Zawgyiျဖင့္ဖတ္ရန္

အသံေလးေလး ဝဲဝဲေလးနဲ႔ သီခ်င္းေတြသီဆိုၿပီး ပရိသတ္ရင္ထဲေရာက္ခဲ့သူ တစ္ဦးျဖစ္တဲ့ ေတးသံရွင္မယ္ရီဟာ အႏုပညာ ဂီတအသုိင္းအ၀ုိင္းဘက္ကမဟုတ္လုိ ့ကူညီမလုိလုိနဲ ့ေခ်ာက္ခ်ခံရတာေတြနဲ ့ေစ်းၾကီးတယ္လုိ ့အေျပာခံရတာေတြ ရွိခဲ့ေၾကာင္း ေျပာပါတယ္။

Mary ဟာ ၂၀၁၇ ဧၿပီလမွာ အႏုပညာေလာကထဲ စတင္ဝင္ေရာက္ခဲ့ၿပီးေတာ့ သူမကိုယ္တိုင္ ေရးသားထားတဲ့ “ဝဲ” သီခ်င္းကို အြန္လိုင္းမွာတင္တင္ခ်င္းမွာပဲ ဘယ္လို႐ုပ္မ်ိဳး၊ ဘယ္လိုပံုစံမ်ိဳးဆိုတာ မသိရေသးခင္မွာဘဲ သူမရဲ႕ ထူးျခားတဲ့အသံေလးေၾကာင့္ ပရိသတ္ေတြၾကား ေရပန္းစားလူႀကိဳက္မ်ားလာခဲ့ပါတယ္။ Mary ဟာ ဂ်ပန္ႏိုင္ငံမွာ ေက်ာင္းတက္ေနတာျဖစ္ၿပီးေတာ့ ေက်ာင္းစာတစ္ဖက္နဲ႔ သီခ်င္းေတြကို ႀကိဳးစားပမ္းစားဖန္တီးၿပီး သူမရဲ႕ပရိသတ္ေတြအတြက္ အေကာင္းဆံုးေတြကို ခ်ျပခဲ့သူတစ္ဦးပါ။ “ဝဲ” သီခ်င္း MTV ထြက္လာကတည္းက သူမဟာ ေဝဖန္တိုက္ခိုက္မႈေတြကို မ်ားစြာခံခဲ့ရပါတယ္။ ဒီလိုတိုက္ခိုက္ခံရတာနဲ႔ ပတ္သက္လို႔ Mary က အကုန္သိ သတင္းဌာနရဲ႕ ေမးျမန္းမႈမွာ အခုလိုပဲေျပာပါတယ္။ ” အဓိက က အႏုပညာေလာကနဲ႔ မရင္းႏီွးတာ၊ အခ်ိန္မ႐ွိတာ၊ အဲဒီအတြက္ေၾကာင့္ အခက္အခဲေတြ႐ွိခဲ့ပါတယ္။ အဓိကက ကိုယ့္ကို ေဝဖန္တာ႐ွိတယ္။ ကိုယ့္ကို မနာလိုတဲ့ တိုက္ခိုက္မႈေတြ႐ွိတယ္။ အလုပ္လုပ္တဲ့အခါ အဆင္မေျပေအာင္ေပါ့ေနာ္ မဟုတ္တဲ့သတင္းေတြ ထုတ္တာေတြ၊ Mary က မဟုတ္တဲ့ ေစ်းေတြယူတာေတြ၊ အဲဒီလိုမ်ိဳးေတြေပါ့ေနာ္။ Mary ကို မနာလိုလို႔ တိုက္ခိုက္တာေတြ ႐ွိတယ္။ Mary ကေလ ကိုယ့္ပရိသတ္ေတြပဲ ကိုယ္ၾကည့္တယ္။ Mary က ႀကီးက်ယ္တယ္၊ မာနႀကီးတယ္၊ ေစ်းႀကီးတယ္။ အဲဒီလို မဟုတ္တဲ့သတင္းေတြ ထြက္လို႔ေလ။ Mary က ဘာေျပာခ်င္လဲဆိုေတာ့ အဓိက Mary ရဲ႕ မန္ေနဂ်ာနဲ႔ Mary ကို ကိုယ္တိုင္ တိုက္႐ုိက္လာၿပီးေတာ့ ဆက္သြယ္ပါလို႔။ Mary က အဲဒီလို မဟုတ္ပါဘူးလို႔။ ၿပီးေတာ့ Mary က ဒီအလုပ္မွာတင္မဟုတ္ဘူး။ ပရိသတ္ေတြအေပၚ ဘယ္ေလာက္ေစတနာထားလဲဆိုတာ Mary သိတယ္။ Mary သာ ေအာင္ျမင္ခ်င္တယ္ဆိုရင္ သီခ်င္းေတြဆိုၿပီး Facebook မွာလည္း Mary ေပၚပင္ေတြေနမွာေပါ့ေနာ္။ Mary က အဲဒီလိုေတြမဟုတ္ဘူး ။ သီခ်င္းဆိုရတာကို ႀကိဳက္တယ္။ Mary သီခ်င္းဆိုတာကို အားေပးတဲ့ ပရိသတ္ေတြကိုလည္း Mary ခ်စ္တယ္။ အဲဒါတစ္ခုတည္းအတြက္နဲ႔ Mary အႏုပညာအလုပ္ကို လုပ္ေနတာပါ ” လို႔ ေျပာပါတယ္။ လက္႐ွိမွာေတာ့ Mary ဟာ သူမရဲ႕ပထမဆံုး တစ္ကိုယ္ေတာ္ေတးစီးရီး ျဖစ္တဲ့ “Midnight Thoughts” Album ကို ျဖန္႔ခ်ီေတာ့ မွာျဖစ္ပါတယ္။

“ အေခြ Promotion ပြဲေလးကိုေတာ့ ဒီဇင္ဘာ ၂ ရက္ေန ့ ၊ ေန႔လယ္ ၃ နာရီ လွည္တန္းစင္တာမွာ ျပဳလုပ္သြားမွာပဲ ျဖစ္ပါတယ္။ ဒီပြဲေလးမွာ ကံစမ္းမဲေတြလည္းေဖာက္သြားမယ္။ Mary နဲ႔အတူ ထူးျခားမယ့္အစီအစဥ္ေတြလည္း႐ွိတာေၾကာင့္ Mary ကိုခ်စ္တဲ့ ပရိသတ္ႀကီးကိုလည္း ဒီပြဲေလးကို လာေရာက္အားေပးဖို႔ ဖိတ္ေခၚလိုက္ပါတယ္ ” လို႔လည္း သူက ေျပာပါတယ္။ ဒီအေခြေလးထဲမွာ သီခ်င္းစုစုေပါင္း ၁၃ ပုဒ္ပါဝင္မွာျဖစ္တဲ့အျပင္ Mary ကိုယ္တိုင္ေရးထားတဲ့ သီခ်င္းေတြလည္း ပါတယ္လို႔ ေျပာပါတယ္။
Unicodeဖြင့်ဖတ်ရန်

အသံလေးလေး ဝဲဝဲလေးနဲ့ သီချင်းတွေသီဆိုပြီး ပရိသတ်ရင်ထဲရောက်ခဲ့သူ တစ်ဦးဖြစ်တဲ့ တေးသံရှင်မယ်ရီဟာ အနုပညာ ဂီတအသိုင်းအဝိုင်းဘက်ကမဟုတ်လို့ကူညီမလိုလိုနဲ့ချောက်ချခံရတာတွေနဲ့ဈေးကြီးတယ်လို့အပြောခံရတာတွေ ရှိခဲ့ကြောင်း ပြောပါတယ်။
Mary ဟာ ၂၀၁၇ ဧပြီလမှာ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီးတော့ သူမကိုယ်တိုင် ရေးသားထားတဲ့ “ဝဲ” သီချင်းကို အွန်လိုင်းမှာတင်တင်ချင်းမှာပဲ ဘယ်လိုရုပ်မျိုး၊ ဘယ်လိုပုံစံမျိုးဆိုတာ မသိရသေးခင်မှာဘဲ သူမရဲ့ ထူးခြားတဲ့အသံလေးကြောင့် ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များလာခဲ့ပါတယ်။ Mary ဟာ ဂျပန်နိုင်ငံမှာ ကျောင်းတက်နေတာဖြစ်ပြီးတော့ ကျောင်းစာတစ်ဖက်နဲ့ သီချင်းတွေကို ကြိုးစားပမ်းစားဖန်တီးပြီး သူမရဲ့ပရိသတ်တွေအတွက် အကောင်းဆုံးတွေကို ချပြခဲ့သူတစ်ဦးပါ။ “ဝဲ” သီချင်း MTV ထွက်လာကတည်းက သူမဟာ ဝေဖန်တိုက်ခိုက်မှုတွေကို များစွာခံခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ Mary က အကုန်သိ သတင်းဌာနရဲ့ မေးမြန်းမှုမှာ အခုလိုပဲပြောပါတယ်။ ” အဓိက က အနုပညာလောကနဲ့ မရင်းနှီးတာ၊ အချိန်မရှိတာ၊ အဲဒီအတွက်ကြောင့် အခက်အခဲတွေရှိခဲ့ပါတယ်။ အဓိကက ကိုယ့်ကို ဝေဖန်တာရှိတယ်။ ကိုယ့်ကို မနာလိုတဲ့ တိုက်ခိုက်မှုတွေရှိတယ်။ အလုပ်လုပ်တဲ့အခါ အဆင်မပြေအောင်ပေါ့နော် မဟုတ်တဲ့သတင်းတွေ ထုတ်တာတွေ၊ Mary က မဟုတ်တဲ့ ဈေးတွေယူတာတွေ၊ အဲဒီလိုမျိုးတွေပေါ့နော်။ Mary ကို မနာလိုလို့ တိုက်ခိုက်တာတွေ ရှိတယ်။ Mary ကလေ ကိုယ့်ပရိသတ်တွေပဲ ကိုယ်ကြည့်တယ်။ Mary က ကြီးကျယ်တယ်၊ မာနကြီးတယ်၊ ဈေးကြီးတယ်။ အဲဒီလို မဟုတ်တဲ့သတင်းတွေ ထွက်လို့လေ။ Mary က ဘာပြောချင်လဲဆိုတော့ အဓိက Mary ရဲ့ မန်နေဂျာနဲ့ Mary ကို ကိုယ်တိုင် တိုက်ရိုက်လာပြီးတော့ ဆက်သွယ်ပါလို့။ Mary က အဲဒီလို မဟုတ်ပါဘူးလို့။ ပြီးတော့ Mary က ဒီအလုပ်မှာတင်မဟုတ်ဘူး။ ပရိသတ်တွေအပေါ် ဘယ်လောက်စေတနာထားလဲဆိုတာ Mary သိတယ်။ Mary သာ အောင်မြင်ချင်တယ်ဆိုရင် သီချင်းတွေဆိုပြီး Facebook မှာလည်း Mary ပေါ်ပင်တွေနေမှာပေါ့နော်။ Mary က အဲဒီလိုတွေမဟုတ်ဘူး ။ သီချင်းဆိုရတာကို ကြိုက်တယ်။ Mary သီချင်းဆိုတာကို အားပေးတဲ့ ပရိသတ်တွေကိုလည်း Mary ချစ်တယ်။ အဲဒါတစ်ခုတည်းအတွက်နဲ့ Mary အနုပညာအလုပ်ကို လုပ်နေတာပါ ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ Mary ဟာ သူမရဲ့ပထမဆုံး တစ်ကိုယ်တော်တေးစီးရီး ဖြစ်တဲ့ “Midnight Thoughts” Album ကို ဖြန့်ချီတော့ မှာဖြစ်ပါတယ်။ “အခွေ Promotion ပွဲလေးကိုတော့ ဒီဇင်ဘာ ၂ ရက်နေ့ ၊ နေ့လယ် ၃ နာရီ လှည်တန်းစင်တာမှာ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးမှာ ကံစမ်းမဲတွေလည်းဖောက်သွားမယ်။ Mary နဲ့အတူ ထူးခြားမယ့်အစီအစဉ်တွေလည်းရှိတာကြောင့် Mary ကိုချစ်တဲ့ ပရိသတ်ကြီးကိုလည်း ဒီပွဲလေးကို လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ် ” လို့လည်း သူက ပြောပါတယ်။ ဒီအခွေလေးထဲမှာ သီချင်းစုစုပေါင်း ၁၃ ပုဒ်ပါဝင်မှာဖြစ်တဲ့အပြင် Mary ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေလည်း ပါတယ်လို့ ပြောပါတယ်။

– ေမႏုိင္း

Credit:အကုန္သိ