Zawgyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
မြွှေနဲ့ ဆော့နေတဲ့ ဖွေးဖွေးကို ကြည့်ပြီး ပရိသတ်တွေ အသဲယားနေကြပါတယ်။ သူမရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီး ပရိသတ်တွေ လိုက်မလုပ်ဖို့ ဖွှေးဖွေးက သတိပေးထားပါသေးတယ်။
မင်းသမီးချောလေး ဖွေးဖွေးက ပရိသတ်တွေကို အသဲယားအောင် လုပ်လိုက်ပြန်ပါပြီ။ နိုဝင်ဘာ(၂၉) ရက်နေ့ညက ဖွေးဖွေးရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ဗီဒီယိုဖိုင်လေးတစ်ခုတင်ထားပါတယ်။ အဲ့ဒီဗီဒီယိုင်လေးထဲမှာ ဖွေးဖွေးတစ်ယောက် မြွှေနဲ့ ဆော့နေတာပါ။
ဗီဒီယိုထဲမှာ ဖွေးဖွေးက စပါးကြီးမြွှေနဲ့အတူ ဆော့နေတာပါ။ မြွှေနဲ့ ဆော့နေတဲ့ဗီဒီဖိုင်ကို တင်ရင်း ဖွေးဖွေးက ယခုလို ပြောထားပါသေးတယ်။
“A very Lucky Good night My dearest !!ငွေဝင်ကြမ်းကြပါစေ..Good Night ! Sweet Dreams” ဆိုပြီး နိုဝင်ဘာ(၂၉) ရက်နေ့က ရေးသား ထားတာပါ။မြွှေနဲ့ ဆော့နေတဲ့ ဖွေးဖွေးရဲ့ ဗီဒီယိုဖိုင်ကိုကြည့်ပြီး ပရိသတ်တွေ အသဲယားလို့ နေကြပါတယ်။ သူ့ဗီဒီယိုဖိုင်ကိုကြည့်ပြီး ပရိသတ်တွေ လိုက်မလုပ်ဖို့ကိုလည်း ဖွေးဖွေးက သတိပေးထားပါသေးတယ်။
ဖွေးဖွေးက လက်ရှိမှာ ရိုက်ကူးရေးတွေ နားထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလထဲမှာတော့ ၂၀၁၉ခုနှစ်တွင် ရိုက်ကူးမယ့် အက်ရှင် ဇာတ်ကား တစ်ကားအတွက် အတိုက်အခိုက်ပိုင်းနဲ့ ပတ်သက်ပြိး လေ့ကျင့်မှုတွေ လုပ်ရတော့မယ်လို့ ပရိသတ်တွေနဲ့ ပြောထားတဲ့ Live မှာ ပြောခဲ့ဖူးပါတယ်။
ဖွေးဖွေးပါဝင်ထားတဲ့ “မုန်းစွဲ ” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း လက်ရှိမှာ အောင်မြင်မှု ရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပရိသတ်တွေက သူမကို အဲ့ဒီဇာတ်ကားနဲ့ အကယ်ဒမီဆု ထပ်ရဦးမယ်လို့ မှတ်ချက်ပေးထားကြပါသေးတယ်။
ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးပါ။ ဗီဒီယို ဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပါတယ်။
ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။
Credit: Duwun