Zawgyi ျဖင့္ဖတ္ရန္

စာဖတ္ခ်စ္ပရိတ္သတ္တို႕ေရ နံနံပင္ႀကိဳက္ၾကလားရွင့္။ တခ်ိဳ႕လူေတြကေတာ့ နံနံပင္ကို အနံ႕ျပင္း တယ္ဆိုၿပီး သိပ္သေဘာမေတြ႕ၾကပါဘူးေနာ္။

ေရွးယခင္ႏွစ္ေတြကတည္းက နံနံပင္ကို ေသြးေပါင္ခ်ိန္တက္တဲ့အခါ၊ အလက္ဂ်စ္ေတြကုတဲ့အခါနဲ႕ ေယာင္ရမ္းတဲ့ေရာဂါေတြခံစားရခ်ိန္တို႕မွာ အသံုးျပဳလာခဲ့ၾကပါတယ္။

ျမန္မာအစားအစာအမ်ားစုမွာဆိုရင္လည္း နံနံပင္ကို အနံ႕ပိုေမႊးေအာင္ဆိုၿပီး အုပ္တတ္ၾကပါတယ္။ ဒီလိုမ်ိဳး ႀကိဳက္တဲ့လူရွိသလို မႀကိဳက္သူမ်ားလည္းရွိၾကတဲ့ နံနံပင္ရဲ႕ ေဆးဖက္ဝင္ဆိုင္ရာ အက်ိဳးေက်းဇူးမ်ားကို ေဖာ္ျပေပးခ်င္ပါတယ္။

၁။ အေရးႀကီးတဲ့ အာဟာရဓာတ္မ်ားပါဝင္ျခင္း

အပင္ေလးက ပိန္ပိန္ပါးပါးေလးေလးဆိုေပမယ့္လည္း တကယ္တမ္းေတာ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိပါတယ္။ ဗီတာမင္ဓာတ္ေတြပါဝင္ၿပီး အထူးသျဖင့္ ေသြးပိတ္ဆို႕ျခင္းႏွင့္ အရိုးက်န္းမာေရးအတြက္ လိုအပ္တဲ့ ဗီတာမင္ေက အထူးၾကြယ္ဝပါတယ္။

ကယ္လိုရီပါဝင္မႈလည္း နည္းပါးတာေၾကာင့္ ဝိတ္ေလ်ာ့ေနသူမ်ားအတြက္ေတာ့ အဆင္ေျပပါတယ္။

၂။ Antioxidants မ်ားၾကြယ္ဝျခင္း

က်န္းမာသြက္လက္တဲ့ ကိုယ္ခႏၶာနဲ႕ အၿမဲတမ္းဖ်တ္လတ္တက္ၾကြေနဖို႕အတြက္ Antioxidants ေတြလည္း လိုအပ္ပါတယ္။ နံနံပင္ကို မ်ားမ်ားစားသံုးေပးျခင္းဟာ အူမႀကီးႏွင့္ အဆုတ္ကင္ဆာ ၊ အဆင့္ ၂ ဆီးခ်ိဳေရာဂါႏွင့္ ႏွလံုးေရာဂါတုိ႕ ျဖစ္ႏိုင္ေျခႏႈန္းထားကို ေလ်ာ့က်ေစပါတယ္။

၃။ အရိုးကိုအားျဖစ္ေစျခင္း

အသက္အရြယ္ရလာသည့္တိုင္ အရိုးေတြခိုင္မာေနဖို႕အတြက္ ဗီတာမင္ေကလိုအပ္ပါတယ္။ လိုအပ္တဲ့ ဗီတာမင္ေကဓာတ္ကို အျခားအစားအစာေတြအျပင္ နံနံပင္ကိုလည္း အစားအေသာက္မ်ားထဲမွာ ေရာယွက္ရင္းျဖင့္ စားသံုးေပးႏိုင္ပါတယ္။

၄။ ကင္ဆာတိုက္ဖ်က္ႏိုင္တဲ့ အစြမ္းသတၱိမ်ားရွိျခင္း

ေရာဂါေတြထဲမွာ အေၾကာက္ရဆံုးျဖစ္တဲ့ ကင္ဆာေရာဂါကို တိုက္ဖ်က္ႏိုင္ဖို႕အတြက္ လိုအပ္တဲ့ Antioxidants ေတြ၊ ဗီတာမင္စီေတြကို နံနံပင္စားသံုးျခင္းျဖင့္ ရယူႏိုင္ပါတယ္။

၅။ မ်က္လံုးအားေကာင္းေစျခင္း

အရာရာကို ေကာင္းေကာင္းမြန္မြန္ ၾကည္ၾကည္လင္လင္ ျမင္ႏိုင္စြမ္းရွိဖို႕အတြက္ ခႏၶာကိုယ္မွ လိုအပ္တဲ့ Lutein, Bea Carotene, Zeaxanthin ဓာတ္တို႕ကိုလည္း နံနံပင္က ေကာင္းေကာင္းႀကီးေပးစြမ္းႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္အရြယ္ႀကီးရင့္တဲ့အထိ မ်က္လံုးအားေကာင္းေစဖို႕ နံနံပင္ကို ရံဖန္ရံခါ ထည့္သြင္းစားသံုးေပးပါ။

Credit:myfoodmyanmar

 

Unicode ဖြင့်ဖတ်ရန်

 

စာဖတ်ချစ်ပရိတ်သတ်တို့ရေ နံနံပင်ကြိုက်ကြလားရှင့်။ တချို့လူတွေကတော့ နံနံပင်ကို အနံ့ပြင်းတယ်ဆိုပြီး သိပ်သဘောမတွေ့ကြပါဘူးနော်။

ရှေးယခင်နှစ်တွေကတည်းက နံနံပင်ကို သွေးပေါင်ချိန်တက်တဲ့အခါ၊ အလက်ဂျစ်တွေကုတဲ့အခါနဲ့ ယောင်ရမ်းတဲ့ရောဂါတွေခံစားရချိန်တို့မှာ အသုံးပြုလာခဲ့ကြပါတယ်။

မြန်မာအစားအစာအများစုမှာဆိုရင်လည်း နံနံပင်ကို အနံ့ပိုမွှေးအောင်ဆိုပြီး အုပ်တတ်ကြပါတယ်။ ဒီလိုမျိုး ကြိုက်တဲ့လူရှိသလို မကြိုက်သူများလည်းရှိကြတဲ့ နံနံပင်ရဲ့ ဆေးဖက်ဝင်ဆိုင်ရာ အကျိုးကျေးဇူးများကို ဖော်ပြပေးချင်ပါတယ်။

၁။ အရေးကြီးတဲ့ အာဟာရဓာတ်များပါဝင်ခြင်း

အပင်လေးက ပိန်ပိန်ပါးပါးလေးလေးဆိုပေမယ့်လည်း တကယ်တမ်းတော့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဗီတာမင်ဓာတ်တွေပါဝင်ပြီး အထူးသဖြင့် သွေးပိတ်ဆို့ခြင်းနှင့် အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်ကေ အထူးကြွယ်ဝပါတယ်။

ကယ်လိုရီပါဝင်မှုလည်း နည်းပါးတာကြောင့် ဝိတ်လျော့နေသူများအတွက်တော့ အဆင်ပြေပါတယ်။

၂။ Antioxidants များကြွယ်ဝခြင်း

ကျန်းမာသွက်လက်တဲ့ ကိုယ်ခန္ဓာနဲ့ အမြဲတမ်းဖျတ်လတ်တက်ကြွနေဖို့အတွက် Antioxidants တွေလည်း လိုအပ်ပါတယ်။ နံနံပင်ကို များများစားသုံးပေးခြင်းဟာ အူမကြီးနှင့် အဆုတ်ကင်ဆာ ၊ အဆင့် ၂ ဆီးချိုရောဂါနှင့် နှလုံးရောဂါတို့ ဖြစ်နိုင်ခြေနှုန်းထားကို လျော့ကျစေပါတယ်။

၃။ အရိုးကိုအားဖြစ်စေခြင်း

အသက်အရွယ်ရလာသည့်တိုင် အရိုးတွေခိုင်မာနေဖို့အတွက် ဗီတာမင်ကေလိုအပ်ပါတယ်။ လိုအပ်တဲ့ ဗီတာမင်ကေဓာတ်ကို အခြားအစားအစာတွေအပြင် နံနံပင်ကိုလည်း အစားအသောက်များထဲမှာ ရောယှက်ရင်းဖြင့် စားသုံးပေးနိုင်ပါတယ်။

၄။ ကင်ဆာတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိများရှိခြင်း

ရောဂါတွေထဲမှာ အကြောက်ရဆုံးဖြစ်တဲ့ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ဖို့အတွက် လိုအပ်တဲ့ Antioxidants တွေ၊ ဗီတာမင်စီတွေကို နံနံပင်စားသုံးခြင်းဖြင့် ရယူနိုင်ပါတယ်။

၅။ မျက်လုံးအားကောင်းစေခြင်း

အရာရာကို ကောင်းကောင်းမွန်မွန် ကြည်ကြည်လင်လင် မြင်နိုင်စွမ်းရှိဖို့အတွက် ခန္ဓာကိုယ်မှ လိုအပ်တဲ့ Lutein, Bea Carotene, Zeaxanthin ဓာတ်တို့ကိုလည်း နံနံပင်က ကောင်းကောင်းကြီးပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်တဲ့အထိ မျက်လုံးအားကောင်းစေဖို့ နံနံပင်ကို ရံဖန်ရံခါ ထည့်သွင်းစားသုံးပေးပါ။

Credit:myfoodmyanmar