Zawgyi ဖြင့်ဖတ်ရန်

 


(၁) ခန္ဓာဗေဒ ဘာသာစကား


(၂) ပုခုံး














Credit : shwelight

 

Unicode ဖြင့်ဖတ်ရန်

 

မိန်းမ တစ်ယောက်ကို ချစ်မိသွားရင် ပြောင်းလဲသွားတတ်တဲ့ ကွီးတို့ အိုက်တင်များ

သင်ဟာမိန်းကလေးတစ်ယောက်ဆိုရင် သင့်ရဲ့ ယောက်ကျားလေးသူငယ်ချင်းတွေထဲက တစ်ယောက်က သင့်ကို အမြဲတမ်း နည်းလမ်းပေါင်းစုံနှင့် ထူးခြားမှု့လေးတွေဖြစ်အောင်ပြုလုပ်ပေးနေတယ်ဆိုပါစို့။ ဘာလို့များ သူဘာလို့ ဒီလိုများလုပ်နေရတာလည်း။အဲ့ဒီအရာရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလည်းဆိုပြီး မေးခွန်းတွေ ထုတ်ဖူးကြတယ်မဟုတ်လား။ဘာလို့လည်း၊ဘာကြောင့်လည်းဆိုတာ အမျိုးသမီးတွေရဲ့အဘိဓာတ်ထဲမှ လုံးဝပြီးဆုံးမှာမဟုတ်တဲ့ စကားလုံးဖြစ်ပါတယ်။ဒါကြောင့် ဒီမေးခွန်းတွေရဲ့အဖြေကို ရှင်းရှင်းလင်းလင်းသိဖို့ အတွက် ဖော်ပြပေးမယ့်အပြင် သင့်ကို စိတ်ဝင်စားနေတယ်ဆိုတာကို ပါးစပ်ကနေ ထုတ်မပြောသေး ပေမယ့် အခြားသော အရာတွေကနေလည်း သူ သင့်ကို စိတ်ဝင်စားနေသလားဆိုတာကို သိနိုင်မယ့် နည်းလမ်း လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခန္ဓာဗေဒ ဘာသာစကား

ကိုယ်ဟန်အနေအထားနှင့် ခန္ဓာဗေဒဘာသာစကားဟာဆိုရင် relationship တစ်ခုမှာ အရေးကြီးဆုံးသော လက္ခဏာသွင်ပြင်တစ်ခုဖြစ်ပါတယ်။ယောက်ကျားတွေဘာတွေးနေလည်း။သူတို့ဘာတွေ လုပ်နေသလည်း ဆိုတာကို ခန္ဓာဗေဒဘာသာစကားကနေပြီးတော့ အလွယ်တကူနားလည်နိုင်ပါတယ်။

(၂) ပုခုံး

ဒီလက္ခဏာကတော့ အဆိုပါအမျိုးသားသင့်ကို တကယ်စိတ်ဝင်စားနေပြီဆိုတာကိုအမှန်တကယ် အတည်ပြုနိုင်တဲ့ လက္ခဏာဘဲဖြစ်ပါတယ်။

(၃) အထိအတွေ့(ပထမဆုံးအကြိမ်)

သင့်ကို ပထမဦးဆုံးအကြိမ် ထိတွေ့ရတာကို ရင်တွေခုန်ပြီး သွေးတိုးမတက် ပျော်နေတဲ့အမျိုးသားကလည်း သင့်ကို စိတ်ဝင်စားနေတာသေချာပါတယ်။

(၄) စကားလုံးတွေမလိုဘဲ လက္ခဏာ

တစ်ချို့အမျိုးသားတွေကျတော့လည်း ထိတွေ့ရတာကို အရမ်းရှက်တက်ကြပါတယ်။ ဒီအခြေအနေမျိုးမှာ ဆိုရင်တော့ သူတို့တွေက သင့်ကို စကားလုံးတွေ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ မျက်လုံးချင်း စကားပြောတဲ့ နည်းလမ်းကို သုံးပါတယ်။

(၅) Crush ရဲ့ အရှေ့မှာဆိုရင်အမြဲတန်း လန်းနေအောင်နေတယ်

အဲ့ဒီအမျိုးသားက အရမ်းကြီးကြည့်ကောင်းချောမောနေဖို့အတွက် ပြင်ပြင်ဆင်ဆင်မနေတက်ဖူးဆိုရင်တောင်မှ သင်နှင့် တွေ့မယ်အချိန်တွေမှာဆိုရင် အမှန်အကန်ပြင်ဆင်လာတက်ပါတယ်။

(၆) အမျိုးသမီးရဲ့ ဒူးပေါ်က လက်

အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့ ဒူးခေါင်းပေါ်ကို လက်တင်လိုက်ပြီဆိုရင် သူအဲ့ဒီထက် ဆိုးတာ တခုခုကိုပါ တစ်ချိန်ထဲမှာ စဉ်းစားနေပြီဖြစ်ပါတယ်။ဒါမျိုးကို ပထမဦးဆုံးချိန်းတွေ့တဲ့ အချိန်မှာ ဆိုရင်တော့ ကာကွယ်ဖို့ကြိုတင်စဉ်းစားထားလိုက်ပါ။

(၇) အချိန်အတော်ကြာစိုက်ကြည့်ခြင်း

ဒါကတော့ တကယ်ကို ရှင်းလင်းတဲ့ လက္ခဏာ တစ်ခုပါဘဲ။တကယ်ချစ်နေပြီဆိုရင်တော့ အချိန်အကြာကြီး သင့်ကို စိုက်ကြည့်နေမှာ သေချာပါတယ်။

(၈) သာမာန်ထက်လွန်ကဲတဲ့ စိုက်ကြည့်ခြင်းမျိုး

တကယ်လို့များ ယောက်ကျားတစ်ယောက်က သင့်ကို မျှော်လင့်တဲ့ အချိန်ထက်ပိုပြီးကြာကြာ စိုက်ကြည့် နေတယ်ဆိုရင် စိတ်ထဲမှာ အသိပေးသလို၊သတိပေးသလိုဖြစ်ပြီး တကယ်တော့ အဲ့ဒီအရာဟာ ဘာမှမဟုတ်ပါဘူး။

Credit : shwelight