Zawgyi ဖြင့်ဖတ်ရန်
သင့်မှာသံဓာတ်ချို့တဲ့သောသွေးအားနည်းရောဂါ ရှိနေပြီဆိုတာ ဘယ်လိုသိမလဲ
-နုံးခွေနေခြင်း
-အားနည်းခြင်း
-အသက်ရှူမဝခြင်း
-မူးဝေခြင်း
-နှလုံးခုန်မြန်ခြင်း
ဘာလို့သံဓာတ်ချို့တဲ့သလဲ
-သံဓာတ်လုံလောက်စွာမစားခြင်း(ဥအမျိုးမျိုး၊အသားနဲ့ အစိမ်းရင့်ရောင်အရွက်များမှာ သံဓာတ်ပြည့်ဝစွာပါလို့ များများစားပေးသင့်ပါတယ်။
-ကိုယ်ဝနိရှိခြင်း သို့မဟုတ် ရာသီသွေးဆင်းခြင်းကြောင့် သံဓာတ်ဆုံးရှူံးခြင်း
– သွေးအဆင်းများသော အမျိုးသမီးရောဂါများ
-ကိုယ်ဝန်သည်များ
-အစားနည်းသူများ
-အရွယ်ရောက်ပြီးအမျိုးသမီးများ
-သွေးမကြာခဏလှူသူ
-ကလေးသူငယ်များ
-သက်သက်လွတ်သမားများ
-အနီရောင်အသားများ
-အခွံမာအသီးများ
သံဓာတ်ချို့တဲ့ခြင်းကို အချိန်မီမကုသပါက ကြာလာသောအခါ ရောဂါဆိုးများကို ဖြစ်ပေါ်စေတာမို့ မပေါ့ဆသင့်ပါဘူး
Unicode ဖြင့်ဖတ်ရန်
သင်ခန္ဒာကိုယ်မှာ သံဓာတ်ချိူ့တဲ့နေပြီလား ဆိုတာဘယ်လိုသိနိုင်မလဲ
သင့်သွေးထဲက သွေးနီဥထဲမှာ ဟေမိုဂလိုဘင်ဆိုတဲ့ ဓာတ်ကျဆင်းလာတဲ့အခါ သွေးအားနည်းရောဂါစတင်လာပါတယ်။ ထိုသိုသွေးအားနည်းရောဂါမျိုးစုံရှိတဲ့အနက် သံဓာတ်ချိူ့တဲ့သောသွေးအားနည်းရောဂါဟာ အဖြစ်အများဆုံး ဖြစ်ပါတယ်။သင့်သွေးနီဥတွေကို အားကောင်းစေဖို့ သံဓာတ်ဟာမရှိမဖြစ်အရေးပါပါတယ်။သွေးထဲမှာသံဓာတ်နည်းပါးပါက သင့်ခန္ဒာကိုယ်အစိတ်အပိူင်းတွေကို အောက်ဆီဂျင်အပြည့်အဝမရောက်နိူင်ပါဘူး။
သင့်မှာသံဓာတ်ချိူ့တဲ့သောသွေးအားနည်းရောဂါ ရှိနေပြီဆိုတာ ဘယ်လိူသိမလဲ
-သံဓာတ်ချို့တဲ့သောလက္ခဏာများဟာ အစပိုင်းမှာ မသိသာပါဘူး။အချိန်ကြာလာတဲ့အမျှ အောက်ပါလက္ခဏာများခံစားရပါတယ်။
-နုံးခွေနေခြင်း
-အားနည်းခြင်း
-နှုတ်ခမ်း၊လက်သည်းခွံများဖြူခြင်း
-အသားအရေဖျော့တော့ခြင်း
-အသက်ရှူမဝခြင်း
-မူးဝေခြင်း
-ခြေထောက်များ ကျဉ်ခြင်း
-ခြေဖျားလက်ဖျားအေးစက်ခြင်း
-လက်သည်းခွံများပဲ့ခြင်း
-နှလုံးခုန်မြန်ခြင်း
-ပုံမှန်မဟုတ်သောအရာများချဉ်ခြင်းတပ်ခြင်း ဥပမာ မြေကြီး၊ရေခဲ။ရွှံ့
ဘာလို့သံဓာတ်ချိူ့တဲ့သလဲ
-သံဓာတ်လုံလောက်စွာမစားခြင်း(ဥအမျိုးမျိူး၊အသားနဲ့ အစိမ်းရင့်ရောင်အရွက်များမှာ သံဓာတ်ပြည့်ဝစွာပါလို့ များများစားပေးသင့်ပါတယ်။
-ကိုယ်ဝနိရှိခြင်း သိူ့မဟုတ် ရာသီသွေးဆင်းခြင်းကြောင့် သံဓာတ်ဆုံးရံှူးခြင်း
-ခန္ဒာကိုယ်တွင်း သွေးယိုစီးခြင်း(အစာအိမ်အနာများ၊အူမကြီးကင်ဆာစသောရောဂါများကြောင့်သော်လည်းကောင်း၊သွေးကြဲဆေးများကြောင့်လည်းကောင်း)
-သံဓာတ်လုံလောက်စွာစားသော်လည်း အူမှမစုပ်ယူနိုင်ခြင်း
– သွေးအဆင်းများသော အမျိူးသမီးရောဂါများ
ဘယ်သူတွေအဖြစ်များသလဲ
-ကိုယ်ဝန်သည်များ
-အစားနည်းသူများ
-အရွယ်ရောက်ပြီးအမျိူးသမီးများ
-သွေးမကြာခဏလှူသူ
-ကလေးသူငယ်များ
-သက်သက်လွတ်သမားများ
သံဓာတ်လုံလောက်ဖို့ဘာတွေစားသင့်သလဲ
-အနီရောင်အသားများ
-အစိမ်းရောင်အရွက်များ
-အခွံမာအသီးများ
-ဗီတာမင်စီပါသောအစာများ
-သံဓာတ်အားဖြည့်ဆေးများ သောက်သုံးသင့်ပါတယ်
သံဓာတ်ချိူ့တဲ့ခြင်းကို အချိန်မီမကုသပါက ကြာလာသောအခါ ရောဂါဆိုးများကို ဖြစ်ပေါ်စေတာမို့ မပေါ့ဆသင့်ပါဘူး
Writer – Dr Jue(Daily Hot News)