Zawgyi ျဖင့္ဖတ္ရန္

 

သားအိမ္ ကို ၾကြက္သား ေတြနဲ႔ တည္ေဆာက္ထားၿပီး တင္ပဆံုၾကြက္သားေတြနဲ႔ အရြတ္ေတြက ေဘးက ထိန္းမတ္ေပးထားပါတယ္။ ဒီၾကြက္သားေတြ၊ အရြတ္ေတြ ေျပေလ်ာ့အားနည္းလာတဲ့အခါ သားအိမ္ကို မထိန္းေပးႏိုင္ေတာ့ဘဲ မိန္းမကိုယ္ ဒါမွမဟုတ္ ေမြးလမ္းေၾကာင္းထဲ သားအိမ္ ကြၽံဆင္းလာပါေတာ့တယ္။

 

သားအိမ္ ကြၽံရာမွာ သားအိမ္ လံုးဝကြၽံျခင္းနဲ႔ သားအိမ္ တစ္ပိုင္းတစ္စကြၽံျခင္း ဆိုၿပီး ႏွစ္ပိုင္း ရွိပါတယ္။ သားအိမ္ရဲ႕ တစ္စိတ္တစ္ပိုင္းပဲ မိန္းမကိုယ္ထဲ ကြၽံက်လာျခင္းကို သားအိမ္ တစ္ပိုင္းတစ္စ ကြၽံျခင္းလို႔ေခၚၿပီး မိန္းမကိုယ္ ျပင္ပအထိေရာက္ေအာင္ ကြၽံက်လာတဲ့အခါ သားအိမ္လံုးဝကြၽံက်ျခင္းလို႔ ေခၚပါတယ္။

>> သားအိမ္ကြၽံျခင္းရဲ႕ လကၡဏာရပ္မ်ား

သားအိမ္ အနည္းငယ္မွ်သာ ကြၽံသူေတြမွာ ဘာေရာဂါလကၡဏာမွ ရွိမွာမဟုတ္ပါဘူး။ အလယ္အလတ္မွ ျပင္းထန္အဆင့္ ကြၽံသူေတြမွာေတာ့ –

● ေဘာလံုးႀကီးေပၚ ထိုင္ေနရသလို ခံစားရျခင္း

● ပံုမမွန္ ေသြးဆင္းျခင္း

● အျဖဴ ဆင္းျခင္း

● လိင္ဆက္ဆံရာတြင္ အဆင္မေျပျခင္း

● မိန္းမကိုယ္မွ သားအိမ္ေခါင္း သို႔မဟုတ္ သားအိမ္ ထြက္က်ျခင္း

● တင္ပဆံုမွာ ဆြဲထားသလို ခံစားရျခင္း

● ဝမ္းခ်ဳပ္ျခင္း

● ဆီးပိုး မၾကာခဏဝင္ျခင္း

ေဖာ္ျပပါလကၡဏာေတြ ျဖစ္ေပၚလာပါက ဆရာဝန္နဲ႔ျပၿပီး ေဆးကုသမႈခံယူဖို႔ အေရးႀကီးပါတယ္။ ေသခ်ာကုသမႈ မခံယူပါက ဆီး၊ ဝမ္းနဲ႔ လိင္ဆက္ဆံရာမွာ ျပႆနာမ်ား ျဖစ္လာႏိုင္ပါတယ္။

>> သားအိမ္ကြၽံျခင္းကို ျဖစ္ေစႏိုင္တဲ့ အေၾကာင္းအရင္းမ်ား

အသက္ႀကီးလာတာနဲ႔အမွ် တင္ပဆံုၾကြက္သားေတြကို သန္မာေအာင္ အေထာက္အပံ့ျပဳထားတဲ့ အမ်ိဳးသမီးေဟာ္မုန္း အီစထ႐ိုဂ်င္ေတြ က်ဆင္းလာၿပီး သားအိမ္ ကြၽံလာတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ ကေလးေမြးခ်ိန္မွာ တင္ပဆံုၾကြက္သားေတြကို ထိခိုက္မိျခင္းဟာလည္း သားအိမ္ ကြၽံေစႏိုင္ပါတယ္။ ဒါေၾကာင့္ 1 ႀကိမ္ထက္ပိုၿပီး သဘာဝအတိုင္း ကေလးေမြးထားသူေတြနဲ႔ ေသြးဆံုးၿပီး အမ်ိဳးသမီးေတြမွာ သားအိမ္ကြၽံဖို႔ အခြင့္အလမ္း အမ်ားဆံုး ျဖစ္ပါတယ္။

ဒါ့အျပင္ တင္ပဆံုၾကြက္သားေတြကို ဒဏ္ျဖစ္ေစႏိုင္တဲ့ အျပဳအမူ အေနအထားေတြဟာလည္း သားအိမ္ကြၽံျခင္း ျဖစ္ေစႏိုင္ပါတယ္။ ျဖစ္ေစႏိုင္တဲ့ အျခားအေၾကာင္းအရင္းေတြကေတာ့ –

● အဝလြန္ျခင္း

● နာတာရွည္ ေခ်ာင္းဆိုးျခင္း

● ဝမ္းခ်ဳပ္ျခင္း စတာေတြပဲ ျဖစ္ပါတယ္။

>> သားအိမ္ကြၽံျခင္းကို ဘယ္လိုသိႏိုင္မလဲ?

ေရာဂါလကၡဏာေတြကို ေမးျမန္းၿပီး မိန္းမကိုယ္ေအာက္ပိုင္း စမ္းသပ္ျခင္းျဖင့္ သားအိမ္ကြၽံျခင္းကို ဆရာဝန္က သိႏိုင္ပါတယ္။ စမ္းသပ္တဲ့အခါမွာ ဆရာဝန္က သားအိမ္ေခါင္းၾကည့္ပစၥည္းေလး ထည့္ၿပီး မိန္းမကိုယ္ အတြင္းပိုင္းနဲ႔ သားအိမ္ေခါင္းကို ေခ်ာင္းၾကည့္ပါလိမ့္မယ္။ လွဲရက္ျဖစ္ေစ၊ မတ္တပ္ျဖစ္ေစ စမ္းသပ္ရပါတယ္။ တစ္ခါတစ္ရံ သားအိမ္ကြၽံတဲ့ပမာဏကို သိေအာင္ ဝမ္းညႇစ္သလို ညႇစ္ခိုင္းၿပီးလည္း စမ္းသပ္ရပါေသးတယ္။

>> သားအိမ္ကြၽံျခင္းကို ဘယ္လိုကုသမလဲ?

အၿမဲတမ္းေတာ့ ကုသစရာ မလိုပါဘူး။ အကယ္၍ သားအိမ္ကြၽံတာ အရမ္းဆိုးလာရင္ေတာ့ ဆရာဝန္နဲ႔ ျပသၾကည့္ပါ။

မခြဲစိတ္ပဲ ကုသတဲ့ နည္းလမ္းမ်ားမွာ –

● တင္ပဆံုဖိအား ေလ်ာ့နည္းေအာင္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ျခင္း

● အေလးအပင္ မျခင္းကုိ ေရွာင္ျခင္း

● မိန္းမကိုယ္ေအာက္ပိုင္းၾကြက္သားမ်ား သန္မာေအာင္ ေလ့က်င့္ခန္းမ်ား ျပဳလုပ္ျခင္း

● အီစထ႐ိုဂ်င္ေဟာ္မုန္း ျဖည့္စြက္စာမ်ား ေသာက္ျခင္း

● သားအိမ္ေခါင္းအဝမွာ သားအိမ္ကို ထိန္းေပးႏိုင္တဲ့ သားအိမ္ထိန္းကြင္း ထည့္ျခင္း

ခြဲစိတ္ကုသနည္းမ်ားမွာေတာ့ သားအိမ္ထိန္းခြဲစိတ္ျခင္းနဲ႔ သားအိမ္ျဖတ္ျခင္း စတဲ့ နည္းလမ္းေတြ ရွိပါတယ္။ သားအိမ္ထိန္း ခြဲစိတ္တဲ့အခါ ခြဲစိတ္ဆရာဝန္ဟာ သားအိမ္ကို မူလေနရာ ျပန္ေရာက္ေအာင္ တင္ပဆံုအရြတ္ေတြနဲ႔ျဖစ္ေစ၊ ခြဲစိတ္ကိရိယာေတြနဲ႔ျဖစ္ေစ ျပန္ထိန္းေပးပါတယ္။ သားအိမ္ကို ျဖတ္ေတာက္တဲ့အခါမွာလည္း ဗိုက္ခြဲၿပီးျဖစ္ေစ၊ မိန္းမကိုယ္ကေန ခ်ဲ႕ၿပီးျဖစ္ေစ ခြဲထုတ္ႏိုင္ပါတယ္။

ခြဲစိတ္ကုသျခင္းဟာ အက်ိဳးရွိေပမယ့္ ကေလးယူဖို႔ အစီအစဥ္ရွိသူေတြမွာေတာ့ အသံုးမဝင္ပါဘူး။ ကိုယ္ဝန္ေဆာင္ျခင္းနဲ႔ ကေလးေမြးျခင္းတို႔ဟာ သားအိမ္ၾကြက္သားေတြကို ဒဏ္ျဖစ္ေစႏိုင္ၿပီး သားအိမ္ ျပဳျပင္ခြဲစိတ္ထားတာ ျပန္ပ်က္သြားႏိုင္ပါတယ္။

>> ဘယ္လိုကာကြယ္ႏိုင္သလဲ?

ျဖစ္ေစႏိုင္တဲ့ အေၾကာင္းအားလံုးကိုေတာ့ လိုက္ျပင္လို႔မရေပမယ့္ နည္းသြားေအာင္ေတာ့ ႀကိဳးစားႏိုင္ပါတယ္။

● ေလ့က်င့္ခန္း ပံုမွန္ျပဳလုပ္ျခင္း

● ကိုယ္အေလးခ်ိန္ ထိန္းျခင္း

● တင္ပဆံုၾကြက္သားအား ေကာင္းေစတဲ့ ေလ့က်င့္ခန္းေတြ ျပဳလုပ္ျခင္း

● ေသြးဆံုးခ်ိန္မွာ အီစထ႐ိုဂ်င္ ျဖည့္စြက္စာမ်ား ေသာက္ေပးျခင္း

Credit: Dr. Emerald (www.drmyanmar.com)

 

Unicode ဖြင့်ဖတ်ရန်

သားအိမ်ကျွံတယ်ဆိုတာ ဘာလဲ?

သားအိမ်ကို ကြွက်သားတွေနဲ့ တည်ဆောက်ထားပြီး တင်ပဆုံကြွက်သားတွေနဲ့ အရွတ်တွေက ဘေးက ထိန်းမတ်ပေးထားပါတယ်။ ဒီကြွက်သားတွေ၊ အရွတ်တွေ ပြေလျော့အားနည်းလာတဲ့အခါ သားအိမ်ကို မထိန်းပေးနိုင်တော့ဘဲ မိန်းမကိုယ် ဒါမှမဟုတ် မွေးလမ်းကြောင်းထဲ သားအိမ် ကျွံဆင်းလာပါတော့တယ်။

သားအိမ်ကျွံရာမှာ သားအိမ် လုံးဝကျွံခြင်းနဲ့ သားအိမ် တစ်ပိုင်းတစ်စကျွံခြင်း ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ သားအိမ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ မိန်းမကိုယ်ထဲ ကျွံကျလာခြင်းကို သားအိမ် တစ်ပိုင်းတစ်စ ကျွံခြင်းလို့ခေါ်ပြီး မိန်းမကိုယ် ပြင်ပအထိရောက်အောင် ကျွံကျလာတဲ့အခါ သားအိမ်လုံးဝကျွံကျခြင်းလို့ ခေါ်ပါတယ်။

>> သားအိမ်ကျွံခြင်းရဲ့ လက္ခဏာရပ်များ

သားအိမ် အနည်းငယ်မျှသာ ကျွံသူတွေမှာ ဘာရောဂါလက္ခဏာမှ ရှိမှာမဟုတ်ပါဘူး။ အလယ်အလတ်မှ ပြင်းထန်အဆင့် ကျွံသူတွေမှာတော့ –

● ဘောလုံးကြီးပေါ် ထိုင်နေရသလို ခံစားရခြင်း

● ပုံမမှန် သွေးဆင်းခြင်း

● အဖြူ ဆင်းခြင်း

● လိင်ဆက်ဆံရာတွင် အဆင်မပြေခြင်း

● မိန်းမကိုယ်မှ သားအိမ်ခေါင်း သို့မဟုတ် သားအိမ် ထွက်ကျခြင်း

● တင်ပဆုံမှာ ဆွဲထားသလို ခံစားရခြင်း

● ဝမ်းချုပ်ခြင်း

● ဆီးပိုး မကြာခဏဝင်ခြင်း

ဖော်ပြပါလက္ခဏာတွေ ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ပြပြီး ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။ သေချာကုသမှု မခံယူပါက ဆီး၊ ဝမ်းနဲ့ လိင်ဆက်ဆံရာမှာ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။

>> သားအိမ်ကျွံခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

အသက်ကြီးလာတာနဲ့အမျှ တင်ပဆုံကြွက်သားတွေကို သန်မာအောင် အထောက်အပံ့ပြုထားတဲ့ အမျိုးသမီးဟော်မုန်း အီစထရိုဂျင်တွေ ကျဆင်းလာပြီး သားအိမ် ကျွံလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးချိန်မှာ တင်ပဆုံကြွက်သားတွေကို ထိခိုက်မိခြင်းဟာလည်း သားအိမ် ကျွံစေနိုင်ပါတယ်။ ဒါကြောင့် 1 ကြိမ်ထက်ပိုပြီး သဘာဝအတိုင်း ကလေးမွေးထားသူတွေနဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ သားအိမ်ကျွံဖို့ အခွင့်အလမ်း အများဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် တင်ပဆုံကြွက်သားတွေကို ဒဏ်ဖြစ်စေနိုင်တဲ့ အပြုအမူ အနေအထားတွေဟာလည်း သားအိမ်ကျွံခြင်း ဖြစ်စေနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့ အခြားအကြောင်းအရင်းတွေကတော့ –

● အဝလွန်ခြင်း

● နာတာရှည် ချောင်းဆိုးခြင်း

● ဝမ်းချုပ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

>> သားအိမ်ကျွံခြင်းကို ဘယ်လိုသိနိုင်မလဲ?

ရောဂါလက္ခဏာတွေကို မေးမြန်းပြီး မိန်းမကိုယ်အောက်ပိုင်း စမ်းသပ်ခြင်းဖြင့် သားအိမ်ကျွံခြင်းကို ဆရာဝန်က သိနိုင်ပါတယ်။ စမ်းသပ်တဲ့အခါမှာ ဆရာဝန်က သားအိမ်ခေါင်းကြည့်ပစ္စည်းလေး ထည့်ပြီး မိန်းမကိုယ် အတွင်းပိုင်းနဲ့ သားအိမ်ခေါင်းကို ချောင်းကြည့်ပါလိမ့်မယ်။ လှဲရက်ဖြစ်စေ၊ မတ်တပ်ဖြစ်စေ စမ်းသပ်ရပါတယ်။ တစ်ခါတစ်ရံ သားအိမ်ကျွံတဲ့ပမာဏကို သိအောင် ဝမ်းညှစ်သလို ညှစ်ခိုင်းပြီးလည်း စမ်းသပ်ရပါသေးတယ်။

>> သားအိမ်ကျွံခြင်းကို ဘယ်လိုကုသမလဲ?

အမြဲတမ်းတော့ ကုသစရာ မလိုပါဘူး။ အကယ်၍ သားအိမ်ကျွံတာ အရမ်းဆိုးလာရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါ။

မခွဲစိတ်ပဲ ကုသတဲ့ နည်းလမ်းများမှာ –

● တင်ပဆုံဖိအား လျော့နည်းအောင် ကိုယ်အလေးချိန် လျှော့ခြင်း

● အလေးအပင် မခြင်းကို ရှောင်ခြင်း

● မိန်းမကိုယ်အောက်ပိုင်းကြွက်သားများ သန်မာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

● အီစထရိုဂျင်ဟော်မုန်း ဖြည့်စွက်စာများ သောက်ခြင်း

● သားအိမ်ခေါင်းအဝမှာ သားအိမ်ကို ထိန်းပေးနိုင်တဲ့ သားအိမ်ထိန်းကွင်း ထည့်ခြင်း

ခွဲစိတ်ကုသနည်းများမှာတော့ သားအိမ်ထိန်းခွဲစိတ်ခြင်းနဲ့ သားအိမ်ဖြတ်ခြင်း စတဲ့ နည်းလမ်းတွေ ရှိပါတယ်။ သားအိမ်ထိန်း ခွဲစိတ်တဲ့အခါ ခွဲစိတ်ဆရာဝန်ဟာ သားအိမ်ကို မူလနေရာ ပြန်ရောက်အောင် တင်ပဆုံအရွတ်တွေနဲ့ဖြစ်စေ၊ ခွဲစိတ်ကိရိယာတွေနဲ့ဖြစ်စေ ပြန်ထိန်းပေးပါတယ်။ သားအိမ်ကို ဖြတ်တောက်တဲ့အခါမှာလည်း ဗိုက်ခွဲပြီးဖြစ်စေ၊ မိန်းမကိုယ်ကနေ ချဲ့ပြီးဖြစ်စေ ခွဲထုတ်နိုင်ပါတယ်။

ခွဲစိတ်ကုသခြင်းဟာ အကျိုးရှိပေမယ့် ကလေးယူဖို့ အစီအစဉ်ရှိသူတွေမှာတော့ အသုံးမဝင်ပါဘူး။ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးခြင်းတို့ဟာ သားအိမ်ကြွက်သားတွေကို ဒဏ်ဖြစ်စေနိုင်ပြီး သားအိမ် ပြုပြင်ခွဲစိတ်ထားတာ ပြန်ပျက်သွားနိုင်ပါတယ်။

>> ဘယ်လိုကာကွယ်နိုင်သလဲ?

ဖြစ်စေနိုင်တဲ့ အကြောင်းအားလုံးကိုတော့ လိုက်ပြင်လို့မရပေမယ့် နည်းသွားအောင်တော့ ကြိုးစားနိုင်ပါတယ်။

● လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း

● ကိုယ်အလေးချိန် ထိန်းခြင်း

● တင်ပဆုံကြွက်သားအား ကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်း

● သွေးဆုံးချိန်မှာ အီစထရိုဂျင် ဖြည့်စွက်စာများ သောက်ပေးခြင်း

Credit: Dr. Emerald (www.drmyanmar.com)