Zawgyi ျဖင့္ဖတ္ရန္

ယဥ္ေက်းမွုၿမိဳ႕ေတာ္ မႏၲေလးၿမိဳ႕တြင္ ျပည္တြင္းျပည္ပ ခရီးသြား မ်ားအတြက္ ေလ့လာစရာေနရာမ်ားစြာ တည္ရွိလ်က္ရွိရာ အဆိုပါေနရာ မ်ားထဲမွ မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ တမၸဝတီရပ္ကြက္၊စစ္ကိုင္း-မႏၲေလး ကားလမ္းမအေရွ႕ဘက္ရွိ၊ အမရပူရပထမၿမိဳ႕တည္နန္းတည္ ဗဒုံမင္းတရားႀကီး ဘိုးေတာ္ဦးဝိုင္းတည္ထား ကိုးကြယ္ခဲ့ေသာ မဟာစႏၵာမုနိ ဘုရားဝင္းအတြင္းတြင္ ျပည္တြင္းျပည္ပခရီးသြားမ်ား လာေရာက္ေလ့လာသင့္ ေသာ ေနရာတစ္ခု အျဖစ္ တင္ျပအပ္ပါသည္။

အဆိုပါ မဟာစႏၵာမုနိဘုရားဝင္းအတြင္း၌ ေလ့လာစရာေနရာမ်ားမွာ မဟာစႏၵာမုနိဘုရားႀကီး၊ ႏွစ္ေပါင္း(၂၃၀) ေက်ာ္ သက္တမ္းရွိ ကန္ေတာ္မဂၤလာႀကီး ၊ ရဟႏၲာရွစ္ဆယ္ဂူမ်ား အျပင္ ျမန္မာ့႐ုပ္ေသး႐ုပ္မ်ား၊ ထီးလွလွ ကေလး မ်ားႏွင့္ သနပ္ခါးလိမ္း၍ ဓာတ္ပုံမ်ား ရိုက္ကူးနိုင္သည့္အတြက္ လာေရာက္ေလ့လာသင့္ေသာ ေနရာ တစ္ခု ျဖစ္သည္။

‘’ဒီေနရာကိုအခုေနာက္ပိုင္း လာေရာက္ေလ့လာသူေတြ ေတာ္ေတာ္မ်ားလာတယ္၊ လျပည့္လကြယ္နဲ႔ အခါႀကီးရက္ႀကီးေတြမွာ ဆိုပိုမိုစည္ကားပါတယ္၊ လာေရာက္ေလ့လာသူေတြက ဒီဘုရားဝင္းထဲမွာ ရွိတဲ့ မဟာ စႏၵမုနိဘုရားႀကီး၊ရဟႏၲာရွစ္ဆယ္ဂူမ်ားနဲ႔ ကန္ေတာ္မဂၤလာႀကီး တို႔အျပင္ အမွတ္တရ ဓါတ္ပုံရိုက္ကူးရန္ ျမန္မာ႐ုပ္ေသး႐ုပ္ ေလးေတြ ခ်ိတ္ဆြဲထားတာလည္းရွိတယ္၊ ထီးလွလွ ေလးေတြ ငွားရမ္းၿပီး လည္း ဓါတ္ပုံရိုက္ ကူးလို႔ရတယ္ ၊

ျမန္မာ့ရိုးရာသနပ္ခါးလိမ္းစရာရွိေတာ့ လာေရာက္သူေတြ စည္ကားလ်က္ ရွိပါတယ္၊ ျပည္တြင္းခရီး သြားမ်ား လာေရာက္လည္ပတ္မွုမ်ားျပားေသာ္လည္း ျပည္ပခရီးသြား ေတြ က ေတာ့ တစ္ဦးစႏွစ္ဦးစ လာေရာက္ လည္ပတ္ ေလ့လာမွုရွိပါတယ္၊ အုပ္စုလိုက္ကားေတြနဲ႔လာတာမ်ိဳးေတာ့ မရွိေသးပါဘူး၊ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား မွ ခရီးစဥ္တစ္ခုအျဖစ္ ေဖာ္ေဆာင္ေပးနိုင္ရန္ ေမၽွာ္လင့္ပါတယ္’’ ဟု အဆိုပါဘုရားဝင္း အတြင္း၌ ေဈးေရာင္းခ်ေနသူ တစ္ဦးက ေျပာျပသည္။

အဆိုပါ မဟာစႏၵာမုနိ ဘုရားဝင္းအတြင္းရွိ ကန္ေတာ္မဂၤလာႀကီးကို အမရပူရၿမိဳ႕တည္နန္းတည္ ဗဒုံမင္းၾတား(ခ) ဘိုးေတာ္ဦးဝိုင္း က ျမန္မာသကၠရာဇ္၁၁၄၆ ခုႏွစ္တြင္ စတင္တူးေဖာ္ေဆာင္ရြက္ခဲ့ၿပီး ေရွးေဟာင္းသမိုင္း ဝင္ကန္ေတာ္မဂၤလာႀကီးမွ အုတ္ခ်ပ္ေပါင္း ဆယ္ကုေဋ၊ကိုးသန္း၊ရွစ္သိန္း၊ခုႏွစ္ေသာင္း၊ငါးဆယ္ ငါးခ်ပ္ ကုန္က်ၿပီး အျပင္တံတိုင္း၊အတြင္းတံတိုင္းႏွင့္ တံတိုင္းႏွစ္ထပ္ျဖစ္သည္။အျပင္တံတိုင္း အလ်ား(၁၂၄)ေပလည္ ရွိၿပီး

အတြင္း တံတိုင္းမွာ အလ်ား(၇၇)ေပ ျဖစ္သည္။အတြင္းတံတိုင္း၏ ေထာင့္ေလးေထာင့္တို႔တြင္ ေစတီတစ္ဆူစီ တည္ထားကိုးကြယ္ထားသည္။အျပင္တံတိုင္းမွ အတြင္းတံတိုင္းအထိ ေလွခါးထစ္ေပါင္း(၁၉)ထစ္ရွိၿပီးအေပၚ တံတိုင္းေလွခါးေအာက္ဆုံးထစ္ႏွင့္အတြင္းတံတိုင္းအၾကား(၅)ေပခန႔္က်ယ္ေသာ စၾကၤန္ပတ္လမ္း တစ္ခုရွိသည္။ စၾကၤန္ပတ္လမ္းမွ ေအာက္ေရျပင္အထိ(၃၅)ေပ နက္ၿပီး အထက္တံတိုင္းေျမျပင္မွေအာက္ေရျပင္ထိ (၅၅)ေပခန႔္ နက္သည္။

ကန္ေတာ္မဂၤလာႀကီး၏ ထူးျခားခ်က္မွာ (၁၂)လပတ္လုံး ေရမ်ားမျပတ္ထြက္ေနျခင္းျဖစ္သည္။ ကန္ေတာ္ မဂၤလာႀကီးအား (၂၈.၆.၂၀၀၇) ခုႏွစ္တြင္ စႏၵာမုနိေက်ာင္းတိုက္ ဦးစီးပဓါနဆရာေတာ္ ဘဒၵႏၲနႏၵိယ (ၿမိဳ႕နယ္သံ ဃနာယက) ဦးေဆာင္ၿပီး ေဂါပကအဖြဲ႕ဝင္မ်ား၊ရပ္ေဝးရပ္နီးအသီးသီးမွ ကုသိုလ္ျပဳသူမ်ား စုေပါင္း၍ ျပန္လည္ ျပဳျပင္ခဲ့ရာ (၆.၁၂.၂၀၀၇)ခုႏွစ္တြင္ ၿပီးစီးခဲ့ေၾကာင္း ေရွးေဟာင္းသမိုင္းဝင္ကန္ေတာ္မဂၤလာ အႀကီးစားျပဳျပင္ျခင္း ေက်ာက္စာမွတ္တမ္းအရသိရသည္။

Credit:သန္းေဇာ္မင္း(ျပန္/ဆက္)

Unicode ဖြင့်ဖတ်ရန်

ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့တွင် ပြည်တွင်းပြည်ပခရီးသွားများအတွက် လေ့လာစရာနေရာများစွာ တည်ရှိလျက်ရှိရာ အဆိုပါနေရာ များထဲမှ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊စစ်ကိုင်း-မန္တလေး ကားလမ်းမအရှေ့ဘက်ရှိ၊ အမရပူရပထမမြို့တည်နန်းတည် ဗဒုံမင်းတရားကြီး ဘိုးတော်ဦးဝိုင်းတည်ထား ကိုးကွယ်ခဲ့သော မဟာစန္ဒာမုနိဘုရားဝင်းအတွင်းတွင် ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာသင့် သော နေရာတစ်ခု အဖြစ် တင်ပြအပ်ပါသည်။

အဆိုပါ မဟာစန္ဒာမုနိဘုရားဝင်းအတွင်း၌ လေ့လာစရာနေရာများမှာ မဟာစန္ဒာမုနိဘုရားကြီး၊ နှစ်ပေါင်း(၂၃၀) ကျော် သက်တမ်းရှိ ကန်တော်မင်္ဂလာကြီး ၊ ရဟန္တာရှစ်ဆယ်ဂူများ အပြင် မြန်မာ့ရုပ်သေးရုပ်များ၊ ထီးလှလှ ကလေး များနှင့် သနပ်ခါးလိမ်း၍ ဓာတ်ပုံများ ရိုက်ကူးနိုင်သည့်အတွက် လာရောက်လေ့လာသင့်သော နေရာ တစ်ခု ဖြစ်သည်။

‘’ဒီနေရာကိုအခုနောက်ပိုင်း လာရောက်လေ့လာသူတွေ တော်တော်များလာတယ်၊ လပြည့်လကွယ်နဲ့ အခါကြီးရက်ကြီးတွေမှာ ဆိုပိုမိုစည်ကားပါတယ်၊ လာရောက်လေ့လာသူတွေက ဒီဘုရားဝင်းထဲမှာ ရှိတဲ့ မဟာ စန္ဒမုနိဘုရားကြီး၊ရဟန္တာရှစ်ဆယ်ဂူများနဲ့ ကန်တော်မင်္ဂလာကြီး တို့အပြင် အမှတ်တရ ဓါတ်ပုံရိုက်ကူးရန် မြန်မာရုပ်သေးရုပ် လေးတွေ ချိတ်ဆွဲထားတာလည်းရှိတယ်၊ ထီးလှလှ လေးတွေ ငှားရမ်းပြီး လည်း ဓါတ်ပုံရိုက် ကူးလို့ရတယ် ၊

မြန်မာ့ရိုးရာသနပ်ခါးလိမ်းစရာရှိတော့ လာရောက်သူတွေ စည်ကားလျက် ရှိပါတယ်၊ ပြည်တွင်းခရီး သွားများ လာရောက်လည်ပတ်မှုများပြားသော်လည်း ပြည်ပခရီးသွား တွေ က တော့ တစ်ဦးစနှစ်ဦးစ လာရောက် လည်ပတ် လေ့လာမှုရှိပါတယ်၊ အုပ်စုလိုက်ကားတွေနဲ့လာတာမျိုးတော့ မရှိသေးပါဘူး၊ သက်ဆိုင်ရာ တာဝန်ရှိသူများ မှ ခရီးစဉ်တစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်ပါတယ်’’ ဟု အဆိုပါဘုရားဝင်း အတွင်း၌ ဈေးရောင်းချနေသူ တစ်ဦးက ပြောပြသည်။

အဆိုပါ မဟာစန္ဒာမုနိ ဘုရားဝင်းအတွင်းရှိ ကန်တော်မင်္ဂလာကြီးကို အမရပူရမြို့တည်နန်းတည် ဗဒုံမင်းတြား(ခ) ဘိုးတော်ဦးဝိုင်း က မြန်မာသက္ကရာဇ်၁၁၄၆ ခုနှစ်တွင် စတင်တူးဖော်ဆောင်ရွက်ခဲ့ပြီး ရှေးဟောင်းသမိုင်း ဝင်ကန်တော်မင်္ဂလာကြီးမှ အုတ်ချပ်ပေါင်း ဆယ်ကုဋေ၊ကိုးသန်း၊ရှစ်သိန်း၊ခုနှစ်သောင်း၊ငါးဆယ် ငါးချပ် ကုန်ကျပြီး အပြင်တံတိုင်း၊အတွင်းတံတိုင်းနှင့် တံတိုင်းနှစ်ထပ်ဖြစ်သည်။အပြင်တံတိုင်း အလျား(၁၂၄)ပေလည် ရှိပြီး

အတွင်း တံတိုင်းမှာ အလျား(၇၇)ပေ ဖြစ်သည်။အတွင်းတံတိုင်း၏ ထောင့်လေးထောင့်တို့တွင် စေတီတစ်ဆူစီ တည်ထားကိုးကွယ်ထားသည်။အပြင်တံတိုင်းမှ အတွင်းတံတိုင်းအထိ လှေခါးထစ်ပေါင်း(၁၉)ထစ်ရှိပြီးအပေါ် တံတိုင်းလှေခါးအောက်ဆုံးထစ်နှင့်အတွင်းတံတိုင်းအကြား(၅)ပေခန့်ကျယ်သော စြင်္ကန်ပတ်လမ်း တစ်ခုရှိသည်။ စြင်္ကန်ပတ်လမ်းမှ အောက်ရေပြင်အထိ(၃၅)ပေ နက်ပြီး အထက်တံတိုင်းမြေပြင်မှအောက်ရေပြင်ထိ (၅၅)ပေခန့် နက်သည်။

ကန်တော်မင်္ဂလာကြီး၏ ထူးခြားချက်မှာ (၁၂)လပတ်လုံး ရေများမပြတ်ထွက်နေခြင်းဖြစ်သည်။ ကန်တော် မင်္ဂလာကြီးအား (၂၈.၆.၂၀၀၇) ခုနှစ်တွင် စန္ဒာမုနိကျောင်းတိုက် ဦးစီးပဓါနဆရာတော် ဘဒ္ဒန္တနန္ဒိယ (မြို့နယ်သံ ဃနာယက) ဦးဆောင်ပြီး ဂေါပကအဖွဲ့ဝင်များ၊ရပ်ဝေးရပ်နီးအသီးသီးမှ ကုသိုလ်ပြုသူများ စုပေါင်း၍ ပြန်လည် ပြုပြင်ခဲ့ရာ (၆.၁၂.၂၀၀၇)ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း ရှေးဟောင်းသမိုင်းဝင်ကန်တော်မင်္ဂလာ အကြီးစားပြုပြင်ခြင်း ကျောက်စာမှတ်တမ်းအရသိရသည်။

Credit:သန်းဇော်မင်း(ပြန်/ဆက်)