Zawgyiျဖင့္ဖတ္ရန္
တစ္လင္တစ္မယားဥပေဒျဖင့္အေရးယူခံရမႈတြင္ ျမန္မာတိုင္းရင္းသားမ်ားအမ်ားဆံုးျဖစ္ေနသည့္အတြက္ ဥပေဒအားသင့္ေတာ္ သည့္အခ်ိန္ကာလတစ္ခုတြင္ ျပန္လည္ျပင္ဆင္ရန္ မဘသဦးေဆာင္ဆရာေတာ္တစ္ပါးျဖစ္ခဲ့သည့္ ေအာင္ဆန္းေတာရဆရာေတာ္ႀကီးအားသာသနာေရးႏွင့္ ယဥ္ေက်းမႈ ၀န္ႀကီးသူရဦးေအာင္ကိုကေလွ်ာက္ထားခဲ့ေၾကာင္းသိရသည္။
ၿမိဳင္ႀကီးငူဆရာေတာ္ ဥဴးသုဇန၏ အႏိၲမအဂၢိစ်ာပနအခမ္းအနားသို႔ ႂကြေရာက္လာသည့္ အင္းစိန္ေအာင္ဆန္းဆရာေတာ္ ဥဴးကၠိတိသာရ ႀကီးမႈးေသာဆရာေတာ္ သံဃာေတာ္မ်ားအားသာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနဝန္ႀကီးသူရဦးေအာင္ကိုမွ ဝန္ခ်ေတာင္းပန္ျခင္းအခမ္းအနားတြင္ ထည့္သြင္းမိန္႔ၾကားခဲ့ျခင္း ျဖစ္သည္။
” ေဒသတိုင္း ၿမိဳ႕နယ္တိုင္းတြင္ ဘာသာေပါင္းစံု ၿငိမ္းခ်မ္းေရးအဖြဲ႔မ်ားကိုဖြဲ႔စည္းထားသည့္နည္းတူဤေဒသတြင္လည္းဘာသာေပါင္းစံု ၿငိမ္းခ်မ္းေရးအဖြဲ႔ကိုဖြဲ႕စည္းၿပီးဘာသာေရးလူမ်ိဳးေရးႏွင့္ ၿငိမ္းခ်မ္းေရးကိုေဆာင္ရြက္သင့္ပါသည္။ မ်ိဳးေစာင့္ဥပေဒေလးရပ္တြင္ပါဝင္ေသာတစ္လင္တစ္မယားစနစ္ က်င့္သံုးျခင္းဆိုင္ရာဥပေဒအရအေရးယူခံရမႈမ်ားတြင္ ျမန္မာတိုင္းရင္းသားမ်ားသာ ျဖစ္ေနေၾကာင္းဝမ္နည္းစြာေတြ႔ျမင္ေနရပါသည္။ သင့္ေတာ္ေသာအခ်ိန္ကာလတြင္ တစ္လင္တစ္မယားစနစ္ က်င့္သံုး ျခင္းဆိုင္ရာဥပေဒကိုသင့္ေတာ္သလို ျပန္လည္ျပင္ဆင္သင့္ေၾကာင္းေလ်ွာက္တင္ပါ သည္ ဘုရား” ဟုသာသနာေရးဝန္ႀကီးသူရဦးေအာင္ကိုမွ ေလွ်ာက္ထားခဲ့ျခင္း ျဖစ္သည္။
ႏို၀င္ဘာလ ၂၇ ရက္ ညပိုင္းကက်င္းပခဲ့သည့္ ၿမိဳင္ႀကီးငူဆရာေတာ္ ဘုရားႀကီး၏ စ်ာပနအခမ္းအနားသို႔ ဗိုလ္ခ်ဳပ္ေဟာင္းဦးခင္ၫြန္႔၊ ေဇကမ႓ာဦးခင္ေရႊ၊ ေရႊသံလြင္ဦးေက်ာ္ဝင္းမိသားစုႏွင့္ ယခင္ မ.ဘ.သဦးေဆာင္ ဆရာေတာ္မ်ားႏွင့္ ကရင့္နယ္ျခားေစာင့္တပ္ေခါင္းေဆာင္မ်ားတက္ေရာက္ခဲ့ၾကေၾကာင္းသိရသည္။
ျပည္ေထာင္စုဝန္ႀကီးသူရဦးေအာင္ကိုသည္ ဘားအံၿမိဳ႕ ဇြဲကပင္ေဟာ္တည္တြင္ ျပည္နယ္ ဘာသာေပါင္းစုံခ်စ္ၾကည္ေရးအဖြဲ႔ လူႀကီးမ်ားႏွင့္လည္းေတြ႔ဆုံခဲ့ၿပီးအဆိုပါ ေတြ႔ဆံုပြဲတြင္ ေဇကမ႓ာဦးခင္ေရႊမွ ကရင္ျပည္နယ္ ဘာသာေပါင္းစုံခ်စ္ၾကည္ေရးအသင္းအတြက္ အလွဴေငြ သိန္း ၅၀ မတည္လႈဒါန္းခဲ့ေၾကာင္းလည္းသိရသည္။
တစ္လင္တစ္မယားစနစ္က်င့္သံုးျခင္းဆိုင္ရာဥပေဒကို ၂၀၁၅ ခုႏွစ္ ၾသဂုတ္လ(၃၁)ရက္ကအတည္ျပဳ ျပဌာန္းခဲ့ျခင္း ျဖစ္ၿပီးယင္းဥပေဒအရအေရးယူခံရပါကေထာင္ဒဏ္(၇)ႏွစ္အထိက်ခံႏိုင္ေၾကာင္းသိရသည္။
အဆိုပါ ဥပေဒအားအိမ္ေထာင္ဖက္တစ္ဦးထက္ ပို၍ ယူျခင္းေၾကာင့္ ျဖစ္ပြားႏုိင္သည့္ အိမ္ေထာင္ေရးျပႆနာႏွင့္ အိမ္ေထာင္ ေရးမႈခင္းမ်ားကိုတားဆီးႏိုင္ရန္ဟုရည္ရြယ္ျပ႒ာန္းခဲ့ျခင္း ျဖစ္ေသာ္လည္းဥပေဒ၏ ေနာက္ဆက္တြဲဆိုးက်ဳိးမ်ားေတြ႕ႀကံဳႏိုင္ သည္ဟုဆိုကာ ေ၀ဖန္ကန္႔ကြက္မႈမ်ားခံခဲ့ရသည့္ ဥပေဒတစ္ခုလည္း ျဖစ္သည္။

– ေစာေဘာသိုလ္(အကုန္သိသတင္းဌာန)

Unicodeဖြင့်ဖတ်ရန်

တစ်လင်တစ်မယားဥပဒေအား ပြင်ဆင်ရန် သာသနာရေးဝန်ကြီးသူရဦးအောင်ကိုမှ ယခင် မ.ဘ.သဦးဆောင်ဆရာတော်ထံလျှောက်ထားတင်ပြ

တစ်လင်တစ်မယားဥပဒေဖြင့်အရေးယူခံရမှုတွင် မြန်မာတိုင်းရင်းသားများအများဆုံးဖြစ်နေသည့်အတွက် ဥပဒေအားသင့်တော် သည့်အချိန်ကာလတစ်ခုတွင် ပြန်လည်ပြင်ဆင်ရန် မဘသဦးဆောင်ဆရာတော်တစ်ပါးဖြစ်ခဲ့သည့် အောင်ဆန်းတောရဆရာတော်ကြီးအားသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးသူရဦးအောင်ကိုကလျှောက်ထားခဲ့ကြောင်းသိရသည်။
မြိုင်ကြီးငူဆရာတော် ဥူးသုဇန၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားသို့ ကြွရောက်လာသည့် အင်းစိန်အောင်ဆန်းဆရာတော် ဥူးက္ကိတိသာရ ကြီးမှုးသောဆရာတော် သံဃာတော်များအားသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးသူရဦးအောင်ကိုမှ ဝန်ချတောင်းပန်ခြင်းအခမ်းအနားတွင် ထည့်သွင်းမိန့်ကြားခဲ့ခြင်း ဖြစ်သည်။
” ဒေသတိုင်း မြို့နယ်တိုင်းတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့များကိုဖွဲ့စည်းထားသည့်နည်းတူဤဒေသတွင်လည်းဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကိုဖွဲ့စည်းပြီးဘာသာရေးလူမျိုးရေးနှင့် ငြိမ်းချမ်းရေးကိုဆောင်ရွက်သင့်ပါသည်။ မျိုးစောင့်ဥပဒေလေးရပ်တွင်ပါဝင်သောတစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရအရေးယူခံရမှုများတွင် မြန်မာတိုင်းရင်းသားများသာ ဖြစ်နေကြောင်းဝမ်နည်းစွာတွေ့မြင်နေရပါသည်။ သင့်တော်သောအချိန်ကာလတွင် တစ်လင်တစ်မယားစနစ် ကျင့်သုံး ခြင်းဆိုင်ရာဥပဒေကိုသင့်တော်သလို ပြန်လည်ပြင်ဆင်သင့်ကြောင်းလျှောက်တင်ပါ သည် ဘုရား” ဟုသာသနာရေးဝန်ကြီးသူရဦးအောင်ကိုမှ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၂၇ ရက် ညပိုင်းကကျင်းပခဲ့သည့် မြိုင်ကြီးငူဆရာတော် ဘုရားကြီး၏ ဈာပနအခမ်းအနားသို့ ဗိုလ်ချုပ်ဟောင်းဦးခင်ညွန့်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ရွှေသံလွင်ဦးကျော်ဝင်းမိသားစုနှင့် ယခင် မ.ဘ.သဦးဆောင် ဆရာတော်များနှင့် ကရင့်နယ်ခြားစောင့်တပ်ခေါင်းဆောင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုသည် ဘားအံမြို့ ဇွဲကပင်ဟော်တည်တွင် ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ လူကြီးများနှင့်လည်းတွေ့ဆုံခဲ့ပြီးအဆိုပါ တွေ့ဆုံပွဲတွင် ဇေကမ္ဘာဦးခင်ရွှေမှ ကရင်ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းအတွက် အလှူငွေ သိန်း ၅၀ မတည်လှုဒါန်းခဲ့ကြောင်းလည်းသိရသည်။
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို ၂၀၁၅ ခုနှစ် သြဂုတ်လ(၃၁)ရက်ကအတည်ပြု ပြဌာန်းခဲ့ခြင်း ဖြစ်ပြီးယင်းဥပဒေအရအရေးယူခံရပါကထောင်ဒဏ်(၇)နှစ်အထိကျခံနိုင်ကြောင်းသိရသည်။
အဆိုပါ ဥပဒေအားအိမ်ထောင်ဖက်တစ်ဦးထက် ပို၍ ယူခြင်းကြောင့် ဖြစ်ပွားနိုင်သည့် အိမ်ထောင်ရေးပြဿနာနှင့် အိမ်ထောင် ရေးမှုခင်းများကိုတားဆီးနိုင်ရန်ဟုရည်ရွယ်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သော်လည်းဥပဒေ၏ နောက်ဆက်တွဲဆိုးကျိုးများတွေ့ကြုံနိုင် သည်ဟုဆိုကာ ဝေဖန်ကန့်ကွက်မှုများခံခဲ့ရသည့် ဥပဒေတစ်ခုလည်း ဖြစ်သည်။

Credit; စောဘောသိုလ်(အကုန်သိသတင်းဌာန)