Zawgyi ျဖင့္ဖတ္ရန္

ဆယ္စုႏွစ္ (၂) ခုစလုံးမွာ ပရိတ္သတ္ ကို ဖမ္းစားထားႏိုင္တဲ့ အႏုပညာရွင္ ကို ျပပါဆိုရင္ေတာ့ စိုင္းစိုင္း ကိုျပရမွာပါပဲ။ ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္႐ုံသာမက Sai cosmetics မ်ားထုတ္လုပ္တဲ့ ေအာင္ျမင္တဲ့စီးပြားေရး လုပ္ငန္းရွင္တစ္ဦးလဲျဖစ္လာပါၿပီ။ အရာရာ အဖက္ဖက္ကျပည့္စုံေနတဲ့ စိုင္းစိုင္းအတြက္ ၿပီးျပည့္စုံဖို႔ တစ္စုံတစ္ခု လိုအပ္ေနတယ္လို႔ ပရိတ္သတ္ေတြက ယူဆပုံပါပဲ။ စိုင္းစိုင္းရဲ႕ အခ်စ္ေရးကို ပရိတ္သတ္ေတြက တစ္ေမးထဲေမးေနၾကပါၿပီ။ စိုင္းစိုင္းအေနနဲ႔ အခုအခ်ိန္ထိ အခ်စ္ေရးကို တိတိက်က် ေဖာ္ျပျခင္းမ်ိဳးမရွိေသးပါဘူး။

ၿပီးခဲ့တဲ့ ဧၿပီလ (၁၀) ရက္ေန႔ကျပဳလုပ္ခဲ့တဲ့ Sai Sai birthday show မွာ စိုင္းစိုင္းရဲ႕ ေကာင္မေလးလို႔ ထင္မွတ္ရတဲ့ မိန္းကေလး တစ္ဦး “ငါ့ရည္းစားကပိုမိုက္တယ္” သီခ်င္းနဲ႔ ကေနတဲ့ ဗြီဒီယိုဖိုင္ေလးအြန္လိုင္းေပၚတက္လာခဲ့ရာက စတင္ခဲ့တာျဖစ္ပါတယ္။ စိုင္းစိုင္းေကာင္မေလး လို႔ သတင္းမီဒီယာ အခ်ိဳ႕ကေရးသား သတင္းေတြ ေရးသားတင္ခဲ့ၾကပါတယ္။ ဒါကို စိုင္းစိုင္းက မဟုတ္မမွန္သတင္းေတြေရးသားေနတာကို မယုံၾကည္ၾကဖို႔ ပရိတ္သတ္ကို အသိေပးလႈံေဆာ္လာပါတယ္။

“ဟုတ္လားမဟုတ္လားမသိပဲ fake page ေတြကေလွ်ာက္ေရး၊ fake media ေတြကေလွ်ာက္ဖြနဲ႔ နည္းနည္းေတာ့စိတ္ညစ္လာၿပီ၊ က်ေနာ့္ပရိတ္သတ္မ်ားကို က်ေနာ္အကူအညီေတာင္းခ်င္တာက က်ေနာ္အမွန္အကန္ေျပာထားတဲ့ အင္တာဗ်ဴးေတြ အမွန္အကန္မီဒီယာေတြရဲ႕ သတင္းမဟုတ္ရင္မယုံၾကည္ၾကဖို႔ မ share ၾကဖို႔ ေမတၱာရပ္ခံပါတယ္ ေလာေလာဆယ္က်ေနာ္ဘဝတစ္ခုလုံးကို အႏုပညာလုပ္ငန္းထဲမွာပဲျမဳပ္ႏွံထားပါတယ္၊ ပရိတ္သတ္မ်ားအားလုံးကို ေက်းဇူးတင္ပါတယ္” ဆိုၿပီး သူ၏ေဖ့ဘြတ္စာမ်က္ႏွာမွာ ေရးသားလာပါတယ္။

ဒီေလာက္ဆို စိုင္းစိုင္းကိုခ်စ္တဲ့ ပရိတ္သတ္ႀကီးလဲ ဘယ္ဟာကအမွန္၊ ဘယ္ဟာကအမွားလဲဆိုတာခြဲျခားသိျမင္ႏိုင္ေလာက္ၿပီထင္ပါတယ္။ မဟုတ္မမွန္တဲ့ သတင္းအမွားေတြကို မယုံၾကည္ၾကပဲ စိုင္းစိုင္းရဲ႕ အႏုပညာေတြကိုအရင္ကထက္ပိုၿပီး ဆထက္တပိုး အားေပးလိုက္ၾကရေအာင္လားပရိတ္သတ္ႀကီးေရ။

Credit : popoaly

Unicode ဖြင့်ဖတ်ရန်

မဟုတ်မမှန် သတင်းမီဒီယာတွေကြောင့် စိတ်ညစ်မိတယ်လို့ပြောလာတဲ့စိုင်းစိုင်းခမ်းလှိုင်

ဆယ်စုနှစ် (၂) ခုစလုံးမှာ ပရိတ်သတ် ကို ဖမ်းစားထားနိုင်တဲ့ အနုပညာရှင် ကို ပြပါဆိုရင်တော့ စိုင်းစိုင်း ကိုပြရမှာပါပဲ။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ရုံသာမက Sai cosmetics များထုတ်လုပ်တဲ့ အောင်မြင်တဲ့စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလဲဖြစ်လာပါပြီ။ အရာရာ အဖက်ဖက်ကပြည့်စုံနေတဲ့ စိုင်းစိုင်းအတွက် ပြီးပြည့်စုံဖို့ တစ်စုံတစ်ခု လိုအပ်နေတယ်လို့ ပရိတ်သတ်တွေက ယူဆပုံပါပဲ။ စိုင်းစိုင်းရဲ့ အချစ်ရေးကို ပရိတ်သတ်တွေက တစ်မေးထဲမေးနေကြပါပြီ။ စိုင်းစိုင်းအနေနဲ့ အခုအချိန်ထိ အချစ်ရေးကို တိတိကျကျ ဖော်ပြခြင်းမျိုးမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ (၁၀) ရက်နေ့ကပြုလုပ်ခဲ့တဲ့ Sai Sai birthday show မှာ စိုင်းစိုင်းရဲ့ ကောင်မလေးလို့ ထင်မှတ်ရတဲ့ မိန်းကလေး တစ်ဦး “ငါ့ရည်းစားကပိုမိုက်တယ်” သီချင်းနဲ့ ကနေတဲ့ ဗွီဒီယိုဖိုင်လေးအွန်လိုင်းပေါ်တက်လာခဲ့ရာက စတင်ခဲ့တာဖြစ်ပါတယ်။ စိုင်းစိုင်းကောင်မလေး လို့ သတင်းမီဒီယာ အချို့ကရေးသား သတင်းတွေ ရေးသားတင်ခဲ့ကြပါတယ်။ ဒါကို စိုင်းစိုင်းက မဟုတ်မမှန်သတင်းတွေရေးသားနေတာကို မယုံကြည်ကြဖို့ ပရိတ်သတ်ကို အသိပေးလှုံဆော်လာပါတယ်။

“ဟုတ်လားမဟုတ်လားမသိပဲ fake page တွေကလျှောက်ရေး၊ fake media တွေကလျှောက်ဖွနဲ့ နည်းနည်းတော့စိတ်ညစ်လာပြီ၊ ကျနော့်ပရိတ်သတ်များကို ကျနော်အကူအညီတောင်းချင်တာက ကျနော်အမှန်အကန်ပြောထားတဲ့ အင်တာဗျူးတွေ အမှန်အကန်မီဒီယာတွေရဲ့ သတင်းမဟုတ်ရင်မယုံကြည်ကြဖို့ မ share ကြဖို့ မေတ္တာရပ်ခံပါတယ် လောလောဆယ်ကျနော်ဘဝတစ်ခုလုံးကို အနုပညာလုပ်ငန်းထဲမှာပဲမြုပ်နှံထားပါတယ်၊ ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီး သူ၏ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

ဒီလောက်ဆို စိုင်းစိုင်းကိုချစ်တဲ့ ပရိတ်သတ်ကြီးလဲ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှားလဲဆိုတာခွဲခြားသိမြင်နိုင်လောက်ပြီထင်ပါတယ်။ မဟုတ်မမှန်တဲ့ သတင်းအမှားတွေကို မယုံကြည်ကြပဲ စိုင်းစိုင်းရဲ့ အနုပညာတွေကိုအရင်ကထက်ပိုပြီး ဆထက်တပိုး အားပေးလိုက်ကြရအောင်လားပရိတ်သတ်ကြီးရေ။

Credit : popoaly