Zawgyi ျဖင့္ဖတ္ရန္

 

Hip Hop Generation မ်ိဳးဆက္တစ္ခုမွာ အေအာင္ျမင္ဆုံး အဖြဲ႕တစ္ခုျဖစ္တဲ့ Acid အဖြဲ႕မွ ရန္ရန္ခ်မ္းရဲ႕ အမ်ိဳးသမီး ျဖစ္သူ ခ်ီလီက ၿပီးခဲ့တဲ့ သျကၤန္ မွာ ေပ်ာ္႐ႊင္ခဲ့ရတဲ့ ပုံႏွင့္ သာယာနဲ႔ မိသားစု ဘဝကို ပိုင္ဆိုင္ဖို႔ ဘယ္လို လုပ္ေဆာင္ရသလဲ ဆိုတာ ခုလို ေျဖၾကားထားပါတယ္။

ဘယ္လိုႀကိဳးစားခဲ့ရလဲဆိုေတာ့ အမတို႔ သုံးေယာက္က အၿမဲတမ္းအတူတူရွိတယ္။ ကေလးဆိုလည္း အမတို႔က အထိန္းနဲ႔ မထားဘူး ကိုယ္ကိုယ္တိုင္ထိန္းတယ္။ ကိုရန္ခ်မ္း အျပင္သြားရင္ အမထိန္းတယ္၊ အမအျပင္သြားရင္ ကိုရန္ခ်မ္းထိန္းတယ္။ ႏွစ္ေယာက္လုံး အျပင္ထြက္တဲ့အခုလိုၾသကၤန္ဆိုရင္ အိမ္က လူႀကီးေတြနဲ႔ထားခဲ့တယ္။ ၾသကၤန္မလို႔လည္း မေခၚလာတာပါ။ မဟုတ္ရင္ ဘယ္သြားသြားသူပါတယ္။ အဲ့ေတာ့ အမတို႔ သုံးေယာက္က တူတူပဲကြာ ကိုယ္တစ္ေယာက္ထဲ ႀကိဳးစား အားထုတ္ေနစရာ မလိုဘူး။ ကိုရန္ခ်မ္းဆို အေဖလည္းသူပဲ အေမလည္း သူပဲ ႏွစ္ေယာက္စလုံးတူတူပါပဲ။

ၾသကၤန္ Feeling ကေတာ့ ေပ်ာ္ပါတယ္ရွင့္။ ဒါမဲ့ အသက္နဲနဲ ႀကီးလာလို႔လားေတာ့ မသိဘူး အရင္ထက္ နဲနဲေလးေတာ့ ေလ်ာ့တာေပါ့။ အလုပ္ေတြလည္း မ်ားေနတာပါတယ္။ ခုကလည္း ကိုရန္ခ်မ္းသီခ်င္းဆိုလို႔ ေနာက္ကေန လိုက္ကူညီတာပါ။အမွတ္ရဆုံး ၾသကၤန္ကေတာ့ ကိုရန္ခ်မ္းေျပာသလို သီခ်င္းဆိုဖို႔ကလည္း လက္ခံထားတဲ့အခ်ိန္ ကိုဟိန္းေဇာ္ဆုံးသြားေတာ့ အရမ္းကို စိတ္မေကာင္းျဖစ္ၿပီး မႏၲေလးကို သီခ်င္းသြားဆိုရတဲ့ ႏွစ္ေပါ့ အဲ့ႏွစ္ကေတာ့ လုံးဝ မွတ္မွတ္ရရပါပဲ။

ေနာက္ႏွစ္ၾသကၤန္လည္မယ္ဆိုရင္လည္း ကားထဲအဝင္ကို Air-Con အပူအေအးမွ်ေအာင္ လုပ္ၿပီးမွ ဝင္ပါ။ ဦးထုပ္ေလးေတြ ေဆာင္းပါ၊ မ်က္မွန္တပ္ပါ၊ လက္ရွည္ေလးေတြ ဝတ္ၿပီး လည္ၾကဖို႔လည္း အႀကံေပးသြားခဲ့ပါတယ္။

သာယာတဲ့ အိမ္ေထာင္တစ္ခုကို လိုခ်င္ရင္ေတာ့ အခုဆိုရင္ ခ်ီလီတို႔ အိမ္ေထာင္သက္ ၁၉ႏွစ္ရွိၿပီေပါ့ေနာ္ အဲ့ဒါကို ဘယ္လိုထိန္းလဲဆိုေတာ့ ခ်ီလီတို႔လည္း ရန္ျဖစ္ၾကတာပဲ။ အဓိကက ရန္ျဖစ္ၿပီးရင္ ျပန္ခ်စ္ရမယ္ ၿပီးရင္ ကိုယ္မွားတယ္ ထင္ရင္ ကိုယ္ျပန္ေခ်ာ့လိုက္။ သိမ့္မတင္းထားနဲ႔။ ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အၿမဲႏွစ္သက္ေနရမယ္ ခ်စ္ေနရမယ္ဒါက ခ်ီလီ အႀကံေပးခ်င္တာပါ။

ႏွစ္ဆန္းတစ္ရက္ေန႔မွာ ခ်ီလီတို႔ အၿမဲကိုးကြယ္တဲ့ ဘုန္းဘုန္းေက်ာင္းမွာ အလႉလုပ္ျဖစ္ခဲ့ၿပီး။ တျခားအျပင္ အလႉအျဖစ္ သစ္တံခါး ဘုန္းဘုန္းေက်ာင္းမွာ ဘုန္းဘုန္းနဲ႔ အတူတူ အလႉေလးေတြ ေပါင္းလုပ္ဖို႔လည္း ရွိတယ္လို႔ မဂၤလာ စကားဆိုခဲ့ပါတယ္။

အားလုံးပဲ ႏွစ္သစ္မွာ စိတ္၏ခ်မ္းသာျခင္း ကိုယ္၏က်န္းမာျခင္းႏွင့္ ျပည့္စုံၿပီး ပိုက္ဆံေတြ အမ်ားႀကီး ဝင္ပါေစလို႔ ခ်ီလီက ႏွစ္သစ္ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါတယ္။ ကိုရန္ခ်မ္းကို ဟိုအရင္ထဲက ခ်စ္တဲ့ ပရိသတ္ေတြေရာ အခုမွ ခ်စ္တဲ့ ပရိသတ္ေတြေရာ ၿပီးေတာ့ ခ်ီလီတို႔ မိသားစုေလးကို ခ်စ္ေပးတဲ့ ပရိသတ္ေတြ အားလုံးကို ေက်းဇူးတင္ပါတယ္လို႔လည္း ေျပာသြားခဲ့ပါတယ္။

share from : burmese.asia

 

Unicode ဖြင့်ဖတ်ရန်

 

၁၉ နှစ်တာ အိမ်ထောင်ရေးကိုဘယ်လိုထိန်းသိမ်းလဲ ပြောပြတဲ့ ရန်ရန်ချန်းရဲ့ ဇနီး

Hip Hop Generation မျိုးဆက်တစ်ခုမှာ အအောင်မြင်ဆုံး အဖွဲ့တစ်ခုဖြစ်တဲ့ Acid အဖွဲ့မှ ရန်ရန်ချမ်းရဲ့ အမျိုးသမီး ဖြစ်သူ ချီလီက ပြီးခဲ့တဲ့ သြင်္ကန် မှာ ပျော်ရွှင်ခဲ့ရတဲ့ ပုံနှင့် သာယာနဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ဖို့ ဘယ်လို လုပ်ဆောင်ရသလဲ ဆိုတာ ခုလို ဖြေကြားထားပါတယ်။

ဘယ်လိုကြိုးစားခဲ့ရလဲဆိုတော့ အမတို့ သုံးယောက်က အမြဲတမ်းအတူတူရှိတယ်။ ကလေးဆိုလည်း အမတို့က အထိန်းနဲ့ မထားဘူး ကိုယ်ကိုယ်တိုင်ထိန်းတယ်။ ကိုရန်ချမ်း အပြင်သွားရင် အမထိန်းတယ်၊ အမအပြင်သွားရင် ကိုရန်ချမ်းထိန်းတယ်။ နှစ်ယောက်လုံး အပြင်ထွက်တဲ့အခုလိုသြင်္ကန်ဆိုရင် အိမ်က လူကြီးတွေနဲ့ထားခဲ့တယ်။ သြင်္ကန်မလို့လည်း မခေါ်လာတာပါ။ မဟုတ်ရင် ဘယ်သွားသွားသူပါတယ်။ အဲ့တော့ အမတို့ သုံးယောက်က တူတူပဲကွာ ကိုယ်တစ်ယောက်ထဲ ကြိုးစား အားထုတ်နေစရာ မလိုဘူး။ ကိုရန်ချမ်းဆို အဖေလည်းသူပဲ အမေလည်း သူပဲ နှစ်ယောက်စလုံးတူတူပါပဲ။

သြင်္ကန် Feeling ကတော့ ပျော်ပါတယ်ရှင့်။ ဒါမဲ့ အသက်နဲနဲ ကြီးလာလို့လားတော့ မသိဘူး အရင်ထက် နဲနဲလေးတော့ လျော့တာပေါ့။ အလုပ်တွေလည်း များနေတာပါတယ်။ ခုကလည်း ကိုရန်ချမ်းသီချင်းဆိုလို့ နောက်ကနေ လိုက်ကူညီတာပါ။အမှတ်ရဆုံး သြင်္ကန်ကတော့ ကိုရန်ချမ်းပြောသလို သီချင်းဆိုဖို့ကလည်း လက်ခံထားတဲ့အချိန် ကိုဟိန်းဇော်ဆုံးသွားတော့ အရမ်းကို စိတ်မကောင်းဖြစ်ပြီး မန္တလေးကို သီချင်းသွားဆိုရတဲ့ နှစ်ပေါ့ အဲ့နှစ်ကတော့ လုံးဝ မှတ်မှတ်ရရပါပဲ။

နောက်နှစ်သြင်္ကန်လည်မယ်ဆိုရင်လည်း ကားထဲအဝင်ကို Air-Con အပူအအေးမျှအောင် လုပ်ပြီးမှ ဝင်ပါ။ ဦးထုပ်လေးတွေ ဆောင်းပါ၊ မျက်မှန်တပ်ပါ၊ လက်ရှည်လေးတွေ ဝတ်ပြီး လည်ကြဖို့လည်း အကြံပေးသွားခဲ့ပါတယ်။

သာယာတဲ့ အိမ်ထောင်တစ်ခုကို လိုချင်ရင်တော့ အခုဆိုရင် ချီလီတို့ အိမ်ထောင်သက် ၁၉နှစ်ရှိပြီပေါ့နော် အဲ့ဒါကို ဘယ်လိုထိန်းလဲဆိုတော့ ချီလီတို့လည်း ရန်ဖြစ်ကြတာပဲ။ အဓိကက ရန်ဖြစ်ပြီးရင် ပြန်ချစ်ရမယ် ပြီးရင် ကိုယ်မှားတယ် ထင်ရင် ကိုယ်ပြန်ချော့လိုက်။ သိမ့်မတင်းထားနဲ့။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အမြဲနှစ်သက်နေရမယ် ချစ်နေရမယ်ဒါက ချီလီ အကြံပေးချင်တာပါ။

နှစ်ဆန်းတစ်ရက်နေ့မှာ ချီလီတို့ အမြဲကိုးကွယ်တဲ့ ဘုန်းဘုန်းကျောင်းမှာ အလှူလုပ်ဖြစ်ခဲ့ပြီး။ တခြားအပြင် အလှူအဖြစ် သစ်တံခါး ဘုန်းဘုန်းကျောင်းမှာ ဘုန်းဘုန်းနဲ့ အတူတူ အလှူလေးတွေ ပေါင်းလုပ်ဖို့လည်း ရှိတယ်လို့ မင်္ဂလာ စကားဆိုခဲ့ပါတယ်။

အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ပိုက်ဆံတွေ အများကြီး ဝင်ပါစေလို့ ချီလီက နှစ်သစ်ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ ကိုရန်ချမ်းကို ဟိုအရင်ထဲက ချစ်တဲ့ ပရိသတ်တွေရော အခုမှ ချစ်တဲ့ ပရိသတ်တွေရော ပြီးတော့ ချီလီတို့ မိသားစုလေးကို ချစ်ပေးတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

share from : burmese.asia