Zawgyi ျဖင့္ဖတ္ရန္

💓💓💓
ယေန႔ ေခတ္လိုမ်ိဳး လူတိုင္းလူတိုင္း အလုပ္မ်ားေနတဲ့ ေခတ္ႀကီးမွာ စုံတြဲတိုင္းဟာ တစ္ေနရာတည္း၊ တစ္ၿမိဳ႕တည္း၊ တစ္ႏိုင္ငံတည္းမွာ အတူရွိေနဖို႔ ဆိုတာ သိပ္ပီးေတာ့ မလြယ္ကူ လွပါဘူး။လူသားတိုင္းဟာ ကိုယ့္ဘဝ၊ ကိုယ့္ မိသားစု တိုးတက္ရာ တိုးတက္ေၾကာင္း အတြက္ နည္းမ်ိဳးစုံနဲ႔ ႀကိဳးစား ေနၾကတာ မဟုတ္ပါလား။ဒါေၾကာင့္ အတူအကြ မရွိႏိုင္တဲ့ စုံတြဲ ေတြအတြက္ အေနေဝးေပမယ့္လည္း ေသြးမေအးဘဲ အၿမဲေႏြးေထြး ေစဖို႔ ဘယ္လို အႀကံဉာဏ္ေတြက အေထာက္အကူ ျပဳႏိုင္မလဲ ဆိုတာ ၾကည့္လိုက္ၾကရေအာင္လား။

1) အခ်ိန္မွန္ ဆက္သြယ္ ပါ

တစ္ေန႔ကို အနည္းဆုံးေတာ့ မနက္တစ္ခါ ညတစ္ခါ ေလာက္ေတာ့ အခ်ိန္မွန္မွန္ ဆက္သြယ္ေပးပါ။ စကား အမ်ားႀကီး ေျပာစရာ မလိုရင္ေတာင္မွ မနက္ခင္း ဆိုရင္ “Morning” ၊ “အိပ္ယာႏိုးၿပီလား“ ၊ ညဘက္ဆိုရင္လည္း “Good Night” ၊ “ အိပ္ေတာ့မယ္ “ အစရွိသည့္ျဖင့္ စာတိုေလး ေတြ ပို႔တာမ်ိဳး၊ ဖုန္းခဏေလး ဆက္ၿပီး ေျပာေပးတာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။

2) အျပန္အလွန္ ေလးစားၿပီး ၾကင္ၾကင္နာနာ ရွိပါေစ

တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္ေလာက္ပဲ ရင္းႏွီးတယ္ ဆိုေပမယ့္ အခ်င္းခ်င္းေျပာဆို ဆက္ဆံရာမွာေတာ့ အျပန္အလွန္ ေလးစားမႈ ရွိရမွာ ျဖစ္သလို ၾကင္ၾကင္နာနာ ေျပာဆိုေပးဖို႔လည္း လိုအပ္ပါတယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကင္နာတဲ့ အေခၚအေဝၚေလးေတြ ေခၚတာမ်ိဳး၊ အျပဳအမူေလးေတြ လုပ္ေပးတာမ်ိဳး၊ စိတ္တိုတဲ့ အခ်ိန္မွာေတာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ ထိခိုက္ေစမယ့္ ႐ိုင္းျပတဲ့ စကား အသုံးအႏႈန္းေတြ ေရွာင္ရွားၿပီး ေလးစားသမႈနဲ႔ ေျပာဆို ဆက္ဆံၾကမယ္ဆိုရင္ေတာ့ အေကာင္းဆုံး လက္တြဲေဖာ္ေတြ ျဖစ္လာမွာ မလြဲဧကန္ပါပဲ။

3) ယုံၾကည္မႈ ရွိပါေစ

တစ္ေနရာတည္းမွာ ႏွစ္ေယာက္အတူ မရွိႏိုင္တဲ့ အေျခအေန ျဖစ္တဲ့အတြက္ သူေရာ ကိုယ္ေရာ ဘာလုပ္ေနတယ္ဆိုတာ အျပန္အလွန္ မျမင္ရတာမို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ယုံၾကည္မႈေလးေတာ့ ထားသင့္ပါတယ္။

ကိုယ္ဘာလုပ္ေနတယ္၊ ဘယ္သြားတယ္၊ ဘယ္သူနဲ႔ ေတြ႕ေနတယ္ ဆိုတာေတြကို ကိုယ့္ဘက္က အမွန္အတိုင္း ေျပာျပရမွာ ျဖစ္သလို သူဘာလုပ္ေနတယ္၊ ဘယ္သူနဲ႔ေတြ႕တယ္၊ ဘယ္သြား တယ္ စတာေတြကို ေျပာလာခဲ့ရင္လည္း ကိုယ့္စိတ္ရင္းနဲ႔ ယုံၾကည္ေပးပါ။

ခြၽင္းခ်က္ အေနနဲ႔ကေတာ့ ယုံၾကည္မႈကို အလြဲသုံးစား မလုပ္မိဖို႔ေတာ့ လိုအပ္ပါတယ္ေနာ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ယုံၾကည္မႈ တည္ေဆာက္ထားႏိုင္မွသာ ဘယ္လို အခက္အခဲေတြကို ျဖစ္ျဖစ္ အတူတကြ ေက်ာ္လႊားႏိုင္မွာ အေသအခ်ာပါပဲ။

4) အဆင္ေျပခ်ိန္ Video Call နဲ႔ ေျပာပါ

အေနေဝးေနတဲ့ စုံတြဲေတြ ျဖစ္တဲ့အတြက္ တခါတရံမွာ မ်က္ႏွာေလးၾကည့္ၿပီး စကားေျပာခ်င္ၾကမွာ အမွန္ပါပဲ။ အသံနဲ႔ ေျပာေနရတာ ထက္စာရင္ မ်က္ႏွာၾကည့္ၿပီး ေျပာရတာ ပိုၿပီး ျပည့္စုံတယ္ လို႔ ခံစားရတယ္ မဟုတ္ပါလား။

ဒါေၾကာင့္မို႔ သူေကာ ကိုယ္ေရာ အဆင္ေျပတဲ့ အခ်ိန္ေလး ရခဲ့ရင္ေတာ့ Video Call ေလးေခၚၿပီး စကားေျပာမယ္၊ အျပန္အလွန္ ၾကင္နာမႈေလးေတြ ျပသမယ္ ဆိုရင္လည္း ေႏြးေထြးမႈ ပိုလာေစမယ့္ အခ်က္တစ္ခ်က္ ျဖစ္ႏိုင္ပါတယ္။

5) အမွတ္တရ ရက္ေလးေတြကို မွတ္ထားပါ

သူနဲ႔ ကိုယ္နဲ႔အတြက္ အမွတ္ရစရာေတြ ျဖစ္ခဲ့တဲ့ အမွတ္တရ ရက္စြဲေတြကိုလည္း မွတ္ထားသင့္ပါတယ္။ အမွတ္တရ ရက္စြဲေတြ ဆိုတဲ့ ေနရာမွာ ကိုယ့္ကိုစၿပီး ခ်စ္ခြင့္ပန္တဲ့ေန႔၊ အေျဖေပးလို႔ ခ်စ္သူ စျဖစ္တဲ့ေန႔၊ မဂၤလာ ႏွစ္ပတ္လည္ေန႔၊ ေမြးေန႔ေတြ အစရွိသည္ျဖင့္ အမွတ္ တရေန႔ေတြ အကုန္ အက်ဳံးဝင္ပါတယ္ေနာ္။

အမွတ္တရ ရက္စြဲေတြကို မွတ္မိေနတဲ့အတြက္ ႏွစ္စဥ္ႏွစ္တိုင္း အဲဒီေန႔ေတြ တစ္ပတ္ ျပန္လည္လာတဲ့အခါမွာ ကိုယ့္ရဲ႕ ေပ်ာ္႐ႊင္ၾကည္ႏူးခဲ့ရတဲ့ အခ်ိန္ေလးေတြလည္း အသစ္ျပန္ ျဖစ္လာသလို ခံစားရၿပီး၊ အျပန္အလွန္ အမွတ္ရစရာေတြ ျပန္ေျပာရင္းနဲ႔ သူနဲ႔ကိုယ္ ေႏြးေထြးမႈ ရရွိေစမွာပဲ ျဖစ္ပါတယ္။

6) အံ့အားသင့္ေစတဲ့ အရာေတြ ဖန္တီးေပးပါ

တခါတရံမွာ ေမွ်ာ္လင့္မထားပဲနဲ႔ အံ့အားသင့္စရာ အျပဳအမူေတြ၊ လက္ေဆာင္ေတြ ေပးတာမ်ိဳးကလည္း စုံတြဲေတြအတြက္ ရင္ခုန္ စိတ္လႈပ္ရွားစရာ ျဖစ္ေစပါတယ္။

သူလိုခ်င္တဲ့ ပစၥည္းေလးေတြကို မွတ္ထားၿပီး သူ မေမွ်ာ္လင့္ထားတဲ့ အခ်ိန္မွာ ဝယ္ေပးတာမ်ိဳး၊ အမွတ္ တရေန႔ေတြမွာ ေမွ်ာ္လင့္မထားတဲ့ ပြဲေလး လုပ္ေပးတာမ်ိဳး၊ စတာေတြကို လုပ္ေပးသင့္ပါတယ္။

ဒါမ်ိဳး လုပ္ေပးတာ ကေလးဆန္တယ္ လို႔ ထင္ရေပမယ့္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္ အေနေဝးေနခ်ိန္ ေတြအတြက္ ပိုၿပီး ေႏြးေထြးလာေစမွာေတာ့ အမွန္ပါဘဲ။

7) Social Media သုံးတဲ့အခါ ပြင့္လင္းျမင္သာမႈ ရွိပါေစ

ဒီေန႔ ေခတ္လိုမ်ိဳး လူတိုင္း Social media သုံးေနတဲ့ အခ်ိန္မွာ ဘယ္သူမွေတာ့ Social media နဲ႔ မလြတ္ကင္းႏိုင္ပါဘူး။ ဒါေၾကာင့္မို႔ Social media ေတြ အသုံးျပဳတဲ့ အခါမွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္လင္းျမင္သာ ရွိမႈက ပိုလို႔အေရးႀကီး လာပါတယ္။ သူ႔အေကာင့္ ကိုယ့္အေကာင့္ password ေတြ ေပးရမယ္လို႔ေတာ့ မဆိုလိုပါဘူး။

သူ႔ ကိုယ္ေရးကိုယ္တာ၊ ကိုယ့္ ကိုယ္ေရးကိုယ္တာ အျပန္အလွန္ ေလးစားၿပီး၊ တစ္ေယာက္နဲ႔ တစ္ေယာက္ သိကၡာက်စရာ၊ မယုံၾကည္စရာ အျပဳအမူေတြ ေရွာင္ရွားၿပီး Social Media ကို အသုံးျပဳမယ္ ဆိုရင္ေတာ့ အေကာင္းဆုံးပါပဲ။

8) ကိုယ္ပိုင္ အခ်ိန္လည္း ရွိပါေစ

ဘယ္ေလာက္ပဲ အလုပ္မ်ားတဲ့သူ ျဖစ္ပါေစ။ လူတိုင္းမွာ ကိုယ့္အတြက္ ကိုယ္ပိုင္အခ်ိန္ လိုအပ္တာေတာ့ ဓမၼတာပါပဲ။ တစ္ေယာက္နဲ႔ တစ္ေယာက္ အေနေဝး ေနေပမယ့္လည္း သူသူကိုယ္ကိုယ္ ဝါသနာ အေလ်ာက္ ကိုယ္ပိုင္ အခ်ိန္ေလးေတြမွာ လုပ္ခ်င္တာေတြ ရွိၾကမွာ အမွန္ပါပဲ။

ဒါေၾကာင့္မို႔ ကိုယ္ပိုင္ အခ်ိန္ေလးေတြမွာ အျပန္အလွန္ မေႏွာင့္ယွက္ပဲ အခ်ိန္ေပးၿပီး ေနသြားဖို႔လည္း လိုအပ္ပါတယ္။

 

9) တစ္ေယာက္ အခ်ိန္ဇယား တစ္ေယာက္ အျပန္အလွန္သိပါ

အေနေဝးတဲ့ စုံတြဲေတြအတြက္ တစ္ေယာက္နဲ႔ တစ္ေယာက္ ဆက္သြယ္ရာမွာ တစ္ေယာက္ အခ်ိန္ဇယားကို တစ္ေယာက္ သိထားျခင္း ဟာလည္း မရွိမျဖစ္ လိုအပ္ပါတယ္။ ဒါမွသာ သူေရာ ကိုယ္ေရာ အလုပ္ရႈပ္တဲ့အခ်ိန္ေတြကို ေရွာင္ရွားႏိုင္ၿပီး အားလပ္ခ်ိန္ေတြကို ဆက္သြယ္ႏိုင္မွာ ျဖစ္ပါတယ္။

တကယ္လို႔ အေရးတႀကီး ဆက္သြယ္ဖို႔ လိုအပ္ခဲ့ရင္ေတာင္မွ အလုပ္မ်ားတဲ့ အခ်ိန္ေတြကို သိထားတာ ျဖစ္တဲ့အတြက္ အျပန္အလွန္ အေႏွာင့္အယွက္ မျဖစ္ေစႏိုင္ဘဲ ဆက္သြယ္ ေျပာဆိုႏိုင္မွာ ျဖစ္ပါတယ္။

10) ႏွစ္ဘက္ မိသားစုအေပၚ ေလးစားၿပီး အျပန္အလွန္ ကူညီပါ

သူနဲ႔ကိုယ္နဲ႔ အတူတူ မရွိတာျဖစ္လို႔ စကားေျပာျဖစ္တဲ့ အခ်ိန္ေလးေတြမွာလည္း သူ႔မိသားစု အေၾကာင္း၊ ကိုယ့္ မိသားစုအေၾကာင္း လက္ရွိ ျဖစ္ေပၚေနတဲ့ အေၾကာင္းအရာေတြကို အျပန္အလွန္ ေဝမွ်ၿပီး သူ႔မိသားစု၊ ကိုယ့္မိသားစုကို ေလးစားမႈ ရွိသင့္ပါတယ္။

ဒါမွသာ ႏွစ္ဖက္ မိသားစုနဲ႔ ပတ္သက္ၿပီး သိရွိႏိုင္မွာ ျဖစ္သလို အကူအညီ လိုအပ္လာရင္လည္း အျပန္အလွန္ကူညီၿပီး မိသားစုနဲ႔ပါ ေႏြးေထြးမႈကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။

11) အခ်ိန္ရရင္ အတူတူ ခရီးသြားပါ

အတူတူ ရွိေနခ်ိန္ နည္းပါးတဲ့ စုံတြဲေတြ အတြက္ကေတာ့ ခရီးသြားဖို႔ ဆိုတာ တကယ္ကို မလြယ္လွပါဘူး။ ဒါေပမယ့္လည္း ရတဲ့ အခ်ိန္ေလး အတြင္းမွာ အတူတကြ ခရီးသြားႏိုင္မယ္ ဆိုရင္ေတာ့ အေကာင္းဆုံးပါပဲ။

လက္ထပ္ၿပီးတဲ့ စုံတြဲေတြ အဖို႔ေတာ့ ဟန္းနီးမြန္း ေနာက္တစ္ႀကိမ္ ျပန္ထြက္သလိုမ်ိဳး ခံစားရၿပီး ၾကင္နာမႈေလးေတြ ျပသႏိုင္မွာ ျဖစ္သလို ခ်စ္သူစုံတြဲေတြ အတြက္ကေတာ့ ရင္းႏွီးမႈေတြ ပိုတိုးလာၿပီး ေႏြးေထြးမႈ ရရွိေစမွာ အေသအခ်ာပါပဲ။

credit :loveshortnotes

 

Unicode ဖြင့်ဖတ်ရန်

 

အနေဝေးနေတဲ့ RS တွေ နွေးထွေးစေဖို့ လုပ်သင့်တဲ့ အချက် (11) ချက်

 

💓💓💓
ယနေ့ ခေတ်လိုမျိုး လူတိုင်းလူတိုင်း အလုပ်များနေတဲ့ ခေတ်ကြီးမှာ စုံတွဲတိုင်းဟာ တစ်နေရာတည်း၊ တစ်မြို့တည်း၊ တစ်နိုင်ငံတည်းမှာ အတူရှိနေဖို့ ဆိုတာ သိပ်ပီးတော့ မလွယ်ကူ လှပါဘူး။

လူသားတိုင်းဟာ ကိုယ့်ဘဝ၊ ကိုယ့်မိသားစု တိုးတက်ရာ တိုးတက်ကြောင်း အတွက် နည်းမျိုးစုံနဲ့ ကြိုးစား နေကြတာ မဟုတ်ပါလား။

ဒါကြောင့် အတူအကွ မရှိနိုင်တဲ့ စုံတွဲတွေအတွက် အနေဝေးပေမယ့်လည်း သွေးမအေးဘဲ အမြဲနွေးထွေး စေဖို့ ဘယ်လို အကြံဉာဏ်တွေက အထောက်အကူ ပြုနိုင်မလဲ ဆိုတာ ကြည့်လိုက်ကြရအောင်လား။

1) အချိန်မှန် ဆက်သွယ်ပါ

တစ်နေ့ကို အနည်းဆုံးတော့ မနက်တစ်ခါ ညတစ်ခါ လောက်တော့ အချိန်မှန်မှန် ဆက်သွယ်ပေးပါ။ စကား အများကြီး ပြောစရာ မလိုရင်တောင်မှ မနက်ခင်း ဆိုရင် “Morning” ၊ “အိပ်ယာနိုးပြီလား“ ၊ ညဘက်ဆိုရင်လည်း “Good Night” ၊ “ အိပ်တော့မယ် “ အစရှိသည့်ဖြင့် စာတိုလေး တွေ ပို့တာမျိုး၊ ဖုန်းခဏလေး ဆက်ပြီး ပြောပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

2) အပြန်အလှန် လေးစားပြီး ကြင်ကြင်နာနာ ရှိပါစေ

တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ပဲ ရင်းနှီးတယ် ဆိုပေမယ့် အချင်းချင်းပြောဆို ဆက်ဆံရာမှာတော့ အပြန်အလှန် လေးစားမှု ရှိရမှာ ဖြစ်သလို ကြင်ကြင်နာနာ ပြောဆိုပေးဖို့လည်း လိုအပ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ကြင်နာတဲ့ အခေါ်အဝေါ်လေးတွေ ခေါ်တာမျိုး၊ အပြုအမူလေးတွေ လုပ်ပေးတာမျိုး၊ စိတ်တိုတဲ့ အချိန်မှာတောင် တစ်ယောက်နဲ့ တစ်ယောက် ထိခိုက်စေမယ့် ရိုင်းပြတဲ့ စကား အသုံးအနှုန်းတွေ ရှောင်ရှားပြီး လေးစားသမှုနဲ့ ပြောဆို ဆက်ဆံကြမယ်ဆိုရင်တော့ အကောင်းဆုံး လက်တွဲဖော်တွေ ဖြစ်လာမှာ မလွဲဧကန်ပါပဲ။

3) ယုံကြည်မှု ရှိပါစေ

တစ်နေရာတည်းမှာ နှစ်ယောက်အတူ မရှိနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အတွက် သူရော ကိုယ်ရော ဘာလုပ်နေတယ်ဆိုတာ အပြန်အလှန် မမြင်ရတာမို့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုလေးတော့ ထားသင့်ပါတယ်။

ကိုယ်ဘာလုပ်နေတယ်၊ ဘယ်သွားတယ်၊ ဘယ်သူနဲ့ တွေ့နေတယ် ဆိုတာတွေကို ကိုယ့်ဘက်က အမှန်အတိုင်း ပြောပြရမှာ ဖြစ်သလို သူဘာလုပ်နေတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘယ်သွား တယ် စတာတွေကို ပြောလာခဲ့ရင်လည်း ကိုယ့်စိတ်ရင်းနဲ့ ယုံကြည်ပေးပါ။

ချွင်းချက် အနေနဲ့ကတော့ ယုံကြည်မှုကို အလွဲသုံးစား မလုပ်မိဖို့တော့ လိုအပ်ပါတယ်နော်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ထားနိုင်မှသာ ဘယ်လို အခက်အခဲတွေကို ဖြစ်ဖြစ် အတူတကွ ကျော်လွှားနိုင်မှာ အသေအချာပါပဲ။

4) အဆင်ပြေချိန် Video Call နဲ့ ပြောပါ

အနေဝေးနေတဲ့ စုံတွဲတွေ ဖြစ်တဲ့အတွက် တခါတရံမှာ မျက်နှာလေးကြည့်ပြီး စကားပြောချင်ကြမှာ အမှန်ပါပဲ။ အသံနဲ့ ပြောနေရတာ ထက်စာရင် မျက်နှာကြည့်ပြီး ပြောရတာ ပိုပြီး ပြည့်စုံတယ် လို့ ခံစားရတယ် မဟုတ်ပါလား။

ဒါကြောင့်မို့ သူကော ကိုယ်ရော အဆင်ပြေတဲ့ အချိန်လေး ရခဲ့ရင်တော့ Video Call လေးခေါ်ပြီး စကားပြောမယ်၊ အပြန်အလှန် ကြင်နာမှုလေးတွေ ပြသမယ် ဆိုရင်လည်း နွေးထွေးမှု ပိုလာစေမယ့် အချက်တစ်ချက် ဖြစ်နိုင်ပါတယ်။

5) အမှတ်တရ ရက်လေးတွေကို မှတ်ထားပါ

သူနဲ့ ကိုယ်နဲ့အတွက် အမှတ်ရစရာတွေ ဖြစ်ခဲ့တဲ့ အမှတ်တရ ရက်စွဲတွေကိုလည်း မှတ်ထားသင့်ပါတယ်။ အမှတ်တရ ရက်စွဲတွေ ဆိုတဲ့ နေရာမှာ ကိုယ့်ကိုစပြီး ချစ်ခွင့်ပန်တဲ့နေ့၊ အဖြေပေးလို့ ချစ်သူ စဖြစ်တဲ့နေ့၊ မင်္ဂလာ နှစ်ပတ်လည်နေ့၊ မွေးနေ့တွေ အစရှိသည်ဖြင့် အမှတ် တရနေ့တွေ အကုန် အကျုံးဝင်ပါတယ်နော်။

အမှတ်တရ ရက်စွဲတွေကို မှတ်မိနေတဲ့အတွက် နှစ်စဉ်နှစ်တိုင်း အဲဒီနေ့တွေ တစ်ပတ် ပြန်လည်လာတဲ့အခါမှာ ကိုယ့်ရဲ့ ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အချိန်လေးတွေလည်း အသစ်ပြန် ဖြစ်လာသလို ခံစားရပြီး၊ အပြန်အလှန် အမှတ်ရစရာတွေ ပြန်ပြောရင်းနဲ့ သူနဲ့ကိုယ် နွေးထွေးမှု ရရှိစေမှာပဲ ဖြစ်ပါတယ်။

6) အံ့အားသင့်စေတဲ့ အရာတွေ ဖန်တီးပေးပါ

တခါတရံမှာ မျှော်လင့်မထားပဲနဲ့ အံ့အားသင့်စရာ အပြုအမူတွေ၊ လက်ဆောင်တွေ ပေးတာမျိုးကလည်း စုံတွဲတွေအတွက် ရင်ခုန် စိတ်လှုပ်ရှားစရာ ဖြစ်စေပါတယ်။

သူလိုချင်တဲ့ ပစ္စည်းလေးတွေကို မှတ်ထားပြီး သူ မမျှော်လင့်ထားတဲ့ အချိန်မှာ ဝယ်ပေးတာမျိုး၊ အမှတ် တရနေ့တွေမှာ မျှော်လင့်မထားတဲ့ ပွဲလေး လုပ်ပေးတာမျိုး၊ စတာတွေကို လုပ်ပေးသင့်ပါတယ်။

ဒါမျိုး လုပ်ပေးတာ ကလေးဆန်တယ် လို့ ထင်ရပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် အနေဝေးနေချိန် တွေအတွက် ပိုပြီး နွေးထွေးလာစေမှာတော့ အမှန်ပါဘဲ။

7) Social Media သုံးတဲ့အခါ ပွင့်လင်းမြင်သာမှု ရှိပါစေ

ဒီနေ့ ခေတ်လိုမျိုး လူတိုင်း Social media သုံးနေတဲ့ အချိန်မှာ ဘယ်သူမှတော့ Social media နဲ့ မလွတ်ကင်းနိုင်ပါဘူး။ ဒါကြောင့်မို့ Social media တွေ အသုံးပြုတဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမြင်သာ ရှိမှုက ပိုလို့အရေးကြီး လာပါတယ်။ သူ့အကောင့် ကိုယ့်အကောင့် password တွေ ပေးရမယ်လို့တော့ မဆိုလိုပါဘူး။

သူ့ ကိုယ်ရေးကိုယ်တာ၊ ကိုယ့် ကိုယ်ရေးကိုယ်တာ အပြန်အလှန် လေးစားပြီး၊ တစ်ယောက်နဲ့ တစ်ယောက် သိက္ခာကျစရာ၊ မယုံကြည်စရာ အပြုအမူတွေ ရှောင်ရှားပြီး Social Media ကို အသုံးပြုမယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။

8) ကိုယ်ပိုင် အချိန်လည်း ရှိပါစေ

ဘယ်လောက်ပဲ အလုပ်များတဲ့သူ ဖြစ်ပါစေ။ လူတိုင်းမှာ ကိုယ့်အတွက် ကိုယ်ပိုင်အချိန် လိုအပ်တာတော့ ဓမ္မတာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် အနေဝေး နေပေမယ့်လည်း သူသူကိုယ်ကိုယ် ဝါသနာ အလျောက် ကိုယ်ပိုင် အချိန်လေးတွေမှာ လုပ်ချင်တာတွေ ရှိကြမှာ အမှန်ပါပဲ။

ဒါကြောင့်မို့ ကိုယ်ပိုင် အချိန်လေးတွေမှာ အပြန်အလှန် မနှောင့်ယှက်ပဲ အချိန်ပေးပြီး နေသွားဖို့လည်း လိုအပ်ပါတယ်။

 

9) တစ်ယောက် အချိန်ဇယား တစ်ယောက် အပြန်အလှန်သိပါ

အနေဝေးတဲ့ စုံတွဲတွေအတွက် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ရာမှာ တစ်ယောက် အချိန်ဇယားကို တစ်ယောက် သိထားခြင်း ဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါမှသာ သူရော ကိုယ်ရော အလုပ်ရှုပ်တဲ့အချိန်တွေကို ရှောင်ရှားနိုင်ပြီး အားလပ်ချိန်တွေကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ အရေးတကြီး ဆက်သွယ်ဖို့ လိုအပ်ခဲ့ရင်တောင်မှ အလုပ်များတဲ့ အချိန်တွေကို သိထားတာ ဖြစ်တဲ့အတွက် အပြန်အလှန် အနှောင့်အယှက် မဖြစ်စေနိုင်ဘဲ ဆက်သွယ် ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

10) နှစ်ဘက် မိသားစုအပေါ် လေးစားပြီး အပြန်အလှန် ကူညီပါ

သူနဲ့ကိုယ်နဲ့ အတူတူ မရှိတာဖြစ်လို့ စကားပြောဖြစ်တဲ့ အချိန်လေးတွေမှာလည်း သူ့မိသားစု အကြောင်း၊ ကိုယ့် မိသားစုအကြောင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို အပြန်အလှန် ဝေမျှပြီး သူ့မိသားစု၊ ကိုယ့်မိသားစုကို လေးစားမှု ရှိသင့်ပါတယ်။

ဒါမှသာ နှစ်ဖက် မိသားစုနဲ့ ပတ်သက်ပြီး သိရှိနိုင်မှာ ဖြစ်သလို အကူအညီ လိုအပ်လာရင်လည်း အပြန်အလှန်ကူညီပြီး မိသားစုနဲ့ပါ နွေးထွေးမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

11) အချိန်ရရင် အတူတူ ခရီးသွားပါ

အတူတူ ရှိနေချိန် နည်းပါးတဲ့ စုံတွဲတွေ အတွက်ကတော့ ခရီးသွားဖို့ ဆိုတာ တကယ်ကို မလွယ်လှပါဘူး။ ဒါပေမယ့်လည်း ရတဲ့ အချိန်လေး အတွင်းမှာ အတူတကွ ခရီးသွားနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။

လက်ထပ်ပြီးတဲ့ စုံတွဲတွေ အဖို့တော့ ဟန်းနီးမွန်း နောက်တစ်ကြိမ် ပြန်ထွက်သလိုမျိုး ခံစားရပြီး ကြင်နာမှုလေးတွေ ပြသနိုင်မှာ ဖြစ်သလို ချစ်သူစုံတွဲတွေ အတွက်ကတော့ ရင်းနှီးမှုတွေ ပိုတိုးလာပြီး နွေးထွေးမှု ရရှိစေမှာ အသေအချာပါပဲ။

credit :loveshortnotes