Zawgyiျဖင့္ဖတ္ရန္

ျမန္မာအိုင္ေဒါ ျပိဳင္ပြဲ Season 3 ရဲ႕ ဝင္းနားဆုရွင္ျဖစ္လာခဲ့တဲ့ ျဖိဳးျမတ္ေအာင္ဟာ ယခုဆုိရင္ေတာ့ ဂီတေလာကမွာ ေနရာတစ္ေနရာ ရရွိေနျပီျဖစ္ပါတယ္။ ျပိဳင္ပြဲျပီးဆံုးျပီးေနာက္ အႏုပညာလုပ္ငန္းေတြ မ်ားစြာလုပ္ကိုင္လာရတဲ့ ျဖိဳးျမတ္ေအာင္ဟာ ေၾကာ္ျငာေတြလည္း ရိုက္ကူးေနရျပီျဖစ္ပါတယ္။ ရွိုးပြဲေတြလည္း လက္ခံသီဆုိလ်က္ရွိေနျပီးေတာ့ ပရိသတ္ေတြရဲ႕အားေပးမွုေတြလည္းအျပည့္အဝရရွိထားခဲ့တာျဖစ္ပါတယ္။

ျဖိဳးျမတ္ေအာင္ဟာ လက္ရွိမွာ ပုသိမ္ကိုေရာက္ရွိေနခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ေၾကာက္ခမန္းလိလိအားေပးမွုကိုရရွိထားတဲ့ ျဖိဳးျမတ္ေအာင္ဟာ ျပိဳင္ပြဲျပီးဆံုးျပီးေနာက္မွာ ေတာ့ ပရိသတ္ေတြဆီကလက္ေဆာင္အျဖစ္ ေမာ္ေတာ္ကားတစ္စီးကို လက္ခံရရွိခဲ့တာျဖစ္ပါတယ္။ ကိုယ္ခ်စ္တဲ့၊ အားေပးတဲ့ အႏုပညာရွင္ကို ယခုလိုမ်ိဳးဝန္းရံအားေပးမွုေတြရရွိထားတဲ့ ျဖိဳးျမတ္ေအာင္ဟာ အင္မတန္မွ ကံေကာင္းတဲ့အႏုပညာရွင္ေလးလည္းျဖစ္ပါတယ္။

ပရိသတ္ေတြဝယ္ေပးထားတဲ့ ကားနဲ႔ နယ္လွည့္ခရီးသြားျပီး အႏုပညာအလုပ္ေတြလုပ္ကိုင္ေနတဲ့ျဖိဳးျမတ္ေအာင္ကေတာ့ အခက္အခဲတစ္ခုနဲ႔ၾကံဳေတြ႔ေနရတယ္လို႔ သိရပါတယ္။ ထိုအခက္အခဲကေတာ့ ကားေလးက ေသးငယ္ေနတဲ့အတြက္ေၾကာင့္ ခရီးသြားတဲ့အခါမွာ အိပ္လို႔အဆင္မေျပ၊ အႏုပညာရွင္ျဖစ္တာေၾကာင့္ အဝတ္အစားေတြခဏခဏ လဲလွယ္ဝတ္ဆင္တဲ့အခါမွာ အဆင္မေျပမွုေတြရွိေနတာေၾကာင့္ ကားေလးကို လဲခ်င္ေနတယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း ပရိသတ္ေတြက စုျပီးဝယ္ေပးထားတဲ့ လက္ေဆာင္ျဖစ္တာေၾကာင့္ ပရိသတ္ေတြ ျငိဳျငင္မွာလဲ စိုးရိမ္ေနတယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကိုေတာ့ ျဖိဳးျမတ္ေအာင္နဲ႔ အနီးကပ္ေနသူတစ္ဦးျဖစ္တဲ့ Admin တစ္ဦးက ေျပာျပထားတာေတြ႔ရပါတယ္။

” မေန႔က live တစ္ခု မွာ ေျပာတာ ၾကားမိလိုက္ၾကလားဗ် ကိုၿဖိဳး က သူ႔မိသားစု ေတြကို ေျပာစရာ ရွိတယ္ဆိုတာကို ကြ်န္ေတာ္တို႔ သိထားတာက သူ႔မွာ အဆင္မေျပမႈတစ္ခု ၾကံဳေတြ႕ေနရပါတယ္ အဲ့ဒါက မိသား စုေတြ နဲ႔ အတူ ဝယ္ထားတဲ့ လက္ရွိစီးေနတဲ့ကားေပါ့ ကားက ေသးေတာ့ နယ္ေဝးေတြ သြားရင္ အိပ္ၿပီးလိုက္လို႔မရတာရယ္၊ အဝတ္အစားလဲဖို႔ ခက္ေနတာေၾကာင့္ရယ္ ကားကို လဲရဖို႔ ျဖစ္ေနလို႔ပါ တစ္ဖက္က မိသားစုေတြ သူ႔ကို ၿငိဳျငင္သြား မွာကို စိုးရိမ္ေနလို႔ သူ႔ ေျပာသင့္ မေျပာသင့္ စဥ္းစား ေနတာပါ ကြ်န္ေတာ္တို႔က ခ်စ္တဲ့စိတ္နဲ႔ သူကို နားလည္ေပးေပမယ့္ တခ်ိဳ႕က ရွိေနျပန္ေရာ မိသားစုေတြကေရာ ကားေလး လဲလွယ္ စီးခဲ့မယ္ ဆိုရင္ ေရာ ခြင့္ျပဳ ၾက မယ္ မဟုတ္လား ဒီကားထက္ အဆင္ေျပတဲ့ ကားတစီး ျဖစ္လာမွာပဲေလ ပံုစံေလးပဲ ေျပာင္းသြားမွာမို႔ ခြင့္ျပဳေစခ်င္ပါတယ္ေနာ္ ၿဖိဳးေလးစီးတဲ့ကားမို႔လို႔ အမွတ္တရ ျပန္ဝယ္ခ်င္တဲ့သူမ်ား ရွိရင္လည္း ေျပာၾကပါ” ဆိုျပီး ပရိသတ္ေတြရဲ႕ သေဘာထားေလးကို တေလးတစားနဲ႔ ေမးျမန္းထားတာျဖစ္ပါတယ္။

Credit:We Love Cele

 

Unicodeဖြင့်ဖတ်ရန်

ပရိသတ်တွေ ဝယ်ပေးထားတဲ့ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေထံ ခွင့်ပြုချက်တောင်းလိုက်တဲ့ ဖြိုးမြတ်အောင်

 

မြန်မာအိုင်ဒေါ ပြိုင်ပွဲ Season 3 ရဲ့ ဝင်းနားဆုရှင်ဖြစ်လာခဲ့တဲ့ ဖြိုးမြတ်အောင်ဟာ ယခုဆိုရင်တော့ ဂီတလောကမှာ နေရာတစ်နေရာ ရရှိနေပြီဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးပြီးနောက် အနုပညာလုပ်ငန်းတွေ များစွာလုပ်ကိုင်လာရတဲ့ ဖြိုးမြတ်အောင်ဟာ ကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ရှိုးပွဲတွေလည်း လက်ခံသီဆိုလျက်ရှိနေပြီးတော့ ပရိသတ်တွေရဲ့အားပေးမှုတွေလည်းအပြည့်အဝရရှိထားခဲ့တာဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ဟာ လက်ရှိမှာ ပုသိမ်ကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ကြောက်ခမန်းလိလိအားပေးမှုကိုရရှိထားတဲ့ ဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲပြီးဆုံးပြီးနောက်မှာ တော့ ပရိသတ်တွေဆီကလက်ဆောင်အဖြစ် မော်တော်ကားတစ်စီးကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့၊ အားပေးတဲ့ အနုပညာရှင်ကို ယခုလိုမျိုးဝန်းရံအားပေးမှုတွေရရှိထားတဲ့ ဖြိုးမြတ်အောင်ဟာ အင်မတန်မှ ကံကောင်းတဲ့အနုပညာရှင်လေးလည်းဖြစ်ပါတယ်။

ပရိသတ်တွေဝယ်ပေးထားတဲ့ ကားနဲ့ နယ်လှည့်ခရီးသွားပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ဖြိုးမြတ်အောင်ကတော့ အခက်အခဲတစ်ခုနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ထိုအခက်အခဲကတော့ ကားလေးက သေးငယ်နေတဲ့အတွက်ကြောင့် ခရီးသွားတဲ့အခါမှာ အိပ်လို့အဆင်မပြေ၊ အနုပညာရှင်ဖြစ်တာကြောင့် အဝတ်အစားတွေခဏခဏ လဲလှယ်ဝတ်ဆင်တဲ့အခါမှာ အဆင်မပြေမှုတွေရှိနေတာကြောင့် ကားလေးကို လဲချင်နေတယ်လို့ သိရပါတယ်။ သို့သော်လည်း ပရိသတ်တွေက စုပြီးဝယ်ပေးထားတဲ့ လက်ဆောင်ဖြစ်တာကြောင့် ပရိသတ်တွေ ငြိုငြင်မှာလဲ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ ဖြိုးမြတ်အောင်နဲ့ အနီးကပ်နေသူတစ်ဦးဖြစ်တဲ့ Admin တစ်ဦးက ပြောပြထားတာတွေ့ရပါတယ်။

” မနေ့က live တစ်ခု မှာ ပြောတာ ကြားမိလိုက်ကြလားဗျ ကိုဖြိုး က သူ့မိသားစု တွေကို ပြောစရာ ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိထားတာက သူ့မှာ အဆင်မပြေမှုတစ်ခု ကြုံတွေ့နေရပါတယ် အဲ့ဒါက မိသား စုတွေ နဲ့ အတူ ဝယ်ထားတဲ့ လက်ရှိစီးနေတဲ့ကားပေါ့ ကားက သေးတော့ နယ်ဝေးတွေ သွားရင် အိပ်ပြီးလိုက်လို့မရတာရယ်၊ အဝတ်အစားလဲဖို့ ခက်နေတာကြောင့်ရယ် ကားကို လဲရဖို့ ဖြစ်နေလို့ပါ တစ်ဖက်က မိသားစုတွေ သူ့ကို ငြိုငြင်သွား မှာကို စိုးရိမ်နေလို့ သူ့ ပြောသင့် မပြောသင့် စဉ်းစား နေတာပါ ကျွန်တော်တို့က ချစ်တဲ့စိတ်နဲ့ သူကို နားလည်ပေးပေမယ့် တချို့က ရှိနေပြန်ရော မိသားစုတွေကရော ကားလေး လဲလှယ် စီးခဲ့မယ် ဆိုရင် ရော ခွင့်ပြု ကြ မယ် မဟုတ်လား ဒီကားထက် အဆင်ပြေတဲ့ ကားတစီး ဖြစ်လာမှာပဲလေ ပုံစံလေးပဲ ပြောင်းသွားမှာမို့ ခွင့်ပြုစေချင်ပါတယ်နော် ဖြိုးလေးစီးတဲ့ကားမို့လို့ အမှတ်တရ ပြန်ဝယ်ချင်တဲ့သူများ ရှိရင်လည်း ပြောကြပါ” ဆိုပြီး ပရိသတ်တွေရဲ့ သဘောထားလေးကို တလေးတစားနဲ့ မေးမြန်းထားတာဖြစ်ပါတယ်။

Credit:We Love Cele