Zawgyi ျဖင့္ဖတ္ရန္

ေကာင္ေလး တစ္ေယာက္ဟာ မ်ိဳးဗီဇဆုိင္ရာ ရွားပါး ေရာဂါ တစ္ခုကို ခံစားေနရလုိ႔ အခုဆုိရင္ အသက္(၇၀)အဖုိးအုိတစ္ေယာက္ရဲ႕ပုံစံမ်ိဳး ျဖစ္ေနပါတယ္။ Shaun Tebbutt ဟာ အခု အသက္(၁၁)ႏွစ္သာ ရွိေသးေပမယ့္ Acquired partial lipodystrophy ဆုိတဲ့ေရာဂါေၾကာင့္ ရွိရင္းစြဲအသက္ထက္ (၆)ဆေလာက္ ပုိၿပီးအုိစာေနေစပါတယ္။

 

သူရဲ႕ဆုိးရြားလွတဲ့ ေရာဂါကို ခံစားေနရတဲ့ၾကားက အတန္းေဖာ္ သူငယ္ခ်င္း ေတြက အႏုိင့္က်င့္စေနာက္တာကုိပါ ခံစားခဲ့ရလုိ႔ Shaun ဟာ စိတ္ပုိင္းဆုိင္ရာ ဒဏ္ရာေတြပါ ခံစားေနရပါတယ္။ Shaun ဟာ Wooton, Bedfordshire မွာ ေနထုိင္သူျဖစ္ၿပီး ေရာဂါေၾကာင့္ ကုိယ္အေလးခ်ိန္ေတြလည္း က်ဆင္းေနပါတယ္။

 

မိခင္ျဖစ္သူ Joanne (၄၆)ႏွစ္က သူရဲ႕သားဟာ လက္ရွိသားျဖစ္သူရဲ႕ ရုပ္ရည္ေၾကာင့္ သူတုိ႔အတန္းထဲမွာ သူ႕ကုိ နာက်င္ေအာင္စေနာက္ အနုိင္က်င့္ၾကတာကိုလည္း မခံရပ္ႏုိင္ ျဖစ္ေနပါတယ္။ တစ္ခ်ိဳ႕က ေရာဂါေၾကာင့္ ပိန္ေနတဲ့ကေလးကုိ အစာဝဝလင္လင္ မေကၽြးဘူးလုိ႔ေတာင္ စြပ္စြဲေျပာဆုိေနတာေတြ ရွိေနပါတယ္။

 

Lipodystrophy ေရာဂါဟာ တစ္ကမာၻလုံးမွာ လူ(၇၀၀)ေလာက္သာ ခံစားေနရတဲ့ ရွားပါးေရာဂါျဖစ္ၿပီး ကုသဖုိ႔အလြန္ခက္ခဲတဲ့ ေရာဂါလည္း ျဖစ္ပါတယ္။ ဒီေရာဂါဟာ အဆီဆဲလ္ေတြကို ကင္းမဲ့ေစၿပီး Hormone Leptin ထုတ္လုပ္မႈကုိလည္း လုံးဝရပ္ဆုိင္ေစပါတယ္။

 

 

Leptin ဟုိမုန္းမထြက္ျခင္းကပင္ ဦးေႏွာက္ကို မွားယြင္းတဲ့သတင္းအခ်က္အလက္ေတြ ပုိ႔ေပးၿပီး၊ ခႏၶာကုိယ္မွာ လုံေလာက္တဲ့ အာဟာရဓာတ္ေတြျပည့္မီေနၿပီလုိ႔ ဦးေႏွာ္က္ကုိ သိမွတ္ေစကာ အစာစားလုိစိတ္ကုိ တြန္းအားမေပးေတာ့ပါဘူး။ ဒါေၾကာင့္သာပင္ Shaun ဟာ အစားအစာေတာင္းဆုိမႈ နည္းပါးၿပီး လူက ပိန္သထက္ပိန္ကာ ရွိရင္းစြဲအသက္ထက္ ပုိၿပီးတုိေစခဲ့တာပါ။

 

ေလာေလာဆယ္ေတာ့ Shaun ကုိ အထူးကုသမားေတာ္ႀကီးေတြနဲ႔ ျပသေနေပမယ့္ အေျခအေနကေတာ့ ထူးျခားျခင္း မရွိေသးပါဘူး။ Shaun တုိ႔မိသားစုကလည္း ကေလးကို ထိေရာက္ေအာင္ကုသေပးႏုိင္မယ့္ ေဆးဘက္ဆုိင္ရာ အကူအညီေတြ ေမွ်ာ္ေနဆဲ ေတာင္းခံထားဆဲဆုိေပမယ့္ ေလာေလာဆယ္ေတာ့ ကမ္းလွမ္းမႈအသစ္ေတြကုိ မရရွိေသးဘူးလုိ႔ သိရပါတယ္။

 

Credit : နတ္စည္ေတာ္ (MyanmarNote)

Unicode ဖြင့်ဖတ်ရန်

 

ကောင်လေးတစ်ယောက်ဟာ မျိုးဗီဇဆိုင်ရာ ရှားပါးရောဂါတစ်ခုကို ခံစားနေရလို့ အခုဆိုရင် အသက်(၇၀)အဖိုးအိုတစ်ယောက်ရဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ Shaun Tebbutt ဟာ အခု အသက်(၁၁)နှစ်သာ ရှိသေးပေမယ့် Acquired partial lipodystrophy ဆိုတဲ့ရောဂါကြောင့် ရှိရင်းစွဲအသက်ထက် (၆)ဆလောက် ပိုပြီးအိုစာနေစေပါတယ်။

သူရဲ့ဆိုးရွားလှတဲ့ ရောဂါကို ခံစားနေရတဲ့ကြားက အတန်းဖော်သူငယ်ချင်းတွေက အနိုင့်ကျင့်စနောက်တာကိုပါ ခံစားခဲ့ရလို့ Shaun ဟာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေပါ ခံစားနေရပါတယ်။ Shaun ဟာ Wooton, Bedfordshire မှာ နေထိုင်သူဖြစ်ပြီး ရောဂါကြောင့် ကိုယ်အလေးချိန်တွေလည်း ကျဆင်းနေပါတယ်။

မိခင်ဖြစ်သူ Joanne (၄၆)နှစ်က သူရဲ့သားဟာ လက်ရှိသားဖြစ်သူရဲ့ ရုပ်ရည်ကြောင့် သူတို့အတန်းထဲမှာ သူ့ကို နာကျင်အောင်စနောက် အနိုင်ကျင့်ကြတာကိုလည်း မခံရပ်နိုင် ဖြစ်နေပါတယ်။ တစ်ချို့က ရောဂါကြောင့် ပိန်နေတဲ့ကလေးကို အစာဝဝလင်လင် မကျွေးဘူးလို့တောင် စွပ်စွဲပြောဆိုနေတာတွေ ရှိနေပါတယ်။

Lipodystrophy ရောဂါဟာ တစ်ကမ္ဘာလုံးမှာ လူ(၇၀၀)လောက်သာ ခံစားနေရတဲ့ ရှားပါးရောဂါဖြစ်ပြီး ကုသဖို့အလွန်ခက်ခဲတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ဒီရောဂါဟာ အဆီဆဲလ်တွေကို ကင်းမဲ့စေပြီး Hormone Leptin ထုတ်လုပ်မှုကိုလည်း လုံးဝရပ်ဆိုင်စေပါတယ်။

Leptin ဟိုမုန်းမထွက်ခြင်းကပင် ဦးနှောက်ကို မှားယွင်းတဲ့သတင်းအချက်အလက်တွေ ပို့ပေးပြီး၊ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ အာဟာရဓာတ်တွေပြည့်မီနေပြီလို့ ဦးနှော်က်ကို သိမှတ်စေကာ အစာစားလိုစိတ်ကို တွန်းအားမပေးတော့ပါဘူး။ ဒါကြောင့်သာပင် Shaun ဟာ အစားအစာတောင်းဆိုမှု နည်းပါးပြီး လူက ပိန်သထက်ပိန်ကာ ရှိရင်းစွဲအသက်ထက် ပိုပြီးတိုစေခဲ့တာပါ။

လောလောဆယ်တော့ Shaun ကို အထူးကုသမားတော်ကြီးတွေနဲ့ ပြသနေပေမယ့် အခြေအနေကတော့ ထူးခြားခြင်း မရှိသေးပါဘူး။ Shaun တို့မိသားစုကလည်း ကလေးကို ထိရောက်အောင်ကုသပေးနိုင်မယ့် ဆေးဘက်ဆိုင်ရာ အကူအညီတွေ မျှော်နေဆဲ တောင်းခံထားဆဲဆိုပေမယ့် လောလောဆယ်တော့ ကမ်းလှမ်းမှုအသစ်တွေကို မရရှိသေးဘူးလို့ သိရပါတယ်။

Credit : နတ်စည်တော် (MyanmarNote)