Zawgyi ျဖင့္ဖတ္ရန္

 

က်ေနာ္ ရည္းစား မရခင္ အထိ တကယ္ကို ပိန္ပိန္ေသးေသးေလးရယ္… G-fatt သြားတိုက္ေနတဲ့ ပုံကမွ
ကိုယ့္ထက္ ေတာင့္ဦးမယ္ ကိတ္ဦးမယ္ဆို။ အဲ့ဒါ သူမနဲ႔ မတြဲခင္ အခ်ိန္ထိပဲ ဆိုပါေတာ့…ခ်စ္သူသက္တမ္း 1 ႏွစ္ေလာက္နဲ႔ J-fire ေဘာ္ဒီမ်ိဴး ပိုင္ဆိုင္ခြင့္ ရလာခဲ့တယ္ေလ.. နည္းတဲ့ ကုသိုလ္ကံလားလို႔။ အဓိကကေတာ့ သူမေၾကာင့္ေပါ့ဗ်ာ.. Body Weight မတက္ပဲ ေနပါ့မလား.. ဘယ့္ႏွယ့္ဗ်ာ အားေန စားမယ္ ဆိုတာခ်ည္း…

ရန္ကုန္ၿမိဳ႕ မွာ သူမ မစားဖူးတဲ့ဆိုင္ အစားအစာ မရွိသေလာက္ပဲေလ… သူမက အစားခ်ည္း တစ္လိုင္းပဲကိုး .. ဘာဘီ႐ုပ္ေလးလိုလို အေမႊစိန္ ႐ုပ္ေလးလိုလို ခ်စ္စရာ ေကာင္းေနတာေတာ့ ျငင္းမရပါဘူး..

အလြန္ဆုံးရွိလွ ေပါင္က 100. ေပါ့.. ကိတ္တဲ့ေနရာဆိုလို႔ လိုက္ရွာၾကည့္တယ္.. ေျခသလုံး ႏွစ္ဖက္ပဲ ေတြ႕ရတယ္.. ေျပာရရင္ ခင္ဝင့္ဝါ မ်က္ႏွာနဲ႔ ပြင့္ ေျခသလုံးမ်ဴ ိး။ သူမမွာ ထူးျခားခ်က္ေတြ အေတာ္ေတာ့ မ်ားတယ္

ဘယ္ေလာက္စားစား ေခြးပစ္တဲ့တုတ္ပဲ Gym ပင္ပင္ပန္းပန္း ေဆာ့စရာ မလိုဘူး.. လက္ေမာင္းေလး ေတြဆို သြယ္သြယ္ လ်လ်ေလး ( ေျခသလုံးကေတာ့ ႁခြင္းခ်က္ေပါ့ေနာ္ )

လည္တံေလးေတြမ်ား စင္းေနတာပဲရယ္.. လက္ေခ်ာင္း ေျခေခ်ာင္းေလးေတြက ေကာ့ပ်ံၿပီး ရွည္ရွည္ေလးနဲ႔သြယ္သြယ္ေလး.. သြားတက္ေလးနဲ႔ ရယ္လိုက္ရင္ အသဲယားစရာ ( ေနာက္မွသိတယ္ ဘီလူးလိုစားတာကိုး )

တစ္ခုပဲ အျပစ္ေျပာစရာ ရွိတယ္ “ဗိုက္” ပဲ.. ဟုတ္တယ္ လူကသာ မကိတ္တယ္ ဗိုက္ကက် အရစ္အရစ္ေလးနဲ႔ အဆီေလး ထပ္လို႔.. ဒါကလည္း သိပ္မသိသာပါဘူး.. သူမက လည္တယ္ ပန္ကာမေလ

ဗိုက္ကေလး ခ်ပ္ေနေအာင္ ရႈံ႕ၿပီး ေနရတာနဲ႔.. Online က မွာထားတဲ့ ဗိုက္ခ်ပ္အၤက်ီ ဝယ္ဝတ္ထားရတာနဲ႔။

မွတ္မိေသးတယ္…
ခ်စ္သူစျဖစ္တဲ့ ပထမဆုံးေန႔။ မနက္ 9:00 တိတိ Lotteria ဆိုင္မွာ ခ်ိန္းတယ္.. မွာခ်က္ႀကီးက ကြၽတ္ဆင္ေနာ္.. ၾကက္စပ္ 4.တုံး အာလူးေခ်ာင္းေၾကာ္ 2.ပြဲ ေရခဲမုန့္က 2.ခြက္ တဲ့။

ေအး အဲ့ဒါ ကိုယ့္အတြက္ မပါဘူး.. သူမတစ္ေယာက္တည္းစာ မွာတာ.. ကိုယ့္မွာ ၾကက္ေၾကာ္ေလး 1.တုံးေတာင္ မနည္း က်ားကန္စားရတယ္.. သူမၾကည့္ေတာ့ သာသာယာယာပဲ..

Selfie ေလးဆြဲလိုက္ ဖုန္းေလးပြတ္လိုက္.. အၿပဳံးမပ်က္ဘူး ဆြဲတာဆြဲတာ ဆိုတာေလ… ကိုယ့္မွာ Surprise ျဖစ္လား မျဖစ္လား.. ပါးစပ္ေလးဟလို႔ ယင္ေကာင္ ဝင္ဥတာေတာင္ မသိေတာ့တဲ့ အထိ။

12:30 ႐ုပ္ရွင္ ၾကည့္မယ္တဲ့… ေနၾကာေစ့အထုပ္ႀကီး 2.ထုပ္ ငုံးဥျပဳတ္က 4.ထုပ္ ေပါက္ေပါက္ဆုပ္က 2.ဘူး ဆတ္သားေျခာက္က 3.ထုပ္ အခ်ဥ္ေပါင္းက 2.ထုပ္ ခ်ိစ္ေပါင္မုန့္က 3 ခု Ice coffee က သိပ္မႀကိဳက္လို႔ 2.ခြက္ ေရသန့္ဘူးႀကီးက 2.ဘူး Tissue က 3 ထုပ္ လိုရမယ္ရ Shark 2 ဘူးပါ ပါေသး။

ကိုယ့္မွာ ရထားဘူတာ႐ုံ ေအာက္မွာ လိုက္ေရာင္းေနတဲ့ ေဈးသည္ က်ေနတာပဲ.. လက္ထဲ တိုးလို႔တြဲေလာင္း မႏိုင္မနင္းနဲ႔ စားစရာေတြ သယ္ထားရတာေလ။ သူမက ေရွ႕က ေကာ့ပက္ေကာ့ပက္နဲ႔ ဝင္သြားေလရဲ႕…

Toilet နားေရာက္ေတာ့ ခဏတဲ့.. ကိုယ့္မွာ မုန့္ထုပ္ပိုက္ရင္း အျပင္မွာ ေစာင့္ေနတုန္း ဖတ္ဆို ကိုယ့္လက္ထဲက ေနၾကာေစ့ထုပ္ လာျဖဳတ္သြားတယ္ အေဒၚႀကီးတစ္ေယာက္။ ဘာမေျပာ ညာမေျပာနဲ႔ 500 တန္တစ္႐ြက္ လက္ထဲ ထိုးထည့္ေပးသြားေလရဲ႕… ကိုယ့္မွာ ျငင္းခ်ိန္ေတာင္ မရလိုက္ဘူးရယ္။

႐ုံထဲေရာက္ေတာ့ ကိစၥက မၿပီးေသးဘူး.. ေနၾကာစိ အခြံခြာ ခြံ႕ေကြၽးရတာနဲ႔ ဆတ္သားေျခာက္ အႏွီးထိုင္ ႏႊာေနရတာနဲ႔ ေရသန့္ဘူး ဖြင့္တိုက္ရတာနဲ႔ ဇာက္ေၾကာ ဆြဲေပးရတာက ရွိေသး.. ကမ မဆံ့မၿပဲ စားတာကိုး.. တက္ၿပီေပါ့ အေၾကာက…

ကိုယ္လည္း ႏွေျမာတတ္တာနဲ႔ က်န္တဲ့မုန့္ အကုန္ ရွင္းရေတာ့တာေပါ့.. အဲ့သလိုကစ Weight တက္ဖို႔ အေၾကာင္းဖန္ လာခဲ့တာ။ အျပန္ ဝက္သားတုတ္ထိုး ဝင္ဆြဲတယ္.. ေျပာရင္ ယုံမယ္ မထင္ဘူး.. ဗန္းပါေပ်ာက္တယ္.. ဝက္သားသည္ဆို လက္ပါ အေၾကာကပ္ေရာ..

လွီးရလြန္းလို႔ ထိုးစရာတုတ္ မရွိေတာ့လို႔ သြားၾကားထိုးတံနဲ႔ပါ ထိုးေနရၿပီေလ.. ကိုယ္လည္း အစပိုင္းက ရွိန္ေနေသးတယ္.. ဟုတ္တယ္ေလ ခုမွ ခ်စ္သူျဖစ္ကာစ ဆိုေတာ့ ရႈိးတိုးရွန့္တန့္ လုပ္ျပ ေနျပရေသးတာကိုး..

ေနာက္ပိုင္းက် မရေတာ့ဘူး.. သူမဆြဲခ်က္ လန္ထြက္လာတာ.. ၾကာရင္ ကိုယ့္အတြက္ ဝက္ေသြးပါ က်န္မွာမဟုတ္ေတာ့ဘူး အဲ့ေတာ့ လုလုၿပီးေတာ့ကို ဆြဲတာ သူမနဲ႔ လုကတာ ေပ်ာ္သလိုေတာင္ ျဖစ္ေသး.. Bills ရွင္းမွသာ မ်က္ျဖဴ ကိုဆိုက္ေရာ

စုစုေပါင္း 2 ေသာင္း ခြဲေက်ာ္ က်တာေလ။ ႏွစ္ေယာက္သား ဗိုက္ေတြတင္း လမ္းမေလွ်ာက္ႏိုင္ေတာ့လို႔ တစ္ေယာက္ပုခုံး တစ္ေယာက္ဖက္ရင္း ကားဂိတ္က ထိုင္ခုံေလးမွာ ထိုင္ေနရတဲ့အထိ Skills ၾကမ္းခဲ့တာ။

လြမ္းလို႔ ေတြ႕ခ်င္တယ္ တစ္ခါမွ မရွိဘူးရယ္.. တစ္ခုခုစားဖို႔ ေတြ႕ခ်င္တယ္ ဆိုတာခ်ည္း။ ခ်စ္သူျဖစ္တာ 1.လျပည့္ အထိမ္းအမွတ္ ေ႐ႊေကာင္းေဟာ့ေပါ့မွာ Date ၾကတယ္… အဖြားဆုံးတာ ဝမ္းနည္းလို႔ 19.လမ္းမွာ တစ္ၿဖဲႏွစ္ၿဖဲ သြားစားတယ္…

လစာထုတ္ရက္ ကမ္းနားညေဈးမွာ ဂဏာန္းမဆလာ စားတယ္… သူမေမြးေန႔တဲ့ ေ႐ႊေတာင္တန္းက Oishi ဆူရွီဆိုင္ ဒိုးတယ္… ထီ 5.ေသာင္းဆု ေပါက္လို႔ မိုးေကာင္းမွာ ငါးကင္ သြားဝိုက္တယ္… အိမ္ကေၾကာင္မေလး သားေပါက္တယ္ BBQ မွာ အကင္သြားစားၾကျပန္ေရာ…

စိတ္ေကာက္လို႔ ျပန္ေခ်ာ့ရမယ္ တဲ့.. မင္းလမ္းက ရခိုင္မုန့္တီ နဲ႔ ပင္လယ္စာဆိုင္မွာ… Holiday ေရာက္တိုင္း တ႐ုတ္တန္းမွာ တဝဲလည္လည္… စိတ္ညစ္တာလည္း မရဘူး.. အနိမ့္ဆုံး Ykko ေၾကးအိုးဆိုင္ပဲ…

အလကားေန ပြဲရွာေနေတာ့တာ စားဖို႔ေသာက္ဖို႔ အတြက္ အကြက္ ရွာေနေတာ့တာ ေတြ႕ၿပီဆိုတာနဲ႔ လစ္ၿပီပဲ ရန္ျဖစ္ဖို႔ အခ်ိန္မရဘူး.. ဘယ္ဆိုင္ အသစ္ဖြင့္လည္း ရွာေနရလို႔။

Valentine’s day လား? လုပ္မေနနဲ႔ ေ႐ႊလာမွာ လာဖမ္း က်ိန္းေသ မိလိမ့္မယ္ ဘယ္မွ မေျပးဘူးရယ္။ စိတ္ခ် ဒီလိုအတြဲမ်ဴ ိး ေသေတာင္ မျပတ္ဘူး..ကုပ္နဲ႔ေကာ္ထုတ္ေတာင္ ထြက္မသြားဘူး.. Anni ေတြအထပ္ထပ္ စားေဖာ္ေသာက္ဖက္ အျဖစ္ ရွိေနေပးရဦးမွာကိုး။

Credit : .loveshortnotes

 

Unicode ဖြင့်ဖတ်ရန်

 

ဒီလိုစုံတွဲမျိုး သေတောင်မပြတ်ဘူး..

 

ကျနော် ရည်းစားမရခင် အထိ တကယ်ကို ပိန်ပိန်သေးသေးလေးရယ်… G-fatt သွားတိုက်နေတဲ့ ပုံကမှ
ကိုယ့်ထက် တောင့်ဦးမယ် ကိတ်ဦးမယ်ဆို။ အဲ့ဒါ သူမနဲ့ မတွဲခင် အချိန်ထိပဲ ဆိုပါတော့…

ချစ်သူသက်တမ်း 1 နှစ်လောက်နဲ့ J-fire ဘော်ဒီမျိူး ပိုင်ဆိုင်ခွင့် ရလာခဲ့တယ်လေ.. နည်းတဲ့ ကုသိုလ်ကံလားလို့။ အဓိကကတော့ သူမကြောင့်ပေါ့ဗျာ.. Body Weight မတက်ပဲ နေပါ့မလား.. ဘယ့်နှယ့်ဗျာ အားနေ စားမယ် ဆိုတာချည်း…

ရန်ကုန်မြို့မှာ သူမ မစားဖူးတဲ့ဆိုင် အစားအစာ မရှိသလောက်ပဲလေ… သူမက အစားချည်း တစ်လိုင်းပဲကိုး .. ဘာဘီရုပ်လေးလိုလို အမွှေစိန် ရုပ်လေးလိုလို ချစ်စရာ ကောင်းနေတာတော့ ငြင်းမရပါဘူး..

အလွန်ဆုံးရှိလှ ပေါင်က 100. ပေါ့.. ကိတ်တဲ့နေရာဆိုလို့ လိုက်ရှာကြည့်တယ်.. ခြေသလုံး နှစ်ဖက်ပဲ တွေ့ရတယ်.. ပြောရရင် ခင်ဝင့်ဝါ မျက်နှာနဲ့ ပွင့် ခြေသလုံးမျူ ိး။ သူမမှာ ထူးခြားချက်တွေ အတော်တော့ များတယ်

ဘယ်လောက်စားစား ခွေးပစ်တဲ့တုတ်ပဲ Gym ပင်ပင်ပန်းပန်း ဆော့စရာ မလိုဘူး.. လက်မောင်းလေး တွေဆို သွယ်သွယ် လျလျလေး ( ခြေသလုံးကတော့ ခြွင်းချက်ပေါ့နော် )

လည်တံလေးတွေများ စင်းနေတာပဲရယ်.. လက်ချောင်း ခြေချောင်းလေးတွေက ကော့ပျံပြီး ရှည်ရှည်လေးနဲ့သွယ်သွယ်လေး.. သွားတက်လေးနဲ့ ရယ်လိုက်ရင် အသဲယားစရာ ( နောက်မှသိတယ် ဘီလူးလိုစားတာကိုး )

တစ်ခုပဲ အပြစ်ပြောစရာ ရှိတယ် “ဗိုက်” ပဲ.. ဟုတ်တယ် လူကသာ မကိတ်တယ် ဗိုက်ကကျ အရစ်အရစ်လေးနဲ့ အဆီလေး ထပ်လို့.. ဒါကလည်း သိပ်မသိသာပါဘူး.. သူမက လည်တယ် ပန်ကာမလေ

ဗိုက်ကလေး ချပ်နေအောင် ရှုံ့ပြီး နေရတာနဲ့.. Online က မှာထားတဲ့ ဗိုက်ချပ်င်္အကျီ ဝယ်ဝတ်ထားရတာနဲ့။

မှတ်မိသေးတယ်…
ချစ်သူစဖြစ်တဲ့ ပထမဆုံးနေ့။ မနက် 9:00 တိတိ Lotteria ဆိုင်မှာ ချိန်းတယ်.. မှာချက်ကြီးက ကျွတ်ဆင်နော်.. ကြက်စပ် 4.တုံး အာလူးချောင်းကြော် 2.ပွဲ ရေခဲမုန့်က 2.ခွက် တဲ့။

အေး အဲ့ဒါ ကိုယ့်အတွက် မပါဘူး.. သူမတစ်ယောက်တည်းစာ မှာတာ.. ကိုယ့်မှာ ကြက်ကြော်လေး 1.တုံးတောင် မနည်း ကျားကန်စားရတယ်.. သူမကြည့်တော့ သာသာယာယာပဲ..

Selfie လေးဆွဲလိုက် ဖုန်းလေးပွတ်လိုက်.. အပြုံးမပျက်ဘူး ဆွဲတာဆွဲတာ ဆိုတာလေ… ကိုယ့်မှာ Surprise ဖြစ်လား မဖြစ်လား.. ပါးစပ်လေးဟလို့ ယင်ကောင် ဝင်ဥတာတောင် မသိတော့တဲ့ အထိ။

12:30 ရုပ်ရှင် ကြည့်မယ်တဲ့… နေကြာစေ့အထုပ်ကြီး 2.ထုပ် ငုံးဥပြုတ်က 4.ထုပ် ပေါက်ပေါက်ဆုပ်က 2.ဘူး ဆတ်သားခြောက်က 3.ထုပ် အချဉ်ပေါင်းက 2.ထုပ် ချိစ်ပေါင်မုန့်က 3 ခု Ice coffee က သိပ်မကြိုက်လို့ 2.ခွက် ရေသန့်ဘူးကြီးက 2.ဘူး Tissue က 3 ထုပ် လိုရမယ်ရ Shark 2 ဘူးပါ ပါသေး။

ကိုယ့်မှာ ရထားဘူတာရုံ အောက်မှာ လိုက်ရောင်းနေတဲ့ ဈေးသည် ကျနေတာပဲ.. လက်ထဲ တိုးလို့တွဲလောင်း မနိုင်မနင်းနဲ့ စားစရာတွေ သယ်ထားရတာလေ။ သူမက ရှေ့က ကော့ပက်ကော့ပက်နဲ့ ဝင်သွားလေရဲ့…

Toilet နားရောက်တော့ ခဏတဲ့.. ကိုယ့်မှာ မုန့်ထုပ်ပိုက်ရင်း အပြင်မှာ စောင့်နေတုန်း ဖတ်ဆို ကိုယ့်လက်ထဲက နေကြာစေ့ထုပ် လာဖြုတ်သွားတယ် အဒေါ်ကြီးတစ်ယောက်။ ဘာမပြော ညာမပြောနဲ့ 500 တန်တစ်ရွက် လက်ထဲ ထိုးထည့်ပေးသွားလေရဲ့… ကိုယ့်မှာ ငြင်းချိန်တောင် မရလိုက်ဘူးရယ်။

ရုံထဲရောက်တော့ ကိစ္စက မပြီးသေးဘူး.. နေကြာစိ အခွံခွာ ခွံ့ကျွေးရတာနဲ့ ဆတ်သားခြောက် အနှီးထိုင် နွှာနေရတာနဲ့ ရေသန့်ဘူး ဖွင့်တိုက်ရတာနဲ့ ဇာက်ကြော ဆွဲပေးရတာက ရှိသေး.. ကမ မဆံ့မပြဲ စားတာကိုး.. တက်ပြီပေါ့ အကြောက…

ကိုယ်လည်း နှမြောတတ်တာနဲ့ ကျန်တဲ့မုန့် အကုန် ရှင်းရတော့တာပေါ့.. အဲ့သလိုကစ Weight တက်ဖို့ အကြောင်းဖန် လာခဲ့တာ။ အပြန် ဝက်သားတုတ်ထိုး ဝင်ဆွဲတယ်.. ပြောရင် ယုံမယ် မထင်ဘူး.. ဗန်းပါပျောက်တယ်.. ဝက်သားသည်ဆို လက်ပါ အကြောကပ်ရော..

လှီးရလွန်းလို့ ထိုးစရာတုတ် မရှိတော့လို့ သွားကြားထိုးတံနဲ့ပါ ထိုးနေရပြီလေ.. ကိုယ်လည်း အစပိုင်းက ရှိန်နေသေးတယ်.. ဟုတ်တယ်လေ ခုမှ ချစ်သူဖြစ်ကာစ ဆိုတော့ ရှိုးတိုးရှန့်တန့် လုပ်ပြ နေပြရသေးတာကိုး..

နောက်ပိုင်းကျ မရတော့ဘူး.. သူမဆွဲချက် လန်ထွက်လာတာ.. ကြာရင် ကိုယ့်အတွက် ဝက်သွေးပါ ကျန်မှာမဟုတ်တော့ဘူး အဲ့တော့ လုလုပြီးတော့ကို ဆွဲတာ သူမနဲ့ လုကတာ ပျော်သလိုတောင် ဖြစ်သေး.. Bills ရှင်းမှသာ မျက်ဖြူ ကိုဆိုက်ရော

စုစုပေါင်း 2 သောင်း ခွဲကျော် ကျတာလေ။ နှစ်ယောက်သား ဗိုက်တွေတင်း လမ်းမလျှောက်နိုင်တော့လို့ တစ်ယောက်ပုခုံး တစ်ယောက်ဖက်ရင်း ကားဂိတ်က ထိုင်ခုံလေးမှာ ထိုင်နေရတဲ့အထိ Skills ကြမ်းခဲ့တာ။

လွမ်းလို့ တွေ့ချင်တယ် တစ်ခါမှ မရှိဘူးရယ်.. တစ်ခုခုစားဖို့ တွေ့ချင်တယ် ဆိုတာချည်း။ ချစ်သူဖြစ်တာ 1.လပြည့် အထိမ်းအမှတ် ရွှေကောင်းဟော့ပေါ့မှာ Date ကြတယ်… အဖွားဆုံးတာ ဝမ်းနည်းလို့ 19.လမ်းမှာ တစ်ဖြဲနှစ်ဖြဲ သွားစားတယ်…

လစာထုတ်ရက် ကမ်းနားညဈေးမှာ ဂဏာန်းမဆလာ စားတယ်… သူမမွေးနေ့တဲ့ ရွှေတောင်တန်းက Oishi ဆူရှီဆိုင် ဒိုးတယ်… ထီ 5.သောင်းဆု ပေါက်လို့ မိုးကောင်းမှာ ငါးကင် သွားဝိုက်တယ်… အိမ်ကကြောင်မလေး သားပေါက်တယ် BBQ မှာ အကင်သွားစားကြပြန်ရော…

စိတ်ကောက်လို့ ပြန်ချော့ရမယ် တဲ့.. မင်းလမ်းက ရခိုင်မုန့်တီ နဲ့ ပင်လယ်စာဆိုင်မှာ… Holiday ရောက်တိုင်း တရုတ်တန်းမှာ တဝဲလည်လည်… စိတ်ညစ်တာလည်း မရဘူး.. အနိမ့်ဆုံး Ykko ကြေးအိုးဆိုင်ပဲ…

အလကားနေ ပွဲရှာနေတော့တာ စားဖို့သောက်ဖို့ အတွက် အကွက် ရှာနေတော့တာ တွေ့ပြီဆိုတာနဲ့ လစ်ပြီပဲ ရန်ဖြစ်ဖို့ အချိန်မရဘူး.. ဘယ်ဆိုင် အသစ်ဖွင့်လည်း ရှာနေရလို့။

Valentine’s day လား? လုပ်မနေနဲ့ ရွှေလာမှာ လာဖမ်း ကျိန်းသေ မိလိမ့်မယ် ဘယ်မှ မပြေးဘူးရယ်။ စိတ်ချ ဒီလိုအတွဲမျူ ိး သေတောင် မပြတ်ဘူး..ကုပ်နဲ့ကော်ထုတ်တောင် ထွက်မသွားဘူး.. Anni တွေအထပ်ထပ် စားဖော်သောက်ဖက် အဖြစ် ရှိနေပေးရဦးမှာကိုး။

 

Credit : .loveshortnotes