Zawgyiျဖင့္ဖတ္ရန္

ရန္ကုန္တုိင္းေဒသၾကီးက်န္းမာေရးဦးစီးဌာနရဲ႕ စာရင္းေတြအရ ျပီးခဲ့တဲ့ ေအာက္တုိဘာလထဲမွာ ရန္ကုန္တုိင္းထဲမွာ ေခြးကုိက္ခံရသူ ၁၃၀၀ ေက်ာ္အထိရွိခဲ့ျပီး ႏုိ၀င္ဘာလထဲမွာ တစ္ရက္ကုိ လူ ၆၀ ေလာက္ ေခြးကုိက္ခံရျပီး ေခြးရူးကာကြယ္ေဆးထုိးေနရတယ္လုိ႔ ဆုိပါတယ္။

၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလကေန ေအာက္တုိဘာလအထိ ရန္ကုန္ေဆးရုံၾကီးမွာ ေခြးကုိက္ခံရသူေပါင္း ၈၆၂၉ ေယာက္ကုိ ကုသေပးခဲ့ရျပီး ၂၅ ေယာက္ေသဆုံးခဲ့တယ္လုိ႔ Out Break News Today သတင္းမွာ ေဖာ္ျပပါတယ္။

ေခြးရူးေရာဂါဟာ ကာကြယ္ဖုိ႔နည္းပဲရွိျပီး ကုသလုိ႔ မရတာေၾကာင့္ ေခြးကုိက္ခံရျပီဆုိတာနဲ႔ နီးစပ္ရာ ေဆးရုံေဆးခန္းကုိ ၂၄ နာရီအတြင္းေရာက္ဖုိ႔ လုိအပ္ပါတယ္လုိ႔ တိရိစာၦန္ေဆးကုဆရာ၀န္ ေဒါက္တာ ေစာသက္ထြန္းက Duwun ကုိ ေျပာပါတယ္။

ေခြးကုိက္ခံသူအမ်ားစုဟာ ဒလျမိဳ႕နယ္ကျဖစ္ျပီး ေခြးကုိက္ခံရႏႈန္းေတြ တက္လာေနပါတယ္။ ရန္ကုန္မွာေခြးေကာင္ေရ ၂ သိန္းရွိေနၿပီး မ်ိဳးပြားႏႈန္းက တစ္နွစ္ကုိ ေကာင္ေရသုံးေသာင္းကေန ငါးေသာင္းၾကားအထိ ရွိေနတယ္လုိ႔ အခ်က္အလက္ေတြက ဆုိပါတယ္။

ေခြးရူးေရာဂါေၾကာင့္ လူေသဆုံးမႈဟာ ႏွစ္စဥ္တက္ေနတာေၾကာင့္ ေလလြင့္ေခြးေတြကုိ ထိမ္းခ်ဳပ္တဲ့ နည္းလမ္းကုိ ေကာင္းေကာင္းသုံးသင့္ေနျပီးလုိ႔ ဆရာ၀န္အသုိင္းအ၀ုိင္းက သုံးသပ္ပါတယ္။

Unicodeဖြင့်ဖတ်ရန်

ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ရန်ကုန်တိုင်းထဲမှာ ခွေးကိုက်ခံရသူ ၁၃၀၀ ကျော်အထိရှိခဲ့ပြီး နိုဝင်ဘာလထဲမှာ တစ်ရက်ကို လူ ၆၀ လောက် ခွေးကိုက်ခံရပြီး ခွေးရူးကာကွယ်ဆေးထိုးနေရတယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ရန်ကုန်ဆေးရုံကြီးမှာ ခွေးကိုက်ခံရသူပေါင်း ၈၆၂၉ ယောက်ကို ကုသပေးခဲ့ရပြီး ၂၅ ယောက်သေဆုံးခဲ့တယ်လို့ Out Break News Today သတင်းမှာ ဖော်ပြပါတယ်။

ခွေးရူးရောဂါဟာ ကာကွယ်ဖို့နည်းပဲရှိပြီး ကုသလို့ မရတာကြောင့် ခွေးကိုက်ခံရပြီဆိုတာနဲ့ နီးစပ်ရာ ဆေးရုံဆေးခန်းကို ၂၄ နာရီအတွင်းရောက်ဖို့ လိုအပ်ပါတယ်လို့ တိရိစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ စောသက်ထွန်းက Duwun ကို ပြောပါတယ်။

ခွေးကိုက်ခံသူအများစုဟာ ဒလမြို့နယ်ကဖြစ်ပြီး ခွေးကိုက်ခံရနှုန်းတွေ တက်လာနေပါတယ်။ ရန်ကုန်မှာခွေးကောင်ရေ ၂ သိန်းရှိနေပြီး မျိုးပွားနှုန်းက တစ်နှစ်ကို ကောင်ရေသုံးသောင်းကနေ ငါးသောင်းကြားအထိ ရှိနေတယ်လို့ အချက်အလက်တွေက ဆိုပါတယ်။

ခွေးရူးရောဂါကြောင့် လူသေဆုံးမှုဟာ နှစ်စဉ်တက်နေတာကြောင့် လေလွင့်ခွေးတွေကို ထိမ်းချုပ်တဲ့ နည်းလမ်းကို ကောင်းကောင်းသုံးသင့်နေပြီးလို့ ဆရာဝန်အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
Credit: Duwun