Zawgyi ျဖင့္ဖတ္ရန္

 

ဒါ႐ိုက္တာ ဩရသ က အေကာင္းဆုံး ႐ိုက္ကူးပုံေဖာ္ထားတဲ့ “မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဆရာေတာ္အရွင္ဆႏၵာဓိကရဲ႕ျဖစ္ရပ္မွန္တရားေတာ္ကို အေျခခံၿပီး ႐ိုက္ကူးထားတာျဖစ္ၿပီး ပရိသတ္ေတြၾကားမွာ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးပဲ ျဖစ္ပါတယ္။ မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ အဓိက သ႐ုပ္ေဆာင္မ်ားအျဖစ္ ေနတိုး၊ ေက်ာ္ေက်ာ္ဗို၊ မင္းေသြး၊ ေဖြးေဖြးနဲ႔ ေအးဝတ္ရည္ေသာင္းတို႔က ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဒီႏွစ္ အကယ္ဒမီေပးပြဲႀကီးမွာလည္း ဆုေပါင္းမ်ားစြာ ရရွိထားတဲ့ ဇာတ္ကားတစ္ကားဆိုရင္လည္း မမွားပါဘူး။

ခ်စ္ပရိသတ္ေတြအတြက္ ထိုင္းႏိုင္ငံရဲ႕ နာမည္ႀကီး ႐ုပ္ရွင္႐ုံေတြမွာ ျပသေတာ့မယ့္ “မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေန္ာ။

“မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ Official Facebook Page ကေတာ့ “ထိုင္းႏိုင္ငံ၏ နာမည္ႀကီး႐ုပ္ရွင္႐ုံအုပ္စုျဖစ္တဲ့ SF Cinema အုပ္စုရဲ႕ ဘန္ေကာက္ၿမိဳ႕ Central World Shopping Center ႐ုပ္ရွင္႐ုံအပါအဝင္ ထိုင္းႏိုင္ငံၿမိဳ႕အႏွံ႔မွာ မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကားႀကီး ၂၀၁၉ ေမလ(၉)ရက္ေန႔မွ စတင္ၿပီး႐ုံတင္ျပသခြင့္ရပါၿပီ Distribution အပိုင္းတာဝန္ယူစီစဥ္ေပးပါေသာ Golden Hour Film Production Thailand ၏ Facebook Page မွာလည္း ႐ုံတင္စာရင္းမ်ားကို အေသးစိတ္ေၾကာ္ျငာေပးသြားပါမည္။ မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကားႀကီးမွ အႏုပညာရွင္မ်ားမွလည္း ထိုင္းႏိုင္ငံမွ ပရိတ္သတ္မ်ားႏွင့္ေတြ႕ဆုံခြင့္ရႏိုင္ရန္ စီစဥ္လ်က္ရွိပါေၾကာင္း သတင္းေကာင္းပါးအပ္ပါသည္။ ” ဆိုၿပီး ေဖ့စ္ဘုတ္မွာ ထိုင္းႏိုင္ငံက ပရိသတ္ေတြအတြက္ သတင္းေကာင္းပါးထားတာပါ။

“မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ျမန္မာႏိုင္ငံမွာလည္း (၁၁) ပါတ္ေျမာက္ စံခ်ိန္တင္ ႐ုံတင္ျပသခဲ့ရတဲ့အျပင္ ဒုတိယအႀကိမ္ေျမာက္ ျပန္လည္႐ုံတင္ေနဆဲျဖစ္တဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြရဲ႕ တစ္ခဲနက္ အားေပးမႈေၾကာင့္ အခုခ်ိန္ထိ ႐ုံတင္ျပသေနရတဲ့ မုန္းစြဲ႐ုပ္ရွင္ဇာတ္ကားႀကီးအတြက္ ဂုဏ္ယူမိပါတယ္။ အင္မတန္ေကာင္းတဲ့ ဇာတ္လမ္းေလးမို႔ ပရိသတ္ေတြထဲက မၾကည့္ရေသးသူေတြရွိရင္ ၾကည့္ျဖစ္ေအာင္ၾကည့္ဖို႔ တိုက္တြန္းလိုက္ရပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

စင်္ကာပူ မှာသာမကပဲ ထိုင်းနိုင်ငံရဲ့နာမည်ကြီး ရုပ်ရှင်ရုံမှာပါ ပြသခွင့်ရပြီဖြစ်တဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး

ဒါရိုက်တာ ဩရသ က အကောင်းဆုံး ရိုက်ကူးပုံဖော်ထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ဖြစ်ရပ်မှန်တရားတော်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကြားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိက သရုပ်ဆောင်များအဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေးနဲ့ အေးဝတ်ရည်သောင်းတို့က ပါဝင်သရုပ်ဆောင်ထားပြီး ဒီနှစ် အကယ်ဒမီပေးပွဲကြီးမှာလည်း ဆုပေါင်းများစွာ ရရှိထားတဲ့ ဇာတ်ကားတစ်ကားဆိုရင်လည်း မမှားပါဘူး။

ချစ်ပရိသတ်တွေအတွက် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ရုပ်ရှင်ရုံတွေမှာ ပြသတော့မယ့် “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နေ်ာ။

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Facebook Page ကတော့ “ထိုင်းနိုင်ငံ၏ နာမည်ကြီးရုပ်ရှင်ရုံအုပ်စုဖြစ်တဲ့ SF Cinema အုပ်စုရဲ့ ဘန်ကောက်မြို့ Central World Shopping Center ရုပ်ရှင်ရုံအပါအဝင် ထိုင်းနိုင်ငံမြို့အနှံ့မှာ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး ၂၀၁၉ မေလ(၉)ရက်နေ့မှ စတင်ပြီးရုံတင်ပြသခွင့်ရပါပြီ Distribution အပိုင်းတာဝန်ယူစီစဉ်ပေးပါသော Golden Hour Film Production Thailand ၏ Facebook Page မှာလည်း ရုံတင်စာရင်းများကို အသေးစိတ်ကြော်ငြာပေးသွားပါမည်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးမှ အနုပညာရှင်များမှလည်း ထိုင်းနိုင်ငံမှ ပရိတ်သတ်များနှင့်တွေ့ဆုံခွင့်ရနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ” ဆိုပြီး ဖေ့စ်ဘုတ်မှာ ထိုင်းနိုင်ငံက ပရိသတ်တွေအတွက် သတင်းကောင်းပါးထားတာပါ။

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မြန်မာနိုင်ငံမှာလည်း (၁၁) ပါတ်မြောက် စံချိန်တင် ရုံတင်ပြသခဲ့ရတဲ့အပြင် ဒုတိယအကြိမ်မြောက် ပြန်လည်ရုံတင်နေဆဲဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကြောင့် အခုချိန်ထိ ရုံတင်ပြသနေရတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးအတွက် ဂုဏ်ယူမိပါတယ်။ အင်မတန်ကောင်းတဲ့ ဇာတ်လမ်းလေးမို့ ပရိသတ်တွေထဲက မကြည့်ရသေးသူတွေရှိရင် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

share from : burmese.asia