Zawgyiျဖင့္ဖတ္ရန္

 

ျဖိဳးျမတ္ေအာင္ဟာ သီခ်င္းအဆိုပုိင္နိုင္တဲ့ အဆိုေတာ္တစ္ဦးျဖစ္ရံုတင္မက အလွဴအတန္းဝါသနာပါတဲ့ ဟသၤာတသားေလးလည္းျဖစ္ပါတယ္။ ျဖိဳးျမတ္ေအာင္ဟာ လက္တေလာမွာ ကုသိုလ္ေရးေတြကုိ ေဇာက္ခ်လုပ္ကုိင္ေနျပီး ပရိသတ္ေတြအတြက္သီခ်င္းအသစ္ေတြလည္းဖန္တီးဖို႔ၾကိဳးစားေနတယ္လို႔သိရပါတယ္။ ျဖိဳးျမတ္ေအာင္က မၾကာေသးမီက စကၤာပူမွာသြားေရာက္ေဖ်ာ္ေျဖရမယ့္အတြက္ စိတ္လႈပ္ရွားေနေၾကာင္းေျပာျပထားသလို လတ္တေလာလုပ္ျဖစ္ေနတဲ့ ဘုရားေတြျပဳျပင္တည္ေဆာက္တဲ့အေၾကာင္းလည္း ေျပာျပထားပါတယ္။

ျဖိဳးျမတ္ေအာင္က စကၤာပူမွာသြားေဖ်ာ္ေျဖဖို႔ျပင္ဆင္ေနတာေတြကုိ “ကုိယ့္အဖြဲ႕နဲ႔ကုိယ္သြားရမယ့္အေနအထားဆိုေတာ့ သူမ်ားဆီမွာလည္း သူမ်ားနုိင္ငံမွာသြားတီးရမွာဆိုေတာ့ ကုိယ့္ဘက္ကေတာ္ေတာ္ေလးကုိ ျပင္ဆင္ထားရတယ္။ ၾကိဳးစားထားရတယ္။ သူမ်ားနုိင္ငံမွာ သြားတီးရမွာက လြယ္တဲ့ကိစၥေတာ့မဟုတ္ဘူး။ ကုိယ္ေတြျမန္မာျပည္က ဂီတကလည္း မညံ့ဘူးဆိုတာ ျပခ်င္တယ္ေပ့ါေနာ္။ ကြ်န္ေတာ္ကလည္း ကုိယ္ပုိင္သီခ်င္းေလးေတြလည္းထုတ္ဆိုမယ္။ သီခ်င္းအေဟာင္းေလးေတြလည္းထုတ္ဆိုမယ္ေပ့ါေနာ္”လို႔ေျပာျပထားပါတယ္။

လက္ရွိအနုပညာလႈပ္ရွားမႈေတြကုိေတာ့ ျဖိဳးျမတ္ေအာင္က “စကၤာပူကျပန္လာရင္ေတာ့ ကြ်န္ေတာ့္ Solo Album အတြက္သီခ်င္းေတြလုပ္ဖို႔ရွိတယ္”လို႔ ေျပာထားပါတယ္။ ဘုရားတည္ေက်ာင္းေဆာက္ကုသိုလ္ေရးေတြကုိ ခံုမင္တဲ့ ျဖိဳးျမတ္ေအာင္က ေနာက္ထပ္ဘုရားတစ္ဆူထပ္တည္ဖို႔ရွိတယ္လို႔လည္း ပရိသတ္ေတြကုိ ေဖာက္သည္ခ်ထားပါေသးတယ္။ အဲဒါကေတာ့ ဘုရားအေဟာင္းကုိျပန္ျပင္တည္မွာလို႔သိရပါတယ္။

ျဖိဳးျမတ္ေအာင္က ထူးထူးျခားျခား ဥမၼာဒႏၱီတည္တဲ့ဘုရားကုိျပန္ျပင္မွာျဖစ္ေၾကာင္း “ကြ်န္ေတာ့္အေမေမြးရပ္ေျမမွာ ဥမၼာဒႏၱီတည္တဲ့ဘုရားပါ။ ဘုရားအေဟာင္းကုိျပန္ျပင္ရမွာ။ အဲဒါ သၾကၤန္ျပီးတာနဲ႔ ကြ်န္ေတာ္တို႔စမွာ။ ကြ်န္ေတာ့္အားေပးတဲ့မိသားစုေတြလည္းပါလို႔ရတယ္ေပါ့ေနာ္။ အဲ့လိုေပါ့။ နယ္ဘက္ဆိုေတာ့ ဘုရားက နွစ္ေပါင္းၾကာေနျပီ။ ဘုရားက ျပိဳေတာ့မွာ။ ျပိဳခါနီးဆိုေတာ့ ဒီမိုးတြင္းမွအျပီးမတည္နုိင္ရင္ ဘုရားက ျပိဳနိုင္တဲ့အေနအထားရွိတယ္။ အဲဒါေၾကာင့္ ကြ်န္ေတာ္တို႔ျပင္ဆင္တဲ့အေနနဲ႔ ျပန္တည္ျဖစ္မွာပါ။ နိဗၺာန္ ယုန္တလင္းေက်းရြာ။ အုိင္ေသာက္မွာရွိတဲ့ ဥမၼာဒႏၱီဘုရားပါ”လို႔ ရွင္းျပထားပါတယ္။

ဘုရားတည္ဖို႔ကိစၥကုိ ပရိသတ္ေတြကုသိုလ္ပါဝင္ခ်င္တယ္ဆိုရင္ပါဝင္နုိင္ဖို႔ ေၾကညာေပးသြားမယ္လုိ႔လည္း “ဒီဘုရားနဲ႔ပတ္သက္ျပီးေတာ့ ကြ်န္ေတာ္ ေလာေလာဆယ္ေတာ့ အလွဴခံတိတိက်က်ေတာ့ မေျပာရေသးဘူး။ အနားနီးမွပဲေျပာေတာ့မယ္လို႔ ။ကြ်န္ေတာ္က ဘုရားတည္ရတာဝါသနာပါတယ္ေလ။ ဘုရားအသစ္တည္တာထက္ ဘုရားအေဟာင္းေတြျပဳျပင္ရတာကုိဝါသနာပါတယ္”လို႔ ေျပာျပသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ျဖိဳးျမတ္ေအာင္ကိုခ်စ္ၾကလား။ ျဖိဳးျမတ္ေအာင္နဲ႔တူတူကုသုိလ္ေရးအလုပ္ေတြပါဝင္ခ်င္ၾကလား။ ျဖိဳးျမတ္ေအာင္ရဲ႕သီခ်င္းအသစ္ေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Credit:Can’t Wait To Say

 

Unicodeဖြင့်ဖတ်ရန်

 

ဥမ္မာဒန္တီတည်ခဲ့တဲ့ဘုရားကို ပြန်ပြင်တည်မယ်ဆိုတဲ့ ဖြိုးမြတ်အောင်

 

ဖြိုးမြတ်အောင်ဟာ သီချင်းအဆိုပိုင်နိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်ရုံတင်မက အလှူအတန်းဝါသနာပါတဲ့ ဟင်္သာတသားလေးလည်းဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ လက်တလောမှာ ကုသိုလ်ရေးတွေကို ဇောက်ချလုပ်ကိုင်နေပြီး ပရိသတ်တွေအတွက်သီချင်းအသစ်တွေလည်းဖန်တီးဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ ဖြိုးမြတ်အောင်က မကြာသေးမီက စင်္ကာပူမှာသွားရောက်ဖျော်ဖြေရမယ့်အတွက် စိတ်လှုပ်ရှားနေကြောင်းပြောပြထားသလို လတ်တလောလုပ်ဖြစ်နေတဲ့ ဘုရားတွေပြုပြင်တည်ဆောက်တဲ့အကြောင်းလည်း ပြောပြထားပါတယ်။

ဖြိုးမြတ်အောင်က စင်္ကာပူမှာသွားဖျော်ဖြေဖို့ပြင်ဆင်နေတာတွေကို “ကိုယ့်အဖွဲ့နဲ့ကိုယ်သွားရမယ့်အနေအထားဆိုတော့ သူများဆီမှာလည်း သူများနိုင်ငံမှာသွားတီးရမှာဆိုတော့ ကိုယ့်ဘက်ကတော်တော်လေးကို ပြင်ဆင်ထားရတယ်။ ကြိုးစားထားရတယ်။ သူများနိုင်ငံမှာ သွားတီးရမှာက လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ကိုယ်တွေမြန်မာပြည်က ဂီတကလည်း မညံ့ဘူးဆိုတာ ပြချင်တယ်ပေ့ါနော်။ ကျွန်တော်ကလည်း ကိုယ်ပိုင်သီချင်းလေးတွေလည်းထုတ်ဆိုမယ်။ သီချင်းအဟောင်းလေးတွေလည်းထုတ်ဆိုမယ်ပေ့ါနော်”လို့ပြောပြထားပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုတွေကိုတော့ ဖြိုးမြတ်အောင်က “စင်္ကာပူကပြန်လာရင်တော့ ကျွန်တော့် Solo Album အတွက်သီချင်းတွေလုပ်ဖို့ရှိတယ်”လို့ ပြောထားပါတယ်။ ဘုရားတည်ကျောင်းဆောက်ကုသိုလ်ရေးတွေကို ခုံမင်တဲ့ ဖြိုးမြတ်အောင်က နောက်ထပ်ဘုရားတစ်ဆူထပ်တည်ဖို့ရှိတယ်လို့လည်း ပရိသတ်တွေကို ဖောက်သည်ချထားပါသေးတယ်။ အဲဒါကတော့ ဘုရားအဟောင်းကိုပြန်ပြင်တည်မှာလို့သိရပါတယ်။

ဖြိုးမြတ်အောင်က ထူးထူးခြားခြား ဥမ္မာဒန္တီတည်တဲ့ဘုရားကိုပြန်ပြင်မှာဖြစ်ကြောင်း “ကျွန်တော့်အမေမွေးရပ်မြေမှာ ဥမ္မာဒန္တီတည်တဲ့ဘုရားပါ။ ဘုရားအဟောင်းကိုပြန်ပြင်ရမှာ။ အဲဒါ သြင်္ကန်ပြီးတာနဲ့ ကျွန်တော်တို့စမှာ။ ကျွန်တော့်အားပေးတဲ့မိသားစုတွေလည်းပါလို့ရတယ်ပေါ့နော်။ အဲ့လိုပေါ့။ နယ်ဘက်ဆိုတော့ ဘုရားက နှစ်ပေါင်းကြာနေပြီ။ ဘုရားက ပြိုတော့မှာ။ ပြိုခါနီးဆိုတော့ ဒီမိုးတွင်းမှအပြီးမတည်နိုင်ရင် ဘုရားက ပြိုနိုင်တဲ့အနေအထားရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ပြင်ဆင်တဲ့အနေနဲ့ ပြန်တည်ဖြစ်မှာပါ။ နိဗ္ဗာန် ယုန်တလင်းကျေးရွာ။ အိုင်သောက်မှာရှိတဲ့ ဥမ္မာဒန္တီဘုရားပါ”လို့ ရှင်းပြထားပါတယ်။

ဘုရားတည်ဖို့ကိစ္စကို ပရိသတ်တွေကုသိုလ်ပါဝင်ချင်တယ်ဆိုရင်ပါဝင်နိုင်ဖို့ ကြေညာပေးသွားမယ်လို့လည်း “ဒီဘုရားနဲ့ပတ်သက်ပြီးတော့ ကျွန်တော် လောလောဆယ်တော့ အလှူခံတိတိကျကျတော့ မပြောရသေးဘူး။ အနားနီးမှပဲပြောတော့မယ်လို့ ။ကျွန်တော်က ဘုရားတည်ရတာဝါသနာပါတယ်လေ။ ဘုရားအသစ်တည်တာထက် ဘုရားအဟောင်းတွေပြုပြင်ရတာကိုဝါသနာပါတယ်”လို့ ပြောပြသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖြိုးမြတ်အောင်ကိုချစ်ကြလား။ ဖြိုးမြတ်အောင်နဲ့တူတူကုသိုလ်ရေးအလုပ်တွေပါဝင်ချင်ကြလား။ ဖြိုးမြတ်အောင်ရဲ့သီချင်းအသစ်တွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit:Can’t Wait To Say