Zawgyi ျဖင့္ဖတ္ရန္

၂၀၀၉ ခုႏွစ္မွာ ေရပန္းစားေက်ာ္ၾကားခဲ့တဲ့ F4 ကိုးရီးယား ဇာတ္လမ္းတြဲ မွာ ဂင္ဂ်န္ဒီရဲ႕ ေမာင္ေလးအျဖစ္ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ေကာင္ေလးကို မွတ္မိၾကေသးလားပရိတ္သတ္ႀကီးေရ။ သူ႔နာမည္ကေတာ့ Park Ji Bin လို႔ေခၚပါတယ္။ Park Ji Bin ဟာ ၿပီးခဲ့တဲ့ ၂၀၁၇ မွာပဲစစ္မႈထမ္းျခင္းအမႈကိုေဆာင္႐ြက္ခဲ့ၿပီးျဖစ္ပါတယ္။

ေတာင္ကိုးရီးယားႏိုင္ငံရဲ႕ အသက္ (၁၈) နဲ႔ (၃၀) ၾကားမျဖစ္မေနစစ္မႈထမ္းရမယ့္ ဥပေဒအရ သ႐ုပ္ေဆာင္မင္းသားမ်ားလဲမျဖစ္မေနစစ္မႈထမ္းၾကရပါတယ္။ အမ်ားစုကေတာ့ အသက္ (၃၀) နားနီးမွစစ္မႈထမ္းၾကေပမယ့္ Park Ji Bin ကေတာ့ အသက္ (၂၂) အ႐ြယ္မွာစစ္မႈထမ္းတာ ၿပီးဆုံးခဲ့တာပဲျဖစ္ပါတယ္။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ စစ္မႈထမ္းေနတာေၾကာင့္ ကေလးသ႐ုပ္ေဆာင္လုပ္ၿပီးေနာက္ပိုင္း ဇာတ္လမ္းတြဲေတြမွာ သူ႔ကိုမျမင္ရေတာ့တာပါ။

Park Ji Bin တစ္ေယာက္ တီဗြီအစီအစဥ္ေတြမွာေရာ၊ ဇာတ္လမ္းတြဲေတြမွာပါ မပါျဖစ္ခဲ့တာ အခ်ိန္တစ္ခုၾကာခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Spring,Again ဆိုတဲ့ဇာတ္ကားမွာ အဓိကဇာတ္ေဆာင္အျဖစ္ပါဝင္ေတာ့မွာျဖစ္ၿပီး Mbc ရဲ႕ Radio Star အစီအစဥ္မွာထြက္ေပၚလာခဲ့ပါတယ္။ Park Ji Bin ကိုပရိတ္သတ္ေတြက ကေလးသ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔သာျမင္ခဲ့တာျဖစ္တဲ့အတြက္ သူ႔ရဲ႕ လူႀကီးဆန္တဲ့ ပုံစံကို ျမင္ေတြ႕လိုက္ရတာဟာ လူအမ်ားကို အံ့အားသင့္သြားေစပါတယ္။

F4 ကားထဲက ဂင္ဂ်န္ဒီရဲ႕ ေမာင္ေလးလို႔ ပရိတ္သတ္က ျမင္ခဲ့ေပမယ့္ ခုေတာ့ တည္ၿငိမ္ရင့္က်က္တဲ့ လူႀကီးတစ္ေယာက္ျဖစ္ေနပါၿပီ။ မၾကာခင္သူ႐ိုက္မယ့္ ဇာတ္ကားအသစ္မွာဘယ္လိုပါဝင္သ႐ုပ္ေဆာင္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။ အတူတူေစာင့္ေမွ်ာ္ၾကည့္ရႈလိုက္ၾကရေအာင္ပရိတ္သတ္ႀကီးေရ။

Credit : popolay

 

Unicode ဖြင့်ဖတ်ရန်

 

မမှတ်မိနိုင်လောက်အောင်ပြောင်းလဲသွားပြီဖြစ်တဲ့ F4 ဇာတ်လမ်းတွဲမှ ကလေးသရုပ်ဆောင် Park Ji Bin

၂၀၀၉ ခုနှစ်မှာ ရေပန်းစားကျော်ကြားခဲ့တဲ့ F4 ကိုးရီးယား ဇာတ်လမ်းတွဲ မှာ ဂင်ဂျန်ဒီရဲ့ မောင်လေးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကောင်လေးကို မှတ်မိကြသေးလားပရိတ်သတ်ကြီးရေ။ သူ့နာမည်ကတော့ Park Ji Bin လို့ခေါ်ပါတယ်။ Park Ji Bin ဟာ ပြီးခဲ့တဲ့ ၂၀၁၇ မှာပဲစစ်မှုထမ်းခြင်းအမှုကိုဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံရဲ့ အသက် (၁၈) နဲ့ (၃၀) ကြားမဖြစ်မနေစစ်မှုထမ်းရမယ့် ဥပဒေအရ သရုပ်ဆောင်မင်းသားများလဲမဖြစ်မနေစစ်မှုထမ်းကြရပါတယ်။ အများစုကတော့ အသက် (၃၀) နားနီးမှစစ်မှုထမ်းကြပေမယ့် Park Ji Bin ကတော့ အသက် (၂၂) အရွယ်မှာစစ်မှုထမ်းတာ ပြီးဆုံးခဲ့တာပဲဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်မှုထမ်းနေတာကြောင့် ကလေးသရုပ်ဆောင်လုပ်ပြီးနောက်ပိုင်း ဇာတ်လမ်းတွဲတွေမှာ သူ့ကိုမမြင်ရတော့တာပါ။

Park Ji Bin တစ်ယောက် တီဗွီအစီအစဉ်တွေမှာရော၊ ဇာတ်လမ်းတွဲတွေမှာပါ မပါဖြစ်ခဲ့တာ အချိန်တစ်ခုကြာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ Spring,Again ဆိုတဲ့ဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်တော့မှာဖြစ်ပြီး Mbc ရဲ့ Radio Star အစီအစဉ်မှာထွက်ပေါ်လာခဲ့ပါတယ်။ Park Ji Bin ကိုပရိတ်သတ်တွေက ကလေးသရုပ်ဆောင် တစ်ယောက်အနေနဲ့သာမြင်ခဲ့တာဖြစ်တဲ့အတွက် သူ့ရဲ့ လူကြီးဆန်တဲ့ ပုံစံကို မြင်တွေ့လိုက်ရတာဟာ လူအများကို အံ့အားသင့်သွားစေပါတယ်။

F4 ကားထဲက ဂင်ဂျန်ဒီရဲ့ မောင်လေးလို့ ပရိတ်သတ်က မြင်ခဲ့ပေမယ့် ခုတော့ တည်ငြိမ်ရင့်ကျက်တဲ့ လူကြီးတစ်ယောက်ဖြစ်နေပါပြီ။ မကြာခင်သူရိုက်မယ့် ဇာတ်ကားအသစ်မှာဘယ်လိုပါဝင်သရုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ အတူတူစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ပရိတ်သတ်ကြီးရေ။

Credit : popolay