Zawgyi ျဖင့္ဖတ္ရန္

 

အိမ္ မွာ အ႐ြက္ေတြ ဝယ္လိုက္တဲ့ အခါ စားလို႔ မကုန္ဘဲ လႊင့္ပစ္လိုက္ရတာမ်ိဳးေတြ ျဖစ္ေနၾကပါသလား? Diet Plan အတြက္ ဝယ္ထားတဲ့ အသီးအ႐ြက္ေတြဟာ စားရမယ့္ ရက္အထိ မလတ္ဆတ္ဘဲ လႊင့္ပစ္ေနရျဖစ္ေနပါလား အစားအစာေတြကို အလကား လႊင့္ပစ္ရတဲ့ အခါ အိမ္ရွင္မေတြဟာ စိတ္ညစ္ရေလ့ ရွိပါတယ္။ Real Food Real Deals ကေန ေဖာ္ျပလိုက္တဲ့ အသီးအ႐ြက္ေတြကို အစိမ္းအတိုင္း လတ္ဆတ္စြာ ထားမယ့္ နည္းေလးကိုျပန္ၿပီး မွ်ေဝခ်င္ပါတယ္။ ဒီနည္းအတိုင္း လုပ္မယ္ဆိုရင္ေတာ့ ဝိတ္လည္းခ်လို႔ ရသလို ပိုက္ဆံေတြလည္း အလကား မျဖစ္ေတာ့ပါဘူး။

အသီးအ႐ြက္ ေတြဟာ ဝိတ္ခ်ဖို႔ အတြက္ အေကာင္းဆုံး အစားအစာေတြပါပဲ။ ဒီထဲကမွ အစိမ္းေရာင္ အ႐ြက္ေတြဟာ ပိုၿပီး ဗီတာမင္၊ အင္တီေအာက္ဆီးဒင့္နဲ႔ အမွ်င္ဓာတ္ေတြ ပိုႂကြယ္ဝစြာ ပါဝင္ပါတယ္။ သူတို႔ဟာ ႏွလုံး၊ ဆီးခ်ိဳနဲ႔ တစ္ျခား နာမက်န္းမႈေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ေရဓာတ္ျမင့္မားစြာ ပါဝင္တဲ့ အတြက္ေၾကာင့္လည္း အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ အစိမ္းေရာင္ အ႐ြက္ေတြဟာ အေအးခန္းထဲမွာထိန္းသိမ္းဖို႔ မလြယ္ကူလွပါဘူး။

 

ဆလပ္႐ြက္ေတြနဲ႔ တစ္ျခား အစိမ္းေရာင္ အ႐ြက္ေတြဟာ ေဈးကေန ဝယ္လာၿပီး သိပ္မၾကာခင္မွာပဲ ညိဳးႏြမ္းသြားတတ္ၾကပါတယ္။ သူတို႔ကို ေဆးေၾကာၿပီးမွ သိမ္းမယ္ဆိုရင္ေတာ ဆလပ္႐ြက္ေတြဟာ တစ္ပတ္အထိ အထားခံႏိုင္ပါတယ္။ တစ္ျခားေဆးဖက္ဝင္ အပင္ေတြကေတာ့ ႏွစ္ပတ္ထိ အထားခံႏိုင္ပါတယ္။

ျပဳလုပ္ရမယ့္ နည္းကေတာ့

အရင္ဆုံး အ႐ြက္ေတြကို ေဆးပါ။ ေဆးတဲ့အခါမွာ အ႐ြက္ေတြကို Salad Spinner ထဲက ဇကာထဲကို အျပည့္ထည့္ပါ။ ဇကာကို Salad Spinner ထဲကေအာက္ခံ ဇလုံထဲထည့္ပါ။

 

 

Salad Spinner ထဲက အ႐ြက္ေတြအေပၚ ဖုံးသြားေအာင္ ေရေလာင္းခ်လိုက္ပါ။
အ႐ြက္ေတြေပၚကေန ေရကို စစ္ခ်ပါ။ ၿပီးရင္ အ႐ြက္ထည့္ထားတဲ့ ဇကာကို ျပန္ထုတ္လိုက္ပါ။
ေဆးလိုက္တဲ့အခါ ေရက ညစ္သြားတာ ေတြ႕ပါလိမ့္မယ္။ ေရေတြ ျဖဴလာတဲ့အထိ ေဆးပါ။ သေဘာက သဲေတြ ဖုန္ေတြ မရွိေတာ့တဲ့ အထိေဆးပါ။
ၿပီးရင္ေတာ့ အ႐ြက္ေတြကို အေျခာက္ခံလိုက္ပါ။ Salad Spinner ထဲမွာ အေျခာက္ခံပါ။ မရွိရင္ေတာ့ ဇကာနဲ႔ ေရကို ေျခာက္သြားေအာင္ စစ္ထားပါ။

 

ၿပီးရင္ ဘူးေတြနဲ႔ ထည့္ပါ။ ဒါမွမဟုတ္ ဇစ္အိပ္အပါးေလးနဲ႔ ထည့္ပါ။
ထည့္တဲ့အခါ Paper Towel ေတြကို ဘူးေအာက္ေျခမွာ ခံၿပီး ထည့္သလို အေပၚမွာလည္း အနည္းငယ္ ထည့္ၿပီး အဖုံးဖုံးပါ။

 

Credit: wholenewom

 

Unicode ဖြင့်ဖတ်ရန်

အစိမ်းရောင်အရွက်တွေကို ကြာရှည်ခံအောင် ဘယ်လိုထားမလဲ

 

အိမ်မှာ အရွက်တွေ ဝယ်လိုက်တဲ့ အခါ စားလို့ မကုန်ဘဲ လွှင့်ပစ်လိုက်ရတာမျိုးတွေ ဖြစ်နေကြပါသလား? Diet Plan အတွက် ဝယ်ထားတဲ့ အသီးအရွက်တွေဟာ စားရမယ့် ရက်အထိ မလတ်ဆတ်ဘဲ လွှင့်ပစ်နေရဖြစ်နေပါလား အစားအစာတွေကို အလကား လွှင့်ပစ်ရတဲ့ အခါ အိမ်ရှင်မတွေဟာ စိတ်ညစ်ရလေ့ ရှိပါတယ်။ Real Food Real Deals ကနေ ဖော်ပြလိုက်တဲ့ အသီးအရွက်တွေကို အစိမ်းအတိုင်း လတ်ဆတ်စွာ ထားမယ့် နည်းလေးကိုပြန်ပြီး မျှဝေချင်ပါတယ်။ ဒီနည်းအတိုင်း လုပ်မယ်ဆိုရင်တော့ ဝိတ်လည်းချလို့ ရသလို ပိုက်ဆံတွေလည်း အလကား မဖြစ်တော့ပါဘူး။

အသီးအရွက်တွေဟာ ဝိတ်ချဖို့ အတွက် အကောင်းဆုံး အစားအစာတွေပါပဲ။ ဒီထဲကမှ အစိမ်းရောင် အရွက်တွေဟာ ပိုပြီး ဗီတာမင်၊ အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်တွေ ပိုကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ဟာ နှလုံး၊ ဆီးချိုနဲ့ တစ်ခြား နာမကျန်းမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်မြင့်မားစွာ ပါဝင်တဲ့ အတွက်ကြောင့်လည်း အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အစိမ်းရောင် အရွက်တွေဟာ အအေးခန်းထဲမှာထိန်းသိမ်းဖို့ မလွယ်ကူလှပါဘူး။

 

ဆလပ်ရွက်တွေနဲ့ တစ်ခြား အစိမ်းရောင် အရွက်တွေဟာ ဈေးကနေ ဝယ်လာပြီး သိပ်မကြာခင်မှာပဲ ညိုးနွမ်းသွားတတ်ကြပါတယ်။ သူတို့ကို ဆေးကြောပြီးမှ သိမ်းမယ်ဆိုရင်တော ဆလပ်ရွက်တွေဟာ တစ်ပတ်အထိ အထားခံနိုင်ပါတယ်။ တစ်ခြားဆေးဖက်ဝင် အပင်တွေကတော့ နှစ်ပတ်ထိ အထားခံနိုင်ပါတယ်။

ပြုလုပ်ရမယ့် နည်းကတော့

အရင်ဆုံး အရွက်တွေကို ဆေးပါ။ ဆေးတဲ့အခါမှာ အရွက်တွေကို Salad Spinner ထဲက ဇကာထဲကို အပြည့်ထည့်ပါ။ ဇကာကို Salad Spinner ထဲကအောက်ခံ ဇလုံထဲထည့်ပါ။

 

Salad Spinner ထဲက အရွက်တွေအပေါ် ဖုံးသွားအောင် ရေလောင်းချလိုက်ပါ။
အရွက်တွေပေါ်ကနေ ရေကို စစ်ချပါ။ ပြီးရင် အရွက်ထည့်ထားတဲ့ ဇကာကို ပြန်ထုတ်လိုက်ပါ။
ဆေးလိုက်တဲ့အခါ ရေက ညစ်သွားတာ တွေ့ပါလိမ့်မယ်။ ရေတွေ ဖြူလာတဲ့အထိ ဆေးပါ။ သဘောက သဲတွေ ဖုန်တွေ မရှိတော့တဲ့ အထိဆေးပါ။
ပြီးရင်တော့ အရွက်တွေကို အခြောက်ခံလိုက်ပါ။ Salad Spinner ထဲမှာ အခြောက်ခံပါ။ မရှိရင်တော့ ဇကာနဲ့ ရေကို ခြောက်သွားအောင် စစ်ထားပါ။

 

ပြီးရင် ဘူးတွေနဲ့ ထည့်ပါ။ ဒါမှမဟုတ် ဇစ်အိပ်အပါးလေးနဲ့ ထည့်ပါ။
ထည့်တဲ့အခါ Paper Towel တွေကို ဘူးအောက်ခြေမှာ ခံပြီး ထည့်သလို အပေါ်မှာလည်း အနည်းငယ် ထည့်ပြီး အဖုံးဖုံးပါ။

 

Credit: wholenewom