Zawgyiျဖင့္ဖတ္ရန္

ခရီးတစ္ခါထြက္ဖို႔ ျပင္ဆင္ရတာေတြက မနည္းဘူးေနာ္။ အိမ္ေထာင္ရွင္မေတြဆိုရင္ တစ္ခါခရီးထြက္ဖို႔ကို အဝတ္အစားေတြထည့္ရတာ၊ က်န္ခဲ့မယ့္မိသားစုအတြက္ အစားအေသာက္ေတြျပင္ဆင္ရတာ၊ ခရီးမွာစားဖို႔ ယူသြားရမွာ၊ ျပန္လာရင္ သန္႔ရွင္းေရးလုပ္ဖို႔ေတြးပူရတာ၊ ေလၽွာ္ရ၊ ဖြတ္ရမွာ အဲဒီလိုေတြေတြးရင္း၊ ေတြးရင္းနဲ႔

မသြားျဖစ္ၾကေတာ့ေရာ။ ႐ုံးဝန္ထမ္းေတြဆိုရင္လည္း အလုပ္တစ္ပုံကိုပစ္ထားၿပီး စိတ္ေအးလက္ေအးသြားပစ္လိုက္ဖို႔ကို ေၾကာက္ေနၾကျပန္ပါေရာ။

တကယ္ေတာ့ ငါမရွိလို႔မျဖစ္ဘူးဆိုၿပီးေတြးေနတဲ့အေတြးေလးကို ေဖ်ာက္လိုက္ရင္အိုေကသြားပါၿပီ။ ငါမရွိလည္း သူ႕အလိုလိုအဆင္ေျပသြားပါလိမ့္မယ္။ လူဆိုတာ ကိုယ္ပိုင္အခ်ိန္ေလးေတာ့ လိုတယ္ေလ။

အဲဒီေတာ့ ခရီးထြက္ဖို႔ဆုံးျဖတ္ၿပီးၿပီးဆိုတာနဲ႔ ဟိုေနာက္ဆံတင္း၊ ဒီေနာက္ဆံတင္း ေတြးပူမေနပါနဲ႔ေတာ့။ ခရီးစဥ္တစ္ေလၽွာက္ ျပန္မရႏိုင္တဲ့အမွတ္တရေတြကို အဆုံး႐ႈံးမခံပါနဲ႔။ ကၽြန္ေတာ္တို႔ ႐ိုးရာေလးစာမ်က္ႏွာကေနၿပီးေတာ့လည္း စာဖတ္ပရိတ္သတ္တို႔ အေႏွာင္အဖြဲ႕ကင္းကင္း ခရီးထြက္ဖို႔နည္းလမ္းေကာင္းေလးေတြကို ေဝမၽွေပးသြားပါဦးမယ္။ ဆက္လက္ဖတ္႐ႈၾကည့္လိုက္ၾကပါဦး။

၁။ အေတြးေတြကို ပုံေသမသတ္မွတ္ထားပါနဲ႔

စိတ္ပညာရွင္ လီဆာ ဟတ္ထ္ခ်ီဆန္ (Lisa Hutchison) ဆိုသူက စိတ္လက္ေပါ့ပါးစြာ ခရီးထြက္ႏိုင္ေစဖို႔ “ကိုယ့္အခ်ိန္ေတြကို မိသားစုဆီက ယူလိုက္ရတယ္လို႔မေတြးဘဲ အားအင္ျပန္လည္ျဖည့္တင္းႏိုင္ဖို႔အတြက္ ကိုယ္ပိုင္အခ်ိန္ေလးတစ္ခု ဖန္တီးလိုက္ရတယ္လို႔ေတြးပါ။ မိမိရဲ႕ကိုယ္ပိုင္အခ်ိန္ကို ဦးစားေပးတတ္တဲ့သင္ဟာ ပိုလို႔ထက္ျမက္တဲ့ ဝန္ထမ္း၊ သူေဌး၊ သူငယ္ခ်င္း၊ ခ်စ္သူ၊ မိခင္၊ ဖခင္ေကာင္းတစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္” လို႔ဆိုပါတယ္။

၂။ ခရီးထြက္ျခင္းဟာ စိတ္ဖိစီးမႈေတြကို ေျပေပ်ာက္ေစႏိုင္တယ္ဆိုတာကို သိထားဖို႔လိုပါတယ္

aန႔စဥ္ပုံမွန္လည္ပတ္ေနက် လုပ္႐ိုးလုပ္စဥ္ေတြထဲက ခြဲထြက္လိုက္တဲ့အခါ၊ ဆိုရွယ္မီဒီယာႀကီးနဲ႔ ခဏအဆက္အသြယ္ျဖတ္ၾကည့္လိုက္တဲ့အခါ၊ ေနရာသစ္တစ္ခုကို ေျခခ်မိလိုက္တဲ့အခါမ်ိဳးမွာ သင့္ရဲ႕စိတ္ေတြက ယခင္ကထက္ပိုလို႔လန္းဆန္းလာတာကို ခံစားရပါလိမ့္မယ္။ အလုပ္ခဏနားၿပီး ခရီးတိုေလးထြက္ေပးျခင္းက လုပ္ငန္းခြင္ထဲျပန္ေရာက္တဲ့အခါမွာ သင့္ရဲ႕စြမ္းေဆာင္ရည္ေတြကို တိုးျမင့္ေစႏိုင္ၿပီး စိတ္ဖိစီးမႈေတြကိုလည္း ယခင္ကထက္ပိုလို႔ ထိန္းခ်ဳပ္လာႏိုင္ပါတယ္” လို႔ စိတ္ပညာရွင္ ေဒါက္တာ စတီဗင္ စတိန္း (Steven Stein) ကဆိုပါတယ္။

သင့္ရဲ႕အလုပ္ရွင္ကလည္း လုပ္ငန္းခြင္ထဲတစ္ဖန္ျပန္ေရာက္လာတဲ့သင္က ယခင္ကထက္ ပိုၿပီးစြမ္းေဆာင္ရည္ေတြတိုးျမင့္ေနတာကို ေတြ႕ရပါလိမ့္မယ္။

၃။ ဘာေတြခ်န္ခဲ့ရတယ္ဆိုတာထက္ သင္ယခုဘာလုပ္ေနတယ္ဆိုတာကိုပဲ အာ႐ုံစိုက္ပါ

“သင္ေမၽွာ္လင့္ထားတဲ့အတိုင္း သင့္ေဘးနားမွာရွိတဲ့ အရာရာတိုင္းကို ပုံေဖာ္ေနဖို႔သင့္မွာ တာဝန္မရွိပါဘူး” လို႔ စိတ္ပညာရွင္ ရက္ဘီခါ ဘူေအ့ခ္် (Rebekah Buege) က အႀကံျပဳစကားဆိုထားပါတယ္။ “သင့္ကိုေပ်ာ္႐ႊင္မႈေပးႏိုင္တဲ့အရာေတြနဲ႔ပဲ ဘဝကိုပုံေဖာ္ပါ” မိသားစုျပႆနာနဲ႔ စိတ္ပုတ္တဲ့သူငယ္ခ်င္းအေၾကာင္းကို ခရီးစဥ္အထိ မသယ္သြားပါနဲ႔။ စိတ္ထဲကထုတ္ထားပါ။ ျပန္လာရင္ျပန္ေတြ႕ရမယ့္သူေတြပါ။ အဲဒီအခါမွ သင္တာဝန္ယူလွပါခ်ည္ရဲ႕ဆိုတဲ့အရာေတြထဲ တစ္ဖန္ျပန္ၿပီး နစ္မြန္းခ်င္နစ္မြန္းေပါ့။ ေလာေလာဆယ္ေတာ့ ကိုယ္ဘာလုပ္ေနတယ္၊ ဘယ္သြားေနတယ္ဆိုတာကိုပဲ အာ႐ုံစိုက္ထားပါ။

၄။ ခရီးထြက္ဖို႔သင့္ရဲ႕လား

လူေတြက သင့္ကိုေျပာၾကပါလိမ့္မယ္။ ကေလးအေမျဖစ္ၿပီး ခရီးထြက္ႏိုင္ေသးတယ္ေနာ္။ ဝန္ထမ္းဆိုလည္း ဒီေလာက္အလုပ္ေတြမ်ားေနတဲ့ထဲ ခရီးထြက္ႏိုင္ေသးတယ္ေနာ္။ အားက်တယ္။ ဘာညာေပါ့။ သင္ခရီးထြက္ႏိုင္တယ္ မထြက္ႏိုင္ဘူးဆိုတာက သင္ကိုယ္တိုင္ဆုံးျဖတ္ရမယ့္အရာပါ။ တျခားလူဆုံးျဖတ္စရာမလိုပါဘူး။ ထင္ေၾကးေတြေပၚလိုက္ၿပီးလည္း တြန္႔ဆုတ္ေနစရာမလိုပါဘူး။ သင့္မွာ ကိုယ္ပိုင္လြတ္လပ္ခြင့္ရွိပါတယ္။ အိုေက … ငါ့ကိုယ့္ပိုင္အခ်ိန္ေလးေတာ့လိုတယ္။ ခရီးေလးတစ္ခုေလာက္ ထြက္ရရင္ေကာင္းမွာပဲဆိုၿပီး ေတြးမိေနရင္ ထြက္ပစ္လိုက္ပါ။ သင့္မွာေ႐ြးခ်ယ္ပိုင္ခြင့္ေတြရွိပါတယ္။

၅။ အလုပ္နဲ႔ အဆက္အသြယ္ျဖတ္ထားပါ

အေပၚကအခ်က္ေတြအားလုံးက ဒီမွာလာစုတာပါ။ အေရွ႕မွာေျပာခဲ့သလိုပဲ။ ကိုယ္လုပ္ေနတဲ့အရာကိုပဲ အာ႐ုံစိုက္ေစခ်င္ပါတယ္။ အလုပ္ေတြပိေနၿပီလားတို႔။ အိမ္ကလူေတြ အဆင္ေျပပါ့မလားတို႔။ ေလၽွာက္ေတြးမေနပါနဲ႔။ အဲဒီလိုေတြးေနမယ္ဆို သင္ခရီးထြက္လာတာက အလကားပါပဲ။ စိတ္ဖိစီးမႈေတာင္ ပိုတိုးပါေသးတယ္။ အလုပ္ကကိစၥေတြကို အရမ္းစိတ္ပူေနရတယ္ဆို အလုပ္ကလူေတြ ဆက္သြယ္ႏိုင္မယ့္ ဖုန္း၊ အီးေမးလ္၊ ေဖ့စ္ဘြတ္ခ္ အားလုံးကိုပိတ္ထားလိုက္ပါ။ ခြင့္ယူၿပီးမွ သြားဖို႔ေတာ့လိုတာေပါ့။

၆။ အသစ္ေသာအရာေတြကို ေလ့လာႏိုင္တယ္ဆိုတာကို မေမ့ပါနဲ႔

သင္ကတကယ္ႀကီး အလုပ္အတြက္ ေနာက္ဆံတင္းေနရတယ္ဆိုရင္ေတာ့ သြားမယ့္ေနရာသစ္ကေနၿပီး ဘာေတြေလ့လာသင္ယူႏိုင္လိမ့္မယ္ဆိုတာကို ျပန္ေတြးၿပီး စိတ္ေျဖပါေလ။ ဒီလိုမ်ိဳးခရီးထြက္ေပးျခင္းဟာ သင့္ကို ေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္လာေစႏိုင္တဲ့အျပင္ လူအမ်ားနဲ႔ လိုက္ေလ်ာညီေထြ ေနထိုင္တတ္ေစလာၿပီး ကိုယ့္ကိုယ္ကိုယ္လည္း အားကိုးတတ္လာေစပါတယ္။

Unicodeဖြင့်ဖတ်ရန်

ခရီးတစ်ခါထွက်ဖို့ ပြင်ဆင်ရတာတွေက မနည်းဘူးနော်။ အိမ်ထောင်ရှင်မတွေဆိုရင် တစ်ခါခရီးထွက်ဖို့ကို အဝတ်အစားတွေထည့်ရတာ၊ ကျန်ခဲ့မယ့်မိသားစုအတွက် အစားအသောက်တွေပြင်ဆင်ရတာ၊ ခရီးမှာစားဖို့ ယူသွားရမှာ၊ ပြန်လာရင် သန့်ရှင်းရေးလုပ်ဖို့တွေးပူရတာ၊ လျှော်ရ၊ ဖွတ်ရမှာ အဲဒီလိုတွေတွေးရင်း၊ တွေးရင်းနဲ့

မသွားဖြစ်ကြတော့ရော။ ရုံးဝန်ထမ်းတွေဆိုရင်လည်း အလုပ်တစ်ပုံကိုပစ်ထားပြီး စိတ်အေးလက်အေးသွားပစ်လိုက်ဖို့ကို ကြောက်နေကြပြန်ပါရော။

တကယ်တော့ ငါမရှိလို့မဖြစ်ဘူးဆိုပြီးတွေးနေတဲ့အတွေးလေးကို ဖျောက်လိုက်ရင်အိုကေသွားပါပြီ။ ငါမရှိလည်း သူ့အလိုလိုအဆင်ပြေသွားပါလိမ့်မယ်။ လူဆိုတာ ကိုယ်ပိုင်အချိန်လေးတော့ လိုတယ်လေ။

အဲဒီတော့ ခရီးထွက်ဖို့ဆုံးဖြတ်ပြီးပြီးဆိုတာနဲ့ ဟိုနောက်ဆံတင်း၊ ဒီနောက်ဆံတင်း တွေးပူမနေပါနဲ့တော့။ ခရီးစဉ်တစ်လျှောက် ပြန်မရနိုင်တဲ့အမှတ်တရတွေကို အဆုံးရှုံးမခံပါနဲ့။ ကျွန်တော်တို့ ရိုးရာလေးစာမျက်နှာကနေပြီးတော့လည်း စာဖတ်ပရိတ်သတ်တို့ အနှောင်အဖွဲ့ကင်းကင်း ခရီးထွက်ဖို့နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးသွားပါဦးမယ်။ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြပါဦး။

၁။ အတွေးတွေကို ပုံသေမသတ်မှတ်ထားပါနဲ့

စိတ်ပညာရှင် လီဆာ ဟတ်ထ်ချီဆန် (Lisa Hutchison) ဆိုသူက စိတ်လက်ပေါ့ပါးစွာ ခရီးထွက်နိုင်စေဖို့ “ကိုယ့်အချိန်တွေကို မိသားစုဆီက ယူလိုက်ရတယ်လို့မတွေးဘဲ အားအင်ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ကိုယ်ပိုင်အချိန်လေးတစ်ခု ဖန်တီးလိုက်ရတယ်လို့တွေးပါ။ မိမိရဲ့ကိုယ်ပိုင်အချိန်ကို ဦးစားပေးတတ်တဲ့သင်ဟာ ပိုလို့ထက်မြက်တဲ့ ဝန်ထမ်း၊ သူဌေး၊ သူငယ်ချင်း၊ ချစ်သူ၊ မိခင်၊ ဖခင်ကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်” လို့ဆိုပါတယ်။

၂။ ခရီးထွက်ခြင်းဟာ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေနိုင်တယ်ဆိုတာကို သိထားဖို့လိုပါတယ်

aန့စဉ်ပုံမှန်လည်ပတ်နေကျ လုပ်ရိုးလုပ်စဉ်တွေထဲက ခွဲထွက်လိုက်တဲ့အခါ၊ ဆိုရှယ်မီဒီယာကြီးနဲ့ ခဏအဆက်အသွယ်ဖြတ်ကြည့်လိုက်တဲ့အခါ၊ နေရာသစ်တစ်ခုကို ခြေချမိလိုက်တဲ့အခါမျိုးမှာ သင့်ရဲ့စိတ်တွေက ယခင်ကထက်ပိုလို့လန်းဆန်းလာတာကို ခံစားရပါလိမ့်မယ်။ အလုပ်ခဏနားပြီး ခရီးတိုလေးထွက်ပေးခြင်းက လုပ်ငန်းခွင်ထဲပြန်ရောက်တဲ့အခါမှာ သင့်ရဲ့စွမ်းဆောင်ရည်တွေကို တိုးမြင့်စေနိုင်ပြီး စိတ်ဖိစီးမှုတွေကိုလည်း ယခင်ကထက်ပိုလို့ ထိန်းချုပ်လာနိုင်ပါတယ်” လို့ စိတ်ပညာရှင် ဒေါက်တာ စတီဗင် စတိန်း (Steven Stein) ကဆိုပါတယ်။

သင့်ရဲ့အလုပ်ရှင်ကလည်း လုပ်ငန်းခွင်ထဲတစ်ဖန်ပြန်ရောက်လာတဲ့သင်က ယခင်ကထက် ပိုပြီးစွမ်းဆောင်ရည်တွေတိုးမြင့်နေတာကို တွေ့ရပါလိမ့်မယ်။

၃။ ဘာတွေချန်ခဲ့ရတယ်ဆိုတာထက် သင်ယခုဘာလုပ်နေတယ်ဆိုတာကိုပဲ အာရုံစိုက်ပါ

“သင်မျှော်လင့်ထားတဲ့အတိုင်း သင့်ဘေးနားမှာရှိတဲ့ အရာရာတိုင်းကို ပုံဖော်နေဖို့သင့်မှာ တာဝန်မရှိပါဘူး” လို့ စိတ်ပညာရှင် ရက်ဘီခါ ဘူအေ့ခ်ျ (Rebekah Buege) က အကြံပြုစကားဆိုထားပါတယ်။ “သင့်ကိုပျော်ရွှင်မှုပေးနိုင်တဲ့အရာတွေနဲ့ပဲ ဘဝကိုပုံဖော်ပါ” မိသားစုပြဿနာနဲ့ စိတ်ပုတ်တဲ့သူငယ်ချင်းအကြောင်းကို ခရီးစဉ်အထိ မသယ်သွားပါနဲ့။ စိတ်ထဲကထုတ်ထားပါ။ ပြန်လာရင်ပြန်တွေ့ရမယ့်သူတွေပါ။ အဲဒီအခါမှ သင်တာဝန်ယူလှပါချည်ရဲ့ဆိုတဲ့အရာတွေထဲ တစ်ဖန်ပြန်ပြီး နစ်မွန်းချင်နစ်မွန်းပေါ့။ လောလောဆယ်တော့ ကိုယ်ဘာလုပ်နေတယ်၊ ဘယ်သွားနေတယ်ဆိုတာကိုပဲ အာရုံစိုက်ထားပါ။

၄။ ခရီးထွက်ဖို့သင့်ရဲ့လား

လူတွေက သင့်ကိုပြောကြပါလိမ့်မယ်။ ကလေးအမေဖြစ်ပြီး ခရီးထွက်နိုင်သေးတယ်နော်။ ဝန်ထမ်းဆိုလည်း ဒီလောက်အလုပ်တွေများနေတဲ့ထဲ ခရီးထွက်နိုင်သေးတယ်နော်။ အားကျတယ်။ ဘာညာပေါ့။ သင်ခရီးထွက်နိုင်တယ် မထွက်နိုင်ဘူးဆိုတာက သင်ကိုယ်တိုင်ဆုံးဖြတ်ရမယ့်အရာပါ။ တခြားလူဆုံးဖြတ်စရာမလိုပါဘူး။ ထင်ကြေးတွေပေါ်လိုက်ပြီးလည်း တွန့်ဆုတ်နေစရာမလိုပါဘူး။ သင့်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပါတယ်။ အိုကေ … ငါ့ကိုယ့်ပိုင်အချိန်လေးတော့လိုတယ်။ ခရီးလေးတစ်ခုလောက် ထွက်ရရင်ကောင်းမှာပဲဆိုပြီး တွေးမိနေရင် ထွက်ပစ်လိုက်ပါ။ သင့်မှာရွေးချယ်ပိုင်ခွင့်တွေရှိပါတယ်။

၅။ အလုပ်နဲ့ အဆက်အသွယ်ဖြတ်ထားပါ

အပေါ်ကအချက်တွေအားလုံးက ဒီမှာလာစုတာပါ။ အရှေ့မှာပြောခဲ့သလိုပဲ။ ကိုယ်လုပ်နေတဲ့အရာကိုပဲ အာရုံစိုက်စေချင်ပါတယ်။ အလုပ်တွေပိနေပြီလားတို့။ အိမ်ကလူတွေ အဆင်ပြေပါ့မလားတို့။ လျှောက်တွေးမနေပါနဲ့။ အဲဒီလိုတွေးနေမယ်ဆို သင်ခရီးထွက်လာတာက အလကားပါပဲ။ စိတ်ဖိစီးမှုတောင် ပိုတိုးပါသေးတယ်။ အလုပ်ကကိစ္စတွေကို အရမ်းစိတ်ပူနေရတယ်ဆို အလုပ်ကလူတွေ ဆက်သွယ်နိုင်မယ့် ဖုန်း၊ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ် အားလုံးကိုပိတ်ထားလိုက်ပါ။ ခွင့်ယူပြီးမှ သွားဖို့တော့လိုတာပေါ့။

၆။ အသစ်သောအရာတွေကို လေ့လာနိုင်တယ်ဆိုတာကို မမေ့ပါနဲ့

သင်ကတကယ်ကြီး အလုပ်အတွက် နောက်ဆံတင်းနေရတယ်ဆိုရင်တော့ သွားမယ့်နေရာသစ်ကနေပြီး ဘာတွေလေ့လာသင်ယူနိုင်လိမ့်မယ်ဆိုတာကို ပြန်တွေးပြီး စိတ်ဖြေပါလေ။ ဒီလိုမျိုးခရီးထွက်ပေးခြင်းဟာ သင့်ကို ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာစေနိုင်တဲ့အပြင် လူအများနဲ့ လိုက်လျောညီထွေ နေထိုင်တတ်စေလာပြီး ကိုယ့်ကိုယ်ကိုယ်လည်း အားကိုးတတ်လာစေပါတယ်။

Ref: newsrepublic “6 tips to help you enjoy a vacation without feeling guilty”

Credit; Po Mo Htoo Aung (႐ိုးရာေလး)