Zawgyiျဖင့္ဖတ္ရန္

 

ျမန္မာအုိင္ေဒါျပိဳင္ပြဲရဲ႕ ဝင္းနားတစ္ဦးျဖစ္သူ ျဖိဳးျမတ္ေအာင္ကေတာ့ တန္ဖိုးၾကီးဆုိင္ကယ္တစ္စီးကို လက္ေဆာင္ရရွိခဲ့ပါတယ္။ မႏၱေလးျမိဳ႕မွာ ေၾကာ္ျငာေတြရိုက္ကူးဖုိ႔အတြက္ ေရာက္ရွိေနတဲ့ ျဖိဳးျမတ္ေအာင္က မၾကာေသးခင္ကပဲ ဇလပ္ဝါ ဘီစကစ္ေၾကာ္ျငာနဲ႔ ေရႊဆိုင္ေၾကာ္ျငာတစ္ခုကို ရိုက္ကူးေပးခဲ့ပါတယ္။ ပရိသတ္ေတြရဲ႕ သည္းသည္းလွုပ္အားေပးျခင္းခံခဲ့ရတဲ့ ျပိဳင္ပြဲဝင္တစ္ဦးျဖစ္တာမို႔ ျပိဳင္ပြဲျပီးဆံုးသြားသည့္တိုင္ အားေပးတဲ့ပရိသတ္ေတြက အခိုင္အမာရရွိေနခဲ့တာျဖစ္ပါတယ္။

ျဖိဳးျမတ္ေအာင္ဟာ ဧရာဝတီတုိင္းသား ဟသၤာတသားေလးတစ္ဦးျဖစ္ပါတယ္။ ပရိသတ္အားေပးမွုေတြျပင္းထန္သေလာက္ ပရိသတ္ေတြရဲ႕ ေစတနာ၊ ေမတၱာေတြကို ပါအျပည့္အဝရရွိထားသူပါ။ ျပိဳင္ပြဲျပီးဆံုးခ်ိန္မွာ ပရိသတ္ေတြက စုေပါင္းျပီး ျဖိဳးျမတ္ေအာင္ ေငြတစ္ဝက္နဲ႔အတူ ေမာ္ေတာ္ကားေလးတစ္စီးဝယ္ေပးခဲ့ၾကပါေသးတယ္။

ယေန႔မွာေတာ့ ျဖိဳးျမတ္ေအာင္ဟာ တန္ဖိုးၾကီး ဆုိင္ကယ္တစ္စီးကို ပရိသတ္တစ္ဦးဆီကေန လက္ခံရရွိလိုက္တာျဖစ္ပါတယ္။ ဆိုင္ကယ္ကို လက္ေဆာင္ေပးလိုက္သူကေတာ့ မႏၱေလးက ဦးမ်ိဳးမင္းဦး+ေဒၚသဲမဥၨဴတို႔ျဖစ္တယ္လို႔ သိရပါတယ္။ Royal Bagan I Group Mandalay ကျဖစ္ျပီးေတာ့ ျဖိဳးျမတ္ေအာင္စီးဖို႔အတြက္ Harley Fatboy တစ္စီးကို လက္ေဆာင္အျဖစ္ေပးအပ္ခဲ့တာျဖစ္ပါတယ္။ Harley Fatboy ဟာ 2013/2014 ေမာ္ဒယ္ဝန္းက်င္ဆိုရင္ ေစ်းကြက္ထဲမွာ သိန္းတစ္ရာဝန္းက်င္ရွိေနတာလည္းျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ ေမတၱာ၊ ေစတနာေတြကို အျပည့္အဝ ရရွိထားတဲ့ ျဖိဳးျမတ္ေအာင္တစ္ေယာက္ကေတာ့ ျပည္သူ႔ခ်စ္အႏုပညာရွင္ေလးတစ္ဦးျဖစ္ေနခဲ့တာပါ။

Credit: We Love Cele

 

Unicodeဖြင့်ဖတ်ရန်

 

တန်ဖိုးကြီး Harley ဆိုင်ကယ်ကို ပရိသတ်တစ်ဦးဆီက မေတ္တာလက်ဆောင်ရရှိခဲ့တဲ့ ဖြိုးမြတ်အောင်

 

မြန်မာအိုင်ဒေါပြိုင်ပွဲရဲ့ ဝင်းနားတစ်ဦးဖြစ်သူ ဖြိုးမြတ်အောင်ကတော့ တန်ဖိုးကြီးဆိုင်ကယ်တစ်စီးကို လက်ဆောင်ရရှိခဲ့ပါတယ်။ မန္တလေးမြို့မှာ ကြော်ငြာတွေရိုက်ကူးဖို့အတွက် ရောက်ရှိနေတဲ့ ဖြိုးမြတ်အောင်က မကြာသေးခင်ကပဲ ဇလပ်ဝါ ဘီစကစ်ကြော်ငြာနဲ့ ရွှေဆိုင်ကြော်ငြာတစ်ခုကို ရိုက်ကူးပေးခဲ့ပါတယ်။ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံခဲ့ရတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တာမို့ ပြိုင်ပွဲပြီးဆုံးသွားသည့်တိုင် အားပေးတဲ့ပရိသတ်တွေက အခိုင်အမာရရှိနေခဲ့တာဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ဟာ ဧရာဝတီတိုင်းသား ဟင်္သာတသားလေးတစ်ဦးဖြစ်ပါတယ်။ ပရိသတ်အားပေးမှုတွေပြင်းထန်သလောက် ပရိသတ်တွေရဲ့ စေတနာ၊ မေတ္တာတွေကို ပါအပြည့်အဝရရှိထားသူပါ။ ပြိုင်ပွဲပြီးဆုံးချိန်မှာ ပရိသတ်တွေက စုပေါင်းပြီး ဖြိုးမြတ်အောင် ငွေတစ်ဝက်နဲ့အတူ မော်တော်ကားလေးတစ်စီးဝယ်ပေးခဲ့ကြပါသေးတယ်။

ယနေ့မှာတော့ ဖြိုးမြတ်အောင်ဟာ တန်ဖိုးကြီး ဆိုင်ကယ်တစ်စီးကို ပရိသတ်တစ်ဦးဆီကနေ လက်ခံရရှိလိုက်တာဖြစ်ပါတယ်။ ဆိုင်ကယ်ကို လက်ဆောင်ပေးလိုက်သူကတော့ မန္တလေးက ဦးမျိုးမင်းဦး+ဒေါ်သဲမဉ္ဇူတို့ဖြစ်တယ်လို့ သိရပါတယ်။ Royal Bagan I Group Mandalay ကဖြစ်ပြီးတော့ ဖြိုးမြတ်အောင်စီးဖို့အတွက် Harley Fatboy တစ်စီးကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ Harley Fatboy ဟာ 2013/2014 မော်ဒယ်ဝန်းကျင်ဆိုရင် ဈေးကွက်ထဲမှာ သိန်းတစ်ရာဝန်းကျင်ရှိနေတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ မေတ္တာ၊ စေတနာတွေကို အပြည့်အဝ ရရှိထားတဲ့ ဖြိုးမြတ်အောင်တစ်ယောက်ကတော့ ပြည်သူ့ချစ်အနုပညာရှင်လေးတစ်ဦးဖြစ်နေခဲ့တာပါ။

Credit: We Love Cele