မုဒိမ္းမႈ

Zawgyiျဖင့္ဖတ္ရန္
ရန္ကုန္ၿမိဳ႕၊ လိႈင္သာယာၿမိဳ႕နယ္တြင္ အသက္ ၄၂ ႏွစ္အရြယ္အမ်ိဳးသားက ၂၁ ႏွစ္အရြယ္မိန္းကေလးအား အလိုမတူဘဲ ၂ ႀကိမ္တိုင္ အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ႏို၀င္ဘာလ ၂၆ ရက္၊ ေန႔ခင္း ၁၂ နာရီခန္႔က လိႈင္သာယာၿမိဳ႕နယ္၊ အမွတ္(၂၀)ရပ္ကြက္၊ ကြက္သစ္(က်ဴး)လမ္းတြင္ေနထိုင္သူ မင္းေအာင္၊ (၄၂)ႏွစ္ က်ဘမ္းလုပ္ကိုင္သူက တစ္ျခံတည္း၌ ေနထိုင္ေသာ မ——၂၁ ႏွစ္မွာ ေနအိမ္၌တစ္ဦးတည္း ပက္လက္လန္အိပ္ေပ်ာ္ေနသည္ကိုျမင္ေတြ႔ၿပီး စိတ္ၾကြလာကာ အဓမၼျပဳက်င့္ခဲ့ေၾကာင္း တိုင္ၾကားခ်က္အရ သိရသည္။
က်ဴးလြန္ခံရသူမ——-သည္ အခင္းျဖစ္သည့္အခ်ိန္၌ ပါးစပ္ကိုလက္ျဖင့္အပိတ္ခံထားရသည့္အျပင္ ေၾကာက္လန္႔သည့္အတြက္ ပတ္၀န္းက်င္ကိုေအာ္ဟစ္အကူညီမေတာင္းရဲဘဲ ၿငိမ္ေနခဲ့ရေၾကာင္း သိရသည္။
ထိုကဲ့သို႔အဓမၼျပဳက်င့္ၿပီးေနာက္ မင္းေအာင္မွာ ၎၏ေခါင္းရင္းေနအိမ္အခန္းသို႔ျပန္သြားၿပီး ၅ မိနစ္ခန္႔ အၾကာတြင္ ျပန္လာကာ ထပ္မံ၍သားမယားျပဳက်င့္ခဲ့သည္ဟု တိုင္ၾကားခ်က္တြင္ေဖာ္ျပပါရွိသည္။
ယင္းေနာက္ ေန႔လည္ ၂ နာရီအခ်ိန္တြင္ မိခင္ျဖစ္သူျပန္ေရာက္လာၿပီး မ—– က မိန္းမကိုယ္ေသြးမ်ား ဆင္းေနေၾကာင္းေျပာျပသည့္အတြက္ ေဆးခန္းသို႔ျပသေစခဲ့သျဖင့္ ဆရာ၀န္ကစစ္ေမးရာမွ အဓမၼျပဳက်င့္ခံရသည္ဟု သိရွိသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါအမႈႏွင့္ပတ္သက္ၿပီး ယေန႔(ႏို၀င္ဘာလ ၂၉ ရက္)၊ နံနက္ ၁၁ နာရီခန္႔တြင္ လိႈင္သာယာၿမိဳ႕မရဲစခန္းသို႔ အမႈဖြင့္တိုင္တန္းသည့္အတြက္ ပုဒ္မ-၃၇၆ ျဖင့္အမႈဖြင့္လွစ္ကာ မင္းေအာင္ကို ဖမ္းဆီးႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သတင္းရရွိသည္။
Source- တင္ႏုိင္ထြန္း(လိႈင္သာယာ)

– ဒါးဇ(အကုန္သိသတင္းဌာန)

Unicodeဖြင့်ဖတ်ရန်

အိပ်ပျော်နေသည့်မိန်းကလေးအား အိမ်နီးချင်းအမျိုးသားက ၂ ကြိမ်တိုင်အဓမ္မပြုကျင့်မှုဖြစ်ပွား

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် အသက် ၄၂ နှစ်အရွယ်အမျိုးသားက ၂၁ နှစ်အရွယ်မိန်းကလေးအား အလိုမတူဘဲ ၂ ကြိမ်တိုင် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၆ ရက်၊ နေ့ခင်း ၁၂ နာရီခန့်က လှိုင်သာယာမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ကွက်သစ်(ကျူး)လမ်းတွင်နေထိုင်သူ မင်းအောင်၊ (၄၂)နှစ် ကျဘမ်းလုပ်ကိုင်သူက တစ်ခြံတည်း၌ နေထိုင်သော မ——၂၁ နှစ်မှာ နေအိမ်၌တစ်ဦးတည်း ပက်လက်လန်အိပ်ပျော်နေသည်ကိုမြင်တွေ့ပြီး စိတ်ကြွလာကာ အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်ကြားချက်အရ သိရသည်။
ကျူးလွန်ခံရသူမ——-သည် အခင်းဖြစ်သည့်အချိန်၌ ပါးစပ်ကိုလက်ဖြင့်အပိတ်ခံထားရသည့်အပြင် ကြောက်လန့်သည့်အတွက် ပတ်ဝန်းကျင်ကိုအော်ဟစ်အကူညီမတောင်းရဲဘဲ ငြိမ်နေခဲ့ရကြောင်း သိရသည်။
ထိုကဲ့သို့အဓမ္မပြုကျင့်ပြီးနောက် မင်းအောင်မှာ ၎င်း၏ခေါင်းရင်းနေအိမ်အခန်းသို့ပြန်သွားပြီး ၅ မိနစ်ခန့် အကြာတွင် ပြန်လာကာ ထပ်မံ၍သားမယားပြုကျင့်ခဲ့သည်ဟု တိုင်ကြားချက်တွင်ဖော်ပြပါရှိသည်။
ယင်းနောက် နေ့လည် ၂ နာရီအချိန်တွင် မိခင်ဖြစ်သူပြန်ရောက်လာပြီး မ—– က မိန်းမကိုယ်သွေးများ ဆင်းနေကြောင်းပြောပြသည့်အတွက် ဆေးခန်းသို့ပြသစေခဲ့သဖြင့် ဆရာဝန်ကစစ်မေးရာမှ အဓမ္မပြုကျင့်ခံရသည်ဟု သိရှိသွားခဲ့ကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး ယနေ့(နိုဝင်ဘာလ ၂၉ ရက်)၊ နံနက် ၁၁ နာရီခန့်တွင် လှိုင်သာယာမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းသည့်အတွက် ပုဒ်မ-၃၇၆ ဖြင့်အမှုဖွင့်လှစ်ကာ မင်းအောင်ကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
Source- တင်နိုင်ထွန်း(လှိုင်သာယာ)

– ဒါးဇ(အကုန်သိသတင်းဌာန)
Credit: အကုန္သိ