Zawgyi ျဖင့္ဖတ္ရန္

 

Midnight thoughts ဆိုတဲ့ တစ္ကိုယ္ေတာ္ ေတးစီးရီး ထြက္ရွိျပီး ပရိသတ္ေတြရဲ႕ အားေပးမႈမ်ားစြာကို လက္ခံရရွိထားသူက အဆိုေတာ္ Mary ျဖစ္ပါတယ္။ ထူးျခားတဲ့ ပင္ကိုယ္အသံကို ပိုင္ဆိုင္ထားသူ ျဖစ္တာေၾကာင့္ ထြက္သမွ် သီခ်င္းတိုင္းကလည္း ေပါက္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ Mary ရဲ႕ သီခ်င္းေတြကို နားေထာင္ၾကည့္ရင္ ရီေဝေဝ မူးတူးတူးအသံမ်ိဳး ေပါက္ေနတာေၾကာင့္ ပရိသတ္ေတြက အရက္မူးေနသလားလို႔ ထင္ေယာင္ထင္မွား ျဖစ္ၾကပါတယ္။ တကယ့္အေၾကာင္းရင္းအမွန္ကိုေတာ့ Mary က ခုလို ရွင္းျပသြားပါတယ္။

“Mary က စကားေျပာရင္ေတာင္မွ နည္းနည္း ေလးေနတယ္။ လူေတြက ထင္တယ္။ Mary က အရက္ေတြ ေသာက္တယ္ ဘာညာ။ အဲ့လိုမ်ိဳး ဘာမွ မရွိပါဘူးလို႔။ စင္ေပၚမွာ ေဖ်ာ္ေျဖတာပဲ ျဖစ္ျဖစ္ သီခ်င္းေရးတဲ့အခါမွာပဲ ျဖစ္ျဖစ္ တစ္ခါမွ မူးယစ္ေဆးဝါး မသံုးပါဘူး။” လို႔ ဆုိပါတယ္။

မိဘစကား နားေထာင္တဲ့ သမီး ျဖစ္ေၾကာင္းကိုလည္း Mary က ခုလို ေျပာျပပါတယ္။“Mary က စကားနားေထာင္တယ္။ ဆိုးတဲ့ အရာေတာ့ မလုပ္ဘူး။ အေမကေတာ့ ငယ္ငယ္ေလးတည္းက ဘာလုပ္ရမယ္ ညာလုပ္ရမယ္ သြန္သင္တယ္။ အေမ့စကား နားေထာင္တယ္ ဆိုေပမဲ့ ကိုယ့္ဟာနဲ႔ ကိုယ္ ထိန္းႏိုင္တဲ့ အရာဆိုရင္ အေမ့ကို တိုင္ပင္တယ္ လုပ္ခ်င္တယ္ ဆိုတာကို။ ငယ္ငယ္ေတာ့ ခ်ဳပ္ျခယ္တယ္။ ၁၈ ႏွစ္အထိ တကၠသိုလ္ေကာင္း မဝင္မွာ စိုးလို႔ ပိုက္ဆံ သံုးတာေတြ သူငယ္ခ်င္း ေပါင္းတာေတြကအစ အေမက ခ်ဳပ္ျခယ္တယ္။ ၁၈ ႏွစ္ ေနာက္ပိုင္းေတာ့ အေမ့ကို တိုင္ပင္ရံုေလာက္ပဲ။ က်န္တာေတာ့ ကိုယ့္ဟာကိုယ္ ဆံုးျဖတ္တယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

ဂ်ပန္မွာ ၾကီးျပင္းတဲ့ Mary တစ္ေယာက္ ဂ်ပန္ႏိုင္ငံကို ၾကိဳက္သလား ဆိုတာကေတာ့ ခုလို ၾကားသိရပါတယ္။“ Mary က ဂ်ပန္မွာ ၾကီးေသာ္ျငားလည္း stress မ်ားတဲ့ ဘဝကို မၾကိဳက္ဘူး။ အေမက်ေတာ့ အခ်ိန္နဲ႔ အမွ် ေရြ႕ေနမွ ၾကိဳက္တာဆုိေတာ့ သူတို႔က်ေတာ့ ဒီမွာ လာျပန္ေနရင္ လုပ္စရာမရွိလို႔ ပ်င္းတာေတြ ျဖစ္တယ္။ Mary ကေတာ့ ဂ်ပန္နဲ႔ ျမန္မာႏိုင္ငံကို အသြားအျပန္ လုပ္တာေလာက္ပဲ ၾကိဳက္တယ္” ဆိုျပီး ေျပာျပသြားခဲ့ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

 

မူးယစ်ဆေးဝါး သုံးပြီး သီချင်းရေး သီချင်းဆို မလုပ်ဘူးဆိုတဲ့ Mary

Midnight thoughts ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိပြီး ပရိသတ်တွေရဲ့ အားပေးမှုများစွာကို လက်ခံရရှိထားသူက အဆိုတော် Mary ဖြစ်ပါတယ်။ ထူးခြားတဲ့ ပင်ကိုယ်အသံကို ပိုင်ဆိုင်ထားသူ ဖြစ်တာကြောင့် ထွက်သမျှ သီချင်းတိုင်းကလည်း ပေါက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Mary ရဲ့ သီချင်းတွေကို နားထောင်ကြည့်ရင် ရီဝေဝေ မူးတူးတူးအသံမျိုး ပေါက်နေတာကြောင့် ပရိသတ်တွေက အရက်မူးနေသလားလို့ ထင်ယောင်ထင်မှား ဖြစ်ကြပါတယ်။ တကယ့်အကြောင်းရင်းအမှန်ကိုတော့ Mary က ခုလို ရှင်းပြသွားပါတယ်။

“Mary က စကားပြောရင်တောင်မှ နည်းနည်း လေးနေတယ်။ လူတွေက ထင်တယ်။ Mary က အရက်တွေ သောက်တယ် ဘာညာ။ အဲ့လိုမျိုး ဘာမှ မရှိပါဘူးလို့။ စင်ပေါ်မှာ ဖျော်ဖြေတာပဲ ဖြစ်ဖြစ် သီချင်းရေးတဲ့အခါမှာပဲ ဖြစ်ဖြစ် တစ်ခါမှ မူးယစ်ဆေးဝါး မသုံးပါဘူး။” လို့ ဆိုပါတယ်။

မိဘစကား နားထောင်တဲ့ သမီး ဖြစ်ကြောင်းကိုလည်း Mary က ခုလို ပြောပြပါတယ်။“Mary က စကားနားထောင်တယ်။ ဆိုးတဲ့ အရာတော့ မလုပ်ဘူး။ အမေကတော့ ငယ်ငယ်လေးတည်းက ဘာလုပ်ရမယ် ညာလုပ်ရမယ် သွန်သင်တယ်။ အမေ့စကား နားထောင်တယ် ဆိုပေမဲ့ ကိုယ့်ဟာနဲ့ ကိုယ် ထိန်းနိုင်တဲ့ အရာဆိုရင် အမေ့ကို တိုင်ပင်တယ် လုပ်ချင်တယ် ဆိုတာကို။ ငယ်ငယ်တော့ ချုပ်ခြယ်တယ်။ ၁၈ နှစ်အထိ တက္ကသိုလ်ကောင်း မဝင်မှာ စိုးလို့ ပိုက်ဆံ သုံးတာတွေ သူငယ်ချင်း ပေါင်းတာတွေကအစ အမေက ချုပ်ခြယ်တယ်။ ၁၈ နှစ် နောက်ပိုင်းတော့ အမေ့ကို တိုင်ပင်ရုံလောက်ပဲ။ ကျန်တာတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ဂျပန်မှာ ကြီးပြင်းတဲ့ Mary တစ်ယောက် ဂျပန်နိုင်ငံကို ကြိုက်သလား ဆိုတာကတော့ ခုလို ကြားသိရပါတယ်။“ Mary က ဂျပန်မှာ ကြီးသော်ငြားလည်း stress များတဲ့ ဘဝကို မကြိုက်ဘူး။ အမေကျတော့ အချိန်နဲ့ အမျှ ရွေ့နေမှ ကြိုက်တာဆိုတော့ သူတို့ကျတော့ ဒီမှာ လာပြန်နေရင် လုပ်စရာမရှိလို့ ပျင်းတာတွေ ဖြစ်တယ်။ Mary ကတော့ ဂျပန်နဲ့ မြန်မာနိုင်ငံကို အသွားအပြန် လုပ်တာလောက်ပဲ ကြိုက်တယ်” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

share from : burmese.asia