Zawgyiျဖင့္ဖတ္ရန္

 

ေတာသူ ဆိုေတာ့ မျပင္မဆင္ ေရမိုးမခ်ိဳးတာ ၃-၄ ရက္ရွိၿပီဆိုေတာ့ နံေစာ္လို႔

ေနတာက ေအာင္လံၿမိဳ႕ အေရွ႕ဘက္မိုင္ ၂၀ ေလာက္သြားရတဲ့ေနရာ

ကြၽန္ေတာ္ လူနာ ေတြကို interview တာဝါသနာပါတယ္

ထုံးစံအတိုင္း ေမးျမန္းစစ္ေဆးေတာ့

ညားခါစ လင္မယား (၁ႏွစ္ ေလာက္ေတာ့ရွိပါၿပီ)

ေယာက်ာ္းက အလုပ္လုပ္၇င္း ျပဳတ္က်ၿပီးPelvic fracture ရတယ္

ျပည္ေဆး႐ုံ ရာက္တယ္

မရဘူး …ရန္ကုန္သြား…

သူတို႔ ရန္ကုန္ ေရာက္လာက်တယ္

အဝတ္တထည္ ကိုယ္တခု နဲ႔ လက္ထဲငါးေထာင္တန္ေလး ၃႐ြက္ က်စ္က်စ္ပါေအာင္ ဆုပ္လို႔

အဲ့မွာ ကြၽန္ေတာ္ interview စဝင္ေတာ့တယ္

အရင္ ရန္ကုန္ေရာက္ဖူးလား?

ကြၽန္မ ျပည္ေတာင္ မေရာက္ဖူးပါဘူးတဲ့ေလ

ျပည္က ဆရာေတြကေျပာလိုက္တယ္

ရန္ကုန္သြားမွ ေကာင္းမွာဆိုလို႔ အရဲစြန႔္ၿပီးလာခဲ့တာပါတဲ့ေလ

ေၾကာက္လိုက္တာ ဆရာရယ္တဲ့

စိတ္ထဲ ႀကိတ္ခ်ီးက်ဴးမိတယ္

သူတို႔ ရန္ကုန္ ေရာက္လာတယ္ဆိုတာေလ

ကိုယ္ေတြ စင္ကာပူေဆးသြားကု သေလာက္ရွိတယ္

သူတို႔ ကိုယ္ကို ဘတ္ေနတာ မဟုတ္ဘူး

သူတို႔ ႐ိုးသားစြာေျပာေနတယ္ဆိုတာ ကြၽန္ေတာ့ အေတြ႕အႀကဳံအရ သိေနတယ္

သူတို႔ လင္မယားကို ကြၽန္ေတာ္ ညိသြားတယ္
ကိုယ့္စိတ္တ္ထဲမွာ သူတို႔ရွိသြားတယ္

ေတာက္ေလ်ာက္ၾကည့္ေပးၿပီး ကြၽန္ေတာ္ လုပ္ေပးႏိုင္တာေတြအစြမ္းကုန္ လုပ္ေပးလိုက္တယ္

ဒီလိုနဲ႔ pelvic fracture ႀကီးကိုပိုက္ဆံ တေသာင္းခြဲနဲ႔ ခြဲျဖစ္သြားတယ္ ဆိုပါေတာ့

============================

မနက္တိုင္း ေဆး႐ုံေရာက္တာနဲ႔ သူတို႔နဲ႔ သြား သြား စကားေျပာျဖစ္တယ္

သူတို႔ လင္မယားကို ကြၽန္ေတာ္ႀကိဳက္လို႔

ကြၽန္ေတာ္ သိခ်င္တာေတြ သြား သြား ေမးတယ္

ေကာင္မေလးက စာ သိပ္မတတ္ဘူး ၄ တန္းလားပဲ

ဒါေပမယ့္ ခိုင္းလိုက္ရင္ သြက္လက္ခ်က္ခ်ာစြာလုပ္ေပးတယ္

ကြၽန္မတို႔က ေတာသူေတြပါ စာ မတတ္ဘူး ဘာမွနားမလည္ဘူး ဆိုတဲ့

ၾကားေနၾက စကားေတြ သူစီမွာ မၾကားရဘူး

ေသြးေဖာက္ခိုင္းတယ္

စာ႐ြက္စာတမ္းသြားေပးခိုင္းတယ္

မသိဘူး မသြားတတ္ဘူး မေျပာဘူး

ေမးစမ္းၿပီး ရေအာင္သြားတယ္

ဆရာဝန္ ဆရာမနဲ႔ တဲ့ေအာင္ေနမွသူေယာက်ာ္း ေရာဂါသက္သာမယ္ဆိုတာသူသိတယ္

ဒါလုပ္ဆို လုပ္တယ္ ထိုင္ဆိုထိုင္ ထဆိုထ

သူ႔ ေယာက်္ား သက္သာဖို႔ဆို သူဘာလုပ္ရလုပ္ရဆိုတဲ့ ပုံစံမ်ိဳး

ဆရာဝန္ ဆရာမ ခ်စ္ေအာင္ေနတတ္တယ္

တရက္ ေဆး႐ုံဆင္းခါနီး

ကြၽန္ေတာ္ သူတို႔ ကုတင္နားေရာက္သြားေတာ့

ေရာဂါအေၾကာင္းရွင္းျပရင္းနဲ႔ ေျပာမိတယ္

နင့္ ေယာက်ာ္းက တသက္လုံး အလုပ္ၾကမ္း လုပ္လို႔မရေတာ့ဘူး

ညည္း ဘယ္လို လုပ္မလဲ ဆိုေတာ့

ေတာသူေတာင္သားဆိုတာ ဆရာဝန္ ဆို ေစ့ေစ့ေတာင္ၾကည့္ရဲၾကတာ မဟုတ္ဘူး

ဘာလို႔မွန္းလဲမသိ ကိုယ္ေတြဆို သူတို႔က ေရလည္ ကြၽတ္ေနၾကတာ

အလို ေတာသူမေလးက ကြၽန္ေတာ့မ်က္လုံးကို ေစ့ေစ့ၾကည့္ၿပီးေျပာသြားတယ္

ကြၽန္မကိုရွာေကြၽးရင္းနဲ႔ သူျဖစ္တာ

ကြၽန္မ ျပန္လုပ္ေကြၽးရမွာေပါ့တဲ့ေလ

သူ ကြၽန္ေတာ့ကိုၾကည့္တဲ့ မ်က္လုံးေတြဟာ

စာခ်ဳပ္တခုထက္ ခိုင္မာတယ္ဆိုတာ ကြၽန္ေတာ္ ခံစားလို႔ရလိုက္တယ္

တၿပိဳင္တည္းမွာပဲ

ကြန္ေတာ္ သူကို ေလ

ကြၽန္ေတာ့ FB acc ဖြင့္ျပခ်င္မိတယ္

ကြၽန္ေတာ့ acc ထဲမွာ

i ph ႀကီးတင္လိုတင္

ပုတ္ေလာက္ရွိတဲ့ BD cake ႀကီးနဲ႔
I love u တို႔

သိပ္ခ်စ္သြားၿပီ ခိုခို တို႔

ဘာမလုပ္၇လို႔

စိတ္ေကာက္တယ္တို႔…

ညာ မလုပ္ရလို႔ ဘာျဖစ္တယ္…

ဘာမလုပ္ရလို႔ ညာျဖစ္တယ္တို႔…

post ေတြ ျပၾကည့္ခ်င္မိတယ္

သူေလးလဲ အခ်စ္ကို ခံစားဖူးမွာပါ

ဒီလို႔ မ်ိဳးေတြ သူသိရင္

သူ႔ comment ကိုကြၽန္ေတာ္ ၾကားခ်င္မိတယ္

သူဝမ္းနည္းေလမလား

ဒါမွမဟုတ္

ဒါလား ဟဲ့ အခ်စ္လို႔မ်ား

သူဟား….တိုက္ေလမလား

Credit to Dr. Nay Aung Zin

 

Unicodeဖြင့်ဖတ်ရန်

 

အဲ့လို မိန်းမ ကျွန်တော်ကြိုက်တယ် ၂၁ နှစ်ဆိုတော့ ငယ်ဂုဏ်လေးတော့ရှိပါရဲ့

တောသူဆိုတော့ မပြင်မဆင် ရေမိုးမချိုးတာ ၃-၄ ရက်ရှိပြီဆိုတော့ နံစော်လို့

နေတာက အောင်လံမြို့ အရှေ့ဘက်မိုင် ၂၀ လောက်သွားရတဲ့နေရာ

ကျွန်တော် လူနာတွေကို interview တာဝါသနာပါတယ်

ထုံးစံအတိုင်း မေးမြန်းစစ်ဆေးတော့

ညားခါစ လင်မယား (၁နှစ် လောက်တော့ရှိပါပြီ)

ယောကျာ်းက အလုပ်လုပ်၇င်း ပြုတ်ကျပြီးPelvic fracture ရတယ်

ပြည်ဆေးရုံ ရာက်တယ်

မရဘူး …ရန်ကုန်သွား…

သူတို့ ရန်ကုန် ရောက်လာကျတယ်

အဝတ်တထည် ကိုယ်တခု နဲ့ လက်ထဲငါးထောင်တန်လေး ၃ရွက် ကျစ်ကျစ်ပါအောင် ဆုပ်လို့

အဲ့မှာ ကျွန်တော် interview စဝင်တော့တယ်

အရင် ရန်ကုန်ရောက်ဖူးလား?

ကျွန်မ ပြည်တောင် မရောက်ဖူးပါဘူးတဲ့လေ

ပြည်က ဆရာတွေကပြောလိုက်တယ်

ရန်ကုန်သွားမှ ကောင်းမှာဆိုလို့ အရဲစွန့်ပြီးလာခဲ့တာပါတဲ့လေ

ကြောက်လိုက်တာ ဆရာရယ်တဲ့

စိတ်ထဲ ကြိတ်ချီးကျူးမိတယ်

သူတို့ ရန်ကုန် ရောက်လာတယ်ဆိုတာလေ

ကိုယ်တွေ စင်ကာပူဆေးသွားကု သလောက်ရှိတယ်

သူတို့ ကိုယ်ကို ဘတ်နေတာ မဟုတ်ဘူး

သူတို့ ရိုးသားစွာပြောနေတယ်ဆိုတာ ကျွန်တော့ အတွေ့အကြုံအရ သိနေတယ်

သူတို့ လင်မယားကို ကျွန်တော် ညိသွားတယ်
ကိုယ့်စိတ်တ်ထဲမှာ သူတို့ရှိသွားတယ်

တောက်လျောက်ကြည့်ပေးပြီး ကျွန်တော် လုပ်ပေးနိုင်တာတွေအစွမ်းကုန် လုပ်ပေးလိုက်တယ်

ဒီလိုနဲ့ pelvic fracture ကြီးကိုပိုက်ဆံ တသောင်းခွဲနဲ့ ခွဲဖြစ်သွားတယ် ဆိုပါတော့

============================

မနက်တိုင်း ဆေးရုံရောက်တာနဲ့ သူတို့နဲ့ သွား သွား စကားပြောဖြစ်တယ်

သူတို့ လင်မယားကို ကျွန်တော်ကြိုက်လို့

ကျွန်တော် သိချင်တာတွေ သွား သွား မေးတယ်

ကောင်မလေးက စာ သိပ်မတတ်ဘူး ၄ တန်းလားပဲ

ဒါပေမယ့် ခိုင်းလိုက်ရင် သွက်လက်ချက်ချာစွာလုပ်ပေးတယ်

ကျွန်မတို့က တောသူတွေပါ စာ မတတ်ဘူး ဘာမှနားမလည်ဘူး ဆိုတဲ့

ကြားနေကြ စကားတွေ သူစီမှာ မကြားရဘူး

သွေးဖောက်ခိုင်းတယ်

စာရွက်စာတမ်းသွားပေးခိုင်းတယ်

မသိဘူး မသွားတတ်ဘူး မပြောဘူး

မေးစမ်းပြီး ရအောင်သွားတယ်

ဆရာဝန် ဆရာမနဲ့ တဲ့အောင်နေမှသူယောကျာ်း ရောဂါသက်သာမယ်ဆိုတာသူသိတယ်

ဒါလုပ်ဆို လုပ်တယ် ထိုင်ဆိုထိုင် ထဆိုထ

သူ့ ယောကျ်ား သက်သာဖို့ဆို သူဘာလုပ်ရလုပ်ရဆိုတဲ့ ပုံစံမျိုး

ဆရာဝန် ဆရာမ ချစ်အောင်နေတတ်တယ်

တရက် ဆေးရုံဆင်းခါနီး

ကျွန်တော် သူတို့ ကုတင်နားရောက်သွားတော့

ရောဂါအကြောင်းရှင်းပြရင်းနဲ့ ပြောမိတယ်

နင့် ယောကျာ်းက တသက်လုံး အလုပ်ကြမ်း လုပ်လို့မရတော့ဘူး

ညည်း ဘယ်လို လုပ်မလဲ ဆိုတော့

တောသူတောင်သားဆိုတာ ဆရာဝန် ဆို စေ့စေ့တောင်ကြည့်ရဲကြတာ မဟုတ်ဘူး

ဘာလို့မှန်းလဲမသိ ကိုယ်တွေဆို သူတို့က ရေလည် ကျွတ်နေကြတာ

အလို တောသူမလေးက ကျွန်တော့မျက်လုံးကို စေ့စေ့ကြည့်ပြီးပြောသွားတယ်

ကျွန်မကိုရှာကျွေးရင်းနဲ့ သူဖြစ်တာ

ကျွန်မ ပြန်လုပ်ကျွေးရမှာပေါ့တဲ့လေ

သူ ကျွန်တော့ကိုကြည့်တဲ့ မျက်လုံးတွေဟာ

စာချုပ်တခုထက် ခိုင်မာတယ်ဆိုတာ ကျွန်တော် ခံစားလို့ရလိုက်တယ်

တပြိုင်တည်းမှာပဲ

ကွန်တော် သူကို လေ

ကျွန်တော့ FB acc ဖွင့်ပြချင်မိတယ်

ကျွန်တော့ acc ထဲမှာ

i ph ကြီးတင်လိုတင်

ပုတ်လောက်ရှိတဲ့ BD cake ကြီးနဲ့
I love u တို့

သိပ်ချစ်သွားပြီ ခိုခို တို့

ဘာမလုပ်၇လို့

စိတ်ကောက်တယ်တို့…

ညာ မလုပ်ရလို့ ဘာဖြစ်တယ်…

ဘာမလုပ်ရလို့ ညာဖြစ်တယ်တို့…

post တွေ ပြကြည့်ချင်မိတယ်

သူလေးလဲ အချစ်ကို ခံစားဖူးမှာပါ

ဒီလို့ မျိုးတွေ သူသိရင်

သူ့ comment ကိုကျွန်တော် ကြားချင်မိတယ်

သူဝမ်းနည်းလေမလား

ဒါမှမဟုတ်

ဒါလား ဟဲ့ အချစ်လို့များ

သူဟား….တိုက်လေမလား

Credit to Dr. Nay Aung Zin