Zawgyiျဖင့္ဖတ္ရန္

 

ေရခဲေသတၱာေတြဆိုတာ အျမဲလိုလုိညစ္ပတ္ေနေလ့ရွိတဲ့အရာေတြပါ ။အဓိက ညစ္ပတ္ရျခင္းအေၾကာင္းကေတာ့ မိႈစြဲျခင္းေၾကာင့္ပါပဲ ။ေရခဲေသတၱာဆိုတာဟာ အျမဲတမ္းစိုစြတ္ေနတဲ့ေနရာျဖစ္တဲ့အတြက္ မိႈေတြနဲ႕ဘတ္တီးရီးယားေတြေပါက္ပြားရာေနရာတစ္ခုလည္းျဖစ္ပါတယ္ ။

ဒီဘတ္တီးရီးယားနဲ႕မိႈေတြဟာ အထဲမွာထားတဲ့ သစ္သီးသစ္ရြက္ေတြကို ကူးစက္သြားခဲ့ရင္ေတာ့ သင့္အတြက္ျပႆနာရွိလာပါျပီ ။မိႈတက္ေနတဲ့ အစားအေသာက္ေတြကို စားသံုးမယ္ဆုိရင္ေတာ့ သင့္က်န္းမာေရးထိခိုက္မွာအမွန္ပါပဲ ။

အခုေျပာျပမယ့္ နည္းလမ္းေလးကို သံုးလိုက္ရင္ေတာ ့အခ်ိန္မကုန္ပဲ ေရခဲေသတၱာထဲက မႈိေတြကိုအလြယ္ကူဆံုးရွင္းလင္းႏုိင္ပါလိမ့္မယ္ ။သင္လုိအပ္မယ့္အရာတစ္ခုကေတာ့ သံပုရာသီးပါပဲ ။သံပုရာသီးကို ထက္ျခမ္းခြဲျပီး ခြက္တစ္လံုးထဲအရည္ညွစ္ထည့္ကာ ေရအနည္းငယ္ေရာထည့္ျပီး ခြက္ထဲကုိ သံပရာခြံ အနည္းငယ္ထည့္ျပီးေနာက္ အပူခ်ိန္ 700W မွာ ၃ မိနစ္ေလာက္အပူေပးပါ။ျပီးရင္ အပူေပးထားတဲ့ခြက္ (ပူေနဆဲ) ကို ေရခဲေသတၱာထဲ နာရီဝက္ေလာက္ထည့္ထားေပးပါ ။

နာရီဝက္ၾကာတဲ့အခါ အဝတ္တစ္ခုနဲ႕မိႈေတြကို သန္႕ရွင္းေပးမယ္ဆိုရင္ အလြယ္တကူ သန္႕ရွင္းလုိ႕ရတာကုိ ေတြ႕ရပါလိမ့္မယ္ ။ထုိ႕အျပင္ သင့္ရဲ႕ေရခဲေသတၱာေလးဟာ အသီးအရြက္ အနံ႕ေတြနံမေနေတာ့ပဲ သံပုရာရနံ႕ေလးသင္းေနပါလိမ့္မယ္ ။

Credit – Min Thu (Daily Hot News )

 

Unicodeဖြင့်ဖတ်ရန်

 

ညစ်ပတ်နေတဲ့ ရေခဲသေတ္တာတစ်လုံးကို အလွယ်ကူဆုံးသန့်ရှင်းနည်း

 

ရေခဲသေတ္တာတွေဆိုတာ အမြဲလိုလိုညစ်ပတ်နေလေ့ရှိတဲ့အရာတွေပါ ။အဓိက ညစ်ပတ်ရခြင်းအကြောင်းကတော့ မှိုစွဲခြင်းကြောင့်ပါပဲ ။ရေခဲသေတ္တာဆိုတာဟာ အမြဲတမ်းစိုစွတ်နေတဲ့နေရာဖြစ်တဲ့အတွက် မှိုတွေနဲ့ဘတ်တီးရီးယားတွေပေါက်ပွားရာနေရာတစ်ခုလည်းဖြစ်ပါတယ် ။

ဒီဘတ်တီးရီးယားနဲ့မှိုတွေဟာ အထဲမှာထားတဲ့ သစ်သီးသစ်ရွက်တွေကို ကူးစက်သွားခဲ့ရင်တော့ သင့်အတွက်ပြဿနာရှိလာပါပြီ ။မှိုတက်နေတဲ့ အစားအသောက်တွေကို စားသုံးမယ်ဆိုရင်တော့ သင့်ကျန်းမာရေးထိခိုက်မှာအမှန်ပါပဲ ။

အခုပြောပြမယ့် နည်းလမ်းလေးကို သုံးလိုက်ရင်တော့အချိန်မကုန်ပဲ ရေခဲသေတ္တာထဲက မှိုတွေကိုအလွယ်ကူဆုံးရှင်းလင်းနိုင်ပါလိမ့်မယ် ။သင်လိုအပ်မယ့်အရာတစ်ခုကတော့ သံပုရာသီးပါပဲ ။သံပုရာသီးကို ထက်ခြမ်းခွဲပြီး ခွက်တစ်လုံးထဲအရည်ညှစ်ထည့်ကာ ရေအနည်းငယ်ရောထည့်ပြီး ခွက်ထဲကို သံပရာခွံ အနည်းငယ်ထည့်ပြီးနောက် အပူချိန် 700W မှာ ၃ မိနစ်လောက်အပူပေးပါ။ပြီးရင် အပူပေးထားတဲ့ခွက် (ပူနေဆဲ) ကို ရေခဲသေတ္တာထဲ နာရီဝက်လောက်ထည့်ထားပေးပါ ။

နာရီဝက်ကြာတဲ့အခါ အဝတ်တစ်ခုနဲ့မှိုတွေကို သန့်ရှင်းပေးမယ်ဆိုရင် အလွယ်တကူ သန့်ရှင်းလို့ရတာကို တွေ့ရပါလိမ့်မယ် ။ထို့အပြင် သင့်ရဲ့ရေခဲသေတ္တာလေးဟာ အသီးအရွက် အနံ့တွေနံမနေတော့ပဲ သံပုရာရနံ့လေးသင်းနေပါလိမ့်မယ် ။

Credit – Min Thu (Daily Hot News )