Zawgyiဖြင့်ဖတ်ရန်

 



မသိရင် သူ့ယောကျာင်္း လိုလို ဘာလိုလိုနဲ့”ညှစ်နော်…ညှစ်…..”ဆိုပြီး အားပေးရသေး…တခါတလေ…”မောလို့ ရေလေးတိုက်ပါဦး…. “ဆိုတာက ပါသေး…တချို့ဆို ကလေးညှစ်ရင်းအီးတွေက အတောင့်လိုက် ထွက်ကျ…


အီးနဲ့သေး ရန်က ကင်းပြီထားအုံး….ရေမွှာရေက ရှိသေးတယ်…တချို့ဆို မြန်မြန်ထွက်ချင်ဇောနဲ့ ဆောင့်ညှစ်လိုက်ရင်ဗွမ်းကနဲ ပေါက်တာမျိုးတွေရှိတယ်….အဲလိုဆို မျက်နှာမှာရေမွှာရေရော သွေးတွေရော စင်လို့စင်….

ပြည်မမှာတုန်းကဆို မိန်းမအချို့က အော်တတ်သေးတယ်…”အောင်မလေး ဆရာရဲ့ဖြည်းဖြည်းလုပ်ပါတော့…ဒီမှာ နာလို့သေတော့မယ်…ဟင်းဟင်းဟင်း”ဆိုတာမျိုး…မွေးခန်းအပြင်က နားထောင်ရင် ဘာလိုလို…



စိတ်မရှည်လို့ ညှပ်ဆွဲရပြီဆို လဲ…ခြေစုံကန် ပြီး ချွေးပေါက်ပေါက်ကျအောင်ဆွဲရတာ…တခါတလေ ကိုယ်ကဆွဲလိုက်…မိန်းမ ဖင်ကြီးက မြောက်တက်လာလိုက်….သူ့ဆီးခုံနဲ့ ကိုယ့်မေးစေ့နဲ့ ချိတ်မလို ဖြစ်လိုက်နဲ့လေ….ဒါတင်ပြီးပြီ မထင်နဲ့…တချို့ကလေး တွေကလဲ ဇ လေးတွေနဲ့




ရေ ၇ရက်လောက် မချိုးရသေးတဲ့ရုပ်…မသိရင် ကိုယ်ကဘဲ သူ့ဟာကြည့်ချင်လို့ လှန်ခိုင်းသလိုလို…ပြီးတော့ သားဦးလဲမဟုတ်…ကိုယ်တွေမျက်နှာက စိုင်းအောင်တင့်လို အဆီတဝင်းဝင်းဖြစ်နေလို့လားတော့ မသိ…သူက မလှန်လေ…ကိုယ်က လက်အိပ်စွပ်ထားတဲ့လက်၂ချောင်း ပိုထောင်ပြလေဘဲ…

နောက်ဆုံး ဘယ်လိုဘဲပြောပြော…အသေသာခံမယ်…ရှင်နဲ့တော့ မလှန်ဘူး ဆိုတဲ့ မျက်နာပေး…ကိုယ်တွေလဲ ဒါမျိုးဆို စိတ်သိပ်ရှည်တာ မဟုတ်…”မလှန်လဲနေ… သွား…အိမွန် ကိုသွားခေါ်လိုက်…”ဆိုပြီးလူနာကို”ခင်ဗျားဟာများ ကြည့်ချင်လွန်းလွန်းလို့…”ဆိုပြီးထွက်လာရတယ်…ချောချောလှလှ ဖြူဖြူဖွေးဖွေးလေး နဲ့တခြားအချိန်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ…😂


 

Unicodeဖြင့်ဖတ်ရန်

 

OG ဆရာဝန်တွေ မွေးခန်းထဲမှာကြုံရလေ့ရှိတဲ့ ဒုက္ခများ

 

ဘယ်လောက်လှတဲ့ မိန်းမဖြစ်ဖြစ်
မလှတဲ့ တစ်ချိန် ဆိုတာရှိတယ်…အဲဒါ ဘယ်အချိန်လဲ သိလား…”ကလေးမွေးတဲ့ အချိန်…”

ဗိုက်ကနာ…ချွေးကပျံ…အံကကြိတ်…လူကအော်…နံကနံ နဲ့…တခါတလေဆိုပေါင်ကြားမှာ…ညှင်းကွက်ဖင်မှာ… ဝဲခြောက်လေးတွေ ကိုယ်စီနဲ့…ဒီကြားထဲ နာလွန်းလို့ ဟိုဆွဲ ဒီဆွဲ လုပ်ရင် မတော်တရော် …ကိုယ့် လက်တွေဘာတွေ ပိတ်ဆွဲပြီး ညှစ်သေးတာ…

မသိရင် သူ့ယောကျာၤး လိုလို ဘာလိုလိုနဲ့”ညှစ်နော်…ညှစ်…..”ဆိုပြီး အားပေးရသေး…တခါတလေ…”မောလို့ ရေလေးတိုက်ပါဦး…. “ဆိုတာက ပါသေး…တချို့ဆို ကလေးညှစ်ရင်းအီးတွေက အတောင့်လိုက် ထွက်ကျ…

ရိုးရိုးမွေးဘူးရင် အီးမကုန်းပေးဘူးတဲ့ဆရာဝန်ဆိုတာ မရှိလောက်ဘူး…စေတနာ ဗရပွနဲ့ အီးကုန်းပေးမယ်ဟဲ့ ဆိုပြီး မငုံ့လိုက်နဲ့…တခါတလေ ကံမကောင်းရင် သေးနဲ့ပန်းခံရသေးတာ…အားရပါးရနဲ့ မွေးမယ်ဟဲ့ ဆိုပြီး ပေါင်နှစ်လုံးကြားထဲ ခေါင်းသွားမထည့်မိလေနဲ့ ….အညှစ်မတော်ရင် တန်းနေမှာ….ပါးစပ်ထဲကို…

အီးနဲ့သေး ရန်က ကင်းပြီထားအုံး….ရေမွှာရေက ရှိသေးတယ်…တချိူ့ဆို မြန်မြန်ထွက်ချင်ဇောနဲ့ ဆောင့်ညှစ်လိုက်ရင်ဗွမ်းကနဲ ပေါက်တာမျူ ိးတွေရှိတယ်….အဲလိုဆို မျက်နှာမှာရေမွှာရေရော သွေးတွေရော စင်လို့စင်….

ပြည်မမှာတုန်းကဆို မိန်းမအချို့က အော်တတ်သေးတယ်…”အောင်မလေး ဆရာရဲ့ဖြည်းဖြည်းလုပ်ပါတော့…ဒီမှာ နာလို့သေတော့မယ်…ဟင်းဟင်းဟင်း”ဆိုတာမျူ ိး…မွေးခန်းအပြင်က နားထောင်ရင် ဘာလိုလို…

တခါတလေ ကလေးကတစ်နေတတ်သေးတာ…ထွက်တော့မလို ထွက်တော့မလိုနဲ့လေ…ကလေးဆံပင်မွှေးလေးတောင် အဝမှာမြင်နေရပြီ…
တော်ယုံမထွက်ဘဲ ပြူတစ်ပြူတစ်လုပ်ပြီးကိုယ့်ကို ပြောင်ပြနေသယောင်ယောင်…နာလေ…ညှစ်လေ…မထွက်လေ…ဖင်ကြီးပွရှုပ်ပွရှုပ် ဖြစ်လေနဲ့…ကိုယ်တွေလဲ အားမလို အားမရဖြစ်လေနဲ့ပေါ့…

တချို့မိန်းမတွေဆို ကိုယ်နဲ့မဆိုင်သလိုညှစ်နေရင်းနဲ့ မောပြီး အိပ်ပျော်သွားတတ်သေးတာ…”ဟဲ့…နည်းနည်ပါးပါးညှစ်ဦးလေ…”ဆိုပြီးဖင်ကို ဖြန်းခနဲ ပိတ်ရိုက်လိုက်မှ”အင်း…အဲ…အီး…အီး…..”ဆိုပြီး တစ်ချက်နှစ်ချက်လောက် ယောင်ယမ်းပြီး ထညှစ်…ပြီးတော့လဲ ပြန်အိပ်တာဘဲ…

စိတ်မရှည်လို့ ညှပ်ဆွဲရပြီဆို လဲ…ခြေစုံကန် ပြီး ချွေးပေါက်ပေါက်ကျအောင်ဆွဲရတာ…တခါတလေ ကိုယ်ကဆွဲလိုက်…မိန်းမ ဖင်ကြီးက မြောက်တက်လာလိုက်….သူ့ဆီးခုံနဲ့ ကိုယ့်မေးစေ့နဲ့ ချိတ်မလို ဖြစ်လိုက်နဲ့လေ….ဒါတင်ပြီးပြီ မထင်နဲ့…တချူ ိ့ကလေး တွေကလဲ ဇ လေးတွေနဲ့
အူဝဲ ဆိုပြီးထွက်လာကတည်းက သေးနဲ့ ပန်းသွားတတ်သေးတာ…

ကလေးထွက်ပြီးတော့ ပြီးပြီမထင်နဲ့ဦး…အချင်းက ကပ်ချင်ကပ်တတ်သေးတာ…တချို့အချင်းတွေက ပေကပ်ကပ်…အချင်းကျပြီးတော့လဲ မပြီးသေး…ကိုယ့်ကိစ္စ ကိုယ်ပြန်ရှင်းရသေးတာ…ကိုယ်ချဲ့ထားတဲ့ မွေးလမ်းကြောင်း ကိုယ်ပြန်ချုပ်ဘဲ…တခါတလေ ကလေးကကြီးရင် အထဲမှာ ကွဲတတ်ပြဲတတ်သေးတာ…အဲတော့…အဆစ်ပေးရင်ပေးရသေးတာ…

ချုပ်တော့လဲ တချို့က နာလို့ဆိုပြီးဖင်ကို ဟိုဘက်ရမ်း ဒီဘက်ရမ်း လုပ်သေးတာ…သူရမ်းတဲ့ဘက် ကိုယ်ကလိုက်ချုပ်ဘဲ…အဲလိုရမ်းတဲ့သူတွေတွေ့ရင် စိတ်ထဲတွေးမိတယ်…ဒါမျိုးကျတော့ ရမ်းတယ်ပေါ့…လို့…😂အဲလောက် စိတ်ပျက်စရာ ကောင်းတဲ့ အလုပ်ဗျာ…တခြားသူတော့ မသိဘူး…ကျွန်တော်တော့ ရိုးရိုးမွေးရမယ်ဆို သိပ်စိတ်မပါ…ဗိုက် အယောက် ၁၀၀ လောက်သာ ပြေးခွဲချင်မိတယ်…

အဲလို စိတ်မပါတာတောင်ဒီမှာ မိန်းမ နှစ်ယောက်လောက်ကြုံဘူးတယ်…တစ်ယောက်က ဝ…တစ်ယောက်က လားဟူ…ဆေးရုံ ကလေးလာမွေးတယ်…ဘယ်လိုမှ ထမိန်လှန်ခိုင်းလို့ မရ…ဆူလဲ မလှန် ဆဲလဲ မရ…ပုံစံကြည့်တော့လဲ ကိုယ့်အမေလောက်…မျက်နှာက စူပုပ်ပုပ်…
ဆံပင်က ဖားလား…ချွေးကတလုံးလုံး…မည်းမည်းတူးတူး…ညစ်ညစ်ပတ်ပတ် …နံနံစော်စော်နဲ့…

ရေ ၇ရက်လောက် မချူ ိးရသေးတဲ့ရုပ်…မသိရင် ကိုယ်ကဘဲ သူ့ဟာကြည့်ချင်လို့ လှန်ခိုင်းသလိုလို…ပြီးတော့ သားဦးလဲမဟုတ်…ကိုယ်တွေမျက်နှာက စိုင်းအောင်တင့်လို အဆီတဝင်းဝင်းဖြစ်နေလို့လားတော့ မသိ…သူက မလှန်လေ…ကိုယ်က လက်အိပ်စွပ်ထားတဲ့လက်၂ချောင်း ပိုထောင်ပြလေဘဲ…

နောက်ဆုံး ဘယ်လိုဘဲပြောပြော…အသေသာခံမယ်…ရှင်နဲ့တော့ မလှန်ဘူး ဆိုတဲ့ မျက်နာပေး…ကိုယ်တွေလဲ ဒါမျူ ိးဆို စိတ်သိပ်ရှည်တာ မဟုတ်…”မလှန်လဲနေ… သွား…အိမွန် ကိုသွားခေါ်လိုက်…”ဆိုပြီးလူနာကို”ခင်ဗျားဟာများ ကြည့်ချင်လွန်းလွန်းလို့…”ဆိုပြီးထွက်လာရတယ်…ချောချောလှလှ ဖြူဖြူဖွေးဖွေးလေး နဲ့တခြားအချိန်ဆိုရင်တော့ တစ်မျူ ိးပေါ့ဗျာ…😂

Credit:Dr. Thet Khine Zaw Min