Zawgyiျဖင့္ဖတ္ရန္
အဆိုေတာ္ ဝိုင္းစုခိုင္သိန္းက ၿမိဳင္ႀကီးငူဆရာေတာ္ရဲ႕ ဈာပနပြဲမွာ ကုသိုလ္အေနနဲ႔ သီခ်င္းဆိုဖို႔ လက္ခံခဲ့ေပမယ့္ စီစဥ္သူမ်ားေၾကာင့္ ျပႆနာေတြ ႀကဳံ႔ေတြ႕ခဲ့ရတယ္လို႔ ဧရာဝတီကို ေျပာပါတယ္။

“ဝိုင္းစုက ၿမိဳင္ႀကီးငူဆရာေတာ္ရဲ႕ဈာပနပြဲမွာ တမင္ေဈးေလွ်ာ့ေပးၿပီး ကုသိုလ္အေနနဲ႔ ဆိုဖို႔ လက္ခံခဲ့တယ္။ ဗိုလ္မႉးခ်စ္သူရဲ႕ နယ္က ပြဲလည္း ျဖစ္ေနလို႔၊ အရင္ကလည္း ဗိုလ္မႉးခ်စ္သူပြဲေတြမွာ ဆိုဖူးတာ အဆင္ေျပလို႔ လက္ခံၿပီးသြားဆိုတာ ပြဲစီစဥ္သူအေနနဲ႔ ဝိုင္းစုအေပၚမွာခုလို ရင့္ရင့္သီးသီ းမဆက္ဆံသင့္ဘူး။ အဲဒါကို ေျပာျပခ်င္တယ္”လို႔ ဝိုင္းစုခိုင္သိန္းက ၿမိဳင္ႀကီးငူပြဲစီစဥ္သူအေၾကာင္း ဧရာဝတီကို ေျပာပါတယ္။

ဝိုင္းစုခိုင္သိန္းက ၿမိဳင္ႀကီးငူဆရာေတာ္ ဈာပနႀကီးမွာ ပါဝင္တဲ့ ေဖ်ာ္ေျဖေရး အစီအစဥ္အတြက္ ႏိုဝင္ဘာ ၂၆ ရက္နဲ႔ ၂၇ ရက္မွာ သီဆိုခဲ့ရတယ္လို႔ ဆိုၿပီး ဒီပြဲမတိုင္ခင္မွာလည္း ကားအက္စီဒင့္ျဖစ္ခဲ့ေသးတယ္လို႔ ဆိုပါတယ္။

“အခက္အခဲအေနနဲ႔ဆိုရင္ေတာ့ အမ်ားႀကီးပဲ။ ဒီပြဲမတိုင္ခင္ ေရွ႕တပြဲမွာ ဝိုင္းစု ကားအက္ဆီးဒင့္ ျဖစ္ခဲ့တယ္။ ညာဖက္က ဆိတ္တေကာင္ တက္လာတာကို ေရွာင္ရင္းနဲ႔ ဘယ္ဘက္က တက္လာတဲ့အေကာင္ကို သြားတိုက္မိတာ ကားတျခမ္း ပဲ့သြားတာ။ ဝိုင္းစုက အဲဒီကားနဲ႔ပဲ အၿမဲတမ္းသြားေနက် ဆိုေတာ့ အဲဒီလိုျဖစ္သြားေတာ့ ေနာက္ထပ္တစီးေျပာင္းၿပီး သြားရတယ္။ ဝိုင္းစု ကားကို သြားခါနီးမွ စစ္ရတယ္”

“ပထမေတာ့ သူတို႔ေျပာတာက ဘားအံကေန ၿမိဳင္ႀကီးငူကို ညေန ၅ နာရီေလာက္ သြားၾကမယ္တဲ့။ အားလုံးျပင္ဆင္ၿပီး ၁၂နာရီေလာက္ကို ဒီကစထြက္မယ္ေပါ့ေနာ္။ အဲဒီမတိုင္ခင္မွာ သူတို႔ကလွမ္းဆက္တယ္။ ရတယ္တဲ့။ ဝိုင္းစု အဆင္ေျပတဲ့အခ်ိန္က်မွ လိုက္ခဲ့တဲ့။ ေနာက္က်မွ လိုက္လည္း ရတယ္။ သူတို႔အရင္ သြားႏွင့္မယ္တဲ့။ ဒါဆို အိုေကေပါ့။ အဲဒီအခ်ိန္မွာ ေမႀကီးကလည္း ေနမေကာင္းဘူး။ ေမႀကီးကေတာက္ေလွ်ာက္ ေနမေကာင္းျဖစ္ေနတာ။ ေမႀကီးကို ေဆးခန္းျပဖို႔ အားလုံးစီစဥ္ေပးရတယ္”လို႔ ဝိုင္းစုခိုင္သိန္းက ဆိုပါတယ္။

“ကားေပၚက ဝိုင္းစုဆင္းဆင္းခ်င္းမွာပဲ နင့္ကိုငါ ႐ိုက္ခ်င္တယ္လို႔ လွမ္းေျပာတယ္။ ေဘးနားမွာက ပြဲကိုလာဆိုတဲ့ အဆိုေတာ္ေတြအားလုံး ရွိတယ္။ ေအာ္ႀကီးဟစ္က်ယ္နဲ႔ လွမ္းေျပာေတာ့ ဝိုင္းစုက ဘာျဖစ္လို႔လဲ အစ္ကိုလို႔၊ ပြဲမွီတယ္ေလလို႔ လွမ္းေျပာၿပီးဝင္သြားတယ္။အဲဒီမွာသူက ဝိုင္းစုခိုင္သိန္းတဲ့ နင္က အလုပ္ကို မေလးစားဘူးတဲ့”

“ဝိုင္းစုဘဝမွာ တခါမွ ပြဲခ်ိန္ပ်က္ဖူးတာလည္း မရွိဘူး။ အခုဒီပြဲမွာလည္း ႏွစ္ခ်ိန္လုံးကိုမွီေအာင္လာခဲ့တယ္။ ပြဲကို မေရာက္လာတာလည္း မဟုတ္ဘူး။ ဒါေပမဲ့ ဝိုင္းစု သည္းခံ လိုက္တယ္။ သူက ဒီလိုအာက်ယ္၊ အာက်ယ္ေျပာတတ္တာကိုလည္း သိထားတယ္။ အရင္ကတည္းက ရင္းႏွီးထားတဲ့ သူျဖစ္တဲ့အတြက္ ၿပီးေတာ့လည္း ပြဲမစီစဥ္ဖူးဘူး ထင္ပါတယ္။သူ႔အေၾကာင္းကို သိလို႔ ဝိုင္းစု ဘာတခြန္းမွ မဟခဲ့ပါဘူး။ စင္ေနာက္မွာကလူေတြလည္း အရမ္းမ်ားတယ္”

“အိမ္သာကလည္း အနံ႔အသက္ မေကာင္းတာနဲ႔ ဝိုင္းစုကားေပၚ သြားထိုင္ေနတယ္။ ပထမပိုင္းမွာ ဆိုရမွာက ၃ ပုဒ္၊ ဒုတိယပိုင္းမွာဆိုရမွာက ၄ ပုဒ္။ ဒါေပမဲ့ ဝိုင္းစုအေရွ႕မွ ာအားလုံးက သုံးပုဒ္စီပဲ ဆိုသြားၾကၿပီး အခ်ိန္ကလည္းေနာက္က်ေနၿပီဆိုေတာ့ မဆိုခင္မွာကားေပၚကဆင္းၿပီး သြားေမးတယ္။ ဘယ္လိုဆိုရမွာလဲလို႔၊ သုံးပုဒ္ျဖစ္သြားတာလားလို႔ ေမးလိုက္တဲ့အခ်ိန္မွာ အခ်ိန္ကိုၾကည့္ေလတဲ့”

“အမွန္ဆိုအဲဒီလိုမေျပာရဘူး။ အဓိက Respect မရွိတာေပါ့ေနာ္။ ဝိုင္းစုလည္း ေကာင္းေကာင္းေမးတာပဲ တကယ္ဆိုရင္ ညီမေရ အခ်ိန္ေၾကာင့္ အဲဒီလိုျဖစ္သြားတယ္။ သုံးပုဒ္ပဲဆိုလို႔ရမယ္လို႔ ျဖစ္ရမွာေလ။ ဝိုင္းစုစိတ္ထဲမွာ တခ်က္ေတာ့ ထင့္သြားတယ္။ ထားလိုက္ပါေတာ့ေလဆိုၿပီး ေတာက္ေလွ်ာက္ေရွာင္ခဲ့တယ္”လို႔ ဝိုင္းစုခိုင္သိန္းက အဲဒီေန႔က ပြဲအေတြ႕အႀကဳံကို ေျပာျပပါတယ္။

ဒီပြဲမွာ ပြဲစီစဥ္သူေၾကာင့္ အဆင္မေျပမႈေတြအေၾကာင္းကို ဝိုင္းစုခိုင္သိန္းက အခုလိုဆက္ေျပာပါတယ္။

“အဲဒီအခ်ိန္က မနက္၂ နာရီေတာင္ ခြဲေနၿပီ။ ဝိုင္းစုဘယ္အခ်ိန္ သြားဆိုရမွာလဲ။ လူေတြေတာင္ျပန္ကုန္ၾကၿပီ။ ကိုယ့္ကိုၾကည့္ခ်င္တဲ့သူေတြက ရွိေနေသးလို႔ ဆိုမွာ။ ဝိုင္းစုက ကိုဝနၿပီးရင္ ဆိုမယ္ေလလို႔ဆိုေတာ့။ နင္ဆိုခ်င္ဆို မဆိုခ်င္ေန။ မဆိုခ်င္ျပန္လိုက္တဲ့။ ဒါဆိုျပန္မယ္လို႔ဆိုေတာ့ နင္ျပန္ခ်င္ျပန္လိုက္။ နင့္ပိုက္ဆံယူသြားလိုက္။ မဆိုလည္း ယူသြားလိုက္ဆိုၿပီး ေၾကာၿပီးေျပာတယ္။ ဝိုင္းစုက ပိုက္ဆံမယူဘဲ ျပန္မယ္ဆိုၿပီး ထြက္လာေတာ့ သူကပိုက္ဆံအတင္းလိုက္ေပးတယ္”

“ကိုေအာင္လလည္း ပါလာတယ္၊ ကားေပၚမွာဆိုေတာ့ သူအတင္းလိုက္ေပးေတာ့ မယူဘူးဆိုၿပီး ခါထုတ္လိုက္ေတာ့ ပိုက္ဆံက လြင့္ထြက္သြားတယ္။ ေဘးမွာက အဲဒီပြဲကလူေတြရွိတယ္။ သူက ေတြ႕တယ္မလားတဲ့၊ ပိုက္ဆံကို လႊင့္ပစ္လိုက္တယ္ဆိုၿပီး သြားတိုင္ေသးတယ္။ အဲဒီ ပိုက္ဆံကို လိုက္ေကာက္ၿပီးျပန္လာေပးတယ္။ မယူဘူးဆိုၿပီး ထားခဲ့တယ္”

“ေျပာရရင္ေတာ့ သူ အာဏာ ႐ူးေနတာေပါ့ေနာ္။ ပြဲက ဗိုလ္မႈးခ်စ္သူရဲ႕ပြဲ။ အရင္ကလည္းဗိုလ္မႈးခ်စ္သူပြဲေတြ ဝိုင္းစုဆိုဖူးတယ္။ဘာမွ မျဖစ္ခဲ့ဘူး ။အရမ္း အဆင္ေျပတယ္။သူက သူ႔ရပ္႐ြာ ေကာင္းဖို႔၊ သာယာဖို႔အတြက္ပဲ ႀကိဳးစားေနတဲ့သူ။ အခုဆရာေတာ္ပြဲကိုလည္း ဗိုလ္မႈးခ်စ္သူက ပိုက္ဆံတျပားတခ်ပ္မွ မရဘဲနဲ႔ လုပ္ေပးတာကို သူလုပ္လို႔ ဒီျပႆနာျဖစ္တာ။ ျဖစ္စရာအေၾကာင္းကို မရွိတာပါ။ သူကပြဲစီစဥ္တဲ့ သူေလ။ ဟိုကလူေတြကေတာင္ မ်က္ႏွာေတြပ်က္ေနၿပီ။ သူ အဲဒီလို လုပ္ေနတာကို အားနာေနၿပီ။ သူတို႔ကိုယ္တိုင္လည္း ဝိုင္းစုကိုေတာင္းပန္တယ္”လို႔ ဝိုင္းစုက ဆိုပါတယ္။

ဆက္လက္ၿပီး ဝိုင္းစုခိုင္သိန္းက “ဝိုင္းစုသူ႔ကို သတိေပးခ်င္တာက ဒီတစ္ခါေနာက္ဆုံးပဲ။ ဝိုင္းစုအေၾကာင္းကို မဟုတ္မဟပ္ေျပာတာေတြ ေနာက္ထပ္ၾကားရရင္ ဝိုင္းစု လုံးဝ ခြင့္မလႊတ္ေတာ့ဘူးလို႔ ေျပာခ်င္ပါတယ္။ ဝိုင္းစုဘဝမွာ ဝိုင္းစုရပ္တည္မႈက ကိုယ့္ဟာကို တေယာက္တည္းပဲ ႀကိဳးစားခဲ့တာ။ ဘယ္သူ႔ အကူအညီမွ မပါဘူး။ အဲဒါအားလုံး သိပါတယ္” လို႔ ဆိုပါတယ္။

ဝိုင္းစုခိုင္သိန္းက “ျပတ္စာ”သီခ်င္းအျပင္ ေနာက္ထပ္သီခ်င္းမ်ားစြာလည္း စီစဥ္ေနၿပီး ပရိသတ္ေရွ႕ကို ထူးျခားမႈေတြနဲ႔ ထပ္ေရာက္လာဖို႔ေတြရွိတယ္လို႔လည္း ဆိုပါတယ္
Unicodeဖြင့်ဖတ်ရန်
အဆိုတော် ဝိုင်းစုခိုင်သိန်းက မြိုင်ကြီးငူဆရာတော်ရဲ့ ဈာပနပွဲမှာ ကုသိုလ်အနေနဲ့ သီချင်းဆိုဖို့ လက်ခံခဲ့ပေမယ့် စီစဉ်သူများကြောင့် ပြဿနာတွေ ကြုံ့တွေ့ခဲ့ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဝိုင်းစုက မြိုင်ကြီးငူဆရာတော်ရဲ့ဈာပနပွဲမှာ တမင်ဈေးလျှော့ပေးပြီး ကုသိုလ်အနေနဲ့ ဆိုဖို့ လက်ခံခဲ့တယ်။ ဗိုလ်မှူးချစ်သူရဲ့ နယ်က ပွဲလည်း ဖြစ်နေလို့၊ အရင်ကလည်း ဗိုလ်မှူးချစ်သူပွဲတွေမှာ ဆိုဖူးတာ အဆင်ပြေလို့ လက်ခံပြီးသွားဆိုတာ ပွဲစီစဉ်သူအနေနဲ့ ဝိုင်းစုအပေါ်မှာခုလို ရင့်ရင့်သီးသီ းမဆက်ဆံသင့်ဘူး။ အဲဒါကို ပြောပြချင်တယ်”လို့ ဝိုင်းစုခိုင်သိန်းက မြိုင်ကြီးငူပွဲစီစဉ်သူအကြောင်း ဧရာဝတီကို ပြောပါတယ်။

ဝိုင်းစုခိုင်သိန်းက မြိုင်ကြီးငူဆရာတော် ဈာပနကြီးမှာ ပါဝင်တဲ့ ဖျော်ဖြေရေး အစီအစဉ်အတွက် နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်မှာ သီဆိုခဲ့ရတယ်လို့ ဆိုပြီး ဒီပွဲမတိုင်ခင်မှာလည်း ကားအက်စီဒင့်ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

“အခက်အခဲအနေနဲ့ဆိုရင်တော့ အများကြီးပဲ။ ဒီပွဲမတိုင်ခင် ရှေ့တပွဲမှာ ဝိုင်းစု ကားအက်ဆီးဒင့် ဖြစ်ခဲ့တယ်။ ညာဖက်က ဆိတ်တကောင် တက်လာတာကို ရှောင်ရင်းနဲ့ ဘယ်ဘက်က တက်လာတဲ့အကောင်ကို သွားတိုက်မိတာ ကားတခြမ်း ပဲ့သွားတာ။ ဝိုင်းစုက အဲဒီကားနဲ့ပဲ အမြဲတမ်းသွားနေကျ ဆိုတော့ အဲဒီလိုဖြစ်သွားတော့ နောက်ထပ်တစီးပြောင်းပြီး သွားရတယ်။ ဝိုင်းစု ကားကို သွားခါနီးမှ စစ်ရတယ်”

“ပထမတော့ သူတို့ပြောတာက ဘားအံကနေ မြိုင်ကြီးငူကို ညနေ ၅ နာရီလောက် သွားကြမယ်တဲ့။ အားလုံးပြင်ဆင်ပြီး ၁၂နာရီလောက်ကို ဒီကစထွက်မယ်ပေါ့နော်။ အဲဒီမတိုင်ခင်မှာ သူတို့ကလှမ်းဆက်တယ်။ ရတယ်တဲ့။ ဝိုင်းစု အဆင်ပြေတဲ့အချိန်ကျမှ လိုက်ခဲ့တဲ့။ နောက်ကျမှ လိုက်လည်း ရတယ်။ သူတို့အရင် သွားနှင့်မယ်တဲ့။ ဒါဆို အိုကေပေါ့။ အဲဒီအချိန်မှာ မေကြီးကလည်း နေမကောင်းဘူး။ မေကြီးကတောက်လျှောက် နေမကောင်းဖြစ်နေတာ။ မေကြီးကို ဆေးခန်းပြဖို့ အားလုံးစီစဉ်ပေးရတယ်”လို့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။

“ကားပေါ်က ဝိုင်းစုဆင်းဆင်းချင်းမှာပဲ နင့်ကိုငါ ရိုက်ချင်တယ်လို့ လှမ်းပြောတယ်။ ဘေးနားမှာက ပွဲကိုလာဆိုတဲ့ အဆိုတော်တွေအားလုံး ရှိတယ်။ အော်ကြီးဟစ်ကျယ်နဲ့ လှမ်းပြောတော့ ဝိုင်းစုက ဘာဖြစ်လို့လဲ အစ်ကိုလို့၊ ပွဲမှီတယ်လေလို့ လှမ်းပြောပြီးဝင်သွားတယ်။အဲဒီမှာသူက ဝိုင်းစုခိုင်သိန်းတဲ့ နင်က အလုပ်ကို မလေးစားဘူးတဲ့”

“ဝိုင်းစုဘဝမှာ တခါမှ ပွဲချိန်ပျက်ဖူးတာလည်း မရှိဘူး။ အခုဒီပွဲမှာလည်း နှစ်ချိန်လုံးကိုမှီအောင်လာခဲ့တယ်။ ပွဲကို မရောက်လာတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဝိုင်းစု သည်းခံ လိုက်တယ်။ သူက ဒီလိုအာကျယ်၊ အာကျယ်ပြောတတ်တာကိုလည်း သိထားတယ်။ အရင်ကတည်းက ရင်းနှီးထားတဲ့ သူဖြစ်တဲ့အတွက် ပြီးတော့လည်း ပွဲမစီစဉ်ဖူးဘူး ထင်ပါတယ်။သူ့အကြောင်းကို သိလို့ ဝိုင်းစု ဘာတခွန်းမှ မဟခဲ့ပါဘူး။ စင်နောက်မှာကလူတွေလည်း အရမ်းများတယ်”

“အိမ်သာကလည်း အနံ့အသက် မကောင်းတာနဲ့ ဝိုင်းစုကားပေါ် သွားထိုင်နေတယ်။ ပထမပိုင်းမှာ ဆိုရမှာက ၃ ပုဒ်၊ ဒုတိယပိုင်းမှာဆိုရမှာက ၄ ပုဒ်။ ဒါပေမဲ့ ဝိုင်းစုအရှေ့မှ ာအားလုံးက သုံးပုဒ်စီပဲ ဆိုသွားကြပြီး အချိန်ကလည်းနောက်ကျနေပြီဆိုတော့ မဆိုခင်မှာကားပေါ်ကဆင်းပြီး သွားမေးတယ်။ ဘယ်လိုဆိုရမှာလဲလို့၊ သုံးပုဒ်ဖြစ်သွားတာလားလို့ မေးလိုက်တဲ့အချိန်မှာ အချိန်ကိုကြည့်လေတဲ့”

“အမှန်ဆိုအဲဒီလိုမပြောရဘူး။ အဓိက Respect မရှိတာပေါ့နော်။ ဝိုင်းစုလည်း ကောင်းကောင်းမေးတာပဲ တကယ်ဆိုရင် ညီမရေ အချိန်ကြောင့် အဲဒီလိုဖြစ်သွားတယ်။ သုံးပုဒ်ပဲဆိုလို့ရမယ်လို့ ဖြစ်ရမှာလေ။ ဝိုင်းစုစိတ်ထဲမှာ တချက်တော့ ထင့်သွားတယ်။ ထားလိုက်ပါတော့လေဆိုပြီး တောက်လျှောက်ရှောင်ခဲ့တယ်”လို့ ဝိုင်းစုခိုင်သိန်းက အဲဒီနေ့က ပွဲအတွေ့အကြုံကို ပြောပြပါတယ်။

ဒီပွဲမှာ ပွဲစီစဉ်သူကြောင့် အဆင်မပြေမှုတွေအကြောင်းကို ဝိုင်းစုခိုင်သိန်းက အခုလိုဆက်ပြောပါတယ်။

“အဲဒီအချိန်က မနက်၂ နာရီတောင် ခွဲနေပြီ။ ဝိုင်းစုဘယ်အချိန် သွားဆိုရမှာလဲ။ လူတွေတောင်ပြန်ကုန်ကြပြီ။ ကိုယ့်ကိုကြည့်ချင်တဲ့သူတွေက ရှိနေသေးလို့ ဆိုမှာ။ ဝိုင်းစုက ကိုဝနပြီးရင် ဆိုမယ်လေလို့ဆိုတော့။ နင်ဆိုချင်ဆို မဆိုချင်နေ။ မဆိုချင်ပြန်လိုက်တဲ့။ ဒါဆိုပြန်မယ်လို့ဆိုတော့ နင်ပြန်ချင်ပြန်လိုက်။ နင့်ပိုက်ဆံယူသွားလိုက်။ မဆိုလည်း ယူသွားလိုက်ဆိုပြီး ကြောပြီးပြောတယ်။ ဝိုင်းစုက ပိုက်ဆံမယူဘဲ ပြန်မယ်ဆိုပြီး ထွက်လာတော့ သူကပိုက်ဆံအတင်းလိုက်ပေးတယ်”

“ကိုအောင်လလည်း ပါလာတယ်၊ ကားပေါ်မှာဆိုတော့ သူအတင်းလိုက်ပေးတော့ မယူဘူးဆိုပြီး ခါထုတ်လိုက်တော့ ပိုက်ဆံက လွင့်ထွက်သွားတယ်။ ဘေးမှာက အဲဒီပွဲကလူတွေရှိတယ်။ သူက တွေ့တယ်မလားတဲ့၊ ပိုက်ဆံကို လွှင့်ပစ်လိုက်တယ်ဆိုပြီး သွားတိုင်သေးတယ်။ အဲဒီ ပိုက်ဆံကို လိုက်ကောက်ပြီးပြန်လာပေးတယ်။ မယူဘူးဆိုပြီး ထားခဲ့တယ်”

“ပြောရရင်တော့ သူ အာဏာ ရူးနေတာပေါ့နော်။ ပွဲက ဗိုလ်မှုးချစ်သူရဲ့ပွဲ။ အရင်ကလည်းဗိုလ်မှုးချစ်သူပွဲတွေ ဝိုင်းစုဆိုဖူးတယ်။ဘာမှ မဖြစ်ခဲ့ဘူး ။အရမ်း အဆင်ပြေတယ်။သူက သူ့ရပ်ရွာ ကောင်းဖို့၊ သာယာဖို့အတွက်ပဲ ကြိုးစားနေတဲ့သူ။ အခုဆရာတော်ပွဲကိုလည်း ဗိုလ်မှုးချစ်သူက ပိုက်ဆံတပြားတချပ်မှ မရဘဲနဲ့ လုပ်ပေးတာကို သူလုပ်လို့ ဒီပြဿနာဖြစ်တာ။ ဖြစ်စရာအကြောင်းကို မရှိတာပါ။ သူကပွဲစီစဉ်တဲ့ သူလေ။ ဟိုကလူတွေကတောင် မျက်နှာတွေပျက်နေပြီ။ သူ အဲဒီလို လုပ်နေတာကို အားနာနေပြီ။ သူတို့ကိုယ်တိုင်လည်း ဝိုင်းစုကိုတောင်းပန်တယ်”လို့ ဝိုင်းစုက ဆိုပါတယ်။

ဆက်လက်ပြီး ဝိုင်းစုခိုင်သိန်းက “ဝိုင်းစုသူ့ကို သတိပေးချင်တာက ဒီတစ်ခါနောက်ဆုံးပဲ။ ဝိုင်းစုအကြောင်းကို မဟုတ်မဟပ်ပြောတာတွေ နောက်ထပ်ကြားရရင် ဝိုင်းစု လုံးဝ ခွင့်မလွှတ်တော့ဘူးလို့ ပြောချင်ပါတယ်။ ဝိုင်းစုဘဝမှာ ဝိုင်းစုရပ်တည်မှုက ကိုယ့်ဟာကို တယောက်တည်းပဲ ကြိုးစားခဲ့တာ။ ဘယ်သူ့ အကူအညီမှ မပါဘူး။ အဲဒါအားလုံး သိပါတယ်” လို့ ဆိုပါတယ်။

ဝိုင်းစုခိုင်သိန်းက “ပြတ်စာ”သီချင်းအပြင် နောက်ထပ်သီချင်းများစွာလည်း စီစဉ်နေပြီး ပရိသတ်ရှေ့ကို ထူးခြားမှုတွေနဲ့ ထပ်ရောက်လာဖို့တွေရှိတယ်လို့လည်း ဆိုပါတယ်
Credit; burma.irrawaddy