Zawgyiျဖင့္ဖတ္ရန္

 

ဘရာဇီးလ္ႏိုင္ငံမွာ ေၾကာက္မက္ဖြယ္ရာ ကားတိုက္မႈျဖစ္ပြားၿပီးတဲ့ေနာက္ မိခင္ျဖစ္သူရဲ႕ သားအိမ္ကေနကြၽတ္ကာ ျမက္ခင္းေပၚကို အန ၱရာယ္ကင္းကင္းနဲ႔ ျပဳတ္က်ခဲ့တဲ့ ကံႀကီးသူ ကေလးတစ္ေယာက္အေၾကာင္းကို အခုလိုသိရပါတယ္။ ကိုယ္ဝန္အရင့္အမာႀကီးနဲ႔ ျဖစ္ေနတဲ့ ကိုယ္ဝန္ေဆာင္တစ္ဦးဟာ ထရပ္ကားတစ္စီးေပၚမွာ ခရီးသည္အေနနဲ႔ လိုက္ပါလာခဲ့ပါတယ္။ လမ္းတစ္ေလွ်ာက္ေမာင္းလာရင္းနဲ႔ ကားက ဘရိတ္လြတ္ၿပီး ယာဥ္တိမ္းေမွာက္သြားခဲ့ပါတယ္။

ယာဥ္ဟာ တိမ္းေမွာက္ၿပီး တဖက္ေစာင္းသြားတဲ့အခ်ိန္မွာ ကိုယ္ဝန္ေဆာင္ကေလး အေမဟာ ကားခန္းထဲကေန လႊင့္ပစ္လိုက္သလို လြင့္စင္သြားခဲ့ပါတယ္။ ၿပီးေနာက္ ထရပ္ကားေပၚကေန ျပဳတ္က်သြားတဲ့ အျခားသစ္သားျပားေတြနဲ႔ ကိုယ္ဝန္ကို႐ိုက္မိၿပီး သူမရဲ႕ ဗိုက္ထဲမွာရွိေနတဲ့ ကေလးဟာ အျပင္ကို ကြၽတ္ထြက္လာခဲ့ပါတယ္။ စိတ္မေကာင္းစရာ ကိုယ္ဝန္သည္အမ်ိဳးသမီးကေတာ့ ကားမေတာ္တဆမႈထဲမွာပဲ ေသဆုံးသြားခဲ့ပါတယ္။

ဒါေပမယ့္ မိခင္ဝမ္းထဲကေန ကြၽတ္ထြက္လာတဲ့ ေမြးကင္းစကေလးမကေတာ့ ကားေမွာက္ရာေနရာကေန မီတာအနည္းငယ္ေလာက္ေဝးတဲ့ ျမက္ဖုတ္ေပၚမွာ ငိုေနတာကို ေဆးအကူေတြဟာ ေတြ႕ရွိခဲ့ၾကပါတယ္။ ကေလးမေလးဟာ ခ်က္ႀကိဳးျပတ္ၿပီး လြတ္ထြက္လာေပမယ့္ ျခစ္ရာရွရာ တစိုးတစိမွမရွိပဲ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ က်န္းမာစြာနဲ႔ ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ကေလးမေလးကို အနီးနားမွာရွိတဲ့ ပယ္ရီကြီရာအက္ကူေဒသေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ပါတယ္။

ယင္းအျဖစ္ဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ဘရာဇီးႏိုင္ငံ အေရွ႕ေတာင္ပိုင္း ေစာပိုလိုနဲ႔ ကူရီတီဗာၿမိဳ႕ၾကားမွာျဖစ္ပြားခဲ့တဲ့ ယာဥ္တိုက္မႈက အျဖစ္အပ်က္ျဖစ္ပါတယ္။ ကေလးမိခင္နဲ႔ပတ္သက္လို႔ ေသဆုံးသူအမ်ိဳးသမီးကို စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ ကေလးမိခင္ဟာ ရက္သတၱပတ္(၃၉)ပတ္သား ကိုယ္ဝန္ေဆာင္ထားရတဲ့ ကေလးမိခင္ျဖစ္တာကလြဲလို႔ တျခားအေထာက္အထားမေတြ႕ခဲ့ရပါဘူး။

အခင္းေနရာကို ျဖစ္ျဖစ္ခ်င္း ေရာက္သြားခဲ့တဲ့ ေဆးအကူ အယ္လ္တြန္ကေတာ့ “ကြၽန္ေတာ္ အခင္းေနရာေရာက္သြားေတာ့ ထရပ္ကားေမာင္းဆရာက ဒဏ္ရာရေနတယ္။ အဲဒါနဲ႔ ကေလးငိုသံၾကားလို႔ ထပ္ရွာေတာ့ သစ္သားပုံေတြအာက္မွာ အမ်ိဳးသမီးတစ္ေယာက္က ေသေနတယ္။ ကေလးကိုေတာ့ သူ႔အေမကေန မလွမ္းမကမ္းမွာ ေတြ႕ရတာပဲ။ အဲဒါနဲ႔ ခ်က္ျခင္းပဲ ေဆး႐ုံကားေခၚခဲ့တယ္။ ကေလးက သူ႔အေမဗိုက္ထဲကေန လြတ္ထြက္လာတာ ေသခ်ာပါတယ္။ အရွိန္ကျပင္းလြန္ေတာ့ ဗိုက္ပြင့္ၿပီး ကေလးက ထြက္လာတာ။”

အဆိုပါကေလးမေလးဟာ (၆)ေပါင္နဲ႔ (၈)ေအာင္စရွိၿပီးျဖစ္ၿပီး သူမကို ဂ်ီအိုဗန္နာ (ဘုရားသခင္ရဲ႕ ေစာင့္ေရွာက္ျခင္းခံရသူ) လို႔နာမည္ေပးထားပါတယ္။ ထရပ္ကားေမာင္းဆရာျဖစ္တဲ့ ဂ်ိဳနသန္ဖာရီရာကေတာ့ ေဆး႐ုံေရာက္ရွိခဲ့ေပမယ့္ အခင္းျဖစ္တဲ့ေန႔မွာပဲ ေဆး႐ုံကေန ျပန္ဆင္းလာႏိုင္ခဲ့ပါတယ္။ အခုအခါမွာေတာ့ ဂ်ိဳနသန္ကို ယာဥ္ေမာင္းစဥ္ လူေသေစမႈနဲ႔ပတ္သက္ၿပီး စြဲခ်က္တင္ထားေၾကာင္း သိရပါတယ္။ ဂ်ိဳနသန္က သူဟာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို ကားႀကဳံတင္လာခဲ့တာသာျဖစ္ေၾကာင္းဆိုပါတယ္။ ရဲအဖြဲ႕ကေတာ့ ေသဆုံးသူအမ်ိဳးသမီးရဲ႕ ေဆြမ်ိဳးေတြကို ရွာေဖြေနဆဲျဖစ္ၿပီး မည္သူမည္ဝါမသတ္မွတ္ႏိုင္ရင္ေတာ့ အေလာင္းကိုေျမျမႇဳပ္မွာျဖစ္ၿပီး ကေလးကိုေတာ့ မိဘမဲ့ေဂဟာဆီပို႔ေဆာင္မယ္လို႔ ဆိုပါတယ္။

Credit:လင္းလင္း (ShweMom)

Ref: Sun

 

Unicodeဖြင့်ဖတ်ရန်

 

ကားတိုက်မှုကြောင့် မိခင်ရဲ့သားအိမ်ကွဲပြီး အပြင်ကို ကျွတ်ထွက်ခဲ့တဲ့ ကလေးရဲ့ အဖြစ်

 

ဘရာဇီးလ်နိုင်ငံမှာ ကြောက်မက်ဖွယ်ရာ ကားတိုက်မှုဖြစ်ပွားပြီးတဲ့နောက် မိခင်ဖြစ်သူရဲ့ သားအိမ်ကနေကျွတ်ကာ မြက်ခင်းပေါ်ကို အန ္တရာယ်ကင်းကင်းနဲ့ ပြုတ်ကျခဲ့တဲ့ ကံကြီးသူ ကလေးတစ်ယောက်အကြောင်းကို အခုလိုသိရပါတယ်။ ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်တစ်ဦးဟာ ထရပ်ကားတစ်စီးပေါ်မှာ ခရီးသည်အနေနဲ့ လိုက်ပါလာခဲ့ပါတယ်။ လမ်းတစ်လျှောက်မောင်းလာရင်းနဲ့ ကားက ဘရိတ်လွတ်ပြီး ယာဉ်တိမ်းမှောက်သွားခဲ့ပါတယ်။

ယာဉ်ဟာ တိမ်းမှောက်ပြီး တဖက်စောင်းသွားတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်ကလေး အမေဟာ ကားခန်းထဲကနေ လွှင့်ပစ်လိုက်သလို လွင့်စင်သွားခဲ့ပါတယ်။ ပြီးနောက် ထရပ်ကားပေါ်ကနေ ပြုတ်ကျသွားတဲ့ အခြားသစ်သားပြားတွေနဲ့ ကိုယ်ဝန်ကိုရိုက်မိပြီး သူမရဲ့ ဗိုက်ထဲမှာရှိနေတဲ့ ကလေးဟာ အပြင်ကို ကျွတ်ထွက်လာခဲ့ပါတယ်။ စိတ်မကောင်းစရာ ကိုယ်ဝန်သည်အမျိုးသမီးကတော့ ကားမတော်တဆမှုထဲမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဒါပေမယ့် မိခင်ဝမ်းထဲကနေ ကျွတ်ထွက်လာတဲ့ မွေးကင်းစကလေးမကတော့ ကားမှောက်ရာနေရာကနေ မီတာအနည်းငယ်လောက်ဝေးတဲ့ မြက်ဖုတ်ပေါ်မှာ ငိုနေတာကို ဆေးအကူတွေဟာ တွေ့ရှိခဲ့ကြပါတယ်။ ကလေးမလေးဟာ ချက်ကြိုးပြတ်ပြီး လွတ်ထွက်လာပေမယ့် ခြစ်ရာရှရာ တစိုးတစိမှမရှိပဲ အံ့အားသင့်စရာကောင်းလောက်အောင် ကျန်းမာစွာနဲ့ တွေ့ခဲ့ရတာဖြစ်ပါတယ်။ ကလေးမလေးကို အနီးနားမှာရှိတဲ့ ပယ်ရီကွီရာအက်ကူဒေသဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

ယင်းအဖြစ်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း စောပိုလိုနဲ့ ကူရီတီဗာမြို့ကြားမှာဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုက အဖြစ်အပျက်ဖြစ်ပါတယ်။ ကလေးမိခင်နဲ့ပတ်သက်လို့ သေဆုံးသူအမျိုးသမီးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ကလေးမိခင်ဟာ ရက်သတ္တပတ်(၃၉)ပတ်သား ကိုယ်ဝန်ဆောင်ထားရတဲ့ ကလေးမိခင်ဖြစ်တာကလွဲလို့ တခြားအထောက်အထားမတွေ့ခဲ့ရပါဘူး။

အခင်းနေရာကို ဖြစ်ဖြစ်ချင်း ရောက်သွားခဲ့တဲ့ ဆေးအကူ အယ်လ်တွန်ကတော့ “ကျွန်တော် အခင်းနေရာရောက်သွားတော့ ထရပ်ကားမောင်းဆရာက ဒဏ်ရာရနေတယ်။ အဲဒါနဲ့ ကလေးငိုသံကြားလို့ ထပ်ရှာတော့ သစ်သားပုံတွေအာက်မှာ အမျိုးသမီးတစ်ယောက်က သေနေတယ်။ ကလေးကိုတော့ သူ့အမေကနေ မလှမ်းမကမ်းမှာ တွေ့ရတာပဲ။ အဲဒါနဲ့ ချက်ခြင်းပဲ ဆေးရုံကားခေါ်ခဲ့တယ်။ ကလေးက သူ့အမေဗိုက်ထဲကနေ လွတ်ထွက်လာတာ သေချာပါတယ်။ အရှိန်ကပြင်းလွန်တော့ ဗိုက်ပွင့်ပြီး ကလေးက ထွက်လာတာ။”

အဆိုပါကလေးမလေးဟာ (၆)ပေါင်နဲ့ (၈)အောင်စရှိပြီးဖြစ်ပြီး သူမကို ဂျီအိုဗန်နာ (ဘုရားသခင်ရဲ့ စောင့်ရှောက်ခြင်းခံရသူ) လို့နာမည်ပေးထားပါတယ်။ ထရပ်ကားမောင်းဆရာဖြစ်တဲ့ ဂျိုနသန်ဖာရီရာကတော့ ဆေးရုံရောက်ရှိခဲ့ပေမယ့် အခင်းဖြစ်တဲ့နေ့မှာပဲ ဆေးရုံကနေ ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ဂျိုနသန်ကို ယာဉ်မောင်းစဉ် လူသေစေမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ထားကြောင်း သိရပါတယ်။ ဂျိုနသန်က သူဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကားကြုံတင်လာခဲ့တာသာဖြစ်ကြောင်းဆိုပါတယ်။ ရဲအဖွဲ့ကတော့ သေဆုံးသူအမျိုးသမီးရဲ့ ဆွေမျိုးတွေကို ရှာဖွေနေဆဲဖြစ်ပြီး မည်သူမည်ဝါမသတ်မှတ်နိုင်ရင်တော့ အလောင်းကိုမြေမြှုပ်မှာဖြစ်ပြီး ကလေးကိုတော့ မိဘမဲ့ဂေဟာဆီပို့ဆောင်မယ်လို့ ဆိုပါတယ်။

Credit:လင်းလင်း (ShweMom)

Ref: Sun