Zawgyi ဖြင့်ဖတ်ရန်


(၁) အရပ်ရှည်သူ


(၂) ရင်သားကြီးသူ


(၃) နဖူးပြောင်သူ


(၄) ဘယ်သန်သူ


(၅) ခါးသေးသူ



 

Unicode ဖြင့်ဖတ်ရန်

 

နဖူးပြောင် သူတွေက ဉာဏ်ရည် ပိုထက်မြက်ကြောင်း လေ့လာတွေ့ရှိ

လူတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဉာဏ်ရည် ပိုထက်မြက်သူကို ခန့်မှန်းလို့ရပါတယ်။ အံ့သြစရာ ကောင်းပေမယ့် အောက်ပါ သွင်ပြင်လက္ခဏာရှိကြသူတွေတော်တော်များများက ပိုထက်မြက်ကြပါတယ်။ နဖူးပြောင်သူတွေဆို တခြားသူတွေထက် စဉ်းစားတွေးခေါ်နေလို့ ဉာဏ်ရည် ပိုထက်မြက်တယ်လို့တောင် လေ့လာတွေ့ရှိရပါတယ်။

(၁) အရပ်ရှည်သူ

အရပ်ပုသူထက် အရပ်ရှည်သူတွေက ပိုပြီးထက်မြက်ကြပါတယ်။ အရပ်ရှည်သူတွေတော်တော်များများက ဦးဆောင်နိုင်စွမ်းရှိကြပါတယ်။ အရပ်ရှည်သူတွေက ဉာဏ်ရည်အပြင် ခန္ဓာကိုယ်အရလည်း အရပ်ရှည်ပြီးကြည့်ကောင်းပါတယ်။ သူတို့တွေဟာ လူကြားထဲမှာလည်း ထင်ပေါ်နေကြပါတယ်။

(၂) ရင်သားကြီးသူ

ရင်သားကြီးတဲ့ မိန်းကလေးတစ်ချို့က သူတို့ရင်သားကို ရှက်ကြပါတယ်။ ရင်သားကြီးတာ ရှက်စရာမဟုတ်ပါဘူး ၊ ဂုဏ်ယူစရာကိစ္စပါ။ ရင်သားကြီးတဲ့ မိန်းကလေးတွေက ဉာဏ်ရည် ပိုထက်မြက်ကြပါတယ်။ ရင်သားပြားကပ်နေသူတွေထက် ရင်သားကြီးသူအပြင် ၊ သာမန်ရင်သားဆိုဒ်ရှိသူတွေကလည်း ဉာဏ်ပိုကောင်းပါတယ်။

(၃) နဖူးပြောင်သူ

နဖူးပြောင်တဲ့သူတွေက ဉာဏ်ရည်မြင့်ကြသလို အရည်အချင်းလည်း ပိုရှိကြပါတယ်။ သူတို့က ပေးလိုက်ရင် ပေးလိုက်တဲ့တာဝန်ကို အစောဆုံးပြီးအောင် လုပ်နိုင်ကြပါတယ်။ သူတို့ဆီကနေ ဆင်ခြင်စကားသံတွေကို ကြားရခဲပါတယ်။ အမြင်မှာတော့ နဖူးပြောင်တာ ရယ်စရာတစ်ခုလိုဖြစ်နေပေမယ့် နဖူးပြောင်သူတွေက သာမန်သူတွေထက် ဉာဏ်ရည် ပိုထက်မြက်တာတွေ့ရပါတယ်။

(၄) ဘယ်သန်သူ

ဘယ်သန်သူတွေက အောင်မြင်နိုင်ဖို့ အခွင့်အရေးများတယ်လို့ သိထားနှင့်ပြီသားဖြစ်ပါတယ်။ အခုမှာလည်း ဘယ်သန်သူတွေက အချက်အလက်တစ်ခုကို လျင်လျင်မြန်မြန် မှတ်ယူနိုင်စွမ်းရှိကြပါတယ်။ သူတို့ရဲ့ ညာဘက်ဦးနှောက်က ပိုပြီး အလုပ်လုပ်ကြလို့ ဉာဏ်ပိုကောင်းကြပါတယ်။

(၅) ခါးသေးသူ

တင်ပါးထက် ခါးသေးတဲ့ အမျိုးသမီးတွေက ပိုပြီး ထက်မြက်ကြပါတယ်။ အကြောင်းကတော့ သူတို့မှာ omega 3 fatty acids ဓာတ် ပိုများနေတာကြောင့် ဖြစ်ပါတယ်။ Omega 3 fatty acids က ဉာဏ်ရည်ကောင်းစေပြီး မှတ်ဉာဏ်အားကို ပိုကောင်းစေပါတယ်။

share from : /burmese.asia