Zawgyi ဖြင့်ဖတ်ရန်

 

မိန်းမေ တွဉာဏ်များရင် ယောက်ျားတွေ လိုက်မမီဘူး 😂



အမျိုးသမီး –


အရာရှိ –


အမျိုးသမီး –


အရာရှိ –


အမျိုးသမီး –


အရာရှိ –


အမျိုးသမီး –


အရာရှိ –


အမျိုးသမီး –


အရာရှိ –

ဘာဖြစ်ပြန်ပြီလဲဗျ..?

အမျိုးသမီး –


အရာရှိ –

ခိုးခဲ့တာ..ဟုတ်လား..?

အမျိုးသမီး –


အရာရှိ –


အမျိုးသမီး –






ရဲအုပ် –



အမျိုးသမီး –

ဘာပြဿနာရှိလို့လဲ ဆရာ..?

ရဲအုပ် –



ရဲအုပ် –


အမျိုးသမီး –



ရဲအုပ် –





ရဲအုပ် –





Unicode ဖြင့်ဖတ်ရန်

ညဏ်ကောင်းလွန်းတဲ့ မိန်းကလေးရဲ့ ကားကိုမှ ယာဉ်ထိန်း က ဖမ်းမိလေသောအခါ

မိန်းမေ တွဉာဏ်များရင် ယောကျ်ားတွေ လိုက်မမီဘူး 😂

ဟိုင်းဝေး လမ်းမပေါ်မှာ အပြင်းမောင်းလာတဲ့ ကားတစ်စီးကို တာဝန်ကျ ယာဉ်ထိန်းအရာရှိက တားလိုက်ပါတယ်။

ကားမောင်းလာတာက အမျိုးသမီး တစ်ယောက်ပါ။

အမျိုးသမီး –

ပြဿနာတစ်ခုခု ဖြစ်နေလို့လား ဆရာ..?

အရာရှိ –

မှန်ပါတယ်..ခင်ဗျားကားကို သတ်မှတ်မိုင်နှုန်းထက်မောင်းလာလို့ပါ

အမျိုးသမီး –

ဟုတ်ကဲ့ ကျွန်မ သိပါတယ်ရှင်..

အရာရှိ –

ကျေးဇူးပြုပြီး..ခင်ဗျားလိုင်စင်ကို ကျွန်တော် ကြည့်ပါရစေ

အမျိုးသမီး –

ကျွန်မမှာ.. လိုင်စင် မရှိပါဘူး

အရာရှိ –

လိုင်စင်မရှိဘူး ဟုတ်လား..?

အမျိုးသမီး –

မရှိတာတော့ မဟုတ်ပါဘူးရှင်မူးပြီး အထားမှားမှားနေလို့ ပျောက်တာ သုံးကြိမ်ရှိပြီရှင့်..

အရာရှိ –

ဟုတ်ပြီလေ..ဒါဆိုလည်း ခင်ဗျားရဲ့ယာဉ်မောင်း အထောက်အထား စာရွက်စာတမ်းတွေ ကြည့်လို့ရမလား..?

အမျိုးသမီး –

အဲ့ဒါလည်း ကျွန်မ မပြနိုင်ဘူးရှင့်

အရာရှိ –

ဘာဖြစ်ပြန်ပြီလဲဗျ..?

အမျိုးသမီး –

ဘာဖြစ်လို့လဲဆိုတော့.. ဒီကားကို ကျွန်မ ခိုးလာခဲ့တာမို့ပါ

အရာရှိ –

ခိုးခဲ့တာ..ဟုတ်လား..?

အမျိုးသမီး –

ဟုတ်ပါတယ်.. ပိုင်ရှင်ကိုပါသတ်ပြီး ကျွန်မ ဒီကားကို ခိုးလာခဲ့တာပါ

အရာရှိ –

ဘုရားရေ.. ခင်ဗျား တကယ်ပြောနေတာလား..?

အမျိုးသမီး –

တကယ်ပြောတာပါ.. ရှင်မယုံရင် ကားနောက်ဖုံးထဲမှာ သူ့ခန္ဓာကိုယ် အပိုင်းအစတွေ ထုပ်ထားတဲ့အိတ်ကို ကြည့်လို့ရပါတယ်။

အမျိုးသမီးကို မျက်လုံးပြူးကြည့်ရင်းနဲ့ အရာရှိခမျာဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်သွားတယ်

ပြီးတော့.. နယ်မြေရဲတွေဆီကို အကြောင်းကြားလိုက်တယ်

ငါးမိနစ်အတွင်းမှာပဲ.. ရဲကားငါးစီးရောက်လာပြီး အမျိုးသမီးရဲ့ကားကို ဝိုင်းလိုက်ကြတယ်..

ရဲအုပ်တစ်ယောက်က ခြောက်လုံးပြူးသေနတ်ကို အသင့်အနေအထားနဲ့ကိုင်ပြီး အမျိုးသမီးရဲ့ကားဆီကို ဖြည်းဖြည်းချင်း ကပ်သွားတယ်..

ရဲအုပ် –

အစ်မကြီး ကျေးဇူးပြုပြီး..ကားအပြင်ဘက်ကို ထွက်ခဲ့ပါ

အမျိုးသမီးက ကားတံခါးဖွင့်ပြီး အေးအေးဆေးဆေးပဲ ထွက်လာပါတယ်..

အမျိုးသမီး –

ဘာပြဿနာရှိလို့လဲ ဆရာ..?

ရဲအုပ် –

ဒီကားပိုင်ရှင် အသက်ခံရတယ်လို့ ကျွန်တော်တို့ဆီကိုဟောဒီ ယာဉ်ထိန်းအရာရှိက သတင်းလှမ်းပို့ထားလို့ပါကျေးဇူးပြုပြီး.. ခင်ဗျားရဲ့ကား နောက်ဖုံးကို ဖွင့်လိုက်ပါ

အမျိုးသမီးက ကားနောက်ဖုံးကိုဖွင့်ပေးလိုက်တယ်ဒါပေမဲ့.. ဘာမှ ရှိမနေပါဘူး

ရဲအုပ် –

ဒါ.. ခင်ဗျားကားဆိုတာ သေချာလား အစ်မကြီး..?

အမျိုးသမီး –

သေချာပါတယ်..ဒီမှာလေ သက်သေ အထောက်အထား စာရွက်စာတမ်းတွေ

ယာဉ်ထိန်းအရာရှိက စာရွက်စာတမ်းတွေ ကြည့်ပြီး သတိလစ်မတတ် ဖြစ်သွားတယ်

ရဲအုပ် –

ဟော့ဒီက ယာဉ်ထိန်းအရာရှိ ပြောတာကတော့..ခင်ဗျားမှာ.. ဘာစာရွက်စာတမ်းမှ မရှိဘူးဆို..?

အမျိုးသမီးက လက်ကိုင်အိတ်ထဲကနေ ပိုက်ဆံအိတ်လေးတစ်ခုကိုဆွဲထုတ်ပြီး ရဲအုပ်ဆီကမ်းပေးတယ်

ရဲအုပ်က ဖွင့်ကြည့်လိုက်တော့ လိုင်စင်ကိုတွေ့ပါတယ်

ယာဉ်ထိန်းအရာရှိ အတော်လေး စဉ်းစားရ ကြပ်သွားတယ်..

ရဲအုပ် –

ကျေးဇူးပါ အစ်မကြီး..စောစောက ကျွန်တော်တို့ ယာဉ်ထိန်းအရာရှိက.. ခင်ဗျားမှာ လိုင်စင်မရှိဘဲ ကားမောင်းတယ်..ဒီကားကိုလည်း ခိုးယူခဲ့တယ်..ပိုင်ရှင်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ပြောလို့ပါ

အမျိုးသမီးက…ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ တစ်ခွန်းပဲ ပြန်မေးလိုက်ပါတယ်..

“အဲ့ဒါဆို.. ဟောဒီ့ လူညာက ကျွန်မ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတယ်လို့ကောမပြောလိုက်ဘူးလား” တဲ့

share from : burmese.asia