူမင်က အလုပ်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

(၂၀၁၇) ဇူလိုင် (၁၈)မှာ ပြစ်မှုကျူးလွန်သူ Yang ကို တရားရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။ သူဟာ သေဒဏ်မစီရင်ခင်မှာ အယူခံအကြိမ်ကြိမ် တင်ခဲ့ပေမယ့် တရားရုံးက အကြိမ်ကြိမ်ပယ်ချခဲ့ကြောင်း သိရပါတယ်။

Credit:နတ်သူကြီး (SearchMyanmar)

source : Independent