Zawgyiျဖင့္ဖတ္ရန္

အၿမဲလိုလိုဆန္းသစ္ၿပီး တမူထူးျခားတဲ့ဇာတ္လမ္းေတြနဲ႔ ပရိသတ္ေတြကို ခ်ျပေလ့႐ွိတဲ့ ဒါ႐ုိက္တာညိဳမင္းလြင္က ျမန္မာႏိုင္ငံမွာ မ႐ုိက္ဖူးေသးတဲ့ အနႏၱအမည္ရွိ အာကာသသိပၸံဇာတ္ကားကုိ ရုိက္ကူးႏုိင္ခဲ့သလုိ ဒီဇာတ္ကားအတြက္ လက္မွတ္တစ္ေစာင္ဖုိးေလာက္ သုံးေပးၾကေစလုိေၾကာင္း ေျပာပါတယ္။

“အနႏၱ” အမည္ရိွ အာကာသသိပၸံ႐ုပ္႐ွင္ဇာတ္ကားႀကီး အခ်ိန္ ၃ ႏွစ္ၾကာေအာင္ ႐ုိက္ကူးခဲ့ရတယ္လို႔လည္းသိရၿပီးေတာ့ ဒီဇာတ္ကားႀကီးကို ႐ုိက္ကူးဖန္တီးထားပံုဟာဆိုရင္လည္း ျမန္မာဇာတ္ကားေတြမွာ မျမင္ရေသးတဲ့ 3D Effect ေတြနဲ႔မို႔ တကယ့္ကို ဆန္းသစ္တဲ့ ရသမ်ိဳးကို ခံစားရမယ္လုိ ့ဆုိပါတယ္။ ဒီဇာတ္ကားႀကီးထဲမွာေတာ့ လူမင္း၊ သားညီ၊ ၿဖိဳးေငြစိုး၊ နန္းဆုဦးနဲ႔ အျခားေသာ မ်က္ႏွာသစ္သ႐ုပ္ေဆာင္ေပါင္းမ်ားစြာ ပါဝင္ပါတယ္။ ဒီဇာတ္ကားနဲ႔ပတ္သက္လို႔ ဒါ႐ုိက္တာ ညိဳမင္းလြင္က အကုန္သိသတင္းဌာနရဲ႕ ေမးျမန္းမႈကို အခုလိုပဲေျပာပါတယ္။ ” ဒီဇာတ္ကားကို ျမန္မာ့႐ုပ္႐ွင္မွာ အာကာသသိပၸံဇာတ္ကားတစ္ခုအေနနဲ႔ ပထမဆံုးေပၚေပါက္လာေအာင္ ကြၽန္ေတာ္လုပ္ႏိုင္သ ေလာက္အားလံုးလုပ္ထားပါတယ္။ ပရိသတ္ေတြအေနနဲ႔ ဒီလိုသိပၸံကားမ်ိဳးကို ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ လာေရာက္ၾကည့္႐ႈအားေပးေစခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီအခ်ိန္မွာ မိမိရဲ႕႐ုပ္႐ွင္လက္မွတ္တစ္ေစာင္ကို ရင္းႏွီးျမႇဳပ္ႏွံလိုက္တာနဲ႔ ေနာင္မွာ တျခားလူငယ္ေတြ ဒီလိုကားမ်ိဳးေတြအမ်ားႀကီး လိုက္႐ုိက္လာဖို႔ အားတစ္ခု ျဖစ္လာပါလိမ့္မယ္။ ႐ုံတင္ဖို႔ကေတာ့ လက္႐ွိကြၽန္ေတာ္တို႔ ျမနိမာႏိုင္ငံရဲ႕ျပသေရးစနစ္အရ ပရိသတ္၊ မီဒီယာ၊ ႐ုံပိုင္႐ွင္အားလံုးရဲ႕ ဝိုင္းဝန္းေစာင့္ေ႐ွာက္မႈနဲ႔ အတူတူ ႐ုံရက္က ျမန္ျမန္ရသြားဖို႔ ႐ွိပါတယ္ ” လို႔ေျပာပါတယ္။

“ညေက်ာင္း” ထုတ္လုပ္ေရးက ျဖန္႔ခ်ီတဲ့ “အနႏၱ” အာကာသသိပၸံ႐ုပ္႐ွင္ကားႀကီးဟာဆိုရင္ေတာ့ ဇန္နဝါရီ္လ (၁၆)၊(၁၇) ရက္မွာ ထိုင္းႏိုင္ငံမွာ က်င္းပမယ့္ ျမန္မာ့႐ုပ္႐ွင္ပြဲေတာ္မွာ အဖြင့္ဇာတ္ကားအေနနဲ႔ ျပသဖို႔လည္း ကမ္းလွမ္းျခင္းခံထားရတဲ့ ဇာတ္ကားတစ္ကားလည္း ျဖစ္ပါတယ္။

Unicodeဖြင့်ဖတ်ရန်

အမြဲလိုလိုဆန်းသစ်ပြီး တမူထူးခြားတဲ့ဇာတ်လမ်းတွေနဲ့ ပရိသတ်တွေကို ချပြလေ့ရှိတဲ့ ဒါရိုက်တာညိုမင်းလွင်က မြန်မာနိုင်ငံမှာ မရိုက်ဖူးသေးတဲ့ အနန္တအမည်ရှိ အာကာသသိပ္ပံဇာတ်ကားကို ရိုက်ကူးနိုင်ခဲ့သလို ဒီဇာတ်ကားအတွက် လက်မှတ်တစ်စောင်ဖိုးလောက် သုံးပေးကြစေလိုကြောင်း ပြောပါတယ်။
“အနန္တ” အမည်ရှိ အာကာသသိပ္ပံရုပ်ရှင်ဇာတ်ကားကြီး အချိန် ၃ နှစ်ကြာအောင် ရိုက်ကူးခဲ့ရတယ်လို့လည်းသိရပြီးတော့ ဒီဇာတ်ကားကြီးကို ရိုက်ကူးဖန်တီးထားပုံဟာဆိုရင်လည်း မြန်မာဇာတ်ကားတွေမှာ မမြင်ရသေးတဲ့ 3D Effect တွေနဲ့မို့ တကယ့်ကို ဆန်းသစ်တဲ့ ရသမျိုးကို ခံစားရမယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားကြီးထဲမှာတော့ လူမင်း၊ သားညီ၊ ဖြိုးငွေစိုး၊ နန်းဆုဦးနဲ့ အခြားသော မျက်နှာသစ်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်လို့ ဒါရိုက်တာ ညိုမင်းလွင်က အကုန်သိသတင်းဌာနရဲ့ မေးမြန်းမှုကို အခုလိုပဲပြောပါတယ်။ ” ဒီဇာတ်ကားကို မြန်မာ့ရုပ်ရှင်မှာ အာကာသသိပ္ပံဇာတ်ကားတစ်ခုအနေနဲ့ ပထမဆုံးပေါ်ပေါက်လာအောင် ကျွန်တော်လုပ်နိုင်သ လောက်အားလုံးလုပ်ထားပါတယ်။ ပရိသတ်တွေအနေနဲ့ ဒီလိုသိပ္ပံကားမျိုးကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လာရောက်ကြည့်ရှုအားပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ မိမိရဲ့ရုပ်ရှင်လက်မှတ်တစ်စောင်ကို ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ နောင်မှာ တခြားလူငယ်တွေ ဒီလိုကားမျိုးတွေအများကြီး လိုက်ရိုက်လာဖို့ အားတစ်ခု ဖြစ်လာပါလိမ့်မယ်။ ရုံတင်ဖို့ကတော့ လက်ရှိကျွန်တော်တို့ မြနိမာနိုင်ငံရဲ့ပြသရေးစနစ်အရ ပရိသတ်၊ မီဒီယာ၊ ရုံပိုင်ရှင်အားလုံးရဲ့ ဝိုင်းဝန်းစောင့်ရှောက်မှုနဲ့ အတူတူ ရုံရက်က မြန်မြန်ရသွားဖို့ ရှိပါတယ် ” လို့ပြောပါတယ်။
“ညကျောင်း” ထုတ်လုပ်ရေးက ဖြန့်ချီတဲ့ “အနန္တ” အာကာသသိပ္ပံရုပ်ရှင်ကားကြီးဟာဆိုရင်တော့ ဇန်နဝါရီ်လ (၁၆)၊(၁၇) ရက်မှာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ပွဲတော်မှာ အဖွင့်ဇာတ်ကားအနေနဲ့ ပြသဖို့လည်း ကမ်းလှမ်းခြင်းခံထားရတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Credit: – ေမႏုိင္း (အကုန္သိ)