Zawgyiျဖင့္ဖတ္ရန္

 

လူငယ္တစ္ေယာက္က ျမတ္စြာဘုရားကို ဒီလိုေမးတယ္။
“အက်ြနု္ပ္သည္ မည္သည့္ အရာကုိပဲ လုပ္လုပ္ မေအာင္မျမင္ ျဖစ္ေနပါသည္။
အဘယ့္ေၾကာင့္ မေအာင္မျမင္ ျဖစ္ပါသနည္း” ဟု ေမးေလ်ွာက္သည္။

.
“အသင္သည္ အလွဴ ဒါနမျပဳတတ္၍ ျဖစ္သည္”
ဟု ျမတ္စြာဘုရားက ေျဖၾကားေတာ္မူသည္။
.
ေငြေၾကးတစ္ျပား တစ္ခ်ပ္မွ မရွိေသာ ဆင္းရဲသား အက်ြနု္ပ္ဖုိ႔
မည္ကဲ့သုိ႔ အလွဴဒါနျပဳနုိင္ပါမည္နည္း။
.
‘ အသင္ဤသည္ကို မွတ္သားေလာ႔။ တစ္ဦးတစ္ေယာက္ေသာသူသည္
ေငြေၾကးမရွိေသာ္လည္း ေပးကမ္းႏိုင္ေသာ
အလွဴဒါန ခုႏွစ္မ်ိဳးရွိသည္။
.
ထိုခုႏွစ္မ်ိဳးမွာ …
.
★ ၁။ မ်က္ႏွာဟန္အမူအရာျဖင္႔ အလွဴဒါနျပဳျခင္း –
အျပံဳးျဖင္႔ေဖာ္ေရြစြာ ဆက္ဆံျခင္း၊
.
★ ၂။ ႏွဳတ္ျဖင္႔ အလွဴဒါနျပဳျခင္း –
အားေပးစကား၊ ႏွစ္သိမ္႔စကား၊ ခ်ီးက်ဴးစကား၊ ညွာတာစကား၊ ေႏြးေထြးေသာစကားမ်ား၊ ေျပာဆိုျခင္း။
.
★ ၃။ စိတ္ျဖင္႔အလွဴဒါနျပဳျခင္း –
စိတ္တံခါးကိုဖြင္႔၍ သူတစ္ပါးကို
ပြင္႔လင္းရိုးသားစြာ ဆက္ဆံျခင္း၊
.
★ ၄။ အျမင္ျဖင္႔ အလွဴဒါနျပဳျခင္း –
ေကာင္းေသာေစတနာ အျမင္ျဖင္႔
သူတပါးကိုၾကည္႔ျမင္တတ္ျခင္း၊
.
★ ၅။ ကာယလုပ္အားျဖင္႔ အလွဴဒါနျပဳျခင္း –
ကိုယ္ႏိုင္နင္းေသာ လုပ္ေဆာင္ေပးမႈျဖင္႔
သူတစ္ပါးကို ကူညီျခင္း၊
.
★ ၆။ ေနရာထိုင္ခင္း အလွဴဒါနျပဳျခင္း –
ေလွစီး၊ ကားစီးသည္႔အခါ မိမိထိုင္ခံုေနရာကို
အိုမင္းမစြမ္းသူ၊ ကိုယ္ဝန္ရွိသူ၊ႏွင္႔ ကေလးငယ္တို႕အား
မိမိ၏ထိုင္ခံုေနရာကို ထိုင္ေစျခင္း။
.
★ ၇။ ေနအိမ္အလွဴဒါနျပဳျခင္း –
မိမိ၏ အိမ္ေနရာကိုသူတပါးတို႕
အနားယူရန္ ေပးကမ္းျခင္း။
.
မည္သူမဆို ဤအလွဴဒါန ခုႏွစ္မ်ိဳးေသာေကာင္းမႈ ကုသိုလ္ကုိ
ေပးကမ္းေလ႔ရွိသည္႔ အက်င္႔ ေကာင္းရွိလွ်င္
ေအာင္ျမင္ျခင္းသည္ ထက္ၾကပ္မကြာ
လိုက္ပါလာမည္သာျဖစ္ပါသည္။

Credit to Dhamma Media

 

Unicodeဖြင့်ဖတ်ရန်

 

ပိုက်ဆံမရှိသော်လည်း လှူဒါန်းနိုင်သော အလှူ (၇) မျိုး

 

လူငယ်တစ်ယောက်က မြတ်စွာဘုရားကို ဒီလိုမေးတယ်။
“အကျွနု်ပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။
အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။

.
“အသင်သည် အလှူ ဒါနမပြုတတ်၍ ဖြစ်သည်”
ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။
.
ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွနု်ပ်ဖို့
မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။
.
‘ အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည်
ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော
အလှူဒါန ခုနှစ်မျိုးရှိသည်။
.
ထိုခုနှစ်မျိုးမှာ …
.
★ ၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း –
အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
.
★ ၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း –
အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
.
★ ၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း –
စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို
ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
.
★ ၄။ အမြင်ဖြင့် အလှူဒါနပြုခြင်း –
ကောင်းသောစေတနာ အမြင်ဖြင့်
သူတပါးကိုကြည့်မြင်တတ်ခြင်း၊
.
★ ၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း –
ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့်
သူတစ်ပါးကို ကူညီခြင်း၊
.
★ ၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း –
လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို
အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား
မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။
.
★ ၇။ နေအိမ်အလှူဒါနပြုခြင်း –
မိမိ၏ အိမ်နေရာကိုသူတပါးတို့
အနားယူရန် ပေးကမ်းခြင်း။
.
မည်သူမဆို ဤအလှူဒါန ခုနှစ်မျိုးသောကောင်းမှု ကုသိုလ်ကို
ပေးကမ်းလေ့ရှိသည့် အကျင့် ကောင်းရှိလျှင်
အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ
လိုက်ပါလာမည်သာဖြစ်ပါသည်။

Credit to Dhamma Media