Zawgyiျဖင့္ဖတ္ရန္
ျမန္မာႏုိင္ငံသား တိုင္းရင္းသားမ်ားရဲ႕ရိုးရာယဥ္ေက်းမႈနဲ႔ ခရီးသြားလုပ္ငန္းျမွင့္တင္ေရးကုိရည္ရြယ္တဲ့ တိုင္းရင္းသူအလွမယ္ေရြးခ်ယ္ပြဲ (Miss Ethnic Myanmar 2019) ျပိဳင္ပြဲအတြက္ ေလွ်ာက္လႊာမ်ား စတင္ေခၚယူေနတယ္လုိ ့သိရပါတယ္။

ဒီ အလွမယ္ေရြးခ်ယ္ပြဲကိုေတာ့ ျမန္မာႏုိင္ငံတိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္းက ဦးစီးက်င္းပတာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလ ၂၅ ရက္ကေန ၃၀ ရက္အထိ ရန္ကုန္ၿမိဳ႕၊ က်ဳိကၠဆံကြင္းမွာ က်င္းပျပဳလုပ္သြားမွာလည္း ျဖစ္ပါတယ္။ ပါ၀င္ယွဥ္ၿပိဳင္ခ်င္တဲ့ တိုင္ရင္းသူေတြအတြက္ ၿပိဳင္ပြဲ၀င္ဖို႔ လိုအပ္ခ်က္ေတြကေတာ့ အသက္ (၁၈ ႏွစ္ကေန ၂၅ ႏွစ္) အတြင္းရွိသူ၊ အိမ္ေထာင္မျပဳဖူးသူ၊ ကေလးမေမြးဖူးသူ အပ်ိဳျဖစ္ရမွာျဖစ္ၿပီး အရပ္အျမင့္ (၅ ေပ ၅ လက္မအထက္ရွိသူ)၊ ပညာအရည္အခ်င္းကေတာ့ အနိမ့္ဆံုး တကၠသိုလ္၀င္တန္းေအာင္ျမင္ထားတဲ့ ျပစ္မႈကင္းရွင္းသူေတြ ၀င္ေရာက္ယွဥ္ၿပိဳင္ႏုိင္သလုိ အဓိကအေနနဲ႔ကေတာ့ မိမိရဲ႕ကိုယ္ပိုင္ရိုးရာယဥ္ေက်းမႈဘာသာ စကားကို ခ်စ္ခင္ျမတ္ႏုိးသူျဖစ္ရမယ္လို႔လည္း သိရပါတယ္။ ပထမဆု ရရွိသူကို ေငြက်ပ္သိန္း (၁၀၀)၊ ရွစ္ပါး ရတနာသရဖူနဲ႔ အျခားအက်ိဳးခံစားခြင့္ေတြရရွိမွာျဖစ္ၿပီး ဒုတိယဆု ရရွိသူကေတာ့ ေငြက်ပ္သိန္း (၅၀)နဲ႔ တတိယဆု ေငြက်ပ္သိန္း (၂၀) က်ပ္နဲ႔ အျခား Title ဆုေတြလည္း မ်ားစြာပါ၀င္တယ္လို႔ သိရပါတယ္။

လာေရာက္ေလွ်ာက္ထားတဲ့ ၿပိဳင္ပြဲ၀င္ေတြအေနနဲ႔ ၿပိဳင္ပြဲ၀င္ေလွ်ာက္လႊာပံုစံမွာ မိဘအုပ္ထိန္းသူရဲ႕ သေဘာတူညီခ်က္ပါရွိရမွာျဖစ္ၿပီး ၿပိဳင္ပြဲ၀င္ခြင့္ေလွ်ာက္လႊာေတြကိုေတာ့ ႏုိ၀င္ဘာ ၃၀ ရက္ေနာက္ဆံုးထား ေလွ်ာက္လႊာေဖာင္တင္ေပးရမွာလည္း ျဖစ္ပါတယ္။

Unicodeဖြင့်ဖတ်ရန်

မြန်မာနိုင်ငံသား တိုင်းရင်းသားများရဲ့ရိုးရာယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိုရည်ရွယ်တဲ့ တိုင်းရင်းသူအလှမယ်ရွေးချယ်ပွဲ (Miss Ethnic Myanmar 2019) ပြိုင်ပွဲအတွက် လျှောက်လွှာများ စတင်ခေါ်ယူနေတယ်လို့သိရပါတယ်။
ဒီ အလှမယ်ရွေးချယ်ပွဲကိုတော့ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးစီးကျင်းပတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ကနေ ၃၀ ရက်အထိ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းမှာ ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ချင်တဲ့ တိုင်ရင်းသူတွေအတွက် ပြိုင်ပွဲဝင်ဖို့ လိုအပ်ချက်တွေကတော့ အသက် (၁၈ နှစ်ကနေ ၂၅ နှစ်) အတွင်းရှိသူ၊ အိမ်ထောင်မပြုဖူးသူ၊ ကလေးမမွေးဖူးသူ အပျိုဖြစ်ရမှာဖြစ်ပြီး အရပ်အမြင့် (၅ ပေ ၅ လက်မအထက်ရှိသူ)၊ ပညာအရည်အချင်းကတော့ အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ ပြစ်မှုကင်းရှင်းသူတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်သလို အဓိကအနေနဲ့ကတော့ မိမိရဲ့ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုဘာသာ စကားကို ချစ်ခင်မြတ်နိုးသူဖြစ်ရမယ်လို့လည်း သိရပါတယ်။ ပထမဆု ရရှိသူကို ငွေကျပ်သိန်း (၁၀၀)၊ ရှစ်ပါး ရတနာသရဖူနဲ့ အခြားအကျိုးခံစားခွင့်တွေရရှိမှာဖြစ်ပြီး ဒုတိယဆု ရရှိသူကတော့ ငွေကျပ်သိန်း (၅၀)နဲ့ တတိယဆု ငွေကျပ်သိန်း (၂၀) ကျပ်နဲ့ အခြား Title ဆုတွေလည်း များစွာပါဝင်တယ်လို့ သိရပါတယ်။
လာရောက်လျှောက်ထားတဲ့ ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲဝင်လျှောက်လွှာပုံစံမှာ မိဘအုပ်ထိန်းသူရဲ့ သဘောတူညီချက်ပါရှိရမှာဖြစ်ပြီး ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာတွေကိုတော့ နိုဝင်ဘာ ၃၀ ရက်နောက်ဆုံးထား လျှောက်လွှာဖောင်တင်ပေးရမှာလည်း ဖြစ်ပါတယ်။

Credit; – အိျဖဴသိမ့္(အကုန္သိ)