Zawgyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
“တော်တော်ဖြစ်နေလား”ရုပ်ရှင်ကားကြီးကို ဒဲ့ဖြဲလိုက်တဲ့ ကျော်ရဲအောင်
ဝါရင့်မင်းသားကြီးကျော်ရဲအောင်ဟာဆိုရင် အနုပညာသက်တမ်းလည်းတော်တော်ကြာရှည်ခဲ့ပြီဖြစ်သလို ရိုက်ဖူးခဲ့တဲ့ရုပ်ရှင်ပေါင်းလည်းများပြီဖြစ်ပြီး ရုပ်ရှင်နယ်မှာဆို အံတိုနေပြီလို့တောင်ပြောလို့ရတဲ့အနေအထားမျိုးကိုရောက်နေပြီဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့ အသက်တွေဘယ်လိုပဲကြီးလာပေမယ့်လည်း ကျော်ရဲအောင်ကို အားပေးတဲ့ ပရိသတ်တွေက အခိုင်အမာရှိနေဆဲပါ။ ကျော်ရဲအောင်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ “တော်တော်ဖြစ်နေလား” ရုပ်ရှင်နဲ့ပတ်သက်ပြီး သူခံစားမိသမျှကို ပြောပြသွားခဲ့ပါတယ်။
ကျော်ရဲအောင်က နောက်ဆို “တော်တော်ဖြစ်နေလား”ဇာတ်ကားလိုမျိုးတွေကို နောက်ရိုက်တော့မှာမဟုတ်ကြောင်း “တော်တော်ဖြစ်နေလားမှာဗျာ ပေါက်ကရတွေချည်းပဲ။ တော်တော်ဖြစ်နေလားဆိုတဲ့စကားလုံးကြီးကိုက မကောင်းတော့ဘူး။ ပြီးတော့ လက်ကြီးတွေက ပေါက်ကရပါသေးတယ်ဗျာ။ ကျွန်တော်က မသင့်တော်ဘူးထင်တာပဲ”လို့ ပြောထားပါတယ်။
ဒါ့အပြင် Press Show မှာ ကလေးတွေကို ခေါ်သွားမိလို့ အရှက်ရခဲ့ကြောင်းကိုလည်း “အဲဒီနေ့က ကျွန်တော့်သားသမီးနှစ်ယောက်ပါတယ်ဗျာ။ကလေးတွေနဲ့ကျတော့ မကောင်းဘူးမျက်နှာတော်တော်ပူတယ်ဗျာ။ ဆင်ဆာကလည်း ပေးတယ်တဲ့ဗျာ။မိုက်တယ်နော်။အဲဒါကျတော့ပေးတယ်။ ကျွန်တော်စိတ်တွေတော်တော်ညစ်သွားတာ။ အဲဒါနဲ့ မပြီးခင်ပြန်ထွက်လာတယ်။ ပြန်ထွက်လာတော့ ကလေးတွေကလည်းလိုက်ထွက်လာတာပေါ့နော်။ကျွန်တော့်သားက မေးတယ်။ ဖေကြီးတို့ အဲဒီဟာကြီးက မကောင်းဘူးနော်တဲ့စကားလုံးကြီးက ကျွန်တော် ဘယ်လိုမျက်နှာပြရမလဲ”လို့ ပြောထားပါတယ်။
အောက်လုံးတွေပါတဲ့ဟာမျိုးတွေမရိုက်ချင်တော့ကြောင်းကို “ကျွန်တော်က လူတန်းစားခွဲခြားတာတော့မဟုတ်ပါဘူး။ သိပ်ပြီးတော့ အောက်လုံးတွေအများကြီးပါတဲ့ဟာမျိုးလည်းမဖြစ်စေချင်ဘူး။ ကျွန်တော်ရယ်ပြေတီဦးရယ်ရိုက်ထားတဲ့ကားရှိတယ်ဗျာ။ တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ ၊ အဲဒါဆိုအောက်လုံးတွေမပါဘူး။ ကျွန်တော့်အသက်အရွယ်နဲ့ကျတော့ အောက်လုံးတွေပါတာမရိုက်ချင်တော့ဘူး” လို့ ပြောထားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကျော်ရဲအောင်ကိုချစ်ကြလား။ ကျော်ရဲအောင်ဘယ်လိုရုပ်ရှင်မျိုးပဲရိုက်ပါစေ အားပေးနေမယ်ဆိုတဲ့ပရိသတ်တွေရောရှိသေးလား။ ကျော်ရဲအောင်ရဲ့နောက်ထွက်လာမယ့် ရုံတင်ကားကြီးတွေကိုရော သွားရောက်ကြည့်ရှု့အားပေးကြမှာလား။
Credit – ပြောချင်လွန်းလို့