Zawgyi ျဖင့္ဖတ္ရန္

 

ခႏၶာကိုယ္ အေလးခ်ိန္ (၁၂၆) ေပါင္ခြဲေလာက္ ေလ်ာ့ခ်ႏိုင္ခဲ့တဲ့ အမ်ိဳးသမီးက သူမရဲ႕ အံ့အားသင့္ဖြယ္ ဝိတ္က်ျခင္း လွ်ိဳ႕ဝွက္ခ်က္ဟာ က်င္ငယ္ရည္ေသာက္သုံးတာပါ လို႔ ဆိုလိုက္ပါတယ္။ အသက္(၄၆) ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေလအာဆမ္ပ္စန္ဆိုသူက သူမဟာ ခႏၶာကိုယ္ ကထြက္တဲ့ က်င္ငယ္ရည္ ကို ေသာက္သုံးျခင္းအျပင္၊ သြားတိုက္ျခင္း၊ ေခါင္းေလွ်ာ္ျခင္းနဲ႔ မ်က္လုံးေဆးေၾကာျခင္းတို႔ကိုပါ လုပ္ေဆာင္ပါတယ္။

ေလအာဟာ ကေနဒါမွာေနထိုင္တဲ့ ကေလးႏွစ္ေယာက္မိခင္ျဖစ္ပါတယ္။ အရင္တုန္းက ကိုယ္အေလးခ်ိန္ေပါင္ (၂၆၀) နီးနီးရွိခဲ့တာေၾကာင့္ နာတာရွည္ ပင္ပန္းႏြမ္းလ်တဲ့ ေဝဒနာကို ခံစားခဲ့ဖူးသူလည္း ျဖစ္ပါတယ္။ အရမ္းဝၿပီး ထုံထိုင္းေလးလံလြန္းလို႔ ကိုယ့္လက္နဲ႔ ကိုယ့္ဆံပင္ေတာင္ ျပန္ေလွ်ာ္ဖို႔ ခက္ခဲတဲ့ အေျခအေနအထိ ျဖစ္ခဲ့ပါတယ္။ စိတ္ဓာတ္ေတြ က်လြန္းမက က်ေနရာက တစ္ေန႔မွာေတာ့ က်င္ငယ္ရည္ကုထုံးနဲ႔ ဝိတ္ေလွ်ာ့ၾကည့္ဖို႔ စိတ္ကူးေပါက္လာခဲ့ပါတယ္။

 

 

အခုေတာ့ ေလအာဟာ ဝိတ္က်ၿပီး ေပါင္(၁၄၀) ေက်ာ္နဲ႔ ၾကည့္ေကာင္းလာတာေၾကာင့္ သူမရဲ႕ ေဆးနည္းကို အျခားသူေတြဆီ ေဝမွ်ေပးခဲ့ပါတယ္။ “အသက္(၄၀) အ႐ြယ္မွာ ကြၽန္မ လက္ေမာင္းေတြ အလုပ္လုပ္လို႔ မေကာင္းေတာ့ဘူး။ ေခါင္းေတာင္ မေလွ်ာ္ႏိုင္ဘူး။ ေနာက္ေတာ့ သူငယ္ခ်င္းတစ္ေယာက္ ေပါင္းခံရည္အေၾကာင္းနဲ႔ ပတ္သက္ၿပီး ကြၽန္မကို ဗီဒီယိုအတိုေလး လာပို႔ေတာ့ အဲဒီကေန စိတ္ကူးရသြားတယ္။ က်င္ငယ္ရည္ ကုထုံးကို သုံးၾကည့္မယ္ေပါ့။”

 

“ အဲဒါနဲ႔ ေရခ်ိဳးကန္ထဲမွ မတ္တပ္ရပ္ၿပီး က်င္ငယ္ရည္ကို လက္နဲ႔ ခံ၊ ၿပီးေတာ့ ေသာက္ခ်လိုက္တယ္။ ခဏေလာက္ၾကာေတာ့ ကြၽန္မကိုယ္ ကြၽန္မ ေတာ္ေတာ္ေလးေနလို႔ ေကာင္းသြားမွန္း သတိထားမိလာတယ္။ ဒါေၾကာင့္ ဝိတ္က်ခ်င္တဲ့ သူေတြကိုလည္း က်င္ငယ္ရည္ ကုထုံးနဲ႔ စမ္းၾကည့္ဖို႔ တိုက္တြန္းလိုက္ပါရေစ။”

က်န္းမာေရးအတြက္ က်င္ငယ္ရည္ေသာက္ျခင္းဟာ ေကာင္းမြန္ေၾကာင္း သိပၸံနည္းက် စမ္းသပ္ေလ့လာခ်က္ေတြ မရွိေပမယ့္ ေလအာကေတာ့ ၫႊန္းၿမဲၫႊန္းေနတုန္းပါ။ သူမက သူမဝိတ္က်ရျခင္းရဲ႕ အဓိက လွ်ိဳ႕ဝွက္ခ်က္ဟာ က်င္ငယ္ရည္ေသာက္သုံးျခင္းျဖစ္ေၾကာင္း ဆိုခဲ့တဲ့အျပင္ ဆက္လက္ၿပီး မွီဝဲေနမည္ျဖစ္တဲ့အေၾကာင္းလည္း ေျပာျပပါတယ္။ ဒါေပမယ့္ ေလအာက ဘယ္လိုပဲ က်င္ငယ္ရည္ဟာ က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္ေျပာေျပာ၊ ေဆးစစ္ခ်က္ တိတိပပလည္း မရွိတဲ့ ခႏၶာကိုယ္အညစ္အေၾကးရည္ေတြကို ေသာက္သုံးတာကေတာ့ တကယ့္ကို ေအာ္ဂလီဆန္စရာပါပဲ။

 

Credit : လင္းလင္း (ShweMom)

 

Unicode ဖြင့်ဖတ်ရန်

အဝလွန်ကိုယ်အလေးချိန်ကို မသတီစရာ အရည်သောက်ပြီး ထက်ဝက်လျော့ချခဲ့တဲ့ အမျိုးသမီး

 

ခန္ဓာကိုယ်အလေးချိန် (၁၂၆) ပေါင်ခွဲလောက် လျော့ချနိုင်ခဲ့တဲ့ အမျိုးသမီးက သူမရဲ့ အံ့အားသင့်ဖွယ် ဝိတ်ကျခြင်း လျှို့ဝှက်ချက်ဟာ ကျင်ငယ်ရည်သောက်သုံးတာပါ လို့ ဆိုလိုက်ပါတယ်။ အသက်(၄၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ လေအာဆမ်ပ်စန်ဆိုသူက သူမဟာ ခန္ဓာကိုယ်ကထွက်တဲ့ ကျင်ငယ်ရည်ကို သောက်သုံးခြင်းအပြင်၊ သွားတိုက်ခြင်း၊ ခေါင်းလျှော်ခြင်းနဲ့ မျက်လုံးဆေးကြောခြင်းတို့ကိုပါ လုပ်ဆောင်ပါတယ်။

 

လေအာဟာ ကနေဒါမှာနေထိုင်တဲ့ ကလေးနှစ်ယောက်မိခင်ဖြစ်ပါတယ်။ အရင်တုန်းက ကိုယ်အလေးချိန်ပေါင် (၂၆၀) နီးနီးရှိခဲ့တာကြောင့် နာတာရှည် ပင်ပန်းနွမ်းလျတဲ့ ဝေဒနာကို ခံစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ အရမ်းဝပြီး ထုံထိုင်းလေးလံလွန်းလို့ ကိုယ့်လက်နဲ့ ကိုယ့်ဆံပင်တောင် ပြန်လျှော်ဖို့ ခက်ခဲတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်တွေ ကျလွန်းမက ကျနေရာက တစ်နေ့မှာတော့ ကျင်ငယ်ရည်ကုထုံးနဲ့ ဝိတ်လျှော့ကြည့်ဖို့ စိတ်ကူးပေါက်လာခဲ့ပါတယ်။

 

အခုတော့ လေအာဟာ ဝိတ်ကျပြီး ပေါင်(၁၄၀) ကျော်နဲ့ ကြည့်ကောင်းလာတာကြောင့် သူမရဲ့ ဆေးနည်းကို အခြားသူတွေဆီ ဝေမျှပေးခဲ့ပါတယ်။ “အသက်(၄၀) အရွယ်မှာ ကျွန်မ လက်မောင်းတွေ အလုပ်လုပ်လို့ မကောင်းတော့ဘူး။ ခေါင်းတောင် မလျှော်နိုင်ဘူး။ နောက်တော့ သူငယ်ချင်းတစ်ယောက် ပေါင်းခံရည်အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်မကို ဗီဒီယိုအတိုလေး လာပို့တော့ အဲဒီကနေ စိတ်ကူးရသွားတယ်။ ကျင်ငယ်ရည် ကုထုံးကို သုံးကြည့်မယ်ပေါ့။”

 

“ အဲဒါနဲ့ ရေချိုးကန်ထဲမှ မတ်တပ်ရပ်ပြီး ကျင်ငယ်ရည်ကို လက်နဲ့ ခံ၊ ပြီးတော့ သောက်ချလိုက်တယ်။ ခဏလောက်ကြာတော့ ကျွန်မကိုယ် ကျွန်မ တော်တော်လေးနေလို့ ကောင်းသွားမှန်း သတိထားမိလာတယ်။ ဒါကြောင့် ဝိတ်ကျချင်တဲ့ သူတွေကိုလည်း ကျင်ငယ်ရည် ကုထုံးနဲ့ စမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။”

ကျန်းမာရေးအတွက် ကျင်ငယ်ရည်သောက်ခြင်းဟာ ကောင်းမွန်ကြောင်း သိပ္ပံနည်းကျ စမ်းသပ်လေ့လာချက်တွေ မရှိပေမယ့် လေအာကတော့ ညွှန်းမြဲညွှန်းနေတုန်းပါ။ သူမက သူမဝိတ်ကျရခြင်းရဲ့ အဓိက လျှို့ဝှက်ချက်ဟာ ကျင်ငယ်ရည်သောက်သုံးခြင်းဖြစ်ကြောင်း ဆိုခဲ့တဲ့အပြင် ဆက်လက်ပြီး မှီဝဲနေမည်ဖြစ်တဲ့အကြောင်းလည်း ပြောပြပါတယ်။ ဒါပေမယ့် လေအာက ဘယ်လိုပဲ ကျင်ငယ်ရည်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်ပြောပြော၊ ဆေးစစ်ချက် တိတိပပလည်း မရှိတဲ့ ခန္ဓာကိုယ်အညစ်အကြေးရည်တွေကို သောက်သုံးတာကတော့ တကယ့်ကို အော်ဂလီဆန်စရာပါပဲ။

 

Credit : လင်းလင်း (ShweMom)